နက္ခတ်မှားတဲ့ တိုက်ပွဲမှာ နေတိုး သုံးကိုယ်ခွဲ သရုပ်ဆောင်မယ်
This article has been converted from Zawgyi One to Unicode
Warning: Illegal string offset 'sizes' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 455
Warning: Illegal string offset 'medium_large' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 455
Warning: Illegal string offset 'caption' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 455
Warning: Illegal string offset 'sizes' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 460
Warning: Illegal string offset 'xlarge' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 460
Warning: Illegal string offset 'caption' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 460
Warning: Illegal string offset 'sizes' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 461
Warning: Illegal string offset 'thumbnail' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 461
Warning: Illegal string offset 'caption' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 461

ဇာတ်ညွှန်း သည်ခေတ်နေ၊ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်တို့ ရိုက်ကူးမယ့် နက္ခတ်မှားတဲ့ တိုက်ပွဲ ရုပ်ရှင် ဇာတ်ကားကြီးမှာ စရိုက် ၃ မျိုးနဲ့ သရုပ်ဆောင်ရမှာမို့ ပရိသတ် စိတ်ဝင်စားအောင် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ အကယ်ဒမီ နေတိုးက ပြောပါတယ်။
အဲဒီဇာတ်ကားမှာ နေတိုးက အဖေနေရာမှာရော၊ အမွှာ ညီအစ်ကို သားနှစ်ယောက် နေရာမှာပါ သုံးကိုယ်ခွဲ သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒရာမာ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့အတွက် လုပ်ကွက်များများ ရတဲ့ဇာတ်ကား တကားလည်းဖြစ်လို့ ပရိသတ်တွေ စိတ်ဝင်စားအောင် ကြိုးစား သရုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ နေတိုးက ဆိုပါတယ်။
Queen Jewel ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ နက္ခတ်မှားတဲ့ တိုက်ပွဲ ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် နေတိုး၊သက်မွန်မြင့်၊ ရတနာဖြူဖြူအောင်၊ ဇော်ဦး၊ အောင်ခိုင်၊ ဇော်ဝင်းနိုင် (မန်း)၊ သားညီ၊ ဇော်ဇော်အောင်၊ ဒိန်းဒေါင်၊ ကေညီ၊ ကေငြိမ်း၊ မေသဉ္ဇာဦး၊ ဝါဝါအောင်၊ သန်းသန်းစိုး၊ အေးသီတာ၊ လမင်းကဗျာနဲ့ သရုပ်ဆောင်များစွာ ပါဝင်ကြမှာဖြစ်ပြီး ဇာတ်ကားကြီး စတင်ရိုက်ကူးမယ့် ကန်တော့ပွဲပေး အခမ်းအနားကိုတော့ ဇူလိုင် ၄ ရက်နေ့ နံနက် ၉ နာရီမှာ ရန်ကုန် အလံပြ ဘုရားလမ်းမှာရှိတဲ့ Park Royal ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
“ကျနော်က ဒီဇာတ်ကားမှာ သရုပ်ဆောင်တာ သုံးမျိုးပေါ့။ သဘင်ပညာရှင် ကာရိုက်တာရယ်၊ အမွှာညီအစ်ကို နေရာ ကရယ်ပေါ့။ အမွှာမှာက တယောက်က အဖေနဲ့ နေရတဲ့ ချမ်းသာတဲ့ သားတယောက်ပေါ့။ နောက်တယောက် ကတော့ အမေနဲ့ ဆင်းဆင်းရဲရဲ နေရတဲ့ တယောက်ပေါ့။ ခံစားရတာကတော့ ကျနော့်အတွက် ကြိုးစားရမယ့် အပိုင်းတခုတော့ ရှိပါတယ်။ ဒီကားလေးက ပရိသတ်စောင့်ရကျိုး နပ်စေမယ့် ဇာတ်လမ်းလေးပါ။ ကျနော်တို့ ကြိုးစားမှုတွေကို အသိအမှတ် ပြုပေးဖို့ ပြောချင်ပါတယ်” လို့ နေတိုးက ပြောပါတယ်။
ဒီဇာတ်ကားဟာ ဒရာမာ ဇာတ်ကားကြီးဖြစ်ပြီး သရုပ်ဆောင်သစ် ရတနာဖြူဖြူအောင်ကို ပွဲထုတ်တဲ့ ဇာတ်ကားလို့လည်း ပြောလို့ ရပါတယ်။ ဦးစီး ရိုက်ကူးတဲ့ Queen Jewel ထုတ်လုပ်ရေးဟာလည်း ရတနာဖြူဖြူအောင်ရဲ့ မိဘတွေ ပိုင်ဆိုင်တဲ့ ထုတ်လုပ်ရေး တခုဖြစ်တယ်လို့ သိရပါတယ်။
သူ့ရဲ့ ပထမဆုံး ဇာတ်ကားမှာ ဒရာမာဇာတ်ကို သရုပ်ဆောင်ရတဲ့ အတွက် ရင်ခုန်နေတယ်လို့ ရတနာဖြူဖြူအောင်က ပြောပါတယ်။ အမွှာ ညီအစ်ကို နှစ်ယောက်ကြား ဗျာများနေတဲ့ ဇာတ်ကောင်ကို သရုပ်ဆောင်ရမယ့် ရတနာဖြူဖြူအောင်က “ဒီဇာတ်ကားလေးမှာ ပါဝင်ရတဲ့အတွက် အရမ်း ဝမ်းသာပါတယ်။ နောက်သမီးတို့ တိုက်က ထုတ်တဲ့ကားလေးလည်း ဖြစ်တယ်၊ ဒရာမာ ကားလေးမှာလည်း ပါဝင်ခွင့် ရတာဖြစ်တယ်၊ ပြီးတော့ အနုပညာအရလည်း လုပ်ကွက်လေးရတယ်။ ကိုယ့်ရဲ့ ပထမဆုံး ရုပ်ရှင်ကား ဖြစ်တဲ့အတွက် အရမ်းလည်း ပျော်တယ်၊ အရမ်းလည်း စိတ်လှုပ်ရှားရပါတယ်။ ကိုယ့်အစ်မတွေ၊ အစ်ကိုတွေက တွဲခေါ်ကြမှာပဲ ဆိုတော့ ပျော်လည်းပျော်တယ်၊ ကြောက်လည်း ကြောက်ပါတယ်။ အားငယ်စိတ်တော့ မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အားလုံးက လက်တွဲခေါ်မယ်လို့ ယုံကြည်ပါတယ်” လို့ ရတနာဖြူဖြူအောင်က ဧရာဝတီကို ပြောပါတယ်။
ရတနာဖြူဖြူအောင်ဟာ ဂျွန်လွင်ဆီက မော်ဒယ်လ်သင်တန်းဆင်း တဦးဖြစ်ပြီး စကားဝါ အနုပညာ သင်တန်းဆင်းလည်း ဖြစ်တယ်လို့ သိရပါတယ်။
ရိုက်ကွင်းနေရာကို ပြင်ဦးလွင်နဲ့ ရန်ကုန်မှာ တည်ထားပြီး ဇူလိုင် ၄ ရက်နေ့ ညနေပိုင်းမှာ သရုပ်ဆောင်တွေ အကုန်လုံး ပြင်ဦးလွင်ကို ထွက်ခွာ သွားကြပြီလို့ ရိုက်ကွင်းမန်နေဂျာ ကိုစတီးက ပြောပါတယ်။
ပြင်ဦးလွင်မှာ ရက် ၂၀ လောက် ကြာမှာဖြစ်ပြီး မင်္ဂလာဆောင်တဲ့ ဇာတ်ဝင်ခန်း အနည်းငယ်ကိုပဲ ရန်ကုန်မှာ ရိုက်ကူးကြမှာ ဖြစ်တယ်လို့ သိရပါတယ်။
သွေးဆိုးတဲ့ အရက်သမားကြီးနေရာက သရုပ်ဆောင်မယ့် အကယ်ဒမီအောင်ခိုင်က “ခံစားချက် ဆိုတာကတော့ ရုပ်ရှင် ဇာတ်ကားကြီးတွေမှာ ကာရိုက်တာ ပေါင်းစုံရိုက်ခဲ့တယ်။ ဒီကားကြီးမှာတော့ အဓိက သရုပ်ဆောင် သက်မွန်မြင့်နဲ့ နေတိုးတို့ကို Support လုပ်ပေးရမယ့် သက်မွန်မြင့် ဦးလေး အရက်သမားကြီး နေရာကနေ သရုပ်ဆောင် ရမှာပါ။ ဒီမှာက ဒရာမာ ချိုးထားတဲ့ ကာရိုက်တာလေး ကိုလည်း သဘောကျပါတယ်။ လုပ်ဖို့ အခွင့်အရေး ပေးလာချိန်မှာ တတ်နိုင်သမျှ ကိုယ့်မှာရှိတဲ့ အခွင့်အရေး ပေးမယ်လို့တော့ စိတ်ကူးထားပါတယ်” လို့ ပြောပါတယ်။
ကိုအောင်ခိုင်ကို ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ရိုက်ကွင်းမန်နေဂျာ ကိုစတီးက ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဇာတ်မင်းသား နေတိုးရဲ့ မိခင်နေရာက သရုပ်ဆောင်ရတဲ့ မေသဉ္ဇာဦး ကတော့ မင်္ဂလာပွဲမှာ သက်မွန်မြင့်က သူ့သားကို ငြင်းခဲ့တဲ့ အတွက် စိတ်ထိခိုက်ပြီး သေဆုံးခဲ့တဲ့ ဇာတ်ရုပ်ကနေ သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကို ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ကမ်းလှမ်းလို့ ပါဝင်ဖြစ်ခဲ့တယ်လို့ ဧရာဝတီကို ပြောပြပါတယ်။
သရုပ်ဆောင်အသစ် ဖြစ်တဲ့ ရတနာဖြူဖြူအောင်ရဲ့ အနုပညာကိုလည်း အားရတယ်လို့ ပြောတဲ့ မေသဉ္ဇာဦးက “ရတနာ ဖြူဖြူအောင်က အသစ်လို့လည်း ပြောလို့မရပါဘူး။ သူတို့တတွေက အကုန်လုံး တတ်ကြတယ်။ ဒါရိုက်တာ ပြောလိုက်တာနဲ့ လုပ်ပေးနိုင်ကြတာ ပေါ့နော်။ ဒီခေတ်ကလေးတွေကို အားရပါတယ်။ ဒါရိုက်တာ အနေနဲ့ အကုန်လုံး သင်ပေးနိုင်မှာပါ။ သူလည်း ဒါရိုက်တာ လိုချင်သလောက် လုပ်ပြနိုင်မယ် ထင်ပါတယ်။ ကိုယ်နဲ့လည်း အဲဒီလောက် မတွဲရဘူး။ ကိုနေတိုးတို့နဲ့ ပိုတွဲရမှာပါ” လို့ မေသဉ္ဇာဦးက ဆိုပါတယ်။
ခေါင်းဆောင် မင်းသမီး သက်မွန်မြင့်ကတော့ ဒီဇာတ်ကားမှာ စိတ်မနှံ့တဲ့ ဇာတ်ကောင်စရိုက် ကနေ သရုပ်ဆောင် ရမှာ ဖြစ်ပါတယ်။
ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး သက်မွန်မြင့်က “ပါဝင်ဖြစ်တာကတော့ ကိုဇော်တို့က ဒီဇာတ်ကား ရိုက်ဖို့လာပြောတော့ ဇာတ်ကားလေးက ဇာတ်လမ်း အရမ်းကောင်းတယ်၊ ကာရိုက်တာကလည်း အရမ်း စိတ်ဝင်စားစရာ ကောင်းတယ်။ ကိုယ်မရိုက် ဖူးတဲ့ ကာရိုက်တာလည်း ဖြစ်နေတော့ အရမ်းစိတ်ဝင်စားတယ် အဲဒါနဲ့ ရိုက်ဖြစ်ခဲ့တာပါ” လို့ ပြောပြပါတယ်။
နက္ခတ်မှားတဲ့ တိုက်ပွဲ ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၄ မှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။