မော်ဒယ်လ် ဟန်သီဟာ ဂျပန်ဘာသာစကား သင်တန်းကျောင်း Maja (Myanmar Association Of Japan Alumni) ရဲ့ ထောက်ခံပေးမှုနဲ့ ဂျပန်နိုင်ငံက ပြုလုပ်တဲ့ Orientation and Farewell Asian Youth Development (Okinawa) 2013 Program ကနေ အရွေးချယ် ခံခဲ့ရတဲ့အတွက် ဂျပန်နိုင်ငံ အိုကီနာဝါကို ရက် ၂၀ ကြာ အလည်အပတ် ခရီးနဲ့ လေ့လာရေး ခရီးစဉ် သွားရောက်ခွင့် ရခဲ့ပါတယ်။
အသက် ၁၆ နှစ်အရွယ် ကြော်ငြာမော်ဒယ်လ် ဟန်သီရဲ့ ဂျပန်နိုင်ငံ အိုကီနာဝါ လေ့လာရေးခရီးစဉ်ကို သြဂုတ်လ ၂ ရက်နေ့မှာ အစပြုပြီဖြစ်ပြီး ၂၂ ရက်နေ့မှာ မြန်မာပြည်ကို ပြန်လည်ရောက်ရှိပါမယ်။
“ညီမတို့က ဂျပန်နိုင်ငံက ပြုလုပ်တဲ့ Orientation and Farewell Asian Youth Development (Okinawa) 2013 အစီအစဉ် အတွက် Maja မှာ လျှောက်လွှာ တင်ခဲ့ပြီး Maja က လူတွေ့စစ်ဆေးပါတယ်။ Maja က ညီမအပါအဝင် သုံးယောက်ကို ရွေးချယ်ပြီး ဂျပန်သံရုံးကို တင်ပေးခဲ့ပါတယ်” လို့ ဟန်သီက ပြောပါတယ်။
သူတို့သုံးယောက်ဟာ ဂျပန်နိုင်ငံက တိုက်ရိုက်ပေးပို့တဲ့ မေးခွန်းတွေကို ဖြေဆိုခဲ့ရပြီး အဲဒီ သုံးယောက်ထဲကမှ ဟန်သီနဲ့ မောင်ထင်လင်းအောင်တို့ နှစ်ယောက်ဟာ ဂျပန်နိုင်ငံ လေ့လာရေးခရီးစဉ်အတွက် အရွေးချယ် ခံခဲ့ရတယ်လို့ သိရပါတယ်။
မော်ဒယ်လ် ဟန်သီက “ဟိုမှာ လေ့လာရေးသွားရင်း ဧည့်ခံပွဲ လုပ်ပေးမယ် လို့လည်း ဟြေပါတယ်။ လေ့လာရေး အတွက် နေရာအနှံ့ လိုက်ပို့ပေးမယ်၊ ညီမတို့ နိုင်ငံက အထင်ကရရှိတဲ့၊ ကမ္ဘာကသိတဲ့ ဘုရားတွေ၊ နေရာတွေ အကြောင်း ကိုလည်း ညီမတို့က ဟိုရောက်ရင် ပြန်ဟြေပြပေးရမယ်။ အဲဒီလို ကိုယ့်နိုင်ငံ အကြောင်းတွေကို သိအောင် ဟြေပြ ရမယ် ဆိုတဲ့ အတွက်ရော၊ ဂျပန်ကို သွားရောက် လေ့လာရမယ်ဆိုတဲ့ အတွက်ရော ညီမ အရမ်းပျော်ရွှင်ပြီး ဂုဏ်ယူမိပါတယ်” လို့ ဧရာဝတီကို ဟြေပါတယ်။
Maja ဟာ ဂျပန်ပြန် ပညာသင်ဟောင်းများ အသင်းက ဖွင့်လှစ်တဲ့ ဂျပန်ဘာသာစကား သင်တန်းကျောင်း ဖြစ်ပါတယ်။ Maja သင်တန်းနဲ့ ဂျပန်သံရုံးတို့ ပူးပေါင်းပြီး ဇွန်လ ၃၀ ရက်နေ့ကလည်း ParkRoyal Hotel မှာ Japanese Speech & Literature Translation Contest ပြိုင်ပွဲကျင်းပခဲ့တဲ့ အကြောင်း၊ ဝင်ယောက် ယှဉ်ပြိုင်တဲ့ သူတွေထဲက Japanese Speech Contest (2013) ပထမဆုကို မမိုးမိုးဌေးက ရရှိပြီး Japanese Literature Translation Contest (2013) ပထမဆုကိုတော့ မခိုင်စုလတ်က ရခဲ့ကြောင်း၊ သူတို့နှစ်ယောက်ကတော့ Maja ရဲ့ စီစဉ်မှုနဲ့ သြဂုတ်လ ၃ ရက်နေ့ကနေ ၇ ရက်နေ့အထိ ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ Sky tree၊ Kamakura၊ Disney Land စတဲ့နေရာတွေကို လေ့လာရမှာဖြစ်တဲ့အကြောင်း သိရပါတယ်။
Maja ရဲ့ တာဝန်ရှိသူတဦးက “မဟန်သီနဲ့ မောင်ထင်လင်းအောင် တို့ကတော့ Orientation and Farewell Asian Youth Development (Okinawa) 2013 Program အတွက် အရွေးချယ် ခံခဲ့ရတဲ့သူတွေပါ။ Maja က လူတွေ့စစ်ဆေးပြီး သုံးယောက် ရွေးချယ်ခဲ့တဲ့ အထဲမှာမှ သူတို့နှစ်ယောက်ကို ဂျပန်သံရုံးကနေ ရွေးချယ်ခဲ့တာပါ” လို့ ပြောပါတယ်။
Maja မှာ သင်တန်းတက်ချင်တဲ့ သူတွေအတွက်က ဂျပန်နိုင်ငံသားမှအပ ဘယ် နိုင်ငံသားမဆို စာမေးပွဲကြေးပေးသွင်းပြီး အရည်အချင်းစစ် စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်ကြောင်း၊ ဆက်သွယ်ရမဲ့လိပ်စာကတော့ Maja ရုံးခန်း၊ ပုလဲကွန်ဒို၊ တိုက်(C) အခန်း (၇၀၇)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ဖုန်း ၀၉၈၆၁၂၁၅၁ နဲ့ ၀၉၈၆၁၃၈၄၈ တို့ကို မေးမြန်း စုံစမ်းနိုင်ကြောင်း သိရပါတယ်။
(ယမန်နေ့က “လှလည်းလှ တော်လည်းတော်တဲ့ ဟန်သီ ဂျပန်ကို လေ့လာရေးခရီး သွားခွင့်ရ” သတင်း အချက်အလက် မှားယွင်း ဖော်ပြမိပါသဖြင့် ယနေ့ အမှားပြင်ဆင်ပြီး ပြန်လည် ဖော်ပြအပ်ပါသည်)