• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဇွန် ၁၅ တွင် စမည်

by နဒီထိုက်
11 June 2013
in Lifestyle
A A
လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဇွန် ၁၅ တွင် စမည်

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ် (ဓာတ်ပုံ - နဒီထိုက် / ဧရာဝတီ)

2.3k
VIEWS
Share on FacebookShare on Twitter

ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဦးစီးသည့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ဇွန်လ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ ရန်ကုန်တိုင်းအတွင်း ကျင်းပမည်ဟု သိရသည်။

ဇွန် ၁၅ ညနေ ၆ နာရီတွင် ဖွင့်ပွဲအခမ်းအနားကို ရန်ကုန် နေပြည်တော် ရုပ်ရှင်ရုံ၌ ကျင်းပမည်ဖြစ်ပြီး ဇွန် ၁၆၊ ၁၇၊ ၁၈ တွင် ရန်ကုန် Junction Square ရှိ ရုပ်ရှင်ရုံ ၂ ရုံတွင် ဇာတ်ကားများ ပြသသွားမည် ဖြစ်ကြောင်း ဇွန်လ ၈ ရက်နေ့က ရန်ကုန် ၇ မိုင်ရှိ HRHDIFF ရုံးခန်းတွင် အဆိုပါ ရုပ်ရှင်ပွဲတော်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောခဲ့သည်။

RelatedPosts

တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
248
သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
326
စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

9 June 2025
5.9k

ရုပ်ရှင်ပွဲတော်တွင် ပြသရန် မြန်မာကား ၂၈ ကား၊ နိုင်ငံတကာ ဇာတ်ကား ၂၆ ကား၊ ကလေးငယ် များအတွက် ဇာတ်ကား ၁၁ ကား တို့ကို ဝင်ကြေးအခမဲ့ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

“ဖွင့်ပွဲမှာ ရုပ်ရှင်ကား တကား ရွေးထားတယ်။ အဲဒါကတော့ မြန်မာနိုင်ငံက ကားပါ။ ဒါရိုက်တာ ယဉ်နန်းသိုက် ရိုက်တဲ့ အကျဉ်းစံဘဝဆိုတဲ့ Documentary မှတ်တမ်း ရုပ်ရှင်ပြမယ်။ အဲဒါက မိနစ် ၅၀ စာ ရှိပါတယ်။ Opening Film အဖြစ် ရွေးထားပါတယ်။ ကျန်တဲ့ ဇာတ်ကားတွေကတော့ Junction Square မှာ ပုံမှန် ရုပ်ရှင်ပြတဲ့ အချိန်တွေအတိုင်း အခမဲ့ လာရောက် ကြည့်ရှုနိုင်ပါတယ်” ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဆိုသည်။

ရုပ်ရှင်ပွဲတော်အတွက် နိုင်ငံတကာမှ ဇာတ်ကားများကို ၂၀၁၃ ဇန်နဝါရီတွင် စတင် ဖိတ်ခေါ်ခဲ့ကြောင်း နိုင်ငံတကာ ဇာတ်ကား ၅၀၊ မြန်မာဇာတ်ကား ၃၇ ကား စုစုပေါင်း ၈၇ ကား လက်ခံရရှိခဲ့ကြောင်း၊ ပြပွဲတွင်ပြသရန် မြန်မာဇာတ်ကား ၂၈ ကား၊ နိုင်ငံတကာ ဇာတ်ကား ၂၆ ကားကို ပြန်လည်ရွေးချယ် ပြသခြင်း ဖြစ်ကြောင်း သိရသည်။

ပေးပို့သော ဇာတ်ကားများထဲမှ ပြိုင်ပွဲအတွက် ဇာတ်ကားများကိုလည်း ရွေးချယ်ထားရာ နိုင်ငံတကာ ဇာတ်ကား ၁၁ ကား၊ မြန်မာဇာတ်ကား ၁၅ ကား၊ ကလေးများ အတွက် ဇာတ်ကား ၅ ကားတို့ ပြိုင်ပွဲဝင်ခွင့် ရမည်ဖြစ်သည်။

ချီးမြှင့်မည့် ဆုများနှင့် ပတ်သက်ပြီး ဒါရိုက်တာ မင်းထင်ကိုကိုကြီးက “ဆုတွေကတော့ ၃ ဆုပေးမှာပေါ့။ အောင်ဆန်းစုကြည် ဆု၊ ကိုမင်းကိုနိုင်ဆုနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ မတ် ၁၃ ဆု အပြင် ထပ်တိုးတာကတော့ နော်ဝေနိုင်ငံက ကမ်းလှမ်းလို့ NBC ( Norway – Burma Committee) ဆုပေးမယ်၊ မြန်မာကားတွေကို ရွေးပေးပါမယ်။ နောက် ချက် သမ္မတ နိုင်ငံက ဆုပေးဖို့ ကမ်းလှမ်းတာရှိပါတယ်။ Title ကတော့ အခုထိ မရွေးရသေးပါဘူး။ ဆုကတော့ သေချာပါတယ်။ မြန်မာက ၁၅ ကားတွက် ဆုက ၅ ခု၊ အင်တာနေရှင်နယ် ၁၁ ကားထဲကတော့ ၁ ဆုတည်း ပေးမှာပါ။ ဒေါ်အောင်ဆန်းဆုကြည် ဆုပါ” ဟု ပြောသည်။

ပြိုင်ပွဲဝင်များအတွက် ပေးအပ်မည့် ဆုကြေးများကိုမူ ဆုံးဖြတ် ရွေးချယ်နေဆဲ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ရုပ်ရှင်ပွဲတော်တွင် ဆုများကို ရွေးချယ်ပေးမည့် Jury အဖွဲ့ဝင်များမှာ နိုင်ငံတကာမှ ၄ ဦး၊ ပြည်တွင်းမှ ၃ ဦး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

International Documentary Film Festival Amsterdam (IDFA & IDFA Bertha Fund) မှ ဒါရိုက်တာ Ally Derks၊ အကယ်ဒမီ ဆွေဇင်ထိုက်၊ Human Rights Film Network ၏ ဒါရိုက်တာ Igor Blazebic၊ ကနေဒါနိုင်ငံ၏ နာမည်ကျော် ဒါရိုက်တာ Peter Wintonick၊ တောင်အာဖရိက ဒါရိုက်တာ ထုတ်လုပ်သူ Don Edkins တို့က နိုင်ငံတကာ ရွေးချယ်ရေးအဖွဲ့ အဖြစ် လည်းကောင်း၊ ကိုမင်းကိုနိုင်၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဒေါ်ဆွေဇင်ထိုက်တို့က ပြည်တွင်း ရွေးချယ်ရေး အဖွဲ့ အဖြစ် လည်းကောင်း၊ NBC ဆုအတွက် Equality Myanmar အဖွဲ့မှ ကိုအောင်မျိုးမင်း၊ ဝဿန် ရုပ်ရှင်ပွဲတော်မှ မသူသူရှိန်၊ ကဗျာဆရာ သစ္စာနီ တို့က လည်းကောင်း၊ ချက် သမ္မတနိုင်ငံမှ ပေးမည့် ဆုအတွက် ဘလော့ဂါ နေဘုန်းလတ်၊ ဖြိုးဖြိုးအောင် (ဗကသ)၊ သိဒ္ဓိ တို့ကလည်းကောင်း အကဲဖြတ် အဖြစ် ပါဝင်ရွေးချယ် ဆုံးဖြတ်ပေးကြမည် ဖြစ်ကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။

အကဲဖြတ်ဒိုင်အဖြစ် ပါဝင်မည့် အကယ်ဒမီ ဆွေဇင်ထိုက်က “အဲဒီပွဲအတွက် အကဲဖြတ်ဖို့ ၃ ခု ပေးထားတာ ရှိပါတယ်။ Themeရယ် Technique ရယ် Category ရယ်၊ အဲဒီ ၃ ခုအပေါ်မှာ ကြည့်ပြီး ကျမတော့ ပေးတောင်ပေးထားပြီး သွားပါပြီ။ ကျမ ကတော့ ကိုယ့်နယ်ပယ် ဖြစ်တဲ့ ရုပ်ရှင်ထဲကနေ ခုန်ဆင်းခဲ့တာ လွန်ခဲ့တဲ့ အနှစ်လေးဆယ် လောက်ကတည်းကပေါ့။ ဒါကြောင့် ကိုယ်လည်း တတ်နိုင်တဲ့ ဘက်ကနေ ခုန်တက်လို့ ရအောင် လိုက်လုပ်ပေးနေတဲ့ သဘောပါပဲ။ လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော် ဆိုတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ပြောရရင် ဒီမှာရှိနေတဲ့ လူတွေကလေ Human Rights ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို သေချာ မသိကြဘူး။ ကိုယ့် Rights ကို ကိုယ်သိပြီးတော့ ကိုယ့်တာဝန်ကို ကိုယ်ယူနိုင်ကြမယ် ဆိုရင် လောကကြီး ဟာလည်း သာယာသွားမှာပဲ။ အခုအချိန်မှာ ကိုယ့်တာဝန်လည်း ကိုယ် သိပ်မသိဘူး၊ ကိုယ့် အခွင့်အရေးကိုလည်း ကိုယ်သိပ်မသိဘူး ဆိုတော့ ဒီလိုပဲ ဖြည်းဖြည်းချင်း ပြောယူရမှာပေါ့” ဟု ရှင်းပြသည်။

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ရန်ကုန်တိုင်းတွင် ကျင်းပပြီး ကျန် တိုင်းနှင့်ပြည်နယ် ၁၃ ခုတွင်လည်း နယ်လှည့် ရုပ်ရှင်ပွဲတော်အဖြစ် ကျင်းပမည်ဟု ဦးမင်းထင်ကိုကိုကြီးက ဧရာဝတီသို့ ပြောသည်။

“ရုပ်ရှင်ပွဲတော်က ရန်ကုန်မှာ ဇွန်လပြီးရင် ခရီးသွားရုပ်ရှင်ပွဲတော်၊ ရွေ့လျား ရုပ်ရှင်ပွဲတော်လို့လည်း သုံးလို့ရတယ်။ဇူလိုင် ကနေ ဒီဇင်ဘာအထိ တိုင်းနဲ့ပြည်နယ် ၁၃ ခုက မြို့ကြီး ၁၃ ခုမှာ တရက် လည်ပြဖို့ ရှိပါတယ်။ ဆုရတဲ့ ကားတွေပြမယ်။ နောက် ဆုရတဲ့ကားအပြင် တခြား သင့်လျော်တဲ့ကားတွေပါ ပြမယ်။ နယ်တွေမှာ၊ ရုပ်ရှင်ရုံတွေမှာ ပြဖို့ခက်မယ် ထင်ပါတယ်။ ရန်ကုန်မှာတောင် ပြဖို့ တော်တော်လုပ်ရပါတယ်။ နယ်မှာကိုတော့ ရုပ်ရှင်ရုံတွေမှာ စကြိုးစားပါမယ်။ မရရင်လည်း ဟောလ်တွေမှာ ပြပါမယ်” ဟု ဆိုသည်။

Your Thoughts …
Tags: EntertainEntertainmentFilm FestivalMovie
နဒီထိုက်

နဒီထိုက်

ဧရာဝတီ

Similar Picks:

မိုးယံဇွန်

Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

by ဧပရယ်ဆု
19 April 2016
47.5k

"ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

by နဒီထိုက်
15 July 2013
15.1k

သူကတော့ အရေးပေါ် ကြပ်မတ် ကုသဆောင်ထဲမှာပဲ ရှိပါတယ်။ သတိတော့ မရသေးဘူး။ တခြား မှတ်ချက်ကတော့ ဆရာဝန် တဦးအနေနဲ့ မပေးသင့်ဘူး ထင်တယ်။ အကောင်းဆုံးတော့ ကုသနေပါတယ်

ထူးအိမ်သင်

ထူးအိမ်သင်ပွဲ မကျေနပ်သံများ အကြောင်း မြင့်မိုးအောင်နဲ့ အင်တာဗျူး

by ဧရာဝတီ
15 August 2014
18.4k

ဝေဖန် ပြောဆိုနေကြ သူတွေက သူတို့ ကိုယ်တိုင်တောင် အနုပညာကို အောင်မြင် ပေါက်မြောက် အောင် ဘယ်လောက် လုပ်ထားနိုင်ခဲ့လို့လဲ။ သီချင်းတပုဒ်ကို သူတို့ရေးပြီး ဆိုပြီးတော့ ဘယ်လို အောင်မြင်အောင် လုပ်နိုင်လဲ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

by သုရီလင်း
28 October 2014
10k

ချမ်းသာတဲ့သူ ကြိုက်မှ စီးပွားရေး လုပ်ရတာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် အခုလာရင် အခု တောင်းလို့ ရတယ်၊ ဒေါ်အောင်ဆန်းစုကြည် သမီးတို့ ခြံနဲ့ဝိုင်းနဲ့ နေချင်တယ်၊ သူများ ခြံနဲ့ဝိုင်းနဲ့လည်း မနေချင်ဘူး” လို့ ပြောဖို့ မအေးကောင်းက...

စန္ဒီ (၁၅၀၀), အဆိုတော်

အဆိုတော် စန္ဒီ (၁၅၀၀) ကွယ်လွန်

by မြတ်သူအောင်
18 October 2013
10.7k

(၁၅၀၀) လို့ အမည်ရတဲ့ တကိုယ်တော် စီးရီး ထွက်ရှိထားပြီး လတ်တလော မှာလည်း ဒုတိယ တေးစီးရီးကို ထွက်နိုင်ဖို့ ကြိုးစားနေရင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း

လေးဖြူ, ဒိုင်ယာရီ, Rock, Online, Modern Rock, Music, Creed,

လေးဖြူရဲ့ ဒိုင်ယာရီ

by ကိုမျိုး (IR)
14 February 2015
7.2k

“ကောင်းကင်ထဲ ကြိုးပြတ်သွားတဲ့ … စက္ကူစွန်လေး ဖြစ်လိုက်ချင်လည်း … နှောင်ကြိုးများ ဖမ်းဆုပ်ခဲ့ … ပြာနှမ်းနေတဲ့ အဆိပ်သုတ်ထားတဲ့ ပန်းတွေ … ငါနမ်းရှိုက်တပ်မက်ဆဲ … အသိကန်းတဲ့ အတွေးစိတ်နဲ့” ဆိုတဲ့ အားကောင်းတဲ့ စကားလုံးတွေနဲ့...

Next Post
ကချင်စစ်ဘေး ဒုက္ခသည်များကို ထောက်ပံ့ရန် တနှစ်လုံးအတွက် ဒေါ်လာ သန်း ၄၀ ကျော် လိုအပ်

ကချင်စစ်ဘေး ဒုက္ခသည်များကို ထောက်ပံ့ရန် တနှစ်လုံးအတွက် ဒေါ်လာ သန်း ၄၀ ကျော် လိုအပ်

စံရတီမိုးမြင့်က အရမ်းဟော့ရှော့ အဝတ်တွေ မကြိုက်ဘူးတဲ့

စံရတီမိုးမြင့်က အရမ်းဟော့ရှော့ အဝတ်တွေ မကြိုက်ဘူးတဲ့

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

4 days ago
4.9k

Most Read

  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate