• English
Saturday, December 2, 2023
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

    စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

    ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

    ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

    ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

    ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

    မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

    မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

    ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

    ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

    စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

    စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

    သီပေါ၌ ကျောက်မီးသွေးတူးသည့် ကုမ္ပဏီကို သပိတ်မှောက်ရန် ရှမ်းလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

    သီပေါ၌ ကျောက်မီးသွေးတူးသည့် ကုမ္ပဏီကို သပိတ်မှောက်ရန် ရှမ်းလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      ခေတ် နှင့် မိန်းမ

      ခေတ် နှင့် မိန်းမ

      တနှစ်တခါ …

      တနှစ်တခါ …

      ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

      ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

        ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

        နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

        နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

        စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

        စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

        ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

        ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

        ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

        ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

        မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

        မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

        ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

        ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

        စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

        စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

        သီပေါ၌ ကျောက်မီးသွေးတူးသည့် ကုမ္ပဏီကို သပိတ်မှောက်ရန် ရှမ်းလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

        သီပေါ၌ ကျောက်မီးသွေးတူးသည့် ကုမ္ပဏီကို သပိတ်မှောက်ရန် ရှမ်းလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          ခေတ် နှင့် မိန်းမ

          ခေတ် နှင့် မိန်းမ

          တနှစ်တခါ …

          တနှစ်တခါ …

          ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

          ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home Lifestyle

          လူလတ်ပိုင်းတွေ မြူးတဲ့ Air Supply ည

          by အေးချမ်းမြေ့
          18 August 2013
          in Lifestyle
          Reading Time: 1 min read
          A A
          01
          02
          03
          04
          05
          06
          07
          08
          09
          10
          7.3k
          VIEWS
          Share on FacebookShare on Twitter

          [irrawaddy_gallery]


          စင်မြင့်ပေါ်တွင် ရုတ်တရက် ပေါ်ထွက်လာသည့် အပြာ၊ ခရမ်း၊ အနီ ရောစပ်သည့် ခပ်မှိန်မှိန် ဆလိုက်မီး မြင်ကွင်းများနှင့် အတူ ထွက်ပေါ်လာသော ဂီတသံကြောင့် ဖန်သားပြင်များ ပေါ်တွင်သာ မြင်ဖူးနေကျ မြင်ကွင်းတခု မျက်စိရှေ့မှောက် အမှန်တကယ် ရောက်လာပြီ ဆိုသော အသိနှင့် အံ့သြ မင်သက်ကာ ရုတ်တရက် ငြိမ်သွားကြသည်။

          RelatedPosts

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          27 November 2023
          3.1k
          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          26 November 2023
          550
          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          25 November 2023
          546

          ပရိသတ်က စက္ကန့်ပိုင်း ငြိမ်သွား … ပြီးတော့မှ အားလုံး တိုင်ပင်လိုက်သလို “ဟေး” ဟု သံပြိုင်အော်လိုက်ကြ၏။

          Iron Cross (IC) တေးဂီတဝိုင်း တီးခတ်အပြီး နာရီဝက်ခန့် အနားပေးကာ စင်ပေါ်တက်လာကြသော ကမ္ဘာကျော် Air Supply တေးဂီတ ဝိုင်းတော်သားများနှင့် ပင်တိုင်အဆိုတော် နှစ်ဦးတို့ကို မြန်မာပရိသတ်က ကြိုဆိုလိုက်ခြင်း ဖြစ်သည်။

          သူတို့၏ စင်ပေါ်မှ လှုပ်ရှားမှု မြင်ကွင်းက မြန်မာပရိသတ် အတွက် တအံ့တသြ ဖြစ်စရာ မဟုတ်လှသော်လည်း သူတို့၏ စက်ပိုင်းဆိုင်ရာ အားကောင်းမှုကြောင့် ထွက်ပေါ်လာသည့် ဂီတသံ၏ ညက်ညောမှုနှင့်အတူ ရိုးရှင်းသော စင်မြင့်အပြင်အဆင်နှင့် ဆလိုက်မီးတို့၏ ခမ်းနားမှုကတော့ ကြည့်ရှုနေသူ အားလုံးအတွက် အံ့မခန်း ဖြစ်စေသည်။

          သြဂုတ်လ ၁၅ ရက်နေ့ညနေက ဖြစ်သည် …။

          ရန်ကုန် မင်းဓမ္မလမ်းပေါ်ရှိ MCC ဝင်းကြီးအတွင်း သက်လတ်ပိုင်း အရွယ်တို့ ပျားပန်းခတ် စည်ကားနေ၏။ သူတို့ကို ကြည့်ရတာ အသက်အရွယ်နှင့် မလိုက်အောင် တက်ကြွ လန်းဆန်းနေပုံလည်း ရသည်။ ထိုလူလတ်ပိုင်းအရွယ် ဒီဇိုင်းမျိုးစုံနှင့် ပုဂ္ဂိုလ်အသီးသီးမှာ ပုံမှန်အားဖြင့့် လုပ်ငန်းခွင် ဝင်နေကြပြီ ဖြစ်သည့် တည်ငြိမ်နေပြီဖြစ်သော အသက်အရွယ် အပိုင်းအခြား ဖြစ်သည်။ သို့သော် သူတို့ လူငယ်အရွယ်က ခေတ်စားခဲ့သည့် ရော့ခ်သီချင်း ခပ်အေးအေးများကို သီဆိုပြမည့် Air Supply Band ကို Live Show ကြည့်ရတော့မည် ဆိုသည့် အသိနှင့် တက်ကြွနေကြခြင်းသာ ဖြစ်သည်။ ပြီးတော့ IC …။

          “ကျနော်က IC ကို ပိုကြည့်ချင်တာ။ ကမ္ဘာကျော် ရော့ခ်ဂီတဝိုင်းနဲ့ ယှဉ်ပြီး တီးရမှာဆိုတော့ IC ဘယ်လိုတွေ ပြမလဲ ကြည့်ချင်တာ။ ချစ်ဆန်းမောင်ရဲ့ ဆိုလိုတွေကိုလည်း ဘယ်လို အသစ်တွေ လာမလဲဆိုတာ နားထောင် ကြည့်ချင်တယ်” ဟု အသက် ၃၅ နှစ်ခန့်အရွယ် အမျိုးသားတဦးက ပြောသည်။

          သူက အပြင်းစားရော့ခ်ကို ပိုမိုနှစ်သက်သဖြင့် Air Supply ကို သိပ် ခံစားလို့ မရတော့ဟုဆိုသည်။

          လက်မှတ်ခ များက မြန်မာပြည်၏ သာမန်ပရိသတ်များ အတွက်တော့ ဈေးကြီးသည်ဟု ဆိုနိုင်သည်။ ကျပ် ၅ သောင်း၊ ၃ သောင်း၊ ၂ သောင်းခွဲ ဆိုသော ငွေကြေးကို သာမန်အခြေခံ လူတန်းစား ပရိသတ် ဝယ်မကြည့်နိုင်တာ သေချာသည်။ ထို့ကြောင့် ပရိသတ် အတန်းအစားကို ကန့်သတ်ထားသကဲ့သို့ ဖြစ်နေသည်။ လာကြည့်သည့် ပရိသတ် အားလုံးလိုလို တောက်တောက် ပပ။ နိုင်ငံတကာ တီးဝိုင်းတခု အနေဖြင့်တော့ ဈေးက များသည်ဟု မဆိုသာ။

          “Air Supply သီချင်းတွေကို ကျနော်က အရမ်းကြိုက်တာ။ အလွတ်ကို ရတယ်။ အဲဒါကြောင့် လာကြည့်တာ။ IC တော့ မကြည့်ချင်ဘူး” ဟု အသက် ၄၀ အရွယ် ပရိသတ်တဦးက ဆိုသည်။

          လက်မှတ်ဈေးကြီးသဖြင့် Air Supply ညကို ခံစားချင်ကြသော်လည်း မကြည့်နိုင်ကြသူ များစွာ ရှိသည်။ Air Supply က မြန်မာပြည်ကို လာဖျော်ဖြေသည့် နိုင်ငံတကာ တီးဝိုင်းများ အနက် တတိယမြောက် ဖြစ်သည်။ အရှေ့တွင် နိုင်ငံတကာ ဝိုင်းများအနေဖြင့် ဂျေဆင်မရက်နှင့် မိုက်ကယ်လန်းစ်တို့ လာသွားခဲ့ပြီးပြီ။ သို့သော် ရော့ခ် ပိုဆန်သည့် Air Supply ကို ကြည့်ချင်သူ ပရိသတ်ပိုများသည်ဟု သိရသည်။

          “Air Supply တော့ အရမ်းကြည့်ချင်တယ်။ ဒါပေမယ့် လက်မှတ်ဖိုးမတတ်နိုင်လို့ မကြည့်တော့ပါဘူး။ မိုက်ကယ်လန်းစ် တုန်းကတော့ စိတ်မဝင်စားဘူး။ ဂျေဆင်မရက် ကျတော့လည်း သိပ်မကြားဘူးလို့ ဖရီးရှိုးပေမယ့် သွားမကြည့်လိုက်ဘူး” ဟု လူလတ်ပိုင်းအရွယ် ဂီတစိတ်ဝင်စားသူ တဦးက ပြောသည်။

