• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ကမ္ဘာကျော် သီချင်းတွေကို ကိုယ်ပိုင်ဟန်နဲ့ ဆိုပြီး အင်တာနက်ပေါ်မှာ နာမည်ကြီးနေတဲ့ Group Justus နဲ့ …

by မစပ်စု
8 July 2013
in Lifestyle
A A
ကမ္ဘာကျော် သီချင်းတွေကို ကိုယ်ပိုင်ဟန်နဲ့ ဆိုပြီး အင်တာနက်ပေါ်မှာ နာမည်ကြီးနေတဲ့ Group Justus နဲ့ …

Group Justus အဖွဲ့ (Justus အဖွဲ့ facebook စာမျက်နှာမှ)

8.3k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာတဝှမ်းမှာရှိကြတဲ့ ဂီတဝါသနာရှင် လူငယ် လူရွယ်တို့အကြား သူတို့ ကြိုက်နှစ်သက်တဲ့ ကမ္ဘာကျော် အဆိုတော်တွေရဲ့ နာမည်ကြီး တေးသီချင်းတွေကို မြန်မာလို ပြောရရင် “ပြန်ဆိုတေး” အင်္ဂလိပ်လို Cover song တွေအဖြစ် ဆန်းသစ်တဲ့ တေးသီချင်း ပုံစံ အသွင်အပြင်တွေနဲ့ ပြန်လည် သီဆိုကြလေ့ ရှိပါတယ်။ ဒီလို ပြန်ဆိုထားတဲ့ ပြန်ဆိုတေးတွေကို Youtube လို အင်တာနက် စာမျက်နှာတွေပေါ်မှာ အပျော်တမ်းဖြစ်စေ၊ မူရင်းသီဆိုမှုထက် ပိုမိုလှပ ကောင်းမွန်အောင် ကိုယ်ပိုင်တီးဝိုင်းတွေနဲ့ တခမ်းတနား တီးခတ် သီဆိုထားကြတာကို များသောအားဖြင့် တွေ့မြင်ရမှာပါ။ ဒီလို ပြန်လည် ဖန်တီးမှုတွေအကြား မြန်မာနိုင်ငံက လူငယ် ၆ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ Group Justus (https://www.facebook.com/GroupJustus?fref=ts) လို့ဆိုတဲ့ လူငယ် အဖွဲ့တဖွဲ့ဟာ ကမ္ဘာကျော် တေးသီချင်းတွေကို Cover song တွေအဖြစ် ကိုယ်ပိုင် ဖန်တီးမှုအသစ်တွေနဲ့ သီဆိုထားတာတွေကို Youtube မှာ သတိထားမိလာပါတယ်။ ၂၀၁၂ ဒီဇင်ဘာလောက်က စတင် ဖွဲ့စည်းခဲ့တဲ့ ဒီလူငယ်အဖွဲ့ဟာ Micheal Jackson ရဲ့ Heal The World, Weezer ရဲ့ Island in the Sun, Maroon 5 ရဲ့ Pay Phone စတဲ့ သီချင်းတွေအပြင် တခြား ကမ္ဘာကျော်တွေရဲ့ တေးသီချင်းတွေကိုပါ Cover song အဖြစ် ပြန်လည် သီဆိုထားတာပါ။ ဒီထဲမှာ ကိုရီးယား တေးသီချင်းတွေပါ ပြန်လည်သီဆိုထားတဲ့ Justus အဖွဲ့ဟာ နိုင်ငံတကာက ပရိတ်သတ် အနည်း အကျဉ်းလည်း ရှိနေပြီလို့ သိရပါတယ်။ Youtube ကနေ ပရိသတ် သတိထားမိလာခဲ့တဲ့ ဒီအဖွဲ့ဟာ Group Justus ဆိုတဲ့ facebook စာမျက်နှာ တခုဖွင့်ထားပြီး သူတို့ Cover လုပ်ထားတဲ့ တေးသီချင်း ဗီဒီယိုဖိုင်တွေကိုလည်း အဲဒီ စာမျက်နှာမှာ တွေ့မြင်ရမှာပါ။ သူတိုရဲ့ ပြန်ဆိုတေးတွေရဲ့ ကောင်းမွန်တဲ့ ဖန်တီးမှုတွေကြောင့် ဂီတပညာရပ်နဲ့ ပတ်သက်လို့ တခြားသော နိုင်ငံခြား တိုင်းပြည်တွေမှာ ဆည်းပူးလေ့လာခဲ့တာများ ရှိခဲ့လေသလားလို့ စပ်စုကြည့်မိတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါကြောင့်လည်း Justus အဖွဲ့အကြောင်းနဲ့ အတူ သူတို့ဖန်တီးထားတဲ့ Cover သီချင်းတွေ အကြောင်းနဲ့ ပတ်သက်လို့ Justus အဖွဲ့ဝင် တဦးဖြစ်တဲ့ ကိုတေဇမင်းဂေါင်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းပြီး ဖော်ပြလိုက်ပါတယ်။ Justus အဖွဲ့ဝင်တွေကတော့ ရဲဇော်မျိုး၊ တေဇမင်းဂေါင်၊ မွန်ဘွဲ့၊ ဂူတူး၊ ဥက္ကာမျိုး၊ ဘီးဂျဲ တို့ပဲ ဖြစ်ပါတယ်။

မေး။     ။ Justus ဆိုပြီး Cover သီချင်းတွေ စတင် သီဆိုဖြစ်ပုံ ပြောပြပါဦး။

RelatedPosts

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
70
တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
265
သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
338

ဖြေ။     ။ ဂီတပိုင်းကို ဟိုးအရင်ကတည်းက အပျော်တမ်း လုပ်နေကျပါ။ ယူကျုမှာလည်း သူများနိုင်ငံက Cover band တွေလည်း တွေ့တယ်။ အဲဒီတော့ အရမ်း စိတ်ဝင်စားသွားတာပါ။ အဲဒါကြောင့် ကျနော်တို့လည်း လုပ်ကြည့်ရအောင် ဆိုပြီး၊ မြန်မာနိုင်ငံ မှာလည်း သိပ်မတွေ့သေးတာရယ်၊ ကျနော်တို့ ကိုယ်တိုင်လည်း လုပ်နေကျဆိုတော့ ကျနော်တို့ သီချင်းလေးတွေ တီးဖြစ်တယ်။ ၂ ပုဒ်လောက် တီးပြီးတော့ ကျနော်တို့ ယူကျုပေါ်ကို စတင်ဖြစ်တယ်။ အဲဒီမှာ ပရိတ်သတ် တုန့်ပြန်မှုလေးတွေက ကောင်းတော့ ဆက်လုပ် ဖြစ်သွားတာပါ။ အဲဒီတော့ သူငယ်ချင်းတွေက ဝိုင်းပြီး facebook page လေး လုပ်ထားပါလားဆိုတော့ ကျနော်တို့ facebook page လေး ဖွင့်လိုက်တယ်။ နောက် ခါတိုင်းထက် လူပိုသိလာတာကလည်း facebook ကျေးဇူး အများကြီး ပါပါတယ်။ ဘာကြောင့်လဲ ဆိုတော့ facebook ပေါ်က Music page တွေက ယူကျုက Download ပြန်ဆွဲပြီးတော့ သူတို့ စာမျက်နှာတွေမှာ ပြန်ရှယ်တော့ လူတရာသိမယ့်ဟာ လူတထောင်လောက် သိသွားတော့ ကျနော်တို့လည်း ဒီ စာမျက်နှာတွေကို ကျေးဇူးတင် ပါတယ်။

မေး။     ။ Cover သီချင်းတွေ ဘယ်နှပုဒ်ရှိပါပြီလဲ။ နောက် ကမ္ဘာကျော် သီချင်းတွေ အများကြီးထဲကမှ Justus အဖွဲ့အနေနဲ့ Cover ပြန်လုပ်တဲ့အခါ ဘယ်လိုသီချင်းမျိုး၊ ဘယ်လိုအဆိုတော်မျိုးရဲ့ သီချင်းတွေကို အဓိကထား ရွေးချယ်ပြီး ဆိုဖြစ်လဲ။

ဖြေ။     ။ ယူကျုမှာ Cover ကတော့ အားလုံး ဆယ်ပုဒ်ရှိပါပြီ။ ကျနော်တို့ရဲ့ ကိုယ်ပိုင်သီချင်းလေး တပုဒ်နဲ့ အားလုံး ၁၁ ပုဒ် တင်ထား ပါတယ်။ သီချင်း ရွေးချယ်မှု အပိုင်းကတော့ ကျနော်တို့နဲ့ လိုက်မယ်ထင်တဲ့ ပုံစံတွေကော၊ ကျနော်တို့ တဦးချင်းစီ ကိုယ်ပိုင် ကြိုက်တာတွေကို ကျန်တဲ့သူတွေက ကူညီ တီးခတ်ပေးတာတွေကော အစုံပါပဲ။ သီချင်းရွေးတာကတော့ တခါတလေ ကိုရီးယား သီချင်းဆိုလည်း ကိုရီးယားလို ဆိုလိုက်တာမျိုး၊ နောက် အင်္ဂလိပ် သီချင်းလည်း ဆိုတယ်။ မြန်မာသီချင်း တပုဒ်လည်း ရှိပါတယ်။ ကျနော်တို့အဖွဲ့မှာ ကျနော်တို့ချည်းလည်း မဟုတ်ပါဘူး။ တခါတလေ ဧည့်သည် အဆိုတော်တွေကိုလည်း ခေါ်ခေါ် ဆိုလေ့ရှိတယ်ဗျ။ သူတို့အသံနဲ့ ပိုလှတဲ့ အခါမျိုးတွေမှာပေါ့။ အခု လုပ်ထားပြီးသမျှ ၁၀ ပုဒ်မှာ ၅ ပုဒ်လောက်ကို တဖွဲ့လုံး ခေါင်းချင်းဆိုင်ပြီး ဒီသီချင်းလေးဆိုရင် ကောင်းမယ်ပေါ့။ ကျန်တဲ့ ၅ ပုဒ်လောက်ကျတော့ ကျနော်တို့ တယောက်ချင်းစီမှာ အကြိုက်
လေးတွေ တမျိုးစီရှိတာပေါ့။ ကျနော်တို့ တယောက်ချင်းစီ ရွေးထားတာကို ကျန်တဲ့သူတွေက လိုက်ပံ့ပိုးပြီး တီးထား၊ ဆိုထား တာတွေ ရှိပါတယ်။

မေး။     ။ ကိုရီးယားသီချင်းဆိုလို့ ကိုရီးယားနာမည်ကြီး သီချင်း သုံးပုဒ်ကို Remix လုပ်ပြီး ပြန်ဆိုထားလေတော့ Justus အဖွဲ့အနေနဲ့ အင်္ဂလိပ်လိုအပြင်၊ ကိုရီးယားဘာသာကိုပါ ကျွမ်းကျင်ပိုင်နိုင်စွာ သီဆိုနိုင်တယ်လို့ ပြောလို့ရလား။

ဖြေ။     ။ ကိုရီးယား ဘာသာစကားကိုတော့ ကျနော်တို့မတတ်ပါဘူး ။ ဒါပေမယ့် နားရေဝနေတာမျိုးတော့ ရှိပါတယ်။ အဲဒီသီချင်း သုံးပုဒ်လုံးရဲ့ အဓိပ္ပာယ်ကို သိအောင် အရင်လုပ်ပါတယ်၊ ပြီးတော့ အင်တာနက်ကနေ သီချင်းစာသားတွေ Download လုပ်ပါတယ်။ ပြီးမှ Arrange လုပ်ကြတာပါ။ Remix ဆိုတာထက် .. Mash up ဆို ပိုမှန်ပါလိမ့်မယ်။ ဘာလို့ဆို သီချင်း ၃ ပုဒ် ကို ၁ ပုဒ်တည်း ဖြစ်အောင် ဖန်တီးရလို့ပါ။ ပြီးတော့ အက သီချင်းစစ်စစ် ၃ ပုဒ်ကို ကျနော်တို့ Acoustic ပုံစံ လုပ်ဖြစ်ခဲ့တာလည်း အမှတ်တရပါပဲ။ နောက်ပိုင်းမှာ တခြားဘာသာတွေနဲ့လည်း သီဆိုသွားဖို့ ရှိပါသေးတယ်။

မေး။     ။ Cover song တွေပြန်ဆိုတဲ့နေရာမှာ မူရင်းကိုလည်း မပျောက်ပျက်အောင် ကိုယ်ပိုင် ဖန်တီးမှု သံစဉ် အသစ်တွေလည်း ဖြစ်အောင် ဘယ်လိုအားထုတ်ရလဲ။

ဖြေ။     ။ အဲဒါကတော့ တော်တော် အားထုတ်ရတယ်။ ရှင်းရှင်းပြောရရင် ရဲဇော်မျိုးက Arrange ပိုင်းကို အရမ်းအားသန်တယ်။ ရန်ကုန်မှာရှိတဲ့ ကျနော်တို့ အဖွဲ့ လေးယောက်တွေ့ရင် ဘယ်နေရာသွားသွား သီချင်းကို ဘယ်လို Arrange လုပ်မယ်ဆိုတာပဲ ပြောနေ လုပ်နေတာဆိုတော့လေ။ Arrang ပိုင်းတွေလှနေတာလည်း ပါတယ်ဗျ။ နောက် တကမ္ဘာလုံးမှာရှိတဲ့ ကျနော်တို့ လေးစား အားကျရတဲ့ Cover band တွေကိုလည်း ကြည့်ဖြစ်တယ်။ ကျနော်တို့က အခုမှ စလုံးရေစပဲ ရှိသေးတာလေ။ အများကြီး ကြိုးစားရဦးမယ်။ Cover band တွေမှာ ကျနော်တို့ ကြိုက်တဲ့ Walk off the earth တို့ Boyce Avenue တို့ ပြောရရင် ကုန်တောင် ကုန်မှာ မဟုတ်ပါဘူး။

မေး။     ။ နိုင်ငံတကာက Cover band တွေကို ကြည့်ရင် သူတို့ဆီမှာ အစစအရာရာ တိုးတက်ခေတ်မီနေတော့ သူတို့သုံးတဲ့ တူရိယာ ပစ္စည်းတွေနဲ့ တီးခတ်ဖန်တီးမှု ပိုင်းတွေကို တခမ်းတနားနဲ့ တွေ့ရတတ်တယ်။ အရာရာမှာ နောက်ကနေ အခုမှ လိုက်နေရတဲ့ မြန်မာပြည်က ပေါက်ဖွားလာတဲ့ ဂီတ လူငယ်တွေအနေနဲ့ မပြည့်စုံတဲ့ တချို့ အရာတွေကြောင့် ကိုယ်ဖန်တီး လိုက်မှု အပေါ် အားမလို အားမရဖြစ်ခဲ့ရတာမျိုးကော ရှိလား။

ဖြေ။     ။ တူရိယာပစ္စည်း မစုံလင်လို့ ဆိုတာနဲ့ အားမလိုအားမရ ဖြစ်ခဲ့ရတာမျိုး မဖြစ်ခဲ့ပါဘူး။ ကျနော်တို့က မရှိရှိတဲ့ ပစ္စည်းနဲ့ အကောင်းဆုံး ဖန်တီးမယ်ဆိုတဲ့ စိတ်ပဲရှိပါတယ်။ ဥပမာ – ကျနော်တို့ လင်ပန်း တချပ်သုံးပြီး သီချင်း တပုဒ် ဆိုချင်ဆိုမယ်ဗျာ။ သဘောကတော့ ရှိတဲ့ပစ္စည်းကို အသုံးချတတ်ဖို့ပဲ လိုတာပါ။ ပစ္စည်းတွေ စုံစုံလင်လင် ရှိပြီးတော့ မတီးတတ်ရင်လည်း ကျနော်တို့ အတွက် အဆင်ပြေမှာ မဟုတ်ဘူး။ အဲဒီတော့ ကျနော်တို့မှာရှိတဲ့ ပစ္စည်းတွေကို အကောင်းဆုံး တီးပြီး လုပ်ရတဲ့အတွက် ကျေနပ် ပါတယ်။ ဒါပေမယ့် တခုလေးပဲ၊ နိုင်ငံတကာနဲ့ ယှဉ်မယ်ဆိုရင် ပြောစရာရှိတာက ဗီဒီယိုတင်ရင် Upload speed အရမ်းကို နှေးပါတယ်။ အဲဒါတော့ အားမလို အားမရ ဖြစ်မိပါတယ်။ ပြဿနာ ဆိုတာကလည်း ကျနော်တို့ တဦးတယောက်တည်း ဖြစ်နေတာ မဟုတ်တဲ့အတွက် အထူးတလည်တော့လည်း မပြောချင်ပါဘူး။ ဒါပေမယ့် တချို့ ဗီဒီယိုတွေကျတော့ ဖိုင်ဆိုဒ် ၈၀၀၊ ၁၀၀၀ ရှိတာကို Speed အနေအထားအရ ၄၀၀၊ ၅၀၀ လောက် လျှော့လိုက်တဲ့အခါ Video quality ရော Audio quality ရော နည်းနည်းလေး ကျသွားတာမျိုးရှိပါတယ်။

မေး။     ။ သီချင်းတွေကို အသံသွင်း အသံဖမ်းဖို့ ကိုယ်ပိုင် စတူဒီယိုရယ်လို့ ရှိလား။ သံစဉ်တွေ ဖန်တီးမှုပိုင်းနဲ့ ပတ်သက်လို့ Guide line ချပေးမယ့်သူရော ရှိလား။

ဖြေ။     ။ ကျနော်တို့မှာ ကိုယ်ပိုင် Home studio ဆန်ဆန် အခန်းလေး ရှိပါတယ်။ အဲဒီမှာပဲ လုပ်တာများပါတယ်။ ကျနော်တို့ ကိုယ်ပိုင် သီချင်းတပုဒ်ဖြစ်တဲ့ You got today (Hooray) ဆိုတဲ့ သီချင်းကိုတော့ တကယ့် စတူဒီယိုတခုကို သွားပြီး တီးထား ဆိုထားတာပါ။ ကျန်တဲ့ ဆယ်ပုဒ်ကတော့ Home studio မှာပါပဲ။ Guide line ချပေးမယ့်သူ မရှိပါဘူး။ ကျနော်တို့ တယောက်နဲ့ တယောက် တချိန်လုံး ရန်ဖြစ်ပြီး တယောက်က ဒီလိုလုပ်မယ်၊ မဟုတ်ဘူး နောက်တယောက်က ဒီလိုလုပ်မယ်ဆိုပြီး ရန်ဖြစ်လိုက်၊ Arrange လုပ်ကြည့်လိုက်နဲ့ ခဏ ခဏ ရန်ဖြစ်တော့ Arrange ကလည်း ခဏခဏ ပြောင်းတယ်။ အဲဒီတော့ သီချင်းက ပိုပိုပြီး ဆန်းလာတယ်လို့ ထင်ပါတယ်။

မေး။     ။ ကိုယ်ပိုင်သံစဉ် အင်္ဂလိပ်သီချင်းတပုဒ် ရေးဖြစ်၊ ဆိုဖြစ် တာကရော။

ဖြေ။     ။ ကျနော်တို့ Cover ကိုးပုဒ်လောက် တင်ပြီးတဲ့အခါမှာ ကျနော်တို့ရဲ့ ပရိသတ်လေးတွေက တောင်းဆိုလာကြတယ်။ ကိုယ်ပိုင် သီချင်းများရှိရင် သူတို့ အရမ်း နားထောင်ချင်တာပဲ ဆိုပြီးတော့ပေါ့။ အဲဒါကြောင့် ကျနော်တို့လည်း သူတို့ အလိုကို ဖြည့်ပေးချင်တာနဲ့ ကိုယ်ပိုင် သီချင်းလေးကို တခုတ်တရ သွားတီးပြီးတော့ တင်ပေးလိုက်တာပါ။ အကုန် အတူတူ ရေးကြတာပါပဲ။

မေး။     ။ ကိုယ်ပိုင်သီချင်းနဲ့ Cover သီချင်းအပေါ် ပရိသတ် အားပေးမှုက ဘယ်ဟာ ပိုအားသန်တယ်လို့ ထင်လဲ။

ဖြေ။     ။ အတူတူပါပဲ။ ပရိသတ်က ကျနော်တို့ အရင် ဖန်တီးခဲ့တဲ့ ငါးပုဒ်ကို ကြိုက်တဲ့အတွက် နောက်ဖန်တီးတဲ့ ငါးပုဒ်ကို ဆက်ပြီး အားပေးကြတယ်။ အဲဒီအတွက် ကျေးဇူးတင်တဲ့ အကြောင်းလည်း ပြောချင်ပါတယ်။ ဒါပေမယ့် Cover ဆိုတော့ ပရိသတ် ပို စိတ်ဝင်းစားတာ ပေါ့နော်။ နိုင်ငံတကာ ပရိသတ်ကော၊ ဒီက ပရိတ်သတ် ကောက သူတို့ကြားဖူးပြီးသား သီချင်းကို ဒီကောင်တွေ ဘယ်လို ပြန်ဆိုမလဲဆိုတဲ့ သိချင်စိတ်က ကိုယ်ပိုင်သီချင်း ထက်တော့ နည်းနည်း ပိုတာပေါ့။ ကျနော်တို့ အဖ့ွဲကို လူပြောများ တာကတော့ ၄ ပုဒ်လောက် ရှိတယ်။ အဲဒါက ကျနော်တို့ ကိုရီးယား သီချင်း သုံးပုဒ်ကို တပုဒ်တည်း ပြန်ပြီး ပေါင်းလုပ်ထားတဲ့ သီချင်း၊ နောက် Heal the world၊ Pay phone၊ နောက် ကျနော်တို့ ဆိုတဲ့ “အောင်မြင်ကျော်ကြားမမများ” ဆိုတဲ့ သီချင်းတွေပါ။ ဒီလေးပုဒ်ကတော့ ကျန်တဲ့ သီချင်းတွေထက် ခရီးရောက်တယ်လို့ ပြောလို့ရပါတယ်။

မေး။     ။ ကိုယ်ပိုင် တေးစီးရီးထုတ်ဖို့ရော စိတ်ကူးရှိလား။

ဖြေ။     ။ ကျနော်တို့ အိမ်မက် စိတ်ကူးယဉ်ထားတာ လေးတော့ ရှိတာပေါ့။ ကိုယ်ပိုင်သံစဉ်တွေ ချည်းပဲ လုပ်ဖို့ ရှိပါတယ်။ကျနော်တို့ ကိုယ်ပိုင်စီးရီးရယ်လို့ ဖြစ်လာရင်တော့ မြန်မာသီချင်းကို နှစ်ပုဒ်လောက် ထည့်ဖို့ စဉ်းစားထားတယ်။

မေး။     ။ Justus အဖွဲ့ရဲ့ အိမ်မက်ကရော ဘာဖြစ်မလဲ။ နိုင်ငံတကာ ဆိုတဲ့ အနေအထားအထိ ဖန်တီးသွားဖို့ ဆက်လျှောက် သွားဖို့ရှိမလား။

ဖြေ။     ။ နိုင်ငံတကာ အထိကတော့ သွားချင်တာပေါ့ဗျာ။ ကျနော်တို့ မက်ထားတဲ့အိပ်မက်ပဲ။ ကျနော်တို့ တတ်စွမ်း သလောက်ကို တတ်နိုင်တဲ့ တူရိယာလေးတွေနဲ့ ဆက်ပြီး အကောင်းဆုံး ကြိုးစားသွားမှာပါ။ ကျနော်တို့က အဝေးဆုံးတော့ သွားချင်တာပေါ့နော်။ ကျနော်တို့ အခု လောလောဆယ် တတ်နိုင်တဲ့ ကာလလေးမှာ တတ်နိုင်သလောက် ပရိသတ်ကို အကောင်းဆုံး လုပ်ပေး နေရတာနဲ့တင် ကျနော်တို့ ကျေနပ်နေပါပြီ။ ဂီတကို သစ္စာရှိရှိ ဆက်သွားမယ်ဆိုရင်တော့ ဂီတကလည်း ကျနော်တို့ကို ပြန်ကြည့်မယ် ထင်ပါတယ်။ အခုထိ အားပေးလာတဲ့ ပရိသတ်တွေကိုလည်း အရမ်းကျေးဇူးတင်တယ်။ နောက် ရှေ့လျှောက် ကိုလည်း လုပ်ပြီးတာတွေထက် ပိုပြီး ကောင်းအောင် လုပ်သွားဖို့ပဲ ရှိပါတယ်။ ဆက်ပြီး အားပေးပါဦး။     ။

Your Thoughts …
Tags: EntertainEntertainmentMusic
မစပ်စု

မစပ်စု

ဧရာဝတီ

Similar Picks:

မိုးယံဇွန်

Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

by ဧပရယ်ဆု
19 April 2016
47.5k

"ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

by နဒီထိုက်
15 July 2013
15.1k

သူကတော့ အရေးပေါ် ကြပ်မတ် ကုသဆောင်ထဲမှာပဲ ရှိပါတယ်။ သတိတော့ မရသေးဘူး။ တခြား မှတ်ချက်ကတော့ ဆရာဝန် တဦးအနေနဲ့ မပေးသင့်ဘူး ထင်တယ်။ အကောင်းဆုံးတော့ ကုသနေပါတယ်

ထူးအိမ်သင်

ထူးအိမ်သင်ပွဲ မကျေနပ်သံများ အကြောင်း မြင့်မိုးအောင်နဲ့ အင်တာဗျူး

by ဧရာဝတီ
15 August 2014
18.4k

ဝေဖန် ပြောဆိုနေကြ သူတွေက သူတို့ ကိုယ်တိုင်တောင် အနုပညာကို အောင်မြင် ပေါက်မြောက် အောင် ဘယ်လောက် လုပ်ထားနိုင်ခဲ့လို့လဲ။ သီချင်းတပုဒ်ကို သူတို့ရေးပြီး ဆိုပြီးတော့ ဘယ်လို အောင်မြင်အောင် လုပ်နိုင်လဲ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

by သုရီလင်း
28 October 2014
10k

ချမ်းသာတဲ့သူ ကြိုက်မှ စီးပွားရေး လုပ်ရတာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် အခုလာရင် အခု တောင်းလို့ ရတယ်၊ ဒေါ်အောင်ဆန်းစုကြည် သမီးတို့ ခြံနဲ့ဝိုင်းနဲ့ နေချင်တယ်၊ သူများ ခြံနဲ့ဝိုင်းနဲ့လည်း မနေချင်ဘူး” လို့ ပြောဖို့ မအေးကောင်းက...

စန္ဒီ (၁၅၀၀), အဆိုတော်

အဆိုတော် စန္ဒီ (၁၅၀၀) ကွယ်လွန်

by မြတ်သူအောင်
18 October 2013
10.7k

(၁၅၀၀) လို့ အမည်ရတဲ့ တကိုယ်တော် စီးရီး ထွက်ရှိထားပြီး လတ်တလော မှာလည်း ဒုတိယ တေးစီးရီးကို ထွက်နိုင်ဖို့ ကြိုးစားနေရင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း

လေးဖြူ, ဒိုင်ယာရီ, Rock, Online, Modern Rock, Music, Creed,

လေးဖြူရဲ့ ဒိုင်ယာရီ

by ကိုမျိုး (IR)
14 February 2015
7.2k

“ကောင်းကင်ထဲ ကြိုးပြတ်သွားတဲ့ … စက္ကူစွန်လေး ဖြစ်လိုက်ချင်လည်း … နှောင်ကြိုးများ ဖမ်းဆုပ်ခဲ့ … ပြာနှမ်းနေတဲ့ အဆိပ်သုတ်ထားတဲ့ ပန်းတွေ … ငါနမ်းရှိုက်တပ်မက်ဆဲ … အသိကန်းတဲ့ အတွေးစိတ်နဲ့” ဆိုတဲ့ အားကောင်းတဲ့ စကားလုံးတွေနဲ့...

Next Post

ဗုဒ္ဓဂယာ ဗုံးခွဲမှု ကန့်ကွက် ဆန္ဒပြ

အာဆီယံ ဆွေးနွေးပွဲ ရန်ကုန်တွင် ကျင်းပမည်

Please login to join discussion
No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

4 days ago
4.9k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0
  • မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate