အသေးစိတ်
- ရုံးချုပ်
- ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်
- မှတ်ပုံတင်အမှတ်
- #ဇွန် ၈ ၊ ၂၀၁၀
- Current Seats
- 122 အမျိုးသားလွှတ်တော်, 217 ပြည်သူ့လွှတ်တော်, 489 Regional
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် ရန် အတွက် တည်ထောင်ခဲ့ပြီး ယခင် တပ်မတော်ခေါင်းဆောင်များအတွက် နိုင်ငံရေးစင်မြင့် တစ်ခုအဖြစ် ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။ အပြစ်အနာအဆာ အပြည့်နှင့် ရွေးကောက်ပွဲဟု အများက ဝိုင်းဝန်းယူဆ ခဲ့ကြသော ရွေးကောက်ပွဲတွင်၇၅ ရာခိုင်နူန်းကျော် အနိုင်ရရှိခဲ့သည်။
USDP ပါတီမှ ဦးသိန်းစိန်ကို လွှတ်တော်က သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ပြီးနောက် ၂၀၁၁ ကတည်းက ၎င်းတို့ အစိုးရသည် ပြုပြင်ပြောင်းလဲရေးများကို ကျယ်ပြန့်စွာ ပြုလုပ်ခဲ့ပြီး ပြည်တွင်းရော ပြည်ပပါ ထိုလုပ်ဆောင်ချက်များကို လိုလားခဲ့ကြသည်။ သို့သော် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၃ နေရာ၌ NLD နှင့် ရင်ဆိုင်ရသည့်အခါများတွင် ရှုံးနိမ့်ခဲ့ရသည်။ယင်းသို့ ဖြစ်ခဲ့ခြင်းကြောင့် ၂၀၁၅ နိုင်ငံလုံးအနှံ့ မဲပေးပွဲတွင် USDP အနေဖြင့် ၎င်းထက် လူကြိုက်များမှု ရှိသည်ဟု အများက ယူဆကြသော NLD ကို ယှဉ်နိုင်ရန်အတွက် ၎င်းတို့ အားသာသော အရင်းအမြစ်များ နှင့် လက်ရှိအာဏာရ ဖြစ်နေခြင်း အားသာချက်များကို ကိုင်စွဲထားဖွယ် ရှိသည်။
ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုလက်ခံပေးမှုပေါ်ကို မူတည်လျက် USDP သည် လာမည့် ရွေးကောက်ပွဲ ၌ ဥပဒေပြုရေး နေရာပေါင်း ၁၁၃၄ နေရာကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဗမာ ဘာသာစကားဖြင့် လွှင့်တင်ထားသော www.usdp.org.mm ကို ဝင်ရောက် ကြည့်ရှုနိုင်သည်။
အနီရောင်ဖြင့်ပြထားသော ပြည်နယ်များ တိုင်းဒေသကြီးများသည် အဆိုပါတီ၏ ပြည်ထောင်စုအဆင့် သို့မဟုတ် ဒေသအဆင့် ကိုယ်စားလှယ်များ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် နေရာများ ဖြစ်သည်။
အလံ

Major Players
-
ဦးသိန်းစိန်
ယခုနှစ် ရွေးကောက်ပွဲတွင် သမ္မတဦးသိန်းစိန်သည် လွှတ်တော်အတွင်း တစ်နေရာမှ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ပြုမည် မဟုတ်ပေ။ သို့သော် ပြည်သူများဆန္ဒရှိပါက သမ္မတ ဒုတိယသက်တမ်းကို လက်ခံသွားမည်ဟု ၎င်းက ဆိုထားသည်။ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သည်ဟု ချီးကျူးခံရသကဲ့သို့ နောက်ကြောင်း ပြန်သည်ဟု စွပ်စွဲမှုများလည်း ကြုံရသူဖြစ်သည်။
-
ဦးရွှေမန်း
ပြည်ထောင်စုလွှတ်တော် နာယက နှင့် အာဏာရပါတီ၏ ဥက္ကဌဟောင်း ဦးရွှေမန်းသည်လည်း သမ္မတ ရာထူး နေရာအတွက် ပြောဆိုမှုများ ရှိခဲ့သည်။ သမ္မတဦးသိန်းစိန်၏ သဘောထားကို ရှင်းလင်းစွာ မသိရ သေးသော်လည်း သြဂုတ်လ ၁၂ ရက်နေ့က ဦးရွှေမန်းကို ပါတီ ဥက္ကဌရာထူးမှ ဖယ်ရှားလိုက်ခြင်းက ၎င်းတို့နှစ်ဦးကြား ပါဝါအားပြိုင်မှု ကောလာဟလများကို အတည်ပြုပြီးသား ဖြစ်စေခဲ့သည်။
-
ဦးဌေးဦး
USDP ၏ အထွေထွေအတွင်းရေးမှူးသည် သြဂုတ်လ ၁၂ ရက်နေ့တွင် ရည်မှန်းချက်ကြီးသော လွှတ်တော် ဥက္ကဌ ဦးရွှေမန်းကို ပါတီ ဥက္ကဌနေရာမှ ဖယ်ရှားလိုက်ပြီးနောက် ချက်ခြင်း ရာထူးတိုးသွားခဲ့သည်။ ဦးဌေးဦး သည် လက်ရှိအခြေအနေတွင် ပူးတွဲ ပါတီဥက္ကဌအဖြစ် တာဝန်ယူလျက်ရှိသည်။
Other Notables
- Hla Swe
- Dr. Sai Mauk Kham
- Khin Shwe
- Thein Nyunt