• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

“သရဲကား၊ တစ္ဆေကားတွေပဲ ဖောဖောသီသီ ထွက်လာတယ်”

by ဧရာဝတီ
20 February 2013
in Lifestyle
A A
“သရဲကား၊ တစ္ဆေကားတွေပဲ ဖောဖောသီသီ ထွက်လာတယ်”

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း(ဓာတ်ပုံ - myitmakhamediagroup.com)

21.2k
VIEWS
Share on FacebookShare on Twitter

မြန်မာ့အနုပညာ လောကသားတွေအပေါ် စည်းကမ်း တင်းကျပ်ထားတဲ့ ဆင်ဆာကို ၂၀၁၂ ခုနှစ်အတွင်း ဖြေလျှော့မှု ပေးပြီးနောက်မှာ အနုပညာသည်တွေရဲ့ ဝတ်စားဆင်ယင်မှု၊ ပြောဆို နေထိုင်မှု ပုံစံတွေ အရင်ကထက် ပွင့်လင်းလာခဲ့ပေမယ့် ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားတွေရဲ့ အနုပညာ တိုးတက်မှုကတော့ ထင်သလောက် ဖြစ်မလာဘူးလို့ ဖွင့်ဟ ပြောဆိုခဲ့တဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ အကယ်ဒမီ ဇင်ဝိုင်းကို ဧရာဝတီ သတင်းထောက် မေစစ်ပိုင်က ဆက်သွယ် မေးမြန်း ထားပါတယ်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း(ဓာတ်ပုံ – myitmakhamediagroup.com)

မေး။     ။ အနုပညာရှင် မင်းသမီးတွေရဲ့ လတ်တလော ဝတ်စားဆင်ယင်မှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေတာ ကြားရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး မော်ဒယ်တွေ၊ မင်းသမီးတွေကို သတိပေးသွားဖို့ ရှိပါသလား။

RelatedPosts

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
3.5k
အရှေ့ နှင့် အနောက်

အရှေ့ နှင့် အနောက်

6 July 2025
457
မော်စီတုန်း

မော်စီတုန်း

5 July 2025
1.2k

ဖြေ။     ။ မော်ဒယ်တွေကတော့ ကျနော်တို့နဲ့ ဘာမှမဆိုင်ပါဘူး။ တချို့တွေကျတော့လည်း အစည်းအရုံးဝင် မဟုတ်ကြပါဘူး။ သက်ဆိုင်တာကတော့ ရုပ်ရှင်သရုပ်ဆောင်များသာ ဖြစ်ပါတယ်။ အခုမှ စရိုက်တာ ဇာတ်ကားက တကားနှစ်ကားပဲရှိမယ်၊ ရုပ်ရှင် အစည်းအရုံးထဲလည်း ဝင်ထားတာ မရှိဘူးဆိုရင်တော့ ပြောလို့မရပါဘူး။ သရုပ်ဆောင်တွေကိုတော့ ဝတ်စားဆင်ယင်ပုံ တွေကို မေတ္တာရပ်ခံပါတယ်။ မိမိယဉ်ကျေးမှုနဲ့ အညီ ဝတ်စားဆင်ယင် ကြဖို့ပေါ့၊ ဘာကြောင့်လဲဆိုတော့ ဝတ်စား ဆင်ယင်မှု ကိစ္စက အစည်းအရုံးရဲ့ ဖွဲ့စည်းပုံစည်းမျဉ်း စည်းကမ်းထဲမှာ မပါဘူး။ ဒီကိစ္စကို အကြံံပြုဖူးပါတယ်၊ ယဉ်ကျေးမှုနဲ့အညီ နေတတ် လာအောင် တတ်သိနားလည်တဲ့ ပညာရှင်တွေနဲ့ ရုပ်သံလိုင်းတွေမှာ ဆွေးနွေးမှုတွေလုပ်ကြ၊ ဝင်ပြီးတော့လည်း ဆွေးနွေး ကြတာမျိုးတွေ လုပ်မယ်ဆိုရင် အကျိုးသက်ရောက်မှုတော့ ရှိမယ်ပေါ့၊၊ ဒါပေမယ့် နိုင်ငံရဲ့ထုံးစံအတိုင်းပေါ့၊ ဖြစ်လာမှသာ လက်ညှိုးထိုး၍ အပြစ်ပုံချကြမည်ပေါ့။

မေး။     ။ မဂ္ဂဇင်းနဲ့ ဂျာနယ်တချို့မှာ ယဉ်ကျေးမှုနဲ့ မညီတဲ့ ဝတ်စားဆင်ယင်ပုံမျိုးနဲ့ ဓာတ်ပုံ သရုပ်ဆောင် ထားတာ တွေကိုရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။     ။ စာနယ်ဇင်းတွေက တချို့ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ လက်လွတ်စပယ် ဖော်ပြကြတာဟာ ဂျာနယ်တွေရဲ့ သိက္ခာနဲ့ပဲ ဆိုင်တယ်လို့ ယူဆပါတယ်။ ထိန်းထိန်းသိမ်းသိမ်း ဖော်ပြကြဖို့ လိုတာပေါ့။ ရုပ်ရှင်ထဲမှာပဲ ဖြစ်ဖြစ်၊ စာစောင်တွေမှာ ဖြစ်ဖြစ်၊ အွန်လိုင်းပေါ် ဖြစ်ဖြစ် အမြင်မတင့်တယ်တဲ့ ပုံတွေ တက်လာခဲ့ရင်လည်း လူထုကို ဝိုင်းဝန်းထောက်ပြနိုင်တဲ့ မီဒီယာတွေက ဝေဖန်မှုမျိုးတွေ လုပ်ပေးမယ်ဆိုရင် နည်းနည်းတော့ နည်းပါးသွား နိုင်တယ်ပေါ့။ အခုဆိုရင် ယဉ်ကျေးမှု ထိန်းသိမ်းရေး ကော်မတီတွေ ဆိုပြီး ဖွဲ့စည်းမယ်လို့လည်း ကြားရပါတယ်။

မေး။     ။ မိဘမောင်ဘွားနဲ့ အတူကြည့်ဖို့ မသင့်တော်တဲ့ ဝတ်ဆင်မှုမျိုးတွေ ဗီဒီယို ကားတွေမှာ  ပါလာတာမျိုးတွေလည်း တွေ့နေရပါတယ်၊ ဒါတွေကိုရော ဘယ်လိုထိန်းသိမ်းသွားမလဲ။

ဖြေ။     ။ သိပ်ကို တရားလက်လွတ်တွေ ဖြစ်လာပြီဆိုရင်တော့ အစည်းအရုံးအထိ ခေါ်ယူသတိပေးပါတယ်။

မေး။     ။ ၂၀၁၂ ခုနှစ်လောက်ကစပြီးတော့ မင်းသမီးတွေရဲ့ဝတ်စားဆင်ယင်ပုံတွေက ဗီဒီယို၊ ရုပ်ရှင်နဲ့ စာစောင်တွေ၊ အွန်လိုင်းတွေမှာ အရမ်း ပွင့်လင်းလာတဲ့အပေါ် သုံးသပ်မိပါသလား။

ဖြေ။     ။ ဟုတ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်အထိကတော့ တဘက်သော အုပ်ချုပ်ရေးကာလ ဖြစ်တာကိုး၊ အခုနောက်ပိုင်းက တံခါးလည်း ပွင့်လာတယ်လေ၊ ဒီမိုကရေစီ ကူးပြောင်းပြီးနောက်ပိုင်းမှာ တကယ်ပြောင်းသင့်တဲ့ ကျင့်စဉ်တွေ၊ စံနှုန်းတွေက ကောင်းမွန် စွာကူးပြောင်းလာခြင်း မရှိသေးဘဲနဲ့ မပြောင်းသင့်တာတွေ ကူးပြောင်းနေတာ တွေ့ရပါတယ်။ ဥပမာ – အဝတ်အစားတို့၊ အရက်သေစာကိစ္စတို့တွေပေါ့။ နိုင်ငံတနိုင်ငံ စတင် ပွင့်လင်းလာပြီဆိုရင် ခြင်၊ ယင်၊ အမှိုက် တွေက ရောဝင် လာတာ မျိုးတွေ ရှိတာကိုး။

