အသေးစိတ်
- ရုံးချုပ်
- ဗဟန်းမြို့နယ်၊ ရန်ကုန်
- မွတ္ပံုတင္အမွတ္
- #ဇန္နဝါရီ ၅၊ ၂၀၁၂
- Current Seats
- 5 အမျိုးသားလွှတ်တော်, 37 ပြည်သူ့လွှတ်တော်, 3 Regional
ဒီမိုကရေစီရေး လိုလားသော လူထုလှုပ်ရှားမှု တိုင်းပြည်လုံးအနှံ့ ဖြစ်ပွါးခဲ့ကာ ဗိုလ်ချုပ်နေဝင်း အစိုးရကို ဖြုတ်ချခဲ့သော ၁၉၈၈ နိုင်ငံရေး အရေးအခင်းများအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို တည်ထောင်ခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် တောင်ပြိုကမ်းပြို အနိုင်ရခဲ့ကာ နေရာ ၄၈၅ နေရာအနက် ၃၉၂ နေရာ အနိုင်ရရှိခဲ့သည်။ ယင်းရွေးကောက်ပွဲ ရလဒ်ကို အာဏာသိမ်း စစ်အစိုးရက လက်မခံခဲ့ကာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း နောက်ထပ် ဆယ်စုနှစ် နှစ်ခုလည်း နေအိမ်အကျယ်ချုပ်ဖြင့်သာ ကြာမြင့်စွာ နေထိုင်ခဲ့ရသည်။ NLD သည် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး ၂၀၁၂ တွင် ကြားဖြတ်ရွေးကောက်ပွဲ ပြန်လည်ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ကာ ၄၄ နေရာ ယှဉ်ပြိုင်ခဲ့ပြီး ၄၃ နေရာ အနိုင်ရရှိခဲ့သည်။
လွှတ်တော်အတွင်းသို့ ရောက်ရှိပြီးနောက် အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စကို NLD က အာရုံစိုက် လှုပ်ရှားခဲ့ပြီး ယခုနှစ်အစောပိုင်းတွင် မဲပေးဆုံးဖြတ်ခဲ့ပြီးနောက် ယင်းအစီအစဉ် ပျက်ယွင်းသွားခဲ့သည်။ ရွေးကောက် တင်မြှောက် ခံရပါက အခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေး တို့ကို ဖော်ဆောင်သွားမည်ဟု ဆိုထားသည်။
ပါတီဝင်အင်အား ၂သန်းခန့်ရှိသည်ဟု ဆိုထားပြီး ပါတီရုံးခွဲပေါင်း ၃၁၃ ခုရှိကာ နိုဝင်ဘာရွေးကောက်ပွဲ ဥပဒေ ပြုရေး နေရာပေါင်း ၁၁၇၁ နေရာအနက် ၁၁၅၁ နေရာကိုဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
အနီရောင်ဖြင့်ပြထားသော ပြည်နယ်များ တိုင်းဒေသကြီးများသည် အဆိုပါတီ၏ ပြည်ထောင်စုအဆင့် သို့မဟုတ် ဒေသအဆင့် ကိုယ်စားလှယ်များ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် နေရာများ ဖြစ်သည်။
အလံ

Major Players
-
ဒေါ်အောင်ဆန်းစုကြည်
နိုဘယ်ဆုရှင် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ဥက္ကဌလည်းဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ တွင် လွှတ်တော်သို့ ဝင်ရောက်လာခဲ့သော်လည်း လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲတွင် သမ္မတ တစ်ဦး၏ လိုအပ်ချက်နှင့် မပြည့်စုံသည့်အတွက် ပြည်တွင်းနှင့် ပြညပရှိ ၎င်းကို ထောက်ခံသူများ မကျေမနပ် ဖြစ်လျက်ရှိသည်။
-
ဦးတင်ဦး
မြန်မာ့တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့ဖူးသော ဦးတင်ဦးသည် NLD ၏ နာယကဖြစ်လာပြီး ဇူလိုင်လက The Irrawaddy နှင့် ပြုလုပ်ခဲ့သော အင်တာဗျူး၌ သမ္မတလုပ်ရန် အစီအစဉ်ရှိသည်ဟု အများက ခန့်မှန်း နေမှုများကို ပယ်ချခဲ့သည်။
Other Notables
- Zin Mar Aung
- Nay Phone Latt
- Pyone Cho
- Susanna Hla Hla Soe
- Win Htein
- Nyan Win
- Ma Thandar