SFU

မာယာများတဲ့ အလင်္ကာနဲ့ ပတ်သက်လို့ နေမင်းက ဒီလိုဆိုတယ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မာယာများတဲ့အလင်္ကာ ဇာတ်ကားဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး လူပြောများနေတဲ့အတွက် ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် ထားတဲ့ နေမင်းကို ဧရာဝတီက မေးမြန်းကြည့်တော့ သူက အရင်က ကောင်းခဲ့တဲ့ ကားတွေ၊ သေသေချာချာ လုပ်ပြခဲ့တဲ့ ကားတွေကို ဘာသံမှမကြားရဘဲ ဒီကားကျမှ ဝေဖန်တဲ့ အသံတွေ ထွက်တဲ့အတွက် သူ့ပရိသတ် အစစ်တွေ ဟုတ်ချင်လည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူးလို့ ပြောလာပါတယ်။

“ဟိုးအရင်တုန်းကလည်း အနာဂတ် = ကလေးငယ် ဆိုတဲ့ သီချင်းဆိုရင် ကျနော်တို့ လေးရက်ထဲနဲ့ နေ့မအိပ် ညမအိပ် လုပ်ခဲ့ပြီး ကြိုးစားခဲ့တာပဲ။ အဲဒီလို အများကြီး ကြိုးစားတဲ့အထဲမှာမှ ဒီဟာက သေချာ ကြိုးစားပြီး လုပ်ခဲ့တာ မဟုတ်ဘူး။ ဇာတ်တခုအနေနဲ့ပဲ လုပ်ခဲ့ကြတာပါ။ ဆိုလိုတာကတော့ ပရိသတ် ဟုတ်ချင်လည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး၊ ပိုပြီးတော့ တွင်တွင်ကျယ်ကျယ် ဝေဖန်မှု ပြင်းထန်လွန်းတယ်။ ရှေ့က တခြားသော တင်ပြမှုတွေရဲ့ ပျံ့နှံ့မှုကျတော့ ဒါမျိုး မဟုတ်ဘူး။ အဲဒီတော့ ကျနော့်ကို တကယ်ချစ်တဲ့ ပရိသတ်ရှိသလို၊ နောက်ထပ် တိုးလာတဲ့ ပရိသတ်တွေလည်း ရှိတယ်လေ။ ကျနော့်ရဲ့ ကောင်းခဲ့တာလေး တွေကို အသိအမှတ် ပြုစေချင်တယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး သိရတာက နောက်နောင် မလုပ်သင့်ဘူးလို့ သိရတဲ့ သဘောပေါ့။ ကျနော် ရိုက်ထားတဲ့ ကားတွေက စိတ်အခြေခံရယ်၊ ကိုယ်ချင်းစာ တရားရယ် ထားတဲ့ ကားတွေများတယ်။ အမှားပြင်ဆင်ချက် အနေနဲ့ ဒီအမှားကို ဖယ်ပြီးတော့ အမှားမပါတဲ့ ဟာတွေကို ကျနော်ကြိုးစားပါမယ်” လို့ နေမင်းက ဆိုပါတယ်။

ဆက်လက်ပြီး နေမင်းက “ကျနော် ဒီကားအရှေ့မှာ ရိုက်ခဲ့တာ အရမ်းရိုင်းတဲ့ ကာရိုက်တာ၊ ရိုင်းတာမှ ကလိမ်ကကျစ်နဲ့ အရမ်းရိုင်းတာ။ အဲဒီကားဆိုရင် အရမ်း ကြိုးစား စိတ်နှစ်ပြီး လုပ်ခဲ့ရတယ်၊ ကြိုးစားပြီး ဆန်းသစ်မှုတခုအနေနဲ့ လုပ်ကြတာပါပဲ။ အခု ဒီကားကျတော့ လုပ်နေကျ အတိုင်း အဆင်ပြေအောင် သရုပ်ဆောင်ခဲ့တာပါပဲ။ ဥပမာ တခုဟြေရရင် သဘောတရား တခုက ခြေလှမ်းတခုကို ပန်းတိုင် ရောက်အောင် လှမ်းတဲ့သဘောပါပဲ၊ အဲဒီထဲမှာခြေလှမ်းတွေလည်း အများကြီး လှမ်းခဲ့ ကြတယ်၊ အဲဒီမှာမှ အားနဲ့အင်နဲ့ အောင်မြင်သွားတဲ့ ခြေလှမ်းရှိတယ်၊ ညှောင့်ဆူးသွားပြီး ခြေထောက်နာသွားတဲ့ ခြေလှမ်း ရှိတယ်၊ မစင်နင်းမိသွားတဲ့ ခြေလှမ်း ရှိတယ်၊ ပရိသတ်တွေ အမြင်ဆန်းအောင် ဆိုပြီး အနုပညာကို ချပြတဲ့သဘောပါပဲ။ အဲဒီအတွက် ပရိသတ်က ဝေဖန်ပေးတဲ့ အတွက် ကျနော် ကျေးဇူးတင်ပါတယ်။ ရုပ်ရှင်လောကထဲမှာ၊ ရုပ်ရှင် အသိုင်းအဝန်း အချင်းချင်း မညီမျှတဲ့ ကာရိုက်တာမျိုး ဖြစ်တယ်၊ အဲဒီလိုကားမျိုး နောက်ထပ် မဖန်တီးဖို့ သတိပေးခံရတဲ့ အခြေနေမျိုးပေါ့။ အဲဒီတော့ ဖယ်ရမယ့် အထဲမှာ ပါသွားပြီ။ နောက်တခါ ပရိသတ်နဲ့ အဆင်ပြေမယ့် ပုံစံတွေပဲ ကျနော့် အနုပညာကို တင်ဆက်ပါမယ်” လို့ ပြောပါသေးတယ်။

သူရိုက်ခဲ့တဲ့ဇာတ်လမ်း တည်ဆောက်မှု ပုံစံတွေက ဇာတ်ရုပ်နဲ့ တူအောင်ပဲ လုပ်ခဲ့တာချည်းပဲ၊ ပရိသတ် ကြိုက်ခြင်း၊ မကြိုက်ခြင်း ဆိုတာထက် ပရိသတ်ကို ကြည့်စေချင်လို့ တင်ပြတာ၊ အဲဒီအပေါ်မှာ ကောင်းခြင်း၊ ဆိုးခြင်းကို တင်ပြပြီးတော့ပဲ လုပ်ခဲ့တာလို့လည်း သူက ဆိုပါတယ်။

နေမင်းက “သဘောက ဝတ်ပြီးသားအကျႌကို ထပ်မဝတ်ချင်တဲ့ သဘောပါပဲ။ တင်ပြမှုမှာလည်း ကျဉ်းမြောင်းတဲ့ ဘောင်ထဲက ကိုယ်နိုင်သလောက်၊ သိသလောက်၊ တတ်သလောက်၊ ကိုယ်လေ့လာမိသလောက် ကြိုးစားတင်ပြတဲ့ သဘောပါပဲ။ အမှန်၊အမှား၊ ညှောင့်ထိုး၊ အနံ့နံတာတွေအားလုံးကို ဖယ်ပြီးတော့ အားနဲ့အင်နဲ့ တင်ပြတာမျိုးကို ကြည့်ချင်ကြတဲ့ ပရိသတ်တွေ ဖြစ်အောင် ကြိုးစားရဦးမှာပါ” လို့ ဧရာဝတီကို ပြောသွားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading