• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ရော့ခ်ဂီတနဲ့ စိုးသူည

by မေစစ်ပိုင်
1 April 2013
in Lifestyle
A A
img_1202
img_1247
img_1326
img_1445
img_1577
img_1621
img_1623
img_1626
img_1681
img_1694
7.5k
VIEWS
Share on FacebookShare on Twitter

[irrawaddy_gallery]


နှစ်ပေါင်းများစွာ မြန်မာပြည်ပရိသတ်နဲ့ ဝေးကွာနေခဲ့တဲ့ အဆိုတော်စိုးသူရဲ့ တကိုယ်တော် အခမဲ့ ဖျော်ဖြေပွဲကျင်းပမယ့် ရန်ကုန်ဦးဝိစာရ လမ်းပေါ်က မိုင်ဒါကွင်းမှာ ပရိသတ်ရာပေါင်း များစွာ စုရုံးရောက်ရှိလာကြပါတယ်။

RelatedPosts

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
3.5k
အရှေ့ နှင့် အနောက်

အရှေ့ နှင့် အနောက်

6 July 2025
446
မော်စီတုန်း

မော်စီတုန်း

5 July 2025
1.2k

တကိုယ်တော် ဖျော်ဖြေပွဲက မတ်လ ၃၀ ရက်နေ့ ညနေ ၆ နာရီ စမယ်လို့ ဆိုပေမယ့် စိုးသူရဲ့ ပရိသတ်တွေကတော့ ညနေ ၄ နာရီ၊ ၅ နာရီလောက်ကတည်းက ကြိုတင် ရောက်ရှိနေကြတာပါ၊ တချို့ပရိသတ်တွေကလည်း အခမဲ့ ပွဲဖြစ်တာကြောင့် နေရာမရမှာ စိုးရိမ်လို့ ကြိုတင်လာတာလို့ ပြောကြပါတယ်။

ပွဲပြုလုပ်မယ့် စတိတ်စင်မြင့်ကတော့ မိုင်ဒါကွင်း ဝင်ပေါက်ကတည်းက ပုံစံ အမိုက်စားရှိနေတယ်ဆိုတာ လှမ်းမြင်ရပါတယ်၊ ရော့ခ်ဂီတကို ကိုယ်စားပြုတဲ့သင်္ကေတ တခုပေါ်မှာ စိုးသူဆိုတဲ့စာလုံးကို ဒီဇိုင်းထွင်ထားပြီး ဆလိုက်မီးရောင်တွေနဲ့ ရှိနေပြီး ရော့ခ်သံစဉ်တချို့ကို မတိုးမကျယ် ဖွင့်ထားပါတယ်၊ ဖျော်ဖြေပွဲလုပ်မယ့်နေရာကတော့ ဗီအိုင်ပီ နေရာ၊ ဇုန် A၊ ဇုန် B ဆိုပြီး ပရိသတ်တွေအတွက် နေရာသတ်မှတ် ခွဲခြားထားပါသေးတယ်၊ နေရာတွေရဲ့ ပတ်လည်မှာတော့ ၄ လက်မလောက် အမြင့်ရှိတဲ့ သံတန်းငယ်တွေကို စည်းတခုအနေနဲ့ ကာထားတာ တွေ့ရပါတယ်၊ စိုးသူ ပရိသတ်တွေကလည်း ကာရံထားတဲ့ စည်းတွေနားမှာ စောင့်ဆိုင်းနေကြပြီး ညနေ ၆ နာရီကျော်တဲ့အထိ ကွင်းထဲ ဝင်ခွင့်မရသေးတာကြောင့် တညည်းညည်း တညူညူ ဖြစ်နေကြပါတယ်။

၆ နာရီခွဲအချိန်လောက် မှာတော့ ပရိသတ်ရာပေါင်းစွာက ကာရံထားတဲ့သံတန်းငယ်တွေကို ကျော်ခွ ပြီး ကွင်းထဲမှာ ရှိတဲ့ ထိုင်ခုံတွေကို အပြေးအလွှား နေရာဦးကြပါတော့တယ်၊ တယောက်နဲ့ တယောက် တိုက်မိလို့ လဲတဲ့သူလဲ၊ ပြေးတဲ့သူက ပြေး ကျော်နေ ခွနေတဲ့သူတွေနဲ့ အခမဲ့ဖျော်ဖြေပွဲက မစခင်ကတည်းကိုက မြင်မကောင်းအောင်ပါပဲ။

ကွင်းပတ်လည်မှာ စောင့်နေတဲ့ လုံခြုံရေးတွေကလည်း ထိုင်ခုံလုနေကြတဲ့ လူတွေကို လုံးဝ တားဆီးလို့ မရတော့တာကြောင့် လက်ပိုက်ကြည့်နေရတဲ့ အနေအထားတွေ့ရပါတယ်။ လုံခြုံရေးအနေနဲ့ စစ်ဆေးနေတဲ့ ဇုန် A နဲ့ ဇုန် B ကြားက စစ်ဆေးရေး ဂိတ်ဝမှာလည်း ဂိတ်ဘေးက တိုးဝင်သူတွေကဝင်၊ ဂိတ်ထဲကို အစုလိုက်အပြုံလိုက် နေရာအပြိုင်အဆိုင်လုပြီး ဝင်နေတဲ့သူက ဝင်နဲ့ စိုးသူပရိသတ်တွေ တော်တော်များတာပါ။

ပွဲ တခုလုံးမှာ ပုံမှန်အတိုင်း ရှိနေတာဆိုလို့ ဗီအိုင်ပီတွေရဲ့ နေရာပဲရှိပါတယ်၊ ကွင်းထဲမရောက်ခင် ဖျော်ဖြေပွဲတွေမှာ မြင်တွေ့နေကြဖြစ်တဲ့ လက်မှတ်မှောင်ခို ဝယ်ရောင်းတွေကတော့ စိုးသူအခမဲ့ ဖျော်ဖြေပွဲဖြစ်နေတာတောင် ဗီအိုင်ပီ နေရာအတွက် မှောင်ခိုလက်မှတ်တွေ လိုက်ပြီး ရောင်းနေတာတွေ့ရပါတယ်၊ အေးအေးဆေးဆေး ကြည့်ချင်ကြတဲ့ ပရိသတ်တချို့ ကတော့ ဗီအိုင်ပီ နေရာအတွက် လက်မှတ်တွေကို မှောင်ခိုဈေးနဲ့ ဝယ်ယူနေကြတာလည်း ရှိပါတယ်။

ဖျော်ဖြေပွဲမကျင်းပခင် နှစ်ပတ်လောက် အလိုကတည်းက ဈေးဝယ်စင်တာတချို့မှာ စိုးသူ ဖျော်ဖြေပွဲ အခမဲ့လက်မှတ်တွေကို ထုတ်ယူလို့ရနေတာကြောင့် အခမဲ့ လက်မှတ်တွေကိုင်ပြီး ရောက်လာတဲ့ ပရိသတ်တွေကလည်း ခုနကတည်းက အကာအရံ တန်းတွေကိုကျော်ခွ နေရာလုနေတဲ့ သူတွေကို မြင်နေရတော့ သူတို့ ကိုင်လာတဲ့လက်မှတ်တွေက အသုံးမဝင်တော့ဘူးလို့ မြင်သွားကြပုံရပါတယ်။

ကွင်းထဲမဝင်ခင် အခမဲ့ လက်မှတ်တွေ လွှင့်ပစ်တဲ့သူလွှင့်ပစ်၊ အိတ်ထဲပြန်ထည့်ပြီး အများနည်းတူ နေရာလုတဲ့ သူကလု ဖြစ်ကုန်ကြပါတယ်။

ပရိသတ်တွေကတော့ မြန်မာပြည်နဲ့ ဝေးကွာနေတာ ကြာပြီဖြစ်တဲ့ စိုးသူရဲ့ ပုံစံ၊ သီချင်းဆိုဟန်တွေကို မြင်တွေ့ချင်နေပါပြီ။

“ကျမတို့ စောင့်နေတာ ညနေ ၅ နာရီလောက်ကတည်းကပဲ၊ စိုးသူကို ကြည့်ချင်တယ်၊ သူ ဆိုမယ့် သီချင်းတွေကိုလည်း စိတ်ဝင်စားနေတယ်။ ဘယ်သီချင်းတွေကို ဆိုမလဲ ဆိုတာကိုပေါ့” လို့ စိုးသူရဲ့ ပရိသတ်တဦးက ပြောပါတယ်။

ည ၇ နာရီ မထိုးခင်မှာတော့ ပရိသတ် အများ စောင့်ဆိုင်းနေတဲ့ စိုးသူရဲ့ တကိုယ်တော်ဖျော်ဖြေပွဲက စတင်သက်ဝင်လှုပ်ရှား လာပါတော့တယ်။

ရော့ခ် စတိုင် အမိုက်စားဝတ်ဆင်ထားတဲ့ စိုးသူက အချစ်စစ်ပွဲ ဆိုတဲ့ ရော့ခ် သီချင်းတပုဒ်ကို စတင်သီဆိုရင်း စင်ပေါ်ကို ရောက်ရှိ လာပါတယ်။ အချစ်စစ်ပွဲဆိုတဲ့သီချင်းနဲ့ ပရိသတ်တွေကြားထဲ ခပ်မိုက်မိုက် ဒီဇိုင်းအလန်းစားနဲ့ ရောက်ရှိလာတဲ့ စိုးသူက သီချင်းအပြီးမှာ ပရိသတ်တွေကို မိတ်ဆက်စကားပြောတယ်။

“ကျနော့်အနေနဲ့ ပရိသတ်တွေအတွက် အမှတ်တရဖြစ်အောင် မေတ္တာနဲ့ အခမဲ့ပွဲလေးတပွဲ စီစဉ်လိုက်တာပါ။ အားလုံး အဆင်ပြေမယ်လို့ ထင်ပါတယ်၊ မတော်တဆ အဆင်မပြေတာရှိခဲ့ရင်လည်း အားလုံးကိုမေ့ထားပြီး ဒီရက်လေးနဲ့ ဒီ အချိန်လေးကို ကျနော့်အတွက် ပေးလိုက်ပါ” လို့ စိုးသူက ပြောပါတယ်။

သူ့အနေနဲ့လည်း ဒီရက်တွေ အားလုံးကို ပရိသတ်အတွက် ပေးထားကြောင်း၊ ပွဲမလုပ်ခင် သီချင်းတွေ ကြိုတင်တိုက်နေတုန်း အသံတွွေက တနေ့တခြား အက်လာလို့ ကိုယ့်ကိုယ်ကိုယ် အားမရကြောင်း၊ ဒီနေ့ဆိုရင် အသံတွေက တခြားနေ့ထက် ပိုပြီး အက်နေတယ်လို့ ထင်နေကြောင်း ပြောပါတယ်။

“ပရိသတ်တွေ ကြားထဲမှာ ကျနော့်ထက် အသံကောင်းတဲ့ သူတွေအများကြီးပါ။ ကျနော့်မှာက ဆိုတတ်တာလေး တခုပဲရှိတာပါ။ ဒီပွဲလေးက အားလုံး အဆင်ပြေပြေနဲ့ ပြီးသွားရင် ရွှေပဲ” လို့ စိုးသူက ပရိသတ်တွေကို ပြောပါတယ်။

စိုးသူက စင်ပေါ်ကနေ ပရိသတ်တွေကို ပြောနေတဲ့အချိန်မှာ စင်အောက်က ပရိသတ်တွေကလည်း လက်ခုပ်သံတွေ တဖြောင်းဖြောင်းနဲ့ အားပေးနေပါတယ်၊ စိုးသူရဲ့ အခမဲ့ ဖျော်ဖြေပွဲကို ရောက်လာကြတဲ့ ပရိသတ်တွေက လူငယ်လူရွယ် တွေနဲ့ သက်လတ်ပိုင်း လူတွေအများဆုံးပါပဲ။ ဒါကြောင့် သူပြောဆိုနေသမျှကို ပရိသတ်တွေကလည်း အားရပါးရကို အားပေးနေကြတာပါ။ အများစုက ရော့ခ်စတိုင် ပေါ်လွင်စေမယ့် အဝတ်အစားတွေနဲ့ ပွဲလာကြည့်ကြတာပါ။

ပရိသတ်တွေကို စကားအနည်းငယ် ပြောပြီးတဲ့နောက်မှာတော့ စိုးသူက “ရည်းစားလေး၊ မင်းလေးပေါ့၊ မင်းလေးရှိမှ၊ မင်းအကြောင်းလေး” စတဲ့ သီချင်းတွေကို တပုဒ်ချင်း ဆက်တိုက် ဖျော်ဖြေပါတော့တယ်။

သီချင်း ၅ ပုဒ်လောက် ဆက်တိုက် ဖျော်ဖြေပြီးတဲ့ နောက်မှာတော့ စိုးသူက သီချင်းသီဆိုမှုကို နားနေတုန်း စိုးသူနဲ့ အရင်တုန်းက ရုပ်ရှင်တွဲရိုက်ခဲ့ဖူးတဲ့ အကယ်ဒမီ မင်းသားကြီး နေအောင်နဲ့ မင်းသမီးကြီး ခင်သန်းနုက စိုးသူနဲ့သူတို့ ဖြတ်သန်းခဲ့ဖူးတဲ့ အရင်တုန်းက အကြောင်းတချို့ကို ပရိသတ်ကို ဟာသရောပြီး ပြောပြပါတယ်။

သူတို့တွေ ပြောပြနေတုန်းမှာ စင်ပေါ်မှာရှိတဲ့ ပရိုဂျက်တာတွေကနေ စိုးသူရဲ့ ငယ်စဉ်ကလေးဘဝက စလို့ မြန်မာပြည်ကနေ ထွက်သွားပြီး နောက်ပိုင်း အချိန်ထိ ပုံရိပ်တွေကို ဆက်တိုက်ပြသ သွားပါတယ်၊ ပုံတွေက တော့ စိုးသူ ငယ်စဉ်ကတည်းက မိဘ မောင်နှမတွေနဲ့ တွဲရိုက်ထားတဲ့ ပုံတွေ၊ ပညာရည်ချွန်ဆုတွေ ယူခဲ့တဲ့ပုံတွေ၊ သရုပ်ဆောင်ဘဝမှာ အမှတ်တရ
ရိုက်ကူးခဲ့တဲ့ ပုံတွေ ကို ပြသသွားခဲ့တာပါ။

အကယ်ဒမီ နေအောင်ကလည်း စိုးသူရဲ့ သရုပ်ဆောင် အရည်အချင်းတွေကြောင့် အကယ်ဒမီ ရခဲ့တဲ့ အကြောင်းပြောရင်း သူကိုယ်တိုင်ကလည်း အကယ်ဒမီရရှိဖို့ ကြိုးစားတုန်းက ဘာအကူအညီမှ မယူဘဲ သန့်သန့်ရှင်းရှင်း ရခဲ့တဲ့ ဆုဖြစ်ခဲ့တဲ့ အကြောင်း ပြောတော့ စင်အောက်က ပရိသတ်တွေက လက်ခုပ်လက်ဝါးတီးပြီး အားပေးကြပါတယ်။

မင်းသားမင်းသမီးကြီးတွေက စင်ပေါ်မှာ ၁၅ မိနစ်လောက် စကားပြောပြီး နောက်မှာတော့ အစီအစဉ်တင်ဆက်တဲ့သူက စိုးသူ အမှတ်တရ လက်မှတ်ရေးထိုးထားတဲ့ တီရှပ်အဖြူတွေကို ပရိသတ်တွေကို ပေးဖို့ရှိတယ်လို့ပြောပါတယ်။ ဒါပေမယ့် တီရှပ် တွေကို လွယ်လွယ်နဲ့တော့ ရမှာမဟုတ်ဘူးတဲ့၊ ဉာဏ်စမ်း ပဟေဠိတွေကို ဖြေနိုင်ရင်တော့ ရမှာပါလို့ ပြောပါတယ်။
တီရှပ်လိုချင်တဲ့ သူတွေနဲ့ အပျော်ဖြေလိုတဲ့သူ တချို့ကတော့ ပဟေဠိမေးခွန်းတွေကို ဖြေဆိုရင်း တီရှပ်ရတဲ့သူကရ မရပေမယ့် အပျော် ဖြေတဲ့သူက ဖြေနဲ့ ပွဲလေးက နောက်ထပ် ၁၅ မိနစ်လောက် ထပ်ကြာသွားပါတယ်။

စိုးသူရဲ့ ပထမပိုင်းသီဆိုမှုအပြီး နာရီဝက်လောက် အကြာမှာတော့ ပရိသတ်တွေကလည်း စိုးသူရဲ့ သီချင်းဆိုသံကိုပြန်လည် နားထောင်ချင်လာ ကြပုံ ရပါတယ်။ စိုးသူ၊ စိုးသူ ဆိုပြီး အော်ရင်း တောင်းဆိုကြပါတော့တယ်။ သိပ်မကြာလှတဲ့ အချိန်မှာပဲ စိုးသူက ရော့ခ်အင်ရိုးဆိုတဲ့ သီချင်းကို ယူရေနီယမ်အဖွဲ့နဲ့အတူ သီဆိုကပြဖျော်ဖြေပါတယ်။

သီချင်း ၄ ပုဒ်လောက် ဆက်တိုက် သီဆိုပြီးတော့ စိုးသူက ဒီပွဲမှာ ပရိသတ်တွေကို ပုံစံ အမိုက်စားတွေ သီ်ချင်းတွေနဲ့ ဖျော်ဖြေချင်နေတာပါလို့ ဆိုပါတယ်၊ သူက အဝတ်အစားတွွေ ခဏခဏ လဲနေတာက “ပဲ” များတာလို့ မမြင်စေချင်ဘဲ ပရိသတ်ကြီးအတွက် ပုံစံအမိုက်စားတွေနဲ့ ဖျော်ဖြေချင်တဲ့ဆန္ဒလို့ မြင်စေချင်ကြောင်းပြောပါတယ်။

နောက်ပိုင်း စိုးသူက ရော့ခ်ဂီတ သီချင်း အေးအေးလေးတွေ၊ အပြင်းစားရော့ခ်တွေကို ရောသမမွှေရင်း ည ၁၁ နာရီလောက် အထိ နားလိုက် ဆိုလိုက် လုပ်ရင်း တကိုယ်တော် ဖျော်ဖြေသွားပါတယ်၊ ပွဲမပြီးခင် ည ၁၀ နာရီလောက်အထိ တဖွဲဖွဲ လာရောက် ကြည့်တဲ့သူတွေက ရှိနေတုန်းပါပဲ။

ည ၁၁ နာရီလောက်မှာတော့ စိုးသူရဲ့ အခမဲ့ တကိုယ်တော် ဖျော်ဖြေပွဲကြီး ပြီးဆုံးသွားပါတယ်။ စိုးသူနဲ့ ပရိသတ်တွေအကြား မှာလည်း စိုးသူ တောင်းဆိုခဲ့တဲ့အတိုင်း သူဖျော်ဖြေမယ့် ညကို ပရိသတ်ကြီးက သူ့အတွက် ပေးလို့ ပျော်ရွှင်ခဲ့သလို ပရိသတ်တွေကလည်း စိုးသူက သူတို့အတွက် အကောင်းဆုံး ဖျော်ဖြေ အချိန်ပေးခဲ့တဲ့ အတွက် ကျေနပ်ပျော်ရွှင် နေကြပုံပါပဲ။

ဖျော်ဖြေပွဲကြီး ပြီးသွားတဲ့နောက်မှာတော့ ပရိသတ်တွေက စိုးသူဆိုခဲ့တဲ့ သီချင်းတွေအကြောင်း၊ ဘာကြောင့် မြန်မာနိုင်ငံက ထွက်သွားခဲ့ရတာလည်း ဆိုတာ သိချင်နေတုန်းပဲ ဆိုတဲ့အကြောင်း၊ ဖျော်ဖြေပွဲကြီးပြီးသွားတဲ့ နောက်ပိုင်း မြန်မာနိုင်ငံမှာ ဆက်လက်ရှိနေမှာလား ဆိုတဲ့အကြောင်း ဝေဖန်သုံးသပ် မေးခွန်းတွေ ထုတ်ကြရင်း လာလမ်း အသီးသီးကို ပြန်လည် ထွက်ခွာ သွားကြပါတော့တယ်။

Your Thoughts …
Tags: EntertainEntertainmentMusicYangon
မေစစ်ပိုင်

မေစစ်ပိုင်

ဧရာဝတီ

Similar Picks:

မိုးယံဇွန်

Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

by ဧပရယ်ဆု
19 April 2016
47.5k

"ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

ကုန်စျေးနှုန်းကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ရန်ကုန်တွင် ဆန္ဒပြ

ကုန်စျေးနှုန်းကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ရန်ကုန်တွင် ဆန္ဒပြ

by ဧရာဝတီ
20 September 2024
355

ကုန်စျေးနှုန်းကျဆင်းရေး အပါအဝင် စစ်မှုထမ်းဥပဒေနှင့် စစ်ကောင်စီကို အလိုမရှိကြောင်း သပိတ်အင်အားစုများနှင့် ပြည်သူများ ပူပေါင်းပြီး ရန်ကုန်မြို့ ကားလမ်းမတနေရာတွင် ယနေ့ ချီတက်ဆန္ဒပြခဲ့သည်။

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

by နဒီထိုက်
15 July 2013
15.1k

သူကတော့ အရေးပေါ် ကြပ်မတ် ကုသဆောင်ထဲမှာပဲ ရှိပါတယ်။ သတိတော့ မရသေးဘူး။ တခြား မှတ်ချက်ကတော့ ဆရာဝန် တဦးအနေနဲ့ မပေးသင့်ဘူး ထင်တယ်။ အကောင်းဆုံးတော့ ကုသနေပါတယ်

ထူးအိမ်သင်

ထူးအိမ်သင်ပွဲ မကျေနပ်သံများ အကြောင်း မြင့်မိုးအောင်နဲ့ အင်တာဗျူး

by ဧရာဝတီ
15 August 2014
18.4k

ဝေဖန် ပြောဆိုနေကြ သူတွေက သူတို့ ကိုယ်တိုင်တောင် အနုပညာကို အောင်မြင် ပေါက်မြောက် အောင် ဘယ်လောက် လုပ်ထားနိုင်ခဲ့လို့လဲ။ သီချင်းတပုဒ်ကို သူတို့ရေးပြီး ဆိုပြီးတော့ ဘယ်လို အောင်မြင်အောင် လုပ်နိုင်လဲ

လေးဖြူ, ဒိုင်ယာရီ, Rock, Online, Modern Rock, Music, Creed,

လေးဖြူရဲ့ ဒိုင်ယာရီ

by ကိုမျိုး (IR)
14 February 2015
7.2k

“ကောင်းကင်ထဲ ကြိုးပြတ်သွားတဲ့ … စက္ကူစွန်လေး ဖြစ်လိုက်ချင်လည်း … နှောင်ကြိုးများ ဖမ်းဆုပ်ခဲ့ … ပြာနှမ်းနေတဲ့ အဆိပ်သုတ်ထားတဲ့ ပန်းတွေ … ငါနမ်းရှိုက်တပ်မက်ဆဲ … အသိကန်းတဲ့ အတွေးစိတ်နဲ့” ဆိုတဲ့ အားကောင်းတဲ့ စကားလုံးတွေနဲ့...

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

by သုရီလင်း
28 October 2014
10k

ချမ်းသာတဲ့သူ ကြိုက်မှ စီးပွားရေး လုပ်ရတာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် အခုလာရင် အခု တောင်းလို့ ရတယ်၊ ဒေါ်အောင်ဆန်းစုကြည် သမီးတို့ ခြံနဲ့ဝိုင်းနဲ့ နေချင်တယ်၊ သူများ ခြံနဲ့ဝိုင်းနဲ့လည်း မနေချင်ဘူး” လို့ ပြောဖို့ မအေးကောင်းက...

Next Post
တခေတ်ဆန်း သတင်းစာလောကနဲ့ စိန်ခေါ်မှုများ

တခေတ်ဆန်း သတင်းစာလောကနဲ့ စိန်ခေါ်မှုများ

အောင်ပန်းမြို့ နှစ်တရာပြည့်ပွဲတွင် IC ဈေးလျှော့ယူ၍ ဖျော်ဖြေ

အောင်ပန်းမြို့ နှစ်တရာပြည့်ပွဲတွင် IC ဈေးလျှော့ယူ၍ ဖျော်ဖြေ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0
  • ဒီမိုကရေစီတိုက်ပွဲ ဘာကြောင့် ၃၇ နှစ် ကြာတာလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate