SFU

ချမ်းချမ်းရဲ့ တကိုယ်တော်စီးရီးသစ် ဇူလိုင်လမှာ နားဆင်ရတော့မယ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တေးသံရှင် မော်ဒယ်လ် ချမ်းချမ်းက သူ့ရဲ့တတိယ တကိုယ်တော်စီးရီးကို ဇူလိုင်လမှာ ပရိသတ်ကို ချပြတော့မယ်လို့ ဧရာဝတီကို ပြောပါတယ်။

လက်ရှိ မြန်မာပရိသတ်တွေနဲ့ နည်းနည်း ဝေးနေတဲ့ မော်ဒန်ဂျက်ဇ် ပုံစံသီချင်းတွေကို နားဆင်ကြရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ချမ်းချမ်းနဲ့ ကံတူအကျိုးပေးတဲ့သူလို့ ပြောလို့ရတဲ့ တေးရေး မေသော်ကလည်း ဒီတတိယစီးရီးမှာ တေးသီချင်းတွေ ရေးပေးထားပါ သေးတယ်။ တေးရေး မေသော်၊ မြင့်မိုးအောင်၊ မိုးမိုး၊ ဟဲလေး၊ ရေမွန်၊ စောခူဆဲ၊ သြရသ စတဲ့ တေးရေးဆရာ ၁၂ ယောက် အပြင် ချမ်းချမ်းကိုယ်တိုင် ရေးထားတဲ့ သီချင်း ၄ ပုဒ်လောက် ပါဝင်မှာဖြစ်တယ်လို့လည်း ချမ်းချမ်းက ဆိုပါတယ်။

သီချင်း ၁၄ ပုဒ်ပါဝင်မယ့် ဂျက်ဇ် စီးရီးခွေကို ဖန်တီးဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ချမ်းချမ်းက “တတိယအခွေက အရင်ထွက်ခဲ့တဲ့ စီးရီးနဲ့ မတူဘူး၊ ပုံစံပြောင်းသွားတယ်။ မော်ဒန်ဂျက်ဇ်ပေါ့။ ကျမ သီချင်းတွေက အများသောအားဖြင့် အေးတဲ့အခါကျတော့ အခုကွဲတဲ့ ပုံစံ လုပ်ထားတယ်။ ကျမက ကိုဥက္ကာဦးသာနဲ့ အတွဲအခွေမှာ တခါလုပ်ဖူးတယ်။ အဆိုတော် ၁၂ ယောက်ပါတဲ့ အခွေပေါ့။ ကျမ ရေးတဲ့သီချင်းလေးကို ကိုဥက္ကာဦးသာက ဂျက်ဇ်ပုံစံလေး လုပ်ပေးတယ်။ ကြားမိတော့ တော်တော် ကြိုက်တယ်။ ကိုဥက္ကာကလည်း နားထောင်ကြည့်ဆိုပြီး သူများ နိုင်ငံမှာ ခေတ်စားတယ်ဆိုတော့ အဲဒါနဲ့ တီးပေးတာပါ။ ကျမ ပရိသတ် တွေလည်း ကြိုက်မယ်လို့ ထင်ပါတယ်။ အသစ်ပြန်ပြီး လုပ်ချင်လို့လေ” လို့ ဧရာဝတီကို ရှင်းပြပါတယ်။

ချမ်းချမ်းရဲ့ တတိယ စီးရီးခေါင်းစဉ်ကတော့ ရွေးချယ်နေဆဲဖြစ်ပြီး မန္တလေးက Dream Lover တေးဂီတနဲ့ တီးခတ်မယ်လို့ သိရပါတယ်။ Dream Lover တေးဂီတနဲ့ သွင်းဖြစ်ခဲ့တာကလည်း အဲဒီတီးဝိုင်းကို အရမ်း သဘောကျတဲ့ အတွက်ဖြစ်တယ်လို့ သူက ပြောပါတယ်။

“ကျမက မန္တလေးရောက်တိုင်း Dream Lover အဖွဲ့နဲ့ဲ့ ဆိုဖြစ်တယ်လေ။ အဲဒီက အစ်ကို ကိုဖိုးဇော်တို့နဲ့ ခင်နေတဲ့ အခါကျတော့ ဘယ်လိုခေါ်မလဲ IC အဖွဲ့ အသေးစားလေးလိုပဲ၊ သီချင်းတစ်ပုဒ်ကို လုံးဝချွတ်စွတ် တထပ်တည်း ပြန်တီးနိုင်တယ်။ အဲဒီလိုမျိုး ဆိုတော့ သူတို့ကိုလည်း သဘောကျတယ်။ ကိုလင်းလင်း ဒုတိယအခွေကို အဲဒီအဖွဲ့နဲ့ပဲ လုပ်တာဆိုတော့ ခင်နေတာနဲ့ သူတို့နဲ့ ဆက်ပြီး လုပ်ဖြစ်သွားတာ” လို့ ချမ်းချမ်းက ရှင်းပြပါတယ်။

ကွယ်လွန်သူ တေးရေးတေးဆို ထူးအိမ်သင်ရဲ့ မြို့ပြလရောင်တမ်းခြင်း စီးရီးမှာ နားဆင်ခဲ့ရတဲ့ မော်ဒန်ဂျက်ဇ် သီချင်းသံ တွေလိုပဲ ချမ်းချမ်းရဲ့ စီးရီးကို ဂျက်ဇ်ဂီတ ချစ်သူများက နားဆင်ခံစားကြရမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မြန်မာပရိသတ်တွေနဲ့ ဝေးကွာနေတဲ့ ဂျက်ဇ် ဂီတကို ပြန်လည် ပုံဖော်ချင်တဲ့ ချမ်းချမ်းရဲ့ တတိယ အခွေမှာတော့ ချမ်းချမ်း ကိုယ်တိုင် ပရိုဂျူဆာ လုပ်ပြီး ထုတ်လုပ်မှာ ဖြစ်တယ်လို့လည်း ချမ်းချမ်းက ပြောပါတယ်။ ပထမဆုံး တကယ်ဆိုရင် အချစ်ပဲ လိုတယ် စီးရီးကို တေးရေး မေသော၊် ဒုတိယ စီးရီးဖြစ်တဲ့ သိပ်ချစ်တယ် အရမ်းမုန်းတယ် စီးရီးကို မဟော်ဂနီ ရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ရေးက ကိုဂျမန်းတို့က စီစဉ် ထုတ်ဝေပေးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ချမ်းချမ်းက “လက်ရှိ လှုပ်ရှားမှုကတော့ ဘန်ကောက်မှာ ၄ ပွဲ ဆိုဖို့ရှိတယ်။ ၆ ရက် နေ့ကနေ ၁၂ ရက်နေ့အထိတော့ ဘန်ကောက်မြို့မှာပါ။ ပြီးတော့ အစ်မပြန်လာရင် မန္တလေးပွဲသွားမယ်။ တောင်ကြီး ပွဲသွားမယ်။ ဘန်ကောက်ကတော့ မနက်ဖြန် စသွားမယ်၊ ကိုသြရသပါမယ်၊ ကိုစိုင်းစိုင်းလည်း ပါမယ်၊ အေသင်ချိုဆွေပါမယ်။မဟာချိုင်မှာ နှစ်နေရာ ဖျော်ဖြေမယ်။ ကျန်တဲ့ ရက်တွေမှာတော့ ကျန်တဲ့ အဆိုတော်တွေပါမပါ ကျမ မသိဘူး။ကျမ ကတော့ နောက်ထပ်ပွဲဆက် ဆိုမယ်။ တေးဂီတကတော့ လေးဇီးကလပ်နဲ့ပါ” လို့ ချမ်းချမ်းက သူ့ရဲ့ အနုပညာ ခရီးစဉ်တွေကို ရှင်းပြပါတယ်။

၂၀၀၆ ခုနှစ်ကတည်းက Melody World ပြိုင်ပွဲမှာ ဒုတိယ ဆုရရှိခဲ့ပြီး ဂီတလောကထဲ စဝင်လာတဲ့ ချမ်းချမ်းဟာ မော်ဒယ်လ် ဂျွန်လွင်ဆီမှာ သင်တန်းတက်ခဲ့တဲ့ သရုပ်ဆောင် မော်ဒယ်တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အတွဲခွေ စီးရီး များစွာ မှာလည်း ပါဝင်နေပြီး ပရိသတ်အခိုင်အမာ ရရှိထားတဲ့ ဝါရင့် တေးသံရှင် တဦးနေရာမှာ ရပ်တည်နေသူ တဦးလည်း ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading