SFU

တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်မယ့် ချမ်းချမ်းနဲ့ ဇာတ်လမ်းကြိုက်ရင် ပို့ပေးမှာပဲဆိုတဲ့ ဟိန်းဝေယံ

This article has been converted from Zawgyi One to Unicode

ချမ်းချမ်း တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်မယ်

ဝါမဝင်ခင် မင်္ဂလာဆောင်မယ့် အနုပညာရှင်တွေထဲမှာ အဆိုတော် ချမ်းချမ်းနဲ့ ဘုဏ်းသိုက်တို့ စုံတွဲလည်း ပါပါတယ်။

ဇူလိုင် ၁၄ ရက်နေ့ တနင်္ဂနွေနေ့မှာ ချမ်းချမ်းဟာ သူ့ချစ်သူ ဘုဏ်းသိုက်နဲ့ မင်္ဂလာဆောင်တော့မှာ ဖြစ်ပြီး သူတို့ရဲ့ မင်္ဂလာဦး ဆွမ်းကျွေး အခမ်းအနားကို ဇူလိုင် ၁၄ ရက်နေ့ မနက် ၁၀ နာရီကနေ ၁၂ နာရီအထိ ပိဋကတ်သုံးပုံနိကာယ် စာသင်တိုက် ပြည်လုံး ချမ်းသာ မဟာသိမ်တော်ကြီး ပုလဲရတနာလမ်း ၂၆ ရပ်ကွက် တောင်ဒဂုံမြို့နယ်မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

ဘုဏ်းသိုက်နဲ့ချမ်းချမ်းတို့က မင်္ဂလာဦးဆွမ်းကျွေးအခမ်းအနားကို ကြွရောက်မယ့် ဧည့်ပရိသတ်တွေကိုလည်း မေတ္တာနဲ့ လက်ဖွဲ့ခြင်း သည်းခံပါလို့ တောင်းပန်ထားပါတယ်။

မင်္ဂလာပွဲနဲ့ပတ်သက်ပြီး ချမ်းချမ်းကို မေးကြည့်တော့ “အစကလည်း သူနဲ့သွားရင် စနေကျပဲ။ အဲဒီနေ့ကလည်း စတယ်လို့ပဲ ထင်တာ၊ နောက်မှ သူက တကယ်ဟြေတာတဲ့။ သူ ကြိုတင် ပြင်ဆင်ထားတာ တလလောက် ရှိပြီလို့ဟြေတယ်။ ရုတ်တရက် မထင်မှတ်ဘဲ ဟြေလိုက်တာဆိုတော့ အရမ်းအံ့သြသွားပြီး ကျမ မျက်ရည်တောင် ကျမိတယ်။ သူနဲ့ချစ်သူဘဝမှာ တွဲလာတာ လည်း ၆ နှစ်လောက် ရှိပြီဆိုတော့ လက်ထပ်ဖို့် သင့်ပြီလို့လည်း ကျမထင်တယ်လေ။ ဒါကြောင့် လက်ထပ်ဖို့ ဆုံးဖြတ်လိုက် တာပါ။ အောင်မြင်မှုနဲ့ အိမ်ထောင်ရေးကို လဲလိုက်တာလား ဆိုတော့ အဲဒီလိုတော့ ကျမ မထင်ပါဘူး၊ အောင်မြင်မှုဆိုတာ ကိုယ်ကြိုးစားရင် ရနိုင်တယ်လေ။ ကျမက ကိုယ်စိတ်ချမ်းသာမယ် ထင်ရင် ရွေးချယ်တတ်တယ်။ ကျန်တာတွေတော့ သိပ်တွေးလေ့ မရှိပါဘူး။ နောက်ပြီး အဆိုတော်ဆိုတာ မင်းသမီးမှ မဟုတ်တာ၊ မင်းသမီးမှသာ ရုပ်ရည်ကို ဂရုစိုက်ရတာ၊ ခန္ဓာကိုယ်ကို ထိန်းသိမ်း ရတာတွေ ရှိတာလေ။ ကျမကတော့ ကိုယ်ချစ်တဲ့သူနဲ့ လက်တွဲရတဲ့အတွက် ပျော်ပါတယ်။ အိမ်ထောင်ပြုပြီးမှ အောင်မြင်တဲ့ အဆိုတော်တွေလည်း ရှိတာပဲလေ။ ကျမရဲ့ တတိယ တကိုယ်တော်ခွေ ထွက်ဖို့ နည်းနည်း နောက်ဆုတ် လိုက်တယ်။ ၈ လပိုင်းမှပဲ ကျမရဲ့ တကိုယ်တော်ခွေ ထွက်မှာပါ။ အိမ်ထောင် ပြုပြီးရင်လည်း အိမ်ထောင်ရေးကို နိုင်နင်းတဲ့ အိမ်ထောင်ရှင်မကောင်း တယောက်ဖြစ်အောင် ကျမကြိုးစားသွားမှာပါ” လို့ ဟြေပြခဲ့ပါတယ်။

ဇာတ်ကိုကြိုက်ရင် ပို့ပေးမယ်ဆိုတဲ့ ဟိန်းဝေယံ

မင်းသား ဟိန်းဝေယံ (ဓာတ်ပုံ – မြတ်သူအောင် / ဧရာဝတီ)

နယ်ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို အများဆုံးရရှိထားတဲ့ သရုပ်ဆောင် ဟိန်းဝေယံဟာ အများသောအားဖြင့် မင်းသား ဦးစားပေး ဇာတ်ကားတွေပဲ ရိုက်လေ့ရှိပေမယ့် “တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ” ဇာတ်ကားမှာတော့ မင်းသမီး ဦးစားပေး ဖြစ်ပေမယ့် ပါဝင်ရိုက်ကူးထားတယ်လို့ သိရပါတယ်။

“အဓိက ရွေးချယ်ဖြစ်တာက ဇာတ်လမ်းကို တော်တော် သဘောကျတယ်၊ ဒရာမာ ဇာတ်လည်း ဖြစ်တာကြောင့်ပါ။ ဒုတိယ အချက်က မနဝရတ်က ကျနော့်ရဲ့ အနုပညာမောင်နှမလည်း ဖြစ်တယ်၊ အပြင်မှာ ခင်တာလည်း ပါတယ်၊ ပရိသတ်တွေ ကြည့်ရကျိုး နပ်မယ်၊ ဇာတ်လမ်းလည်း ကောင်းတာကြောင့် ရိုက်ခဲ့တာပါ” လို့ အဲဒီဇာတ်ကားကို ရိုက်ဖြစ်တဲ့အကြောင်း ဟိန်းဝေယံက ပြောပါတယ်။

ဒီကားထဲမှာ မင်းသားအနေနဲ့ လုပ်ကွက်နည်းပြီး ဇာတ်ပို့တယောက်လို ဖြစ်နေတယ် ဆိုတာကို ဇာတ်လမ်း ဖတ်ကြည့် ကတည်းက သိနေပေမယ့် သူက မင်းသမီး နဝရတ်ကို ကူညီတဲ့သဘောနဲ့၊ ဇာတ်လမ်းလည်း သဘောကျတာကြောင့် ဝင်ရိုက်ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပိုင်မင်းသားလည်း ဖြစ်၊ ထုတ်လုပ်ရေးပိုင်ရှင်ရဲ့ သားလည်း ဖြစ်တဲ့အတွက် တခြား ထုတ်လုပ်ရေး တခုက ဇာတ်ပို့ သဘောမျိုး နေရာက လာငှားတာကို ဝင်ရိုက်ဖြစ်တာနဲ့ ပတ်သက်ပြီး ဟိန်းဝေယံက “ကျနော် အဓိကထားပြီး စဉ်းစား ဖြစ်တာက ဇာတ်လမ်းပဲ၊ ဇာတ်လမ်း ကောင်းတယ်ဆိုရင် ရိုက်ပါတယ်။ ဒါပေမယ့် ဖြတ်လျှောက်တော့ မဟုတ်ဘူးပေါ့လေ၊ ကာရိုက်တာလေး တခုဖြစ်ပြီး ကိုယ့်လုပ်ကွက် လေးလည်း ရမယ်၊ ကိုယ်က Hero တော့ မဟုတ်ပေမယ့် ကိုယ်ပံ့ပိုး ပေးရမယ်ဆိုရင်တော့ ရိုက်ပေးမှာပါ။ ကျနော့် အနေနဲ့က ကိုယ် ခေါင်းဆောင်မှရယ်လို့ မဟုတ်ပါဘူး၊ ပရိသတ်တွေက ဟာ … ဇာတ်လမ်းလေး ကောင်းလိုက်တာကွာ၊ ကြည့်ရတာ တန်တယ်ဆိုရင် ကျနော် ကျေနပ်ပါပြီ” လို့ ဆိုပါတယ်။

ဟိန်းဝေယံက သူ့ချစ်သူ အနေနဲ့ ရွေးချယ်မယ့် မိန်းကလေးကို ဘယ်လိုဖြစ်ရမယ်လို့ မသတ်မှတ်ထားဘူးလို့လည်း ပြောပါတယ်။

“ဖြစ်နိုင်ရင် ဘယ်သူမဆို ကောင်းတာလေးတွေပဲ လိုချင်တာပေါ့။ ဒီလိုပုံစံမှ ရွေးချယ်မယ် လို့တော့ မဟုတ်ဘူးလေ။ ကိုယ့်ကံနဲ့လည်း ဆိုင်သေးတယ်လေ။ ဘယ်လိုကြီး ဖြစ်ရမယ်ဆိုပြီး သတ်မှတ်ထားတာတော့ မရှိပါဘူး” လို့ သူက ရှင်းပြတယ်။

ဇူလိုင် ၂၆ ရက်နေ့မှာ ရုံတင်မယ့် “တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ” ဇာတ်ကားထဲမှာ ဟိန်းဝေယံဟာ သူ့ချစ်သူကို လိုက်လျောတယ်၊ နားလည်ပေးတယ်၊ ခွင့်လွှတ် ပေးတယ် ဆိုတော့ အပြင်မှာ ကိုယ်တွေ့ဆိုရင်ကော ဘယ်လို ဖြစ်နိုင်မလဲ ဆိုတဲ့ မေးခွန်းကို သူက အပြင်မှာ ကိုယ်တွေ့ တခါမှ မကြုံဖူးတဲ့အတွက် ဘယ်လို ဆုံးဖြတ်ဖြစ်မလဲ သေချာမသိသေးဘူးလို့ ဆိုပါတယ်။

“ကိုယ်ချစ်တဲ့ သူတယောက် အပေါ်မှာတော့ ဘာပဲဟြေဟြေလေ တတ်နိုင်သမျှ နားလည်ပေးနိုင်မှ၊ လိုက်လုပ်ပေးနိုင်မှ သဘာ၀ ကျမှာပါ” လို့ ဟိန်းဝေယံက ပြောပါတယ်။

ဟိန်းဝေယံဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မင်းသမီးငယ်တယောက်နဲ့ နာမည်ကြီးခဲ့ပြီး မိဘတွေကြောင့် ကွဲကွာခဲ့ရတယ် ဆိုတဲ့ ရုပ်ရှင်မဟုတ်သော လက်တွေ့ဇာတ်လမ်းတပုဒ်ကို ပရိသတ်တွေ သိထားပြီး ဖြစ်ပါတယ်။

အဲဒါကြောင့် အခုအချိန်မှာကော မိဘတွေ လက်လွှတ်ရတဲ့ မင်းသားတယောက် ဖြစ်နေပြီလား ဆိုတဲ့ မေးခွန်းကို မေးကြည့်တော့ ဟိန်းဝေယံက “ကျနော် လူငယ်တယောက် အနေနဲ့ကတော့ လူငယ်တယောက်ရဲ့ လွတ်လပ် ပိုင်ခွင့် အပြည့် ရှိပါတယ်၊ ဒါပေမယ့် တရားလွန်ကြီးတော့ မဟုတ်ဘူးပေါ့။ ကျနော့် အိမ်ကလည်း လူငယ်တယောက်ရဲ့ ထိုက်သင့်သလောက် လွတ်လပ်ခွင့်မျိုးတော့ ကျနော့်ကို ပေးထားပါတယ်” လို့ ဖြေပါတယ်။

ဟိန်းဝေယံအနေနဲ့ တတ်နိုင်သလောက် ကြိုးစားနေတဲ့အကြောင်း၊ သူ့ကို အခုထိ အားပေးနေတဲ့ ပရိသတ်ကို ကျေးဇူးတင်တဲ့ အကြောင်း၊ ဝေဖန် အကြံပြုစေချင်တဲ့ အကြောင်း ပရိသတ်ကို ဧရာဝတီကတဆင့် ပြောလိုက်ပါတယ်။

Loading