SFU

ဘုဏ်းသိုက် ဘာတွေရိုက်နေသလဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မော်ဒယ်လ် သရုပ်ဆောင် ဘုဏ်းသိုက်ဟာ သရုပ်ဆောင် အလုပ်တွေအပြင် ဒါရိုက်တာ အလုပ်တွေလည်း လုပ်နေသူ ဖြစ်ပြီး လတ်တလောမှာ ဇာတ်ကားများထက် MTV တွေနဲ့ Document တွေ၊ Short Film တွေကို စတင်ရိုက်ကူးနေပြီလို့ ဘုဏ်းသိုက်က ပြောပါတယ်။

“လောလောဆယ်တော့ Documentary သုံးပုဒ် ရိုက်ထားပါတယ်။ ပုဂံမှာ သွားရိုက် ထားပါတယ်။ အကြောင်းအရာ ကတော့ ပုဂံ ငှက်ပစ်တောင်မှာ ရှိတဲ့ ဇေတဝန် ဘုန်းကြီးကျောင်းမှာ ကလေးတွေထားတဲ့ ကျောင်းပေါ့နော်။ ပုဂံမှာ အရင်တုန်းက ရှိတဲ့ အမှိုက်ကောက် ကလေးတွေ၊ လာတဲ့ ဧည့်သည်တွေကို တက်သလောက် မှတ်သလောက် သမိုင်းအကြောင်း ရှင်းပြတဲ့ ကလေးတွေကို ထားပေးထားတဲ့ ဘုန်းကြီးကျောင်းလေး တကျောင်းက ကလေးတွေ အကြောင်းရိုက်ထားတဲ့ Documentary တခု ရှိပါတယ်။ နောက်တခုက ပုဂံတောင်မ ရွာမှာရှိတဲ့ ထန်းတက်သမား မိသားစုရဲ့ ဘဝအကြောင်း ကိုလည်း ရိုက်ထားပါတယ်။ ပြီးတော့ ဧရာဝတီမြစ်ထဲက ရွေ့လျား မိသားစုပေါ့။ တနှစ်ပတ်လုံး မြစ်ထဲမှာပဲနေပြီးတော့ မြစ်ထဲမှာပဲ သွားလာလှုပ်ရှားနေတဲ့ တံငါ မိသားစုတစုရဲ့ အကြောင်းကိုလည်း ရိုက်ထားပါတယ်” လို့ ပြောပါတယ်။

အဲဒီ Documentary ၃ ပုဒ်ကိုလည်း ပြပွဲပြိုင်ပွဲများမှာ အလျဉ်းသင့်သလို ချပြသွားမှာဖြစ်ပြီး ဇာတ်ကားတွေထက် Short Film တွေ၊ သဘာဝရသကို ပေးနိုင်တဲ့ Documentary တွေကို ရိုက်ကူးဖို့ ပိုပြီး အားသန်ကြောင်းလည်း ပြောပါတယ်။ မော်ဒယ်လ် တဦးအဖြစ် ၆ နှစ်နီးပါး ရပ်တည်လာခဲ့ပြီး MTV တွေ၊ ကြော်ငြာတွေ၊ ဂျာနယ် မဂ္ဂဇင်းတွေအတွက်  သရုပ်ဆောင် မော်ဒယ်လ် တဦးအဖြစ် မြင်တွေ့ခဲ့ရပါတယ်။

ဒါရိုက်တာအဖြစ် စတင်ပြီး ခြေစမ်းခဲ့သည့် အခြေအနေနဲ့ ပတ်သက်ပြီး ဘုဏ်းသိုက်က “ဒါရိုက်တာအဖြစ် စခဲ့တာက သူငယ်ချင်း အဆိုတော် မိုးထက်ပိုင်ရဲ့ လွင့်ကြွေ အိမ်မက်များ ဆိုတဲ့သီချင်းကို မိုးထက်ပိုင်ရယ် အိချောပိုရယ်နဲ့ ရိုက်ပေးခဲ့တယ်။ သီချင်းမှာက အဲဒါ ပထမဦးဆုံးပဲ။ နောက်ပိုင်းလည်း သီချင်းတွေ ရိုက်ဖြစ်တယ်။ ဇာတ်ကား အနေနဲ့က ၂၀၁၁ ဝဿန် အနုပညာ ရုပ်ရှင်ပွဲတော်မှာ ဆုရခဲ့တဲ့ မိနစ် ၂၀ စာ Short Film တပုဒ်ကနေ စပြီး ရိုက်ဖြစ်ခဲ့ပါတယ်။ အဲဒါ ပထမဆုံး ဆုရခဲ့တဲ့ Best Short Film ဆုပေါ့။ ဝဿန်ပွဲတော်က ဆရာမောင်သစ်မင်းရဲ့သား ကိုသိဒ္ဓိ၊ မသူသူရှိန်၊ Church Republic က လူတွေနဲ့ YFS ကလူတွေရယ်၊ ရုပ်ရှင်အစည်းအရုံးရယ် ပူးပေါင်း ကျင်းပခဲ့တာပါ။ အဲဒီမှာ ကျနော့်ရဲ့ ဒါရိုက်တာ တဦး အဖြစ် ဆက်ပြီးလေ့လာ သင်ယူဖို့ စခဲ့တယ်လို့ ပြောရမှာပါ။ ဆက်ပြီးလည်း လေ့လာပြီး အကောင်းဆုံး ရိုက်ကူးနိုင်တဲ့ ဒါရိုက်တာဖြစ်အောင် ကြိုးစားမှာပါ” လို့ ရှင်းပြပါတယ်။

မော်ဒယ်လ် ဘုဏ်းသိုက်ဟာ သရုပ်ဆောင် (ခေါင်းဆောင်မင်းသား) အဖြစ်လည်း စတင် ရိုက်ကူးနေပါပြီ။ သရုပ်ဆောင် အနေနဲ့ နှင်းခဲပျော်ချိန် ဆိုတဲ့ ဇာတ်ကားကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးပေးထားပြီး ချစ်သူဖြစ်တဲ့ ချမ်းချမ်းနဲ့ အတူ တွဲဖက် သရုပ်ဆောင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ချမ်းချမ်းရဲ့ ပထမဆုံး ဇာတ်ကား ဖြစ်သလို၊ ဘုဏ်းသိုက်ရဲ့ ပထမ ဆုံးဇာတ်ကားလည်း ဖြစ်ပြီး နှင်းခဲပျော်ချိန် ဇာတ်ကားမှာ အကယ်ဒမီရဲအောင်၊ ဝါဝါအောင်နဲ့ သရုပ်ဆောင် များစွာ၊ ကဗျာဆရာများစွာ ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

နှင်းခဲပျော်ချိန် ဇာတ်ကား ရိုက်ကူးဖြစ်ပုံနဲ့ ပတ်သက်ပြီး ဘုဏ်းသိုက်က “ကျနော် ကိုပေါက်နဲ့ တွေ့တဲ့ အချိန်မှာ ကိုပေါက်က ကျနော့်မှာ ရှိတဲ့ ဇာတ်လမ်းတပုဒ်ကို ပြောပြခိုင်းတော့ ကျနော်လည်း ဇာတ်လမ်းတခု ပြောပြလိုက်တယ်။ အဲဒီမှာ ကိုပေါက်က အရမ်းကြိုက်တယ် ဆိုပြီးတော့ ကိုယ်ပဲ ပရိုဂျူဆာလုပ်ပြီး ညီလေးကို ရိုက်ပေးမယ် ဆိုပြီးတော့ ရိုက်ဖြစ်သွားတာပါ။ ကိုပေါက်က ပရိုဂျူဆာ၊ ဒါရိုက်တာပေါ့။ ဇာတ်ကားက ပြီးသွားပါပြီ။ အကြာခင် ထွက်လာတော့မှာပါ” လို့ ဆိုပါတယ်။

အိမ်မက် ဇာတ်ကားမှာလည်း ချစ်သူချမ်းချမ်းနဲ့ အတူ တွဲဖက် သရုပ်ဆောင်ထားပြီး တေးသံရှင် Rဇာနည် ကလည်း ဧည့်သည် သရုပ်ဆောင် အဖြစ် ပါဝင်ထားတယ်လို့ သိရပါတယ်။

အိပ်မက်နဲ့ ပတ်သက်ပြီး ဘုဏ်းသိုက်က “အိပ်မက်ကတော့ Music ဇာတ်ကားပါ။ ဟာသ သရုပ်ဆောင်တွေ အများကြီး ပါပါတယ်။ ဂီတနဲ့ ပတ်သက်တဲ့ ဇာတ်ကားဆိုတော့ ကိုRဇာနည်ကလည်း သရုပ်ဆောင် ပေးထားတယ်။အားလုံး အမှတ်တရပေါ့” လို့ ပြောပြပါတယ်။

ချစ်သူ နှစ်ဦးရဲ့ ပထမဆုံး ဇာတ်ကားဖြစ်တဲ့ အတွက် ရင်ခုန်မှုတွေ၊ ပျော်ရွှင်မှုတွေနဲ့ အမှတ်တရ တွေလည်း အများကြီး ရခဲ့တယ်လို့ ဘုဏ်းသိုက်က ဆိုပါတယ်။

“နှင်းခဲပျော်ချိန် ဇာတ်ကားဆိုရင် ပြည်မှာ သွားရိုက်ကြတယ်။ ပင်လည်း ပင်ပန်းတယ်၊ ပျော်လည်း ပျော်ခဲ့ရပါတယ်။ အမှတ်တရ ကတော့ သူ့ကို သတ်တဲ့အခန်းမှာ ဒေါသ ထွက်ရမယ့်အစား ရယ်ချင်နေတယ်” လို့ သူက ပြောပါတယ်။ သရုပ်ဆောင် အဖြစ်သာမက မြန်မာနိုင်ငံသားတွေရဲ့ ဘဝအမှန်၊ ဖြစ်ရပ်အမှန် တွေကို ချပြပေးမယ့် Documentary တွေလည်း အဆက်မပြတ် ရိုက်ကူးနေမယ်လို့ သရုပ်ဆောင် ဒါရိုက်တာ ဘုဏ်းသိုက်က ဆက်ပြောပါတယ်။

ဘုဏ်းသိုက်ဟာ ၂၀၀၆ ခုနှစ်မှာ မော်ဒယ်လ် လောကထဲ စတင်ရောက်ရှိခဲ့ပြီး လက်ရှိ လှုပ်ရှားမှုအနေနဲ့ တေးသံရှင် နေနေရဲ့စူးဆူးသူစီးရီးမှာ သီချင်း ၃ ပုဒ် MTV ရိုက်ကူးပေးထား တေးသံရှင်ဖြိုးကြီးရဲ့ နောက်ထွက်မယ့် စီးရီး VCD အတွက်လည်း သီချင်းတပုဒ် ပါဝင် ရိုက်ကူးပေးမယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading