ဧရာဝတီ ဝက်ဘ်ဆိုက်ကို အားပေးဖတ်ရှုသူ အားလုံး နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး လိုရာဆန္ဒပြည့်ဝကြပါစေ။ သင်္ကြန်မတိုင်ခင် ကြုံခဲ့ကြားခဲ့ရသမျှ အနိဋ္ဌာရုံ သတင်းတွေအားလုံးလည်း သင်္ကြန်ရေနဲ့ အတူ မျောပါပျောက်ကွယ်ပြီး နှစ်သစ်မှာ အသစ်သော ပျော်ရွှင်မှုတွေနဲ့ မြန်မာပြည်သူပြည်သား အားလုံးအတွက် ငြိမ်းချမ်းရေး ရရှိပါစေလို့ ဧရာဝတီက ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ဧရာဝတီ သင်္ကြန် ရုံးပိတ်ရက်ကတော့ ဧပြီ ၁၃ ရက်နေ့ သင်္ကြန် အကြိုနေ့ကနေစမှာဖြစ်ပြီး ဧပြီ ၁၇ ရက်နေ့ မြန်မာ နှစ်ဆန်း ၁ ရက်နေ့အထိ ဖြစ်ပါတယ်။ လာမယ့် မြန်မာနှစ်သစ်မှာ ဧရာဝတီ ဝက်ဘ်ဆိုက်ရဲ့ အသစ်သော ဖတ်စရာ၊ ကြည့်စရာ များနဲ့အတူ ခိုင်မာ တိကျပြီး လူအများ သိသင့်သိအပ် သိချင်မယ့် သတင်းများကို အချိန်နဲ့ တပြေးညီ ဆက်လက်ဖော်ပြသွားပါမယ် ဆိုတဲ့အကြောင်း ပြောကြားရင်း ဧရာဝတီ အဖွဲ့သားများက နှုတ်ခွန်းဆက်သ လိုက်ပါတယ်။
သင်္ကြန်ပွဲတော်တွင်း ကုသိုလ် စတုဒီသာ အလှူ
စတုဒီသာ အလှူပြုကြတဲ့ ဓလေ့ဟာ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် အတွင်းမှာ မရိုးနိုင်တဲ့ မြင်ကွင်းတခု၊ အနှစ်သာရ ရှိတဲ့ အစဉ်အလာလို့လည်း ဆိုရမှာ ဖြစ်ပါတယ်