          မြန်မာနိုင်ငံကျော် IC နှင့် Air Supply တို့ တဝက်စီ ဖျော်ဖြေသည့် ပွဲကို ပုဂံ အန်တာတိန်းမန့်က စီစဉ်ခြင်း ဖြစ်ပြီး ရရှိသည့် အမြတ်ငွေအားလုံးကို မြန်မာနိုင်ငံတွင်း မဖွံ့ဖြိုးသောဒေသ များရှိ ကျောင်းမတက်နိုင်သော ကလေးများ ပညာရေးအတွက် အသုံးပြုမည်ဟု ကြိုတင်ကြေညာ ထားခဲ့သည်။

          MCC အဆောက်အဦး ဝင်းအဝတွင် စစ်ဆေးသူများက လက်မှတ်များကို တောင်းခံကြည့်ရှုသည်။ လက်မှတ်များက စမတ်ကတ်များ ဖြစ်သောကြောင့် အတုလုပ်ရန် မလွယ်လှ။ ဇူလိုင်လ အတွင်းက ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးပွဲတော် IC ရှိုးတွင်မူ လက်မှတ် အတု ပြဿနာများ ရှိခဲ့ကြောင်း သိရသည်။

          လက်မှတ်အတု လုပ်ရန် မလွယ်ကူသော်လည်း MCC ဝင်းရှေ့တွင် လက်မှတ်မှောင်ခို များကတော့ ရှိနေဆဲ။

          “လက်မှတ် လိုရင်ရောင်းမယ်၊ ပြန်ရောင်းချင်ရင်လည်း ဝယ်မယ်” ဆိုသည့် မှောင်ခိုများ၏ အသံက ဝင်းအဝမှာ ဆူညံနေသည်။

          Air Supply ကို ကြည့်ရှုကြမည့် လူလတ်ပိုင်းအရွယ် အမျိုးသမီး၊ အမျိုးသားများဖြင့် MCC ဝင်းက သက်ဝင်လှုပ်ရှားနေသည်။ ခန်းမထဲ ဝင်ရန် အတွက် လက်မှတ်ကို အဝတွင် စက်ဖြင့် ဖြတ်ပြီးမှ ဝင်စေသည်။ နိုင်ငံတကာ ပွဲပေကိုး။

          ခန်းမထဲ မဝင်ခင် အဝ၌ Air Supply အဆိုရှင် နှစ်ဦး ရုပ်ပုံကြီးရှေ့တွင် တယောက်တလှည့် ဓာတ်ပုံအရိုက်ခံသူများဖြင့် တိုးကြိတ်လျှက်၊ ရုပ်ရှင်သရုပ်ဆောင်တချို့၊ အဆိုရှင်များ၊ အတီးသမားများကိုလည်း တွေ့ရသည်။ သူတို့လည်း Air Supply ကို လာရောက် ခံစား ကြခြင်း ဖြစ်သည်။ ဟဲလေး၊ တူးတူး၊ ဥက္ကာဦးသာ၊ လွင်မိုး၊ ဂျေမောင်မောင်၊ အယ်လ်ခွန်းရီ စသည်ဖြင့် တချိန်က နာမည်ကျော်များ၊ လက်ရှိ နာမည်ကြီးနေသူများ တဖွဲဖွဲ ဝင်လာကြသည်။

          “Air Supply ကို ငယ်ငယ်လေးကတည်းက အရမ်းကြိုက်တာ။ ကမ္ဘာကျော်တယ် ဆိုကတည်းက ဘာကြောင့်လဲ ဆိုတာ ပြောစရာတောင် မလိုပါဘူး။ ဒီပွဲမှာ IC လည်းတီးမှာဆိုတော့ ပြီးပြီပေါ့။ IC ဆိုတာကလည်း သိတဲ့အတိုင်းပဲလေ။ ကြိုက်တယ်” ဟု အဆိုတော် ဂျေမောင်မောင်က ဧရာဝတီကို ပြောသည်။

          ည ၇ နာရီခွဲ အတိတွင် ပွဲစသည်။ အစီအစဉ်မှူးများအဖြစ် ဆန်းထွဋ်နှင့် နန်းခင်ဇေယျာတို့ စင်ပေါ်တက်လာကြသည်။ ဤပွဲကို စီစဉ်သူများ အကြောင်း၊ ပွဲ၏ ရည်ရွယ်ချက် စသည်တို့ကို မိတ်ဆက်သည်။ ဒီပွဲကို “နယ်စပ်ဒေသ ဖွံ့ဖြိုးရေးနှင့် အမျိုးသား ပညာရေး ရန်ပုံငွေပွဲ” ဟု အမည်တပ်ထားကြောင်း ရှင်းပြကြသည်။

          “ရတဲ့ အမြတ်ငွေ အားလုံးကို လှူမှာ ဖြစ်ပါတယ်။ စီစဉ်သူ၊ ဖျော်ဖြေသူ ဘယ်သူမှ အခကြေးငွေမယူဘဲ၊ တပြားတချပ်မှ ပြန်နုတ်စရာမလိုဘဲ လှူမယ့် ပွဲဖြစ်ပါတယ်” ဟု ဆန်းထွဋ်က ဆိုသည်။

          ပုဂံ အန်တာတိန်းမန့်၏ စစ်တမ်းအရ မြန်မာပြည် လူဦးရေ၏ ၃၀ ရာခိုင်နှုန်းမှာ ကျောင်းနေရမည့် ကလေးများ ဖြစ်ကြောင်း၊ ၎င်း၏ ထက်ဝက်မှာ ကျန်းမာရေး၊ ပညာရေး ချို့တဲ့နေကြောင်း၊ ကလေးတဦး၏ ပျမ်းမျှ တလစာသင် စရိတ်မှာ ကျပ် ၃ သောင်းခွဲခန့်ရှိကြောင်း သိရသည်။ ထို့နောက် ကျောင်းတက်ချင်သော်လည်း ငွေကြေး မတတ်နိုင်သဖြင့် ကျောင်းမနေရသည့် ကလေးများနှင့် ပတ်သက်သည့် ဗီဒီယို ဖိုင်တခုကို ပြသည်။

          “အထူးသဖြင့် တိုင်းရင်းသား ဒေသတွေက ကျောင်းမတတ်နိုင်တဲ့ ကလေးတွေအတွက် ငွေကြေးထောက်ပံ့ ရုံတင်မကဘဲ ပညာရေးဟာ ဘယ်လောက် အထိ အရေးကြီးတယ်ဆိုတာကို ကွင်းဆင်းပြောပြသွားဖို့ အစီအစဉ်တွေလည်း ရှိပါတယ်” ဟု နန်းခင်ဇေယျာက ပြောပြီး မြန်မာနိုင်ငံကျော် တေးဂီတဝိုင်း IC ကို ဖိတ်ခေါ်လိုက်သည်။

          ခေါင်းလောင်းသံ ကလေး အရင် ထွက်ပေါ်လာပြီး … ဒရမ်မာ ခရမ်း၏ စစ်ချီတီးလုံး စတင် ထွက်ပေါ်လာသည်နှင့် လက်ခုပ် သံများ ပေါ်ထွက် လာသည်။ လိဒ်ဂစ်တာသမား ချစ်ဆန်းမောင်၏ နိုင်ငံတော်သီချင်း တီးလုံးသံနှင့်အတူ နောက်ခံပိတ်ကားတွင် နိုင်ငံတော်အလံ ပေါ်ထွက်လာရာ ပရိသတ်အားလုံး မတ်တပ်ရပ် အရိုအသေပြုတာ တွေ့ရသည်။ IC စပြီ။

          ရော့ကာကြီး လေးဖြူ၏ လိပ်ပြာ သီချင်း ခြေဆင်း ထွက်ပေါ်လာတော့ ပရိသတ်များ ငြိမ်သက်သွားသည် …။ လိပ်ပြာသီချင်း သီဆိုပြီး နောက်တပုဒ် သီဆိုပြီးသည်နှင့် အငဲက နှစ်ပုဒ် ဆက်တိုက် ဖျော်ဖြေသည်။ ပြီးတော့ ဝိုင်ဝိုင်း၊ မျိုးကြီး နှစ်ပုဒ်စီ သီဆိုကြသည်။ အားလုံး Oun Tune များသာ။

          IC ကို ပရိသတ် အားပေးပုံကတော့ ငြိမ်းချမ်းရေး ပွဲတုန်းကနှင့် ကွာလှသည်။ လူငယ်ပရိသတ် နည်းသော ကြောင့်လား မပြောတတ်၊ လိုက်ဆိုသံများ သိပ်မကြားရ။ ငြိမ်းချမ်းရေး ပွဲတုန်းကတော့ မျိုးကြီးက “ပြော ပြော ပြောပြော” ဟု ဆိုလိုက်သည်နှင့် ပရိသတ်အားလုံး “နားနားပြီး ပြောပါကွယ်” ဟု သံပြိုင်လိုက်ပြီးသား။ အခုတော့ နားနားပြီးပြောပါကွယ် ဆိုသည့် အသံက အားနည်းလှသည်။ လေးဖြူ၏ ကိုယ့်ရဲ့ ငွေလမင်းကိုပင် လိုက်ဆိုသံ သိပ်မကြားရ။ သုဝဏ္ဏ အားကစားကွင်းတွင် ဖျော်ဖြေသည့် ငြိမ်းချမ်းရေး ပွဲတွင် ပရိသတ်က မြူးမြူးကြွကြွ ရှိသလောက် MCC တွင်တော့ ရော့ခ်ပွဲနှင့် မလိုက်ဖက်စွာ အိန္ဒြေ ရလွန်းသည်။

          အချိန်မရသော ကြောင့်လားတော့ မသိ၊ ချစ်ဆန်းမောင်၏ ဆိုလို သီးသန့် မပါတော့ဘဲ သီချင်းများတွင်သာ ဆိုလိုကို ရသလောက် အနည်းငယ်တီးသည်။ လက်သံကတော့ ဘယ်တော့မှ မလျော့သော ချစ်ဆန်းမောင်၏ ဂုဏ်ပုဒ်ကို ထိမ်းထားဆဲ။ အဆိုရှင် ၄ ဦး တယောက် နှစ်ပုဒ်စီ သီဆိုပြီးနောက် စင်ပေါ်သို့ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း အားလုံး တက်လာပြီး တယောက်ကို နှစ်ပုဒ် သုံးပုဒ်စီ ဆိုကြသည်။ တယောက်ဆိုနေစဉ် ကျန်သုံးယောက်က ဟာမိုနီလိုက်သည်။ မျိုးကြီးက သူ့ထုံးစံ “မင်္ဂလာပါ” ကို ၃ ခါလောက်အော်ပြီးနောက် “ကိုလေးဖြူ စကားနဲ့ ပြောရမယ်ဆိုရင် ပရိသတ်ထဲမှာ တဝက်လောက်က အမျိုးတွေပါ” ဟု ဆိုသောကြောင့် ပရိသတ် ပွဲကျသွားသည်။ အဓိပ္ပာယ်က ပရိသတ် တဝက်လောက် မေတ္တာလက်မှတ်များဖြင့် လာကြည့်သည်ဟု ဆိုခြင်း ဖြစ်သည်။

          တနာရီခန့် ဖျော်ဖြေ အပြီးတွင်တော့ IC အဆုံးသတ်ဖို့ ပြင်သည်။ ကွယ်လွန်သူ စောဘွဲ့မှူး၏ “ရောဂါ” သီချင်းကို တီးသူ ဆိုသူ အားလုံး တပိုဒ်စီ၊ တကြောင်းစီ ဝိုင်းဝန်းသီဆိုသည်ကို နားထောင်ရသည်မှာ အားရဖွယ် ဖြစ်သည်။ ထိုသီချင်းက ယခင် စောဘွဲ့မှူး အမှတ်တရ ပွဲတွင် သူတို့အားလုံး သီဆိုခဲ့ကြပြီး ဖြစ်သော်လည်း ယခုသီဆိုသည်က ပုံစံတမျိုးဖြင့် နားထောင်၍ ကောင်းသည်။ IC နှုတ်ဆက်ပြီး ပြန်ဆင်းသွားချိန်တွင် နာရီဝက်ခန့် နားသည်။ စင်အပြင်အဆင် အနည်းငယ် အပြောင်းအလဲ လုပ်ရန်ဖြစ်သည်။

          ခဏနားပြီးတော့ ပရိသတ်အားလုံး ခန်းမတွင်း ပြန်ဝင်ကြသည်။ ပရိသတ် တောင့်တနေသည့် Air Supply အလှည့် ရောက်ပြီ။  ဖန်သားပြင်ပေါ်တွင်သာ မြင်ဖူးခဲ့သည့် မဆန်းပြားသော အဆင်အပြင်နှင့် ခန်းနားသော ဆလိုက်မီးတို့က ပရိသတ် အာရုံကို ဖမ်းစားလိုက်သည်။ တီးလုံးမပါ သီချင်းချည်းသက်သက် အရင်ဝင်လာပြီး နောက်ကလိုက်လာသည့် ဂီတသံကလည်း ရုတ်တရက် ကွဲပြားသွားသည်။ IC ၏ ခက်ခက်ခဲခဲ တီးခတ်သီဆိုမှုများကို  နှစ်ခြိုက် အားပေးခဲ့ သော်လည်း Air Supply ၏ အသံပိုင်းဆိုင်ရာ တည်ငြိမ်မှုကိုတော့ အံ့မခန်း ဖြစ်မိသည်။ အသံနှင့် အလင်း အမှောင် အပေးအယူ တိကျ ညီညွတ်မှု၏ ဆွဲဆောင်ခြင်းတွင် ပရိသတ် မျောပါသွားသည်မှာ သိပ်တော့မဆန်းလှ။

          အဆိုတော် ဂျေမောင်မောင် ပြောခဲ့သလို ဘာကြောင့် ကမ္ဘာကျော်တာလဲ ဆိုသည့် မေးခွန်းကို ဖြေစရာ လိုမည်မထင်တော့။

          စင်တင်ပွဲ ကြည့်ရှုရန် ရောက်လာသည့် အိပ်မက်ဆုံရာ လိဒ် ဂစ်တာသမား ကိုဇော်မင်းသိန်းက “အမြဲတမ်း ကြည့်ချင်ခဲ့တာ။ ကျနော်တို့ အရင်ကဆို အခွေထဲမှာပဲ နားထောင်ရတယ်၊ ဗီဒီယိုထဲမှာပဲ ကြည့်ဖူးတယ်။ အခုလို မျက်ဝါးထင်ထင် ကြည့်ရတော့ ပျော်တာပေါ့ဗျာ” ဟု ပြောသည်။ ပရိသတ် အားလုံးလည်း ပျော်ရွှင်နေပုံ ရပါသည်။

          ၁၉၇၅ ခုနှစ်က သြစတေးလျနိုင်ငံ မဲလ်ဘုံးမြို့တွင် ဂစ်တာသမား အဆိုရှင် ဂရေဟမ် ရပ်ဆဲလ်နှင့် အဆိုကျော် ရပ်ဆဲလ် ဟစ်ချ်ကော့ချ်တို့ နှစ်ဦး ပူးပေါင်းကာ နှစ်ယောက်သံစုံ ဝိုင်းကလေးတဝိုင်း ဖြစ်ပေါ်ခဲ့ရာမှ နောင်တွင် Air Supply ဆိုသည့် ကမ္ဘာကျော် အပျော့စား ရော့ခ်တီးဝိုင်းတခု ဖြစ်ပေါ်ရန် သန္ဓေတည်ခဲ့သည်။ Air Supply ဟူ၍ ဖြစ်လာသည်က ၁၉၇၆ ခုနှစ်မှ ဖြစ်သည်။ အခုဆိုလျှင် အဆိုရှင်နှစ်ဦးစလုံး၏ အသက်များမှာ ၇၀ တဝိုက်ပင် ရှိနေပြီ။ မြန်မာပြည် ဖျော်ဖြေရေး ခရီးစဉ်ပြီးလျှင် သူတို့ မလေးရှားသို့ ခရီးဆက်ရမည်၊ ပြီးလျှင် ဂျပန်နိုင်ငံ တိုကျို၌ ဖျော်ဖြေကြရမည်ဟု သိရသည်။ သူတို့၏ နာမည်ကျော် ကမ္ဘာကျော် သီချင်းများမှာ Lost in love၊ All out of love၊ Two less lonely people in the world၊ The one that you love၊ The power of love၊ Here I am စသည်ဖြင့် ပုဒ်ရေ များစွာ ရှိပြီး အများစုမှာ မြန်မာကော်ပီ သီချင်းများအဖြစ် အသွင်ပြောင်းပြီး ဖြစ်သည်။

          သူတို့နှစ်ဦး အနေဖြင့် မြန်မာပြည် ခရီးစဉ်မှာ ယခု ပထမဆုံး ဖြစ်သည်။ မြန်မာပြည် ပရိသတ်နှင့် နားယဉ်နေသော သူတို့၏ နာမည်ကျော် သီချင်းများကို တပုဒ်ပြီး တပုဒ်သီဆိုကြရာ ပရိသတ်က ကော်ပီများ နားထောင်ဖူးသော ကြောင့်သာမဟုတ်ဘဲ Air Supply ၏ မူရင်း သီချင်းများကိုပါ ရနေသဖြင့် လိုက်လံ သီဆိုကြသည်။ မြူးကြွသော IC နှင့် ငြိမ်သက်ခဲ့သလောက်၊ Air Supply နှင့်ကျတော့ ထလိုက် ထိုင်လိုက်၊ လိုက်လံသီဆိုလိုက် အားပေးလိုက်၊ အော်ဟစ်လိုက် လုပ်နေသည်ကို တွေ့ရသည်။ ပရိသတ်များ၏ အလယ်လောက်တွင် လူတဦးက ကတ်ထူပြားတပြား ပေါ်၌ Air Supply အဖွဲ့ဝင် နှစ်ဦးပုံကို ရေးဆွဲကာ မြှောက်ကိုင်ပြထား သည်ကို တွေ့ရသည်။

          ဂစ်တာသမား အဆိုရှင် ဂရေဟမ် ရပ်ဆဲလ်က “မင်္ဂလာပါ” ဟု မပီမသ ရွတ်ဆိုလိုက်ရာ ပရိသတ် မနောခွေ့သွားသည်။ သူက ဆက်လက်၍ “မြန်မာစကားက အရမ်းခက်တယ်” ဟု ဆိုပြန်သည်။ “ကျနော် ဘယ်လောက်အထိ စိတ်လှုပ်ရှားနေလဲ မပြောတတ်တော့ဘူး။ ရုတ်တရက် ဒီကိုရောက်လာတာ အရမ်း ထူးဆန်းတယ်” ဟု သူက ဆက်ပြောပြီး ပရိသတ်ကို ယခုည အချစ်နှင့် ပတ်သက်သည့် ခံစားမှုများ ရှိနေကြလားဟု မေးခွန်းထုတ်သည်။

          သူပြောသမျှ ပရိသတ်က တဟေးဟေး လိုက်အော်ကြသည်။ အဆိုရှင်နှစ်ဦးနှင့် ပရိသတ်က အတိုင်အဖောက် အတော် ညီလှသည်။ Air Supply ၏ သီချင်းများက လူငယ်များအတွက် အနည်းငယ် ပျင်းရိဖွယ် ဖြစ်နေသောကြောင့် ထင်သည်၊ အနည်းငယ်သာ ရှိသော လူငယ်ပရိသတ် ပြန်ကုန်ကြတာ တွေ့ရသည်။ သို့သော် လူလတ်ပိုင်းနှင့် လူကြီး ပရိသတ် ကတော့ မြူးကြွဆဲ၊ သီချင်းများကို အသံဝင်သည်အထိ လိုက်ဆိုဆဲ ဖြစ်နေသည်။

          သီချင်း ၆ ပုဒ်၊ ၇ ပုဒ်လောက် သီဆို အပြီးတွင်တော့ ဂစ်တာသမား အဆိုရှင် ဂရေဟမ် ရပ်ဆဲလ်က စင်အောက်မှ မိန်းကလေး တဦးကို ဖိတ်ခေါ်လိုက်သည်။ စင်ပေါ်သို့ တက်လာသည်က အကယ်ဒမီလွင်မိုး၏ သမီးကြီး ယွန်းဝတီလွင်မိုး ဖြစ်သည်။ ဂရေဟမ် ရပ်ဆဲလ်က သီချင်းအေးအေးတပုဒ်ကို ယွန်းဝတီလွင်မိုး၏ လက်ကလေးကိုင်ကာ သရုပ်ဆောင်ရင်း သီဆိုတော့ ပရိသတ်များ အားပေးကြပြန်သည်။ သီချင်းတပိုဒ်ခန့်သာ သီဆိုပြီး ယွန်းဝတီလွင်မိုးကို စင်အောက် ပြန်ချပေးလိုက်သည်။ ပြီးမှ သူ့သီချင်းပြီးသည်အထိ ဆက်ဆိုသည်။

          အဆိုရှင် ရပ်ဆဲလ် ဟစ်ချ်ကော့ချ် ကလည်း ပရိသတ်ကို ဆွဲဆောင်မှု ကောင်းလှသည်။ သူက လက်ခုပ်သံများကို အော်ဟစ် မတောင်းခံဘဲ လက်ဟန်ခြေဟန် ပြရုံဖြင့် ပရိသတ်က လက်ခုပ်တီးတော့သည်။ သူ့အသံကတော့ စူးရှပြီး မိန်းကလေး ကီးကို ဆိုနိုင်သူ ဖြစ်သည်။ The Power Of Love ကို သူသီဆိုသွားပုံမှာ ပေါ့ပေါ့ပါးပါး၊ သို့သော် ဆွဲဆောင်မှု ရှိလှသည်။

          ခဏအကြာတွင်တော့ ဂစ်တာသမား အဆိုရှင် ဂရေဟမ် ရပ်ဆဲလ် တဦးတည်း စင်ပေါ်တွင် ခွေးခြေအမြင့်ကလေးဖြင့် ထိုင်သည်။ ပြီးတော့ ပရိသတ်ကို သူက ဇာတ်လမ်းတပုဒ် ပြောပြသည်။

          ဒုတိယကမ္ဘာစစ် ကာလက မြန်မာပြည်သို့ အနောက်နိုင်ငံမှ စစ်သား ၂၀၀ ရောက်လာကြသည်။ ထိုစစ်သားများအနက် စစ်ပွဲ တပွဲတွင် ၁၉၉ ဦး ကျဆုံးခဲ့ပြီး တဦးသာ အသက်ရှင်လျှက် နေရပ်သို့ ပြန်ရောက်ခဲ့သည်။

          “အဲဒီလူဟာ ကျနော့်ရဲ့ အဖေပါပဲ” ဟု ဂရေဟမ်ရပ်ဆဲလ်က ပြောလိုက်တော့ ပရိသတ်က အာမေဋိတ်သံ ပြုသည်။ “ကျနော် အမေ့ဗိုက်ထဲမှာ ကတည်းက အဖေ ထွက်သွားလိုက်တာ၊ ကျနော် ၄ နှစ်သားကျမှ ပြန်ရောက်လာခဲ့တယ်။ အဲဒီအကြောင်းကို အဖေက ကျနော့်ကို အမြဲတမ်း ပြောပြခဲ့တယ်” ဟု သူက ဆက်ပြောသည်။ ထို ဖြစ်ရပ်မှန် ဇာတ်လမ်းကို ပြောပြပြီးနောက်  သီချင်းတပုဒ်ကို ဟော်လိုဂစ်တာလေး ကိုယ်တိုင်တီး၍ ဆိုပြသည်။ ပရိသတ်က ငြိမ်သက်သွားပြန်သည်။

          မြူးကြွလိုက်၊ ငြိမ်သက်လိုက်နှင့် အိုမင်းပြီ ဖြစ်သော အဆိုရှင်ကြီး နှစ်ဦး၏ တက်တက်ကြွကြွ ဖျော်ဖြေမှု ည ၁၁ နာရီ ထိုးခါနီးတွင်မှ အဆုံးသတ်သည်။ ပထမ သူတို့တဖွဲ့လုံး စင်ပေါ်မှ ဆင်းသွားရာ ပရိသတ်က ပွဲပြီးပြီ ထင်မှတ်နေချိန်ကျမှ တဖွဲ့လုံး ပြန်တက်လာပြီး နောက်ထပ် ၂ ပုဒ်ခန့် သီဆိုပြီးမှ ပွဲတကယ်ပြီးသွားသည်။ သူတို့နှစ်ယောက်က ပရိသတ်များ အကြားသို့ ဆင်းပြီး ဖျော်ဖြေလိုက်သေး၏။ ပြီးခါနီးတွင် ပရိသတ်ကို “ကျေးဇူးတင်ပါတယ်” အခါခါပြောပြီး “နောက်တခါ ပြန်လာချင် သေးတယ်” ဟု ဆိုကာ အလွမ်းသည်ပြ ပြန်သည်။ သူတို့ အလွမ်းသည်လေ ပရိသတ်က မနောခွေ့လေ။ ပြီးဆုံးသွားသည့် တိုင်အောင် ပရိသတ်က မချင့်မရဲ ပုံစံဖြင့် ချက်ခြင်း ထမပြန်ဘဲ ထိုင်နေကြသေးသည်။

          အပြင်သို့ ထွက်လာကြသော ပရိသတ်များ၏ မျက်နှာတွင် ကျေနပ်ပျော်ရွှင်နေသည့် အရိပ်များ ထင်ဟပ်နေကြသည်။

          “လိုက်ဆိုရတာ အသံတွေတောင် ဝင်တယ်” ဟု တယောက်က ပြောသည်။

          ပရိသတ် တဦးကတော့ IC နှင့် Air Supply အဖွဲ့တို့၏ အသံပိုင်းဆိုင်ရာ ကွာဟချက်ကို ဝေဖန် ပြောဆိုနေသည်။ သူက ကျပ် ၅ သောင်းတန်းမှာ ကြည့်သူ ဖြစ်သောကြောင့် စင်မြင့်နှင့် အနီးမှ ကြည့်ရသူဖြစ်သည်။ အနောက်ဘက်တွင် ကြည့်ရသူ အဖို့တော့ IC ၏ အသံမှာ အဆင်တပြေ ပုံမှန်ပဲ ဖြစ်သည်။

          “IC က အသံချိန်တာ ဘာလိုလဲ မသိဘူး၊ ကျနော်တို့ ရှေ့နားမှာ ဆူညံ လုံးထွေးနေတာပဲ၊  Air Supply ကျတော့ အဲဒါမျိုး မဖြစ်ဘူး။ အသံက ဘယ်နေရာက သွားနားထောင် နားထောင် အတူတူပဲ” ဟု သူက IC အတွက် မချင့်မရဲ ပြောသည်။

          အလင်း အမှောင်နှင့် ဂီတ သမမျှတမှု အနုပညာရပ်တွင် ကမ္ဘာကို လိုက်မီရန် မြန်မာက ဘယ်လောက်အထိ ကြိုးပမ်းရဦးမည် မသိ၊ နိုင်ငံတကာ တေးဂီတ ဝိုင်းများကို အတုယူသင့်သည်ဟု ပရိသတ် တဦးက ဆိုသည်။

          လိဒ် ဂစ်တာသမား ကