ကြော်ငြာတွေ ရိုက်ကူးရင်း ပရိသတ် သတိထားမိလာတဲ့ သရုပ်ဆောင် စံရတီမိုးမြင့်က အရမ်းကြီး ဟော့ရှော့ ဖြစ်အောင် ဝတ်ရတာ မကြိုက်ဘူးလို့ ဧရာဝတီကို ဖွင့်ဟ လာပါတယ်။
“ကျမက အရမ်းကြီး ဟော့ရှော့ဖြစ်အောင် ဝတ်ရတာ မကြိုက်ဘူး၊ ချစ်စရာကောင်းတဲ့ ပုံစံ ဝတ်ရတာကို သဘောကျတယ်။ Sexy ဆိုတာကလည်း အရမ်းဖော်လွန်းတိုင်း Sexy မှမဟုတ်တာ။ မျက်နှာက အစ ဆွဲဆောင်မှုရှိတဲ့ ပုံစံကို သဘောကျတယ်” လို့ သူ့ရဲ့ ဖက်ရှင်နဲ့ ပတ်သက်လို့ ပြောပါတယ်။
အခုသူနေတာက မြန်မာနိုင်ငံဖြစ်တဲ့အတွက် သူများနိုင်ငံတွေလို ဝတ်ရင်လည်း အဆင်မပြေဘူး၊ ဒါကြောင့် သူနဲ့ လိုက်ဖက်တဲ့ အဝတ်အစားမျိုးပဲ ဝတ်တယ်လို့ စံရတီမိုးမြင့်က ဆိုပါတယ်။
“အရမ်း အတိုအပြတ်တွေ ဝတ်ရတာလည်း ကိုယ်နဲ့ မလိုက်ဘူးလို့ ထင်တယ်၊ လုံး၀ မဝတ်တာတော့ မဟုတ်ဘူး၊ လိုအပ်တဲ့ နေရာတွေမှာတော့ ဝတ်တယ်၊ Sexy ကျတဲ့ ပုံစံမျိုးကို သဘောလည်း မကျဘူး၊ ဝတ်လည်း မဝတ်ဘူး” လို့ သူ့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်တဲ့ ခံယူချက်ကို ဟြေပါတယ်။
မြန်မာနိုင်ငံမှာက ကိုးရီးယားဖက်ရှင်တွေ ခေတ်စားနေပြီး လူတွေက ကိုယ်နဲ့ လိုက်လိုက်၊မလိုက်လိုက် ဝတ်နေကြတယ် လို့လည်း သူ့ရဲ့အမြင်ကို ရှင်းပြပါတယ်။ သူ့ရဲ့ အမြင်ကတော့ လူတိုင်းဟာ ကိုယ်နဲ့ လိုက်ဖက်မှ ဝတ်ဆင်သင့်တယ် လို့လည်း ဆိုပါတယ်။
သူကိုယ်တိုင်ကတော့ အရင်ကတည်းက ခန္ဓာကိုယ် ပြည့်တဲ့အထဲမှာ ပါတဲ့အတွက် မြန်မာ ဝတ်စုံဝတ်ရတာ အဆင်ပြေ ကြောင်း၊ ချစ်စရာကောင်းတဲ့ ပုံစံတွေ ဝတ်ရင် အဆင်ပြေကြောင်း၊ လိုအပ်လို့ Sexy ဖြစ်တဲ့ ပုံစံ ဝတ်ရရင်တောင် အရှက်လုံတဲ့ ပုံစံသာ ဝတ်ကြောင်း၊ Sexy ပုံစံ ဝတ်တဲ့အခါ စိတ်မလွတ်လပ်တဲ့ အတွက် မနှစ်သက်ကြောင်း၊ အဝတ်ဆိုရင် လွတ်လွတ်လပ်လပ် ရှိတဲ့ ပုံစံသာကြိုက်ကြောင်း ဧရာဝတီကို ဟြေပြခဲ့ပါတယ်။
စံရတီမိုးမြင့်ရဲ့ အချစ်ရေးကို မေးမြန်းကြည့်ရာမှာတော့ သူက “အခုအချိန်မှာ အလုပ်ကိုပဲ အာရုံစိုက် လုပ်နေတယ်၊ ချစ်သူ ရွေးချယ်ခဲ့ ကတည်းက ကျမအပေါ် နားလည်မယ့် သူကိုပဲ ရွေးချယ်ခဲ့ပါတယ်” လို့ ရှင်းပြပါတယ်။
လတ်တလောမှာ စံရတီမိုးမြင့်က ဒါရိုက်တာသားကြီး၊ သရုပ်ဆောင် နေဒွေးတို့နဲ့ အတူ မျက်နှာဖုံး ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေပါတယ်။