မော်ဒန်နှင်းဆီ စင်ကာပူသွားမည်
ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ဦးစီးတဲ့ နှင်းဆီခရီးသည် မော်ဒန်အငြိမ့်အဖွဲ့ဟာ လာမယ့် ဇွန် ၃၀ ရက်နေ့မှာ စင်ကာပူနိုင်ငံကို သွားရောက် ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။
အဲဒီ ဖျော်ဖြေပွဲအတွက် စာနယ်ဇင်းရှင်လင်းပွဲကို ဇွန်၁၈ရက်နေ့က Park Royal Hotel မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဖျော်ဖြေရာမှာ ပါဝင်မယ့် အနုပညာရှင်တွေ ကတော့ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ မိုးမိုး၊ တင်မောင်ဆန်းမင်းဝင်း၊ မိုးပြည့်ပြည့်မောင်၊ ဖူးစုံ၊မေကဗျာ၊ မိုးယုစံ၊ ဝါဆိုမိုးဦး၊ သန္တာဗိုလ်တို့ ဖြစ်တယ်လို့ သိရပါတယ်။
ဖျော်ဖြေမှုနဲ့ ပတ်သက်ပြီး ဒါရိုက်တာ မောင်မျိုးမင်းက အခု နှင်းဆီအဖွဲ့ သွားရောက် ဖျော်ဖြေတာက ငါးကြိမ်မြောက် ဖြစ်ကြောင်း၊ ကပြဖျော်ဖြေတဲ့ အခါမှာ တနှစ်ထက်တနှစ် ပိုကောင်းအောင် ကြိုးစားခဲ့ပြီး တနှစ်က အမှားတွေကို နောက် တနှစ်မှာ မပါအောင်၊ ကောင်းအောင် ကြိုးစားရင်း အခုအချိန်ကို ရောက်ခဲ့ကြောင်း၊ အလုပ်လုပ်နေသရွေ့ အမှားကတော့ ပါနိုင်တဲ့ အကြောင်း၊ နောက်ထပ် အမှားတွေရှိနိုင်ပေမယ့် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ် ဆိုတဲ့ အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
“အရေးကြီးဆုံး ဟြေချင်တာကတော့ နှင်းဆီအငြိမ့် ရန်ကုန်မှာ ကတယ်၊ အဲဒီ အချိန်မှာ ဘာဖြစ်လာလဲ ဆိုတော့ ခိုးကူးခွေ ထွက်လာတာ မိနစ်လေးဆယ် စာပဲ ကြာတယ်။ အမှန်တကယ် ကတာတော့ လေးနာရီကြာတာပါ။ အဲဒါကို ပရိသတ်တွေက ပြန်ကြည့်ပြီး ဒါကအဟောင်းကြီးပါ၊ ကြည့်ပြီးသား ဆိုပြီးဟြေကြတယ်။ အခု ကမယ့် နှင်းဆီခရီးသည်က လေးနာရီခွဲ ကြာပါတယ်၊ ပြက်လုံးတချို့ကိုလည်း ပြုပြင်ပြောင်းလဲသွားမှာပါ။ ပြက်လုံးအသစ်တွေကို အစားထိုးပြီး တင်ဆက်မှာပါ” လို့ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ဆက်ပြောပါတယ်။
နှင်းဆီအငြိမ့် နာမည်ကို တနှစ်တခါ ပြောင်းနေကျအတိုင်း ဒီတစ်ခါ နှင်းဆီခရီးသည်လို့ပြောင်းထားတာပါ၊ မော်ဒန် အကတွေလည်း ပါတာမို့လို့ မော်ဒန်အငြိမ့်လို့ ပေးထားတာပါလို့ သူက ဧရာဝတီကို ဟြေပြသွားပါတယ်။
သရုပ်ဆောင် မိုးပြည့်ပြည့်မောင်ကလည်း ဒီတခါတော့ ထူးထူးခြားခြားလေး ဖြစ်သွားအောင် ခုနစ်ထွေအကကို ကြိုးစားပြီး တင်ဆက်မှာပါလို့ ဆိုပါတယ်။ ခုနစ်ထွေအကကို သူ အရင်က ကဖူးပေမယ့် အခု သေသေချာချာ လေ့ကျင့်ထားတယ်လို့ သိရပါတယ်။
ဝိုင်းက လက်ပံကြောင့် ချောင်းအရိုက်ခံရဖို့ နီးနေပြီတဲ့
ရုံတင်တော့မယ့် လက်ပံဇာတ်ကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာဝိုင်းကလက်ပံဆိုတဲ့ ပန်းတပွင့် ပွင့်ဖို့ သူက ဥယျာဉ်မှူးလား၊ စစ်သူကြီးလား၊ ဖိုက်တာလား၊ လူမိုက်လား၊ သူက ဘာကောင်လဲတော့ မသိဘူး၊ သူ ချောင်းအရိုက် ခံရဖို့တော့ နီးနေပြီလို့ ပြောပါတယ်။
ပရိသတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားကောင်း တကားဖြစ်နိုင်တဲ့ လက်ပံ ဇာတ်ကားကြီးရဲ့ အထူးပွဲပြသခြင်းကို ဇွန်လ၁၆ရက်နေ့ နံနက်က သမ္မတ အဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
လက်ပံ ဇာတ်ကားကြီးကို ဒါရိုက်တာ ဝိုင်းက ဖန်တီးပုံဖော်ထားပြီး ပြေတီဦး၊ စိုးမြတ်သူဇာ၊ ဖွေးဖွေးနဲ့ တခြား သရုပ်ဆောင် များစွာ ပါဝင် သရုပ်ဆောင်ထားတာပါ။
ပြေတီဦးကတော့ “လမ်းတခုကို ရိုးရိုးလေး လျှောက်ရတာထက်၊ စိန်ခေါ်မှုတွေနဲ့ လျှောက်ရတာကို ကျနော်ပိုကြိုက်ပါတယ်။ စိန်ခေါ်မှုတွေ ကြိုက်တဲ့ ကျနော့်ဘဝမှာ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာ အနုပညာ လမ်းခရီးကိုလျှောက်တဲ့ အချိန်ကနေ ဒီနေ့ အထိပါပဲ။ ကျနော့်အနာဂတ် တခုလုံးနဲ့ ရင်းပြီး လောင်းကြေးထပ်ခဲ့ရတဲ့ စိန်ခေါ်မှုတွေ ရှိခဲ့ပါတယ်။ လက်ပံ ဇာတ်ကားက ကျနော့်ရဲ့ ဒုတိယ စိန်ခေါ်မှုပါပဲ။ ဒီပွဲမှာ ကျနော်နိုင်မှာလား၊ ကျရှုံးမှာလား ဆိုတာကတော့ ပရိသတ်ကြီးရဲ့ အဆုံးအဖြတ်ပါပဲ” လို့ ဟြေပါတယ်။
စိုးမြတ်သူဇာကတော့ချစ်တာကတော့ ချစ်တာပဲ၊ ခွင့်မလွှတ်နိုင်တာ ကတော့ ခွင့်မလွှတ် နိုင်တာပဲ၊ လာတောင်းပန်ရင် ခွင့်လွှတ်မိမှာ စိုးလို့ ကိုယ်ရှိမယ့် နေရာတောင် မဟြေဘဲ ကျောခိုင်း ထွက်လာခဲ့တာလို့ ဒီကားနဲ့ပတ်သက်ပြီး ဟြေပြပါတယ်၊
“လက်ပံဆိုတဲ့ အနီရောင်ပန်း ပွင့်ဖို့အတွက် ဖွေးရဲ့ ဆရာ ကိုဝိုင်းက ချော့တခါ၊ ခြောက်တလှည့် ပျိုးထောင်ခဲ့တယ်၊ ကာကွယ်ခဲ့တယ်၊ စွန့်စားခဲ့တယ်၊ ဖွေးတို့ အချိန်တွေအများကြီး၊ မျက်ရည်တွေ အများကြီး၊ အခက်အခဲတွေ အများကြီးကြားက ဒီလက်ပံပန်းလေး ပွင့်ဖို့ ဖြစ်လာခဲ့တယ်၊ ပွင့်မယ့်ပွင့်တော့လည်း ဖွေးနှလုံးသားပေါ်မှာ ဘယ်တော့မှ ပျောက်ပျက်မသွားမယ့် ထာဝရ လက်ပံပါပဲ” လို့ ဖွေးဖွေးက ဆိုပါတယ်။
လက်ပံ ဇာတ်ကားကြီးကို ပရိသတ်တွေ မကြာမီအချိန်မှာ ခံစားကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။