Ferrovit သံဓာတ်အားဆေး ကြော်ငြာအသစ်ထဲက အသက်ငယ်ငယ် မော်ဒယ်လ် ကောင်မလေးကို ပရိသတ်တွေ သတိထား မိမယ် ထင်ပါတယ်။
သူကတော့ Miss ပြိုင်ပွဲတွေဝင်ပြိုင်ရင်း ကြော်ငြာတွေ ရိုက်လာရတဲ့ အသက် ၁၆ နှစ်အရွယ် မော်ဒယ်လ်ဟန်သီပဲ ဖြစ်ပါတယ်။ သူ့ကို မိုးရာသီဖက်ရှင်အတွက် ဓာတ်ပုံရိုက်ကူးရင်း သူနှစ်သက်တဲ့ ဖက်ရှင်တွေကို မေးမြန်းခဲ့ပါတယ်။
သူများတွေနဲ့အတူ ဓာတ်ပုံတွဲရိုက်ရင် သူများတွေနဲ့မတူတဲ့ ဖက်ရှင်ပုံစံကို ဝတ်ဆင်ရတာ ကြိုက်တယ်လို့ ဟန်သီက ဟြေပါတယ်။
“ညီမက သူများနဲ့မတူတဲ့ ဖက်ရှင်၊ သူများနဲ့မတူတဲ့ စတိုင်လ်တွေ လုပ်ဖြစ်တာ များပါတယ်၊ ကိုယ်လည်း သူများတွေနဲ့ ဓာတ်ပုံရိုက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပေါ်လွင်အောင် ဝတ်ပါတယ်” လို့ သူက ဆိုပါတယ်။
ဟန်သီက ဓာတ်ပုံရိုက်ရတာကို ဝါသနာပါပြီး အခု လတ်တလောမှာတော့ ကြော်ငြာတွေ အရိုက်များတယ်လို့ သိရတယ်။
“ညီမက ကျောင်းတက် နေရတာဆိုတော့ ကျောင်းပြီးလို့ ဇာတ်ကားတွေ ရိုက်ဖို့ ကမ်းလှမ်းလာရင် ရိုက်မှာပါ။ ညီမက ဖက်ရှင်နဲ့ ပတ်သက်ပြီး အများဆုံး ဝတ်ဖြစ်တာက Cute ပုံစံတွေပါပဲ၊ Elegant ပုံစံတွေ ဝတ်ရတာလည်း ကြိုက်ပါတယ်။ Cute ပုံစံတွေကို Elegant ပုံစံဖြစ်အောင် ပြင်ဝတ်ရတာလည်း ကြိုက်ပါတယ်။ ဂါဝန်လေးတွေ ဝတ်ရတာ ပိုကြိုက်ပါတယ်။ Short Dress တွေ ဝတ်ရတဲ့ အခါမှာတော့ ပိုပြီးပေါ့ပေါ့ပါးပါးရှိတယ်၊ ပေါ့ပေါ့ပါးပါး ဝတ်ရတာကိုပဲ ညီမကြိုက်ပါတယ်” လို့ သူက ပြောတယ်။
မော်ဒယ်လ် ဟန်သီက လောလောဆယ်မှာ MISY International School မှာ Grade 10 တက်ရောက်နေသူ ဖြစ်ပြီး လက်ရှိ သူတို့ကျောင်းရဲ့ ကျောင်းပိတ်ရက် ၃ လရတာမို့ ဒီအတောအတွင်းမှာ ကြော်ငြာရိုက်တာ၊ ဓာတ်ပုံရိုက်တာတွေ လုပ်နေတာ ဖြစ်ကြောင်း ရှင်းပြပါတယ်။
သူက အခုလတ်တလောမှာ 12 Plus ကြော်ငြာ၊ Fugi ကြော်ငြာ နဲ့ ရွှေဇာခြည် ပါတိတ် ဓာတ်ပုံကြော်ငြာတွေ ရိုက်ကူး ထားတယ်လို့ သိရပါတယ်။
သူ့အနေနဲ့ ဘွဲ့တခု ရအောင်ယူပြီးသွားတဲ့ အချိန်ကျမှ ဘာဆက်လုပ်မယ်ဆိုတာ သေသေချာချာ ပြောနိုင်မယ်လို့ သိရပါတယ်။ ကြိုးစားရင် ဘာမဆို အောင်မြင်မှုရလိမ့်မယ်လို့ ယုံကြည်တဲ့ ဟန်သီက အမြဲတမ်း ကြိုးစားနေပါတယ်လို့ ဧရာဝတီကို ပြောပါတယ်။
မဂ္ဂဇင်း၊ ဂျာနယ် တော်တော်များများမှာ Photo Model အဖြစ် ဓာတ်ပုံရိုက်နေရတဲ့ မော်ဒယ်လ် အဲမာန်ကိုလည်း ဟန်သီနဲ့အတူ ဓာတ်ပုံရိုက်ရင်း သူ့ရဲ့ဖက်ရှင်အကြောင်းကို ပြောပြခဲ့ပါတယ်။ မွန်နဲ့ ရှမ်းတိုင်းရင်းသား စပ်တယ်ဆိုတဲ့ အဲမာန်ကတော့ Free Style ပုံစံ အဝတ်အစားတွေကို ဝတ်ရတာ ကြိုက်တယ်လို့ ဟြေပါတယ်။
“ကျနော်က Free Style အဝတ်အစားတွေကို ပိုကြိုက်ပါတယ်၊ ဓာတ်ပုံရိုက်ရင်တော့ ရိုက်ချင်တဲ့ ဖက်ရှင်ပုံစံတွေ ဝတ်ပေး ပါတယ်။ ကုတ်အကျႌကို Short Pant အတိုလေးတွေနဲ့ တွဲဝတ်ရတာကို ကြိုက်ပါတယ်။ သွားမယ့် နေရာကို ကြည့်ပြီး လိုက်မယ့် ပုံစံတွေ ဝတ်ဖြစ်ပါတယ်။ အခု ဓာတ်ပုံရိုက်တာက မိုးရာသီ ဖက်ရှင်ဆိုတော့ မိုးရာသီနဲ့ လိုက်ဖက်မယ့် ဖက်ရှင် တွေကို စီစဉ်ပြီး ဝတ်ထားတာပါ။ Style ကျကျ ခပ်လန်းလန်း ပုံစံတွေ ဝတ်ရတာလည်း ကျနော်ကြိုက်ပါတယ်။ အဓိကကတော့ ဘယ်ဖက်ရှင် ပုံစံပဲဝတ်ဝတ် သက်တောင့်သက်သာ ရှိနေဖို့ အဓိကပါပဲ” လို့ သူက ဟြေပြပါတယ်။
မော်ဒယ်လ်ဟန်သီနဲ့ အဲမာန်တို့နှစ်ဦးကို ဧရာဝတီက စိတ်ကြိုက် ဓာတ်ပုံရိုက်ကူးပြီး သူတို့ရဲ့ မိုးရာသီဖက်ရှင် အလှဓာတ်ပုံလေး တွေကို တင်ဆက်ပေးလိုက်ပါတယ်။