အသေးစိတ်
- ရုံးချုပ်
- တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်
- မွတ္ပံုတင္အမွတ္
- #၀
အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကို ယခုနှစ် အစောပိုင်းတွင် သမ္မတအကြံပေးဟောင်း နေဇင်လတ် က တည်ထောင်ခဲ့ခြင်း ဖြစ်ကာ ပါတီ၏ နာယက ဖြစ်လာခဲ့သည်။ ပါတီဖွဲ့စည်းခြင်းအတွင် နေပြည်တော်ရှိ အာဏာပိုင်းကိုပင် ရနိုင်ချေရှိသည်ဟု ထောက်ပြမှုများ၊ ငြင်းဆန်မှုများ ရှိခဲ့သည်။ ယင်းပါတီသည် စစ်တပ် သို့မဟုတ် သမ္မတနှင့် ဆက်စပ်မှု ှုရှိနေသည်ဟု လူမှုကွန်ရက် မီဒီယာများပေါ်တွင် ကောလာဟလများ ထွက်ပေါ်နေစဉ် နေဇင်လတ် က ပါတီ၏ နာယက နေရာကို ထမ်းဆောင်ရန် သဘောတူခဲ့ပြီး သမ္မတ အကြံပေး ရာထူးမှလည်း နူတ်ထွက်ခဲ့သည်။ ရက်အနည်းငယ်ကြာသောအခါ ဦးသိန်းစိန် နှင့် ၎င်း၏ အကြံပေးဟောင်းတို့ အကြား မည်သည့်ဆက်နွယ်မှုမှ မရှိသည့်အကြောင်းကို သမ္မတရုံးက ကြေညာချက်တစ်စောင် ထုတ်ပြန် ခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများကို နေဇင်လတ် အုပ်ချုပ် တည်ထောင်ထားသော သုတေသနနှင့် သင်ကြားရေး အင်စတီကျုဟု ၎င်းတို့ ဖာသာ သတ်မှတ်ထားသော Center for Strategic Studies မှ ကျောင်းသားဟောင်းများကို အခြေခံထားကြောင်း ပါတီက ဆိုထားသည်။ အဆိုပါ ပါတီသည် ကိုယ်စားလှယ်လောင်း ၃၅၄ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ စတုတ္ထအကြီးဆုံး နိုင်ငံရေးပါတီ ဖြစ်လာသည်။
အနီရောင်ဖြင့်ပြထားသော ပြည်နယ်များ တိုင်းဒေသကြီးများသည် အဆိုပါတီ၏ ပြည်ထောင်စုအဆင့် သို့မဟုတ် ဒေသအဆင့် ကိုယ်စားလှယ်များ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် နေရာများ ဖြစ်သည်။
အလံ

Major Players
Warning: Invalid argument supplied for foreach() in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/election/partials/singles/party-desktop.php on line 148