SFU

ဆီးဂိမ်းအကြို ပျော်ကြ ရွှင်ကြမယ်

This article has been converted from Zawgyi One to Unicode

ADMA မီဒီယာမှ ဦးစီးပြီး ၂၇ ကြိမ်မြောက် ဆီးဂိမ်း အကြိုလှုံ့ဆော်မှု ပျော်ပွဲရွှင်ပွဲ နှင့် ဈေးရောင်းပွဲတော်ကို မေ ၁၇၊ ၁၈၊ ၁၉ တွင် နံနက် ၉ နာရီမှ ည ၁၁ နာရီအထိ ပြည်သူ့ရင်ပြင်တွင် အနုပညာရှင်များစွာဖြင့်  Free Show ကျင်းပမည်ဟု သိရသည်။

ပွဲတွင် ရုပ်ရှင် ဂီတ သဘင် မော်ဒယ်လ် စသဖြင့် စုံလင်စွာ ဖျော်ဖြေကြမည်ဖြစ်ရာ မေ ၁၇ ရက် ညနေ ၆ နာရီတွင် နောနော်၊ သအို၊ မိုးမိုး၊ ကောင်းကောင်း၊ မြင့်မြတ်၊ သျှီ၊ ဇမ်နူး၊ မို့မို့လွင်၊ ဂျဲနီ၊ အိုင်ရင်းဇင်မာမြင့်၊ စုချစ်ဇော်၊ ဂီတမိတ်အဖွဲ့၊ SBG၊ X-Girl တို့တေးသီချင်းများ ဖျော်ဖြေပြီး ရုပ်ရှင်သရုပ်ဆောင် လူမင်း၊ ဖြိုးငွေစိုး၊ အောင်ရဲလင်း၊ ကောင်းပြည့်၊ ဖွေးဖွေး၊ အေးမြတ်သူ၊ နန်းဆုရတီစိုး၊ ဝါဆိုမိုးဦး၊ နန်းခင်ဇေယျာတို့က Dream Boat မီဒီယာနှင့် အတူ ဂိမ်းကစားမှုကို တင်ဆက်ကြမည်ဖြစ်သည်။ အက အလှများအနေဖြင့် ယူရေနီယမ်နှင့် Jade Dragon တို့က ကပြဖျော်ဖြေကြမည်။

မေ ၁၈ ရက် ညနေ ၆ နာရီတွင် မင်းသားဖိုးချစ်၏ ဆီးဂိမ်း နှစ်ပါးသွား သဘင်ကို တင်ဆက်မည်။

မေ ၁၉ ရက် ညနေ ၆ နာရီ တွင် မိုးဇက်၊ နိုဝင်ဘာ ၁၄၊ ASHစည်သူနှင်းမိုး၊ ရွှေထူး၊ တေဇ(MC)၊ မဲလေး၊ Soul၊ ရိုးဝမ်း၊ ဓန၊ နှင်းအဉ္ဇလီ၊ ဇွန်မေအောင်၊ စိုးပြည့်ပြည့်စံ၊ ပိုပို၊ X Galz၊ B-  Bounce၊ ဧကရီမှုးပိုင်၊ Emilyမောင်၊ ဆူးဆူးဇော်ဝင်း၊ ခင်နန်းထိုက်စံ တို့ သီဆိုဖျော်ဖြေကြမည်ဟု သိရသည်။

ADMA မီဒီယာ ၏ ဒုတိယဥက္ကဌ ဦးဝေလင်း က “ကျနော်တို့ မီဒီယာက ၂၇ ကြိမ်မြောက် ဆီးဂိမ်းအတွက် အကြိုလှုံ့ဆော်မှုတွေ၊ ဖျော်ဖြေပွဲတွေ၊ တီဗီ ပရိုဂရမ် အစီအစဉ်တွေကိုအဓိက လုပ်ဆောင်နေပါတယ်။ အခု ဆီးဂိမ်း ပွဲမလာခင်အထိ လစဉ်လတိုင်း လှုပ်ရှားမှုတွေ တလ တခု အနည်းဆုံး လုပ်သွားမှာပါ” ဟု ဧရာဝတီသို့ပြောသည်။

၎င်းပျော်ပွဲရွင်ပွဲကို CB ဘဏ်မှ အဓိက ပံ့ပိုးပေးပြီး sky net နှင့် ရွှေFM တို့မှ ထုတ်လွင့်မည်ဟု သိရသည်။

၎င်းပွဲ တွင် ပါဝင်တင်ဆက်မည့် နန်းခင်ဇေယျာက ”၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အကြို ပျော်ပွဲရွင်ပွဲမှာ  နိုင်ငံကျော် မင်းသား၊ မင်းသမီးတွေနဲ့ Game ကစားမယ်။ ဆီးဂိမ်းတွက်ကတော့ အရမ်းလည်း ရင်ခုန်ပါတယ်” ဟု ဧရာဝတီသို့ပြောသည်။

ADMA မီဒီယာသည် ဆီးဂိမ်း အကြိုလှုံ့ဆော်မှုပွဲများကို မပြတ် တင်ဆက်နေပြီး ၂၀၁၂ ဒီဇင်ဘာ ၇၊ ၈၊ ၉ ရက်များတွင် ပြည်သူ့ရင်ပြင်၌ ဆီးဂိမ်းအကြို ရုပ်ရှင် သဘင် ဂီတဖျော်ဖြေပွဲ၊  ၂၀၁၃ ခုနှစ် မေလတွင် ရန်ကုန်ကျိုက္ကဆံကွင်း၌ အိုင်းရင်းခရော့စ်(I.C)တေးဂီတဖျော်ဖြေပွဲတို့ကို ကျင်းပခဲ့ပြီး မေ ၂၃၊ ၂၄ တွင် ပြင်ဦးလွင် ၊ ကန်တော်ကြီး၌ I.C တေးဂီတနှင့် စိုင်းစိုင်းခမ်းလှိုင် တေးဂီတအဖွဲ့တို့က ဆီးဂိမ်း အကြိုလှုံ့ဆော်ပွဲအဖြစ် ဖျော်ဖြေကြမည်။

ဇွန်လ ၆ ရက်တွင် တေးသံရှင် မိုးမိုး အပါအဝင် မြန်မာတိုင်းရင်းသားပေါင်းစုံ၏ ဆီးဂိမ်း သီချင်းများသီဆိုဖျော်ဖြေပွဲ၊ ဇွန်လ ၁၃ တွင် နေပြည်တော်၌  ဒါရိုက်တာ မီးပွားနှင့် သရုပ်ဆောင် ၈ ဦးပါဝင်သော ဆီးဂိမ်းဟာသပြဇာတ်တို့ကို ကပြမည်။

သြဂုတ် ၂၃ တွင် ဆီးဂိမ်းအယ်လ်ဘမ်တခုကို ဖြန့်မည်ဖြစ်ပြီး တေးသံရှင် နော်နော်၊ မိုးမိုး၊ သအို၊ ကောင်းကောင်း၊ မြင့်မြတ်၊ နှင်းဆီ အဖွဲ့သားများ( နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ မိုးမိုး)၊ စနဲ၊ သျှီ၊ ဇမ်နူး၊ ဂျဲနီ၊ အိုင်းရင်းဇင်မာမြင့်တို့ ပါဝင်သီဆိုကြမည်ဖြစ်ကြောင်း ဦးဝေလင်းက ပြောသည်။

Loading