Party
အသေးစိတ်
ရုံးချုပ်
ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
မွတ္ပံုတင္အမွတ္
#ဧျပီ ၂၉၊ ၂၀၁၀
Current Seats
5 အမျိုးသားလွှတ်တော်, 12 ပြည်သူ့လွှတ်တော်, 46 Regional

အမျိုးသားလွှတ်တော် ၅ နေရာ၊ ပြည်ထောင်စု လွှတ်တော် ၁၂နေရာ နှင့် တိုင်းဒေသကြီး လွှတ်တော် ၄၆ နေရာတိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက အဖွဲ့ဝင် ငါးသိန်းရှိကာ မြန်မာ ၃၃၀ မြို့တွင် ၃၀၆ မြို့၌ ရုံးများ ရှိကြောင်း ပြောဆိုထားသည်။ တစ်တိုင်းပြည်လုံးအနှံ့ မဲဆွယ်လှုပ်ရှားမည့် ပါတီများထဲမှ တစ်ခု ဟု ယူဆရကာ ပြည်ထောင်စုလွှတ်တော်နှင့် ဒေသဆိုင်ရာ ဥပဒေပြုလွှတ်တော်များအတွက် ကိုယ်စားလှယ်လောင်း ၇၆၃ ဦးဝင်ရောက် ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။ ၁၉၉၀ ခုနှစ်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ သည် တပ်မတော်နှင့် ဗိုလ်ချုပ်နေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ ၏ ကိုယ်စားပြု ပါတီတစ်ခု ဖြစ်ခဲ့ကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ တပြည်လုံးအနှံ့ ယှဉ်ပြိုင်ဘက် ဖြစ်ခဲ့သည်။

ယင်း ရွေးကောက်ပွဲတွင် NLD က တောင်ပြိုကမ်းပြို အနိုင်ရခဲ့ကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော နေရာ ၄၁၃ခုအတွက် ၁၀ ခုသာ အနိုင်ရခဲ့သည်။ ထို့နောက် စစ်တပ်က ရလဒ်ကို ဖျက်သိမ်းခဲ့ပြီး နောက်ထပ် ဆယ်စုနှစ် ၂ခု စစ်တပ်ကို ဆက်လက် အုပ်ချုပ်စေ ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲ တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ပြန်လည် ဝင်ရောက်လာခဲ့ကာ အနိုင်ရရှိခဲ့သော ပြည်ထောင်စု ကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပြီးလျှင် ကိုယ်စားလှယ်လောင်း ဒုတိယအများဆုံး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ NUP သည် ၉၉၅ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၆၄ နေရာ လွှတ်တော်အသီးသီးတွင် ရရှိခဲ့သည်။

အမျိုးသမီးနှင့် လူငယ်များကို ၂၀၁၅ ရွေးကောက်ပွဲ၏ ပါတီကိုယ်စားလှယ် လောင်း စာရင်းတွင် ထည့်ထား သည်ဟု NUP က ပြောဆိုထားသော် ငြား ပါတီကိုယ်စားလှယ်လောင်း စာရင်းတွင် အမျိုးသမီး ရာခိုင်နူန်းက ၁၀ ရာခိုင်နူန်းကျော်သာ ရှိသည်။ NUP ပါတီက ပြည်သူ၏ လိုလားချက်များ ဖြစ်သော ဗဟိုဦးစီးမှုကို ဖြေလျှော့ ပေးရေး၊ လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးကို မြှင့်တင်ခြင်း၊ ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်း၊ ကုန်ဈေးနူန်း တည်ငြိမ်စေရေး၊ လာဘ်ပေးလာဘ်ယူမှု လျှော့ချရေးနှင့် လယ်သမားများ၏ အခွင့်အရေးကို အကာအကွယ်ပေးခြင်း စသည်တို့ကို လုပ်ဆောင်မည်ဟု ပြောဆို မဲဆွယ်ထားသည်။

အနီရောင်ဖြင့်ပြထားသော ပြည်နယ်များ တိုင်းဒေသကြီးများသည် အဆိုပါတီ၏ ပြည်ထောင်စုအဆင့် သို့မဟုတ် ဒေသအဆင့် ကိုယ်စားလှယ်များ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် နေရာများ ဖြစ်သည်။

အလံ
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP) Flag
Major Players
  • ဦးသန်းတင်

    ပါတီ ဥက္ကဌ

  • ဦးထွန်းရီ

    ဗဟိုကော်မတီဝင်