SFU

ဝိုင်းစုခိုင်သိန်းက သူ့ကို တကယ်ချစ်တယ်တဲ့လား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အဆိုတော် သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းရဲ့ လက်ရှိ အချစ်ရေး အခြေအနေကတော့ တည်ငြိမ်နေတယ်လို့ သိရပါတယ်။ သူတို့  ချစ်သူ သက်တမ်း ၃ နှစ်ရှိပါပြီတဲ့။

“ဝိုင်းစုရဲ့ ချစ်သူနဲ့ အချစ်ရေးက အဆင်ပြေပါတယ်၊ ချစ်သူ သက်တမ်းက သုံးနှစ်လောက်ရှိပါပြီ။ တခါတလေ စိတ်အခန့်မသင့်လို့ ရန်ဖြစ်တဲ့ အချိန်လည်း ရှိတာပဲ။ သူကပဲ အမြဲအလျှော့ပေးပါတယ်။ လက်ထပ်ဖို့လည်း သူ့ဘက်က ဝိုင်းစုရဲ့ သဘောအတိုင်းပါပဲ” လို့ ဝိုင်းစုခိုင်သိန်းနဲ့ ဧရာဝတီ ရိုက်ကွင်းတခုမှာ ဆုံစဉ် ပြောခဲ့ပါတယ်။

သရုပ်ဆောင် အဆိုတော် ဝိုင်းစုခိုင်သိန်း (ဓာတ်ပုံ – ယွန်း)

သူက အခု လောလော ဆယ်တော့ အနုပညာ အလုပ်တွေပဲ လုပ်ချင်ပါသေးတယ်လို့ အသက် ၂၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းက ဆိုပါတယ်။

“သူ့ကိုလည်း ဝိုင်းစု တကယ် ချစ်ပါတယ်။ သူကလည်း ဝိုင်းစုဖြစ်ချင်တာ အားလုံးကို လိုက်လျောပေးတယ်၊ အိမ်ထောင်ရေး ဆိုတာတော့ တယောက်နဲ့ တယောက် နားလည်မှုနဲ့ လက်တွဲကြဖို့ လိုအပ်တယ်၊ သည်းခံဖို့လည်း လိုပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဝိုင်းစုခိုင်သိန်းရဲ့ အမြင်ကတော့ မိန်းကလေး တယောက်ဟာ အသက် ၂၈ နှစ် အရွယ်မှာ အိမ်ထောင်ပြုသင့်တယ်လို့ ဆိုပါတယ်။

“ကလေးလည်း ယူမှာဆိုရင် အဲဒီအရွယ်က အကောင်းဆုံးပဲလို့ ဝိုင်းစုထင်တယ်” လို့ သူက ဆိုပါတယ်။

ဝိုင်းစုခိုင်သိန်းဆိုတာ နာမည်ကျော် မင်းသားတယောက်နဲ့ အချစ်ရေးမှာ ကံခေခဲ့သူ အဖြစ် အများက သိထားကြတာပါ။ လက်ရှိ အချိန်မှာ တည်ငြိမ်နေပြီ ဖြစ်တဲ့ ဒီအဆိုတော် မင်းသမီးရဲ့ တကယ်ချစ်ပါတယ် ဆိုတဲ့သူကို သူ့ပရိသတ် သိရဖို့ သူပြောခဲ့သလို မိန်းကလေးတယောက် အိမ်ထောင်ပြုသင့်တဲ့ အရွယ်ဖြစ်တဲ့ ၂၈ အထိ စောင့်ကြရဦးမယ်ဆိုရင် ဧရာဝတီ ပရိသတ်ကို နောက်ထပ် ၄ နှစ်ပဲ စောင့်လို့ ပြောလိုက်ပါရစေ။

Did you find apk for android? You can find new Free Android Games and apps.
Loading