• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

“စာပေမြှင့်တင် လူ့စွမ်းအင်” ပြိုင်ပွဲ ကျင်းပ

by နဒီထိုက်
7 May 2013
in Lifestyle
A A
“စာပေမြှင့်တင် လူ့စွမ်းအင်” ပြိုင်ပွဲ ကျင်းပ

ပြိုင်ပွဲဝင်နေသည့် မသင်းယမုံဖူး (ဓာတ်ပုံ - နဒီထိုက် / ဧရာဝတီ)

3.2k
VIEWS
Share on FacebookShare on Twitter

မြန်မာ လူငယ်များ၏ စာဖတ်ခြင်း၊ စာရေးခြင်း စွမ်းရည် မြင့်မားရန် ရည်ရွယ်ပြီး ကျင်းပသော“စာပေမြှင့်တင် လူ့စွမ်းအင်”ဟု အမည်ပေးထားသည့် ပြိုင်ပွဲ တရပ်ကို ရန်ကုန်မြို့ တော်ဝင် စင်တာ၌ မေ ၃ ရက်က ကျင်းပသွားသည်။

ယင်း ပြိုင်ပွဲသည် အခြေခံ အဆင့် ဖြစ်ပြီး အသက် ၁၃ နှစ်မှ ၁၆ နှစ် အတွင်း လူငယ်များအတွက် စာဖတ်၊ စာရေးနှင့် တင်ဆက်မှု စွမ်းရည်ပြိုင်ပွဲ ဖြစ်ကြောင်း ပြိုင်ပွဲကို ဦးစီး ကျင်းပသည့် တော်ဝင် စင်တာမှ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ခင်နွယ်ဦးက ပြောပြသည်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
11.8k
မြိတ်မြို့

မြိတ်မြို့

11 May 2025
575
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
251

“ဒီလိုပွဲတွေ လုပ်ပေးတာက ၁၃ နှစ်အရွယ် ကလေးတွေလည်း စာပေကို စိတ်ဝင်စားလာမယ်။ ပြီးတော့ သူတို့လေးစားတဲ့ စာပေ ဆရာတွေနဲ့လည်း တွေ့ရမယ်။ စာပေနဲ့ ပတ်သက်တဲ့ အမှားတွေလည်း သတိထားမိလာမယ်၊ အဲ့ဒီလို ရည်ရွယ်ချက်နဲ့ လုပ်ပေး တာပါ’’ဟု ၎င်း က ဧရာဝတီသို့ ပြောသည်။

စာဖတ်စွမ်းရည်ပြိုင်ပွဲ အဆင့်တွင် စာရေးဆရာ ကဗျာဆရာများ ဖြစ်သော သစ္စာနီ၏ ကြောက်စရာရှိတာ ကြောက်ကြပါ၊ မင်းသုဝဏ် ၏ မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့ပညာ၊ သိမ်းတင်သား ၏ FREDA ဦးအုန်းနှင့် သစ်ပင်စိုက်ခြင်း အနုပညာ အင်တာဗျူး၊ အောင်သင်း ၏ ကြောင်းကျိုးမြင်သိ ပညာရှိ၊ ညွန့်ဝေမိုး ၏ အနာဂတ်ရိက္ခာ စာဖတ်ပါ၊ လေးမြိုင် ၏ တာဝန်ကျေခြင်း မကျေခြင်း၊ ဇေဦးယျာ၏ ကြယ်စင်သစ်ကို လင်းတဲ့ ရင်ခွင် စသည်တို့၏ စာစဉ် ၇ ပုဒ်ဖြင့် မေးခွန်းများကို ဝင်ရောက်ဖြေဆိုခဲ့ကြရကြောင်း သိရ သည်။

မေးခွန်းမေးမြန်းသည့် အကဲဖြတ်ဒိုင်များအဖြစ် စာရေးဆရာမ မစန္ဒာ၊ စာရေးဆရာ ချစ်ဦးညို၊ အကယ်ဒမီ ဆွေဇင်ထိုက်၊ အလင်းတန်း ဂျာနယ် အယ်ဒီတာ ဆရာ မျိုးမြင့်ညိမ်း၊ စာရေးဆရာ လင်းသိုက်ညွန့်(မြန်မာ့မြေ) တို့က တာဝန်ယူဆောင်ရွက်သည်။

“စာစဉ်တွေကို ကြိုပေးထားပြီး ကလေးတွေ က ဖတ်ထားကြတယ်။ အဲ့ဒီထဲကမှ ကိုယ့်ကိုမေးမယ့် ဆရာကို မဲနှိုက်ပြီး ဆရာက မေး ချင်တဲ့ မေးခွန်းကို မေးတာပါ။ နောက်အဆင့်တွေကျရင် စကားရည်လုပွဲ Debate တွေလည်း ပါလာမယ်”ဟု ဒေါ်ခင်နွယ်ဦးက ပြော သည်။

ပြိုင်ပွဲအတွက် လျှောက်လွှာ အခမဲ့ပေးခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်သူဦးရေ ၁၄၀ ရှိကြောင်း၊ ဝင်ခွင့်တွင် စာစီစာကုံး ၅ ပုဒ် မဲနှိုက်ဖြေ ဆိုစေပြီး လူ ၅၀ ထပ်ရွေးခဲ့ကြောင်း၊ ပထမ အဆင့် လူ ၅၀ ၊ ဒုတိယအဆင့် ၂၀ ၊ တတိယ အဆင့် ၆ ဦး ရွေးချယ်မည်ဖြစ်ကြောင်း၊ မေ ၂၆ ရက်၌ ကျင်းပမည့် နောက်ဆုံး အဆင့် ၆ ဦးကို စကားရည်လုပွဲဖြင့် ယှဉ်ပြိုင်စေပြီး ပထမ၊ ဒုတိယ၊ တတိယ ၃ ဦး ရွေးချယ် မည်ဖြစ်ကြောင်း ဒေါ်ခင်နွယ်ဦး က ဆက်လက် ပြောပြသည်။

ယခု ပြိုင်ပွဲတွင် ပထမဆု ကျပ် သိန်း ၂၀၊ ဒုတိယဆု ၁၅ သိန်း၊ တတိယဆု ၁၀သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင် ၁၄၀ ထဲမှ စာစီစာကုံး ၆ မျက်နှာ ဖြေဆိုပြီး အရွေးချယ်ခံခဲ့ရသော ပြိုင်ပွဲဝင် မသင်းယမုံဖူးက“သမီးက ကျောင်းဖွင့်ရင် နဝမတန်း တက်မှာပါ။ ပြိုင်ပွဲကို အလင်းတန်းဂျာနယ်မှာ တွေ့ပြီး စိတ်ဝင်စားလို့ ပြိုင်ခဲ့တာပါ။ သမီးက စာဖတ်လည်း ဝါသနာ ပါတယ်။ စာအမျိုးအစား မရွေးဘူး အကုန်ဖတ်တယ်။ အကြိုက်ဆုံးက ရသစာပေပါ။ ကြီးလာရင်လည်း တပည့်တွေကို စာပေနဲ့ ကျွမ်းဝင်အောင် သင်ကြားပေးနိုင်တဲ့ ဆရာမကောင်း ဖြစ်ချင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

၂၀၁၂ ခု အောက်တိုဘာလ တွင်လည်း အသက် ၁၆ နှစ်မှ ၃၀ အတွင်း စာဖတ်စွမ်းရည်ပြိုင်ပွဲကို တော်ဝင်စင်တာမှ ဦးစီးကျင်းပ ခဲ့သည်။ တော်ဝင်စင်တာ သည် ၂၀၁၃ အောက်တိုဘာတွင် သက်တမ်း ၃ နှစ်ရှိပြီ ဖြစ်ကြောင်း သိရသည်။

စာပေမြှင့်တင် လူ့စွမ်းအင် ပြိုင်ပွဲသို့ လာရောက်အားပေးသူ တေးရေးမြင့်မိုးအောင် က “ထူးဆန်းတဲ့ပွဲမို့ လာအားပေးတာပါ။ စာရေးဆရာတွေရဲ့ စာပေဟောပြော ပွဲတွေက အမြဲတမ်းတွေ့ရတယ်လေ။ ဒီပွဲမျိုး တကယ်လိုအပ်ပြီး၊ ဒီလို ယဉ်ကျေးမှုလည်း ထွန်းကားသင့်ပါတယ်။ စာဖတ်တယ် ဆိုတာ လူတိုင်းလူတိုင်း အောင်မြင်တိုးတက်ဖို့ အထောက်အကူပေးတဲ့ အကျင့်ပါ။ မီဒီယာ ဆိုတာ စာပေ တခုတည်း မဟုတ်ဘူး၊ FM တွေ Discovery တွေ၊ အင်္ဂလိပ်စာနဲ့ ရောမြန်မာလိုရော ချန်နယ်တွေ အများကြီးကြည့်ပြီးလေ့လာ သင့်ပါတယ်။ စာပေရော မီဒီယာပိုင်းရော ကျယ်ကျယ်ပြန့်ပြန့် လိုက်စားသင့်ပါတယ်’’ဟု ပြောဆိုသည်။

ယင်းပြိုင်ပွဲကို မေလ ၁၀ ရက်နေ့မှစတင်၍ ညစဉ် ၇ နာရီအချိန်တွင် Sky Net ရုပ်သံ Teen Channel ၌ ထုတ်လွှင့်ပြသမည်ဟု သိရ သည်။

Your Thoughts …
Tags: ArtEntertainmentLiterary Festival
နဒီထိုက်

နဒီထိုက်

ဧရာဝတီ

Similar Picks:

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

by စောအောင်ထွန်း
3 December 2024
8.3k

တဖက်မှာလည်း စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူမှုတွေကြောင့် အခမဲ့ဆေးခန်းတွေ၊ အစိုးရမဟုတ်တဲ့ ကျန်းမာရေး အဖွဲ့ အစည်းတွေ နိုင်ငံတွင်းမှ ထွက်ခွာသွားတာကြောင့် ယခင် လွယ်လင့်တကူရခဲ့တဲ့ ART ဆေးဝါးထောက်ပံ့မှုတွေဟာ တန်းစီစောင့်ရတဲ့ အခြေ အနေဖြစ်သွားပါတယ်။ ဒါတွေအပြင် နိုင်ငံတကာအလှူရှင်တွေ...

HIV, ART, မြန်မာ, ARV

စစ်ကောင်စီ ပိတ်ဆို့ထား၍ ART ဆေးပြတ်ကာ သေဆုံးမှုများ ရှိ

by ဧရာဝတီ
27 February 2025
1.8k

လက်ရှိအချိန်တွင် HIV ပိုး ရှိ မရှိ သွေးစစ်ပေးခြင်း၊ Viral load စစ်ပေးခြင်း (ပိုးကောင်ရေစစ်ဆေးမှု)၊ CD4 count စစ်ခြင်း (CD4 ပါဝင်သော T ဆဲလ်ပမာဏ စစ်ဆေးမှု)များကို စစ်ဆေးခြင်းများကို ရန်ကုန်၊...

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

by ဆူးငှက်
28 June 2014
10k

စည်ရှည် တံတားကြီးကို လွန်ခဲ့တဲ့ ၅ နှစ် ၀န်းကျင်က တဦးတယောက် (သို့မဟုတ်) တဖွဲ့တစည်းရဲ့ တချက်လွှတ် အမိန့်နဲ့ နာရီမဆိုင်း အုတ်တစ၊ သဲတမှုန့် မကျန်အောင် ထိုးကော် ဖျက်ဆီးပစ်လိုက် ပါတော့တယ်။

ထိုင်းမြောက်ပိုင်း, လမ်ပန်းမြို့, ရှေးမြန်မာ, ဗိသုကာ

ထိုင်းမြောက်ပိုင်းက မြန်မာ့ သုခုမ ဝိညာဉ်များ

by ကျော်ခ
13 February 2014
10.4k

လမ်ပန်းမြို့သည် မြန်မာနိုင်ငံ၏ သစ်လုပ်ငန်း မြို့တော် တောင်ငူနှင့် တူသည်ဟု ဆိုကြသည်။ မြန်မာနိုင်ငံကို ဗြိတိသျှ ကိုလိုနီတို့ ကြီးစိုးစဉ်က သစ်လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ခဲ့သော ဘုံဘေဘားမား ကုမ္ပဏီ ရှိခဲ့သည်။

ယုဒသန်, အဘိဓာန်, ဘိုးတော်ဘုရား, အင်းဝ, အင်္ဂလိပ်

ဆရာယုဒသန် မြန်မာပြည် ရောက်ရှိခြင်း နှစ် ၂၀၀ ပြည့်အခမ်းအနား ကျင်းပမည်

by ရန်ပိုင်
15 November 2013
6.4k

စကားလုံးများကို အက္ခရာ ဝလီစဉ်ပြီး ပါဠိ - မြန်မာ အဘိဓာန်နှင့် မြန်မာ - အင်္ဂလိပ် အဘိဓာန်ကို ဆက်လက်ပြုစုသည်၊ ၁၈၁၇ ခုနှစ်တွင် သမ္မာကျမ်းစာ၏ ဓမ္မသစ် ပထမဦးဆုံး အခန်းဖြစ်သော ရှင်မဿဲ ခရစ်ဝင်...

မိုးယံဇွန်

Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

by ဧပရယ်ဆု
19 April 2016
47.5k

"ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

Next Post

မိတ္ထီလာ၌ ဘုန်းကြီးတပါး အသတ်ခံရမှု ၇ ဦးစွဲချက်တင်ခံရ

ရခိုင်အရေး သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.8k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate