အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁၄ ခုနှစ်၌ မြန်မာပြည်အနှံ့ လူထု စည်းဝေးပွဲများ ဆက်တိုက်ပြုလုပ်ခဲ့ကာ အတိုက်အခံခေါင်းဆောင်၏ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေး ဆိုင်ရာ လှုပ်ရှားမှုကို ထောင်ပေါင်းများစွာသော လူအုပ်ကြီးက တက်ရောက်ထောက်ခံခဲ့သည်။ စီးပွါးရေးမြို့တော် ရန်ကုန်၊ ဝေးလံသော ဒေသမှ လွိုင်ကော် နှင့် အခြားနေရာများတွင် ပြုလုပ်ခဲ့သော အဆိုပါ လူထုစည်းဝေးလှုပ်ရျားမှုများသည် ယခုနှ
မတ်လ ၂ဝ၁၃ တွင် NLD သည် ပထမဆုံး ကွန်ဂရက်ကို ကျင်းပခဲ့ကာ တစ်နိုင်ငံလုံးမှ ကိုယ်စားလှယ် ၉ဝဝ ကျော်ကို ရန်ကုန်သို့ ဖိတ်ခေါ်ခဲ့သည်။ တိုင်းပြည်လုံးအနှံ့ ဒီမိုကရေစီရေး လိုလားသော ထကြွလှုပ်ရှားမှုကြီး ဖြစ်ခဲ့သည် ၁၉၈၈ ခုနှစ်တွင် တည်ထောင်ခဲ့သော အဆိုပါပါတီသည် အတိုက်အခံပေါ် ဖိနှိပ်ညှင်းပန်းသည့် စစ်အစိုးရဟောင်းကြောင့် ပါတီညီလာခံခေါ်ခွင့် မသာခဲ့ပေ။
လွှတ်တော်အတွင်းရှိ လစ်လပ်နေရာ ၄၅ နေရာအတွက် ၂ဝ၁၂ ဧပြီလတွင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ခဲ့သည်။ အကြီးဆုံး အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ကိုယ်စားလှယ်လောင်း ၄၄ ဦး ပါဝင်ယှဉ်ပြိုင်စေခဲ့ရာ ၄၃ ဦး တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ယှဉ်ပြိုင်ပွဲတွင် အတိုက်အခံခေါင်းဆောင်က ရလဒ် အလွန်အသာစီးဖြင့် နိုင်
စစ်တပ်က ကျောထောက်နောက်ခံပေးထားသော USDP ပါတီ ၇၅ ရာခိုင်နူန်းအနိုင်ရခဲ့သည့် ရွေးကောက်ပွဲကို အပြစ်အနာအဆာအပြည့်ရှိသည်ဟု အများကမြင်ကြပြီး အရပ်သားအစိုးရဟု ဆိုကြပါသော အကူးအပြောင်းသို့ မြန်မာနိုင်ငံကို စတင်ရောက်ရှိ စေခဲ့သည်။ ယခင် စစ်အစိုးရ၏ ထိပ်တန်းစစ်ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သူ သမ္မတဦးသိန်းစိန်က ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး အနောက်အုပ်စု၏ စီးပွါးရေးပိတ်ဆို့မှု ကို ဖယ်ရှားစေခဲ့သည်။