အဆိုတော် သရုပ်ဆောင် ချစ်သုဝေက အလုပ်တွေ လောဘကြီးနေပြီး ကျောင်းပြန်တက်ဖို့ ကြိုးစားနေတဲ့ အတွက် လောလောဆယ် အိမ်ထောင်ပြုဖို့ မစဉ်းစား သေးဘူးလို့ ဧရာဝတီကို ပြောပါတယ်။
လတ်တလောမှာ ဒါရိုက်တာနေပိုင်၊ သရုပ်ဆောင် အောင်ရဲလင်းတို့နဲ့အတူ “သုံးပါးသွားလေး ကချင်ပြီ” ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေပြီး ဒီဇာတ်ကားမှာ နယ်က တက်လာတဲ့ ကောင်မလေး တယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ ချစ်သုဝေက သူ့ကိုယ်သူ ထရီဇာလို့ သုံးနှုန်းတတ်ပါသေးတယ်။
“ထရီဇာ အိမ်ထောင်ရေးကို မစဉ်းစားသေးဘူး။ အခု လောလောဆယ်မှာ အလုပ်တွေပဲ လောဘကြီးပြီး လုပ်နေတယ်။ နောက်ပြီး ကျောင်းပြန် တက်ချင်နေတယ် စာတွေ ပြန်ကျက်ချင်နေတယ်၊ ဒါကြောင့် စာတွေ ပြန်လေ့လာနေတယ်” လို့ ချစ်သူဝေက ဟြေပါတယ်။
မိန်းကလေး တယောက်က အသက်အစိတ်မှာ အိမ်ထောင်ပြုသင့်တယ်လို့ လူတွေက သတ်မှတ်ကြပေမယ့် ချစ်သုဝေက သူ့အသက် အစိတ်ကျော်သွားပြီ ဖြစ်တဲ့အတွက် အိမ်ထောင် မပြုရတော့ဘူးလား၊ လက်မထပ် ရတော့ဘူးလား၊ ဟိုင်းသွား ပြီလား၊ ဒါတွေက သတ်မှတ်ချက်တွေပါလို့ ဆိုလာပါတယ်။
ချစ်သူ့ဝေက “လက်ရှိအချိန်ကိုပဲ စဉ်းစားတယ်၊ အနာဂတ်ကို ဘယ်တော့မှ ကြိုမတွေးဘူး၊ အတိတ်မှာ ဖြစ်ခဲ့တာတွေ ပြန်ကြည့်ရင်လည်း အမှား ကင်းတယ်တော့ မဟုတ်ပေမယ့် အမှားနည်းနိုင်သမျှ နည်းတယ်လို့ ဟြေနိုင်တယ်။ နောင်တ ရစရာတွေလည်း နည်းနိုင်သမျှ နည်းတာကောင်းတယ်” လို့ လည်း သူ့ဒဿနကို ဖွင့်ဟပါတယ်။
သူက ခရစ်ယာန်ဘာသာဝင် တဦးဖြစ်လို့ ဘုရားသခင်ကို အရမ်းယုံကြည်တယ်၊ ဒါကြောင့် အိမ်ထောင်ရေးကို ကြိုမတွေးဘူး၊ ဘုရားရဲ့ အလိုတော်အတိုင်းပဲ၊ ကိုယ်တွေးတိုင်းလည်း ဖြစ်ချင်မှ ဖြစ်တာပါလို့ ဆက် ဟြေပါတယ်။
“မိန်းကလေး တယောက်က လက်ထပ်သင့်တဲ့ အရွယ်၊ အိမ်ထောင်ပြုသင့်တဲ့ အရွယ်ဆိုတာတော့ ရှိပါတယ်။ အိမ်ထောင် ပြုရမယ်လို့တော့ မဟုတ်ပါဘူး၊ အခုလက်ရှိ အချိန်မှာတော့ ပျော်သလိုနေပါတယ်၊ စိတ်ချမ်းသာအောင်နေပါတယ်၊ အကောင်းဆုံး ဖြစ်အောင် နေတယ်၊ မနက်ဖြန်မှာ လာမေးရင် နောက်တမျိုး ဖြစ်ချင်လည်းဖြစ်မယ်၊ ရှေ့ရေးတွေကို လာမေးရင် သိပ်မသိဘူး၊ အနာဂတ် ဆိုတာလည်း ကောင်းတာလေးတွေ လုပ်ရင် ကောင်းတဲ့ အကျိုးတွေ ခံစားရမှာပဲ” လို့ ဟြေပါတယ်။
ချစ်သုဝေရဲ့ ချစ်သူ ဘယ်သူဆိုတာ ပရိသတ်က သိပြီး ဖြစ်တဲ့အတွက် ချစ်သုဝေတယောက် အခုအချိန်မှာ ကွယ်လွန်သူ အဆိုတော် ထူးအိမ်သင်ရဲ့ “ဘာသာမတူတာ ဘာအကြောင်းလဲ … တို့တော့ ဒါတွေ နားမလည်” ဆိုတဲ့ သီချင်း စာသားလေးကိုများ ညည်းနေမလားလို့ ဝင်တွေးပေး နေကြမလားဘဲ။