မေး။     ။ ၂၀၁၁ ခုနှစ်အတွက် ပေးခဲ့တဲ့ အကယ်ဒမီဆုတွေအပေါ် ဝေဖန်သံတွေ အများကြီးထွက်လာပါတယ်၊ ဘာများ ပြောချင်ပါသလဲ။

ဖြေ။     ။ ၂၀၁၁ ခုနှစ်အတွက် ပေးခဲ့တဲ့ အကယ်ဒမီက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပေးခဲ့တဲ့ အကယ်ဒမီ မဟုတ်ပါဘူး။ ပြန်ကြားရေး ဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းနဲ့အညီ ပေးခဲ့တာပါ။ သတ်မှတ်ချက်တွေကို ကျနော်တို့ ပညာရှင်များ အစုအဖွဲ့က ၈ ဦး ပါဝင်ရွေးခဲ့ရတယ်။ ဇာတ်ကားတကားတည်း ဆုတွေ စုပြုံရခဲ့တယ် ဆိုတာက မြန်မာ့ရုပ်ရှင် သမိုင်းမှာ ရှိခဲ့ဖူးပါတယ်။

မေး။     ။ အကယ်ဒမီဆုတွေ ရခဲ့တဲ့ ထာဝရအလင်းတန်းများ ဆိုတဲ့ ဇာတ်ကားက တရုတ် ရုပ်ရှင်ကားတကားကို ကူးယူ ရိုက်ကူး ထားတယ် ဆိုတာကရော အမှန်လား။ ကူးယူထားတဲ့ ဇာတ်ကားကို မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုတွေ ချီးမြှင့်တာဟာ တရားမျှတတယ်လို့ ထင်ပါသလား။

ဖြေ။     ။ တရုတ်ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတခန်းနဲ့ ကျောရိုးတူနေတယ်လို့ ရုပ်ရှင်ဒါရိုက်တာက ပြန်ပြီး ရှင်းလင်း ထားပါတယ်။ ကူးယူရိုက်ထားတဲ့ ဇာတ်ကားမို့လို့ အကယ်ဒမီ မပေးရဘူးလို့ စည်းမျဉ်းစည်းကမ်းထဲမှာ မပါရှိပါဘူး။ ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့ရုပ်ရှင်လုပ်ငန်းက သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေထဲမှာ ကူးယူ မှီငြမ်း ရိုက်ကူးထားသော ရုပ်ရှင် ဇာတ်ကားများကို မပေးရ လို့ မပါရှိပါဘူး။ ရှေးတုန်းကလည်း မှီငြမ်းထားတဲ့ ကားတွေကို အကယ်ဒမီ ပေးခဲ့ဖူးပါတယ်၊ “ချစ်သမီး” ဆိုတဲ့ဇာတ်ကားဆို မှီငြမ်း ရိုက်ကူးထားတဲ့ ကားဖြစ်ပေမယ့် အကယ်ဒမီရရှိခဲ့ပါတယ်။

မေး။     ။ ဆင်ဆာ လွတ်လပ်ခွင့် ပေးတယ်ဆိုတာက ရုပ်ရှင်၊ ဗီဒီယိုတွေရဲ့ အရည်အသွေးတွေ ကောင်းလာဖို့လို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိ ဇာတ်ကားတွေမှာ တွေ့နေရတာက ပြောဆို နေထိုင်မှုပုံစံနဲ့ ဝတ်စားဆင်ယင်မှု ပုံစံတွေက ပွင့်လင်းလာပြီး အရည်အသွေးကတော့ ဘာမှဖြစ်မလာဘူးလို့ ဝေဖန်မှုမျိုးတွေ ရှိနေတာကို ဘာပြောချင်ပါသလဲ။

ဖြေ။     ။ မှန်ပါတယ်၊ ရုပ်ရှင်ဆိုတာက တဦးတယောက်တည်း လုပ်လို့မရဘူး၊ အဖွဲ့အစည်းနဲ့ ဆောင်ရွက်မှဘဲ ရမှာပါ။ ကျနော်တို့က အနုပညာကို လွတ်လပ်စွာဖန်တီးခွင့်ဆိုပြီး တောင်းဆိုခဲ့တာပါ၊ တောင်းဆိုလိုက်တာနဲ့ တပြိုင်နက် သရဲကား၊ တစ္ဆေကားတွေပဲ ဖောဖောသီသီ ထွက်လာတယ်၊ ရရှိတဲ့ အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ခြင်း မရှိတာပေါ့။ နှစ်ပေါင်းများစွာ အရိုးစွဲလာတဲ့ အယူအဆတွေကို ကျနော်အပါအဝင် လောကသားတွေ အားလုံးကို ပြန်လည်စည်းရုံးဖို့ လိုအပ် နေတာပါ။ လွတ်လပ်ခွင့် ဆိုတာဘာလဲ၊ လွတ်လပ်ခွင့်ကို ဘယ်လို အသုံးချမှာလဲ ဆိုတာပေါ့။

မေး။     ။ ဒီမိုကရေစီ နည်းလမ်းကျပြီး ဆင်ဆာ လွတ်လပ်ခွင့် အပြည့်အဝရှိတဲ့၊ အရည်အသွေး ကောင်းမွန်တဲ့ ရုပ်ရှင် ကားမျိုးတွေရော ထွက်ပေါ်လာဖို့ စီစဉ်ထားတာ ရှိပါသလား။

ဖြေ။     ။ ဖြစ်စေချင်တာကတော့ အလုပ်သမားတွေရဲ့ လုပ်ခလစာ အပြည့်အဝ မရရှိမှု၊ တောင်သူလယ်သမား တွေရဲ့ လယ်ယာမြေ သိမ်းဆည်းခံရမှုကို ထင်ဟပ်ပြီးတော့ အနုပညာအဖြစ် ဖန်တီးစေချင်တာပါ။ ဒါပေမယ့် အဲဒီလို ဇာတ်ကား တွေကတော့ နည်းနည်းပါးပါးပဲ ထွက်လာနိုင်မှာပါ။ စတင် ဖန်တီးဖို့ လုပ်နေကြပါပြီ။

မေး။     ။ အဲဒီလို ဇာတ်ကားမျိုးတွေ ပုံဖော်နိုင်မယ့် ထုတ်လုပ်သူတွေ၊ ဒါရိုက်တာကော အဆင်သင့် ရှိနေပြီလား။

ဖြေ။     ။ အနုပညာရှင်တွေက ဘယ်လောက် ဖန်တီးချင်ပါစေ၊ ငွေကြေးစိုက်ထုတ်သူတွေက ပါမလာဘူးဆိုရင် မဖြစ်နိုင်ပါဘူး၊ မမြတ်ဘူးဆိုရင်တောင်မှ သူထုတ်လုပ်လိုက်တဲ့ ငွေကြေးအရင်းတော့ ပြန်ရဖို့လိုမှာပါ။ ဒါမှသာ နောက်တကားရိုက်လို့ ရမှာကိုး။ ဇာတ်ကား တကားကို ရင်းရတာလည်း ငွေကြေးက မနည်းဘူးလေ၊ ဒီအတွက် ထုတ်လုပ်သူတွေကို စည်းရုံးထားရပါတယ်။ ဖန်တီးဖို့လည်း တာစူနေကြပါပြီ။ လက်ရှိဖြစ်နေတဲ့ လယ်ယာမြေပြဿနာတွေ၊ အလုပ်သမား ပြဿနာ စတာတွေကို ကျနော်တို့ကလည်း အနုပညာနဲ့ တဘက်တလမ်းက ပုံဖော်ဖို့လုပ်နေကြတာပါ။ ဒါမှ လမ်းကြောင်းတခုကနေ နိုင်ငံအကျိုးကို ကူညီရာ ရောက်မှာပေါ့။ ဒါပေမယ့် ဒီလိုဇာတ်ကားတွေက အများကြီးတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ရိုက်သင့်တယ်လို့ ခံယူထားတဲ့ သရုပ်ဆောင်များနဲ့ ဒါရိုက်တာတွေကသာ ရိုက်ကူးကြမှာပါ။

မေး။     ။ ရုပ်ရှင်လောက တိုးတက်မှု အခြေအနေ ဘယ်လို ရှိပါသလဲ။

ဖြေ။     ။ ရုပ်ရှင်ရော၊ ဗီဒီယိုပါ ရှေ့လျှောက်မယ့် လမ်းကြောင်းတော့ မြင်ပါပြီ။ ဒီလောကသား အများစုက ဒီလုပ်ငန်းနဲ့ပဲ ထမင်းစား ကြရတာပါ။ ကျနော်လည်း အပါအဝင်ပါပဲ။ နိုင်ငံတကာအဆင့် သွားဖို့ဆိုရင်တော့ ရုပ်ရှင်ဆိုတာကို လုပ်ဖို့ လိုပါလိမ့်မယ်။     ။

Your Thoughts …
Tags: EntertainEntertainmentFilm FestivalInterviews
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

by ဧရာဝတီ
19 August 2013
34k

အဲဒီမှာ ဆရာဇော်ဂျီ (ဆရာ သိန်းဟန်)က အထူးအရာရှိ၊ သူ့အခန်း မှာ ဦးချန်ထွန်း ဆိုတာ ဖျာပုံကပဲ၊ သူက ခေါင်းစိုက်နေတယ်၊ ဒါနဲ့ ဆရာ သိန်းဟန်က ကျနော့်ကို မင်းမသိဘူးလားကွ၊ ဆိုတော့ ကျနော်က မသိသေးဘူးလို့၊...

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

by ဧရာဝတီ
21 August 2013
6k

တဲ့တိုးပြောရရင် ပညာရေးမှာ ဆရာသာ အခရာ အဓိကပဲ၊ ကျောင်းသား တတ်အောင်သင်ဖို့ ဆိုရင် ဆရာ ကိုယ်တိုင်က ကျွမ်းကျွမ်း ကျင်ကျင်နဲ့ ပြောင်ပြောင် မြောက်မြောက် တတ်ဖို့ လိုအပ်တယ်၊ တက္ကသိုလ် ဆရာလည်း ပြုစုပျိုးထောင်ရလိမ့်မယ်၊ “ပညာ...

မိုးယံဇွန်

Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

by ဧပရယ်ဆု
19 April 2016
47.5k

"ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း

ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
5 June 2015
19.9k

ဗမာပြည် ကွန်မြူနစ် ပါတီတွင် ၄၀၄၆ တပ်ရင်း နိုင်ငံရေးမှူး နှင့် တပ်ပေါင်းစု လုပ်ငန်း တာဝန်ခံအဖြစ် အလယ်ပိုင်း ဗျူရို၌ တာဝန် ထမ်းဆောင်ခဲ့သူ စာရေးဆရာ သန်းစိုးနိုင်အား တွေ့ဆုံ မေးမြန်း ထားပါသည်။

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

by နဒီထိုက်
15 July 2013
15.1k

သူကတော့ အရေးပေါ် ကြပ်မတ် ကုသဆောင်ထဲမှာပဲ ရှိပါတယ်။ သတိတော့ မရသေးဘူး။ တခြား မှတ်ချက်ကတော့ ဆရာဝန် တဦးအနေနဲ့ မပေးသင့်ဘူး ထင်တယ်။ အကောင်းဆုံးတော့ ကုသနေပါတယ်

ထူးအိမ်သင်

ထူးအိမ်သင်ပွဲ မကျေနပ်သံများ အကြောင်း မြင့်မိုးအောင်နဲ့ အင်တာဗျူး

by ဧရာဝတီ
15 August 2014
18.4k

ဝေဖန် ပြောဆိုနေကြ သူတွေက သူတို့ ကိုယ်တိုင်တောင် အနုပညာကို အောင်မြင် ပေါက်မြောက် အောင် ဘယ်လောက် လုပ်ထားနိုင်ခဲ့လို့လဲ။ သီချင်းတပုဒ်ကို သူတို့ရေးပြီး ဆိုပြီးတော့ ဘယ်လို အောင်မြင်အောင် လုပ်နိုင်လဲ

Next Post
သရဲကား၊ စုတုပြုများနှင့် လတ်တလော မြန်မာ့ရုပ်ရှင်

သရဲကား၊ စုတုပြုများနှင့် လတ်တလော မြန်မာ့ရုပ်ရှင်

မြန်မာ စစ်သင်္ဘောများ ထိုင်းသွားလည်

မြန်မာ စစ်သင်္ဘောများ ထိုင်းသွားလည်

Please login to join discussion
No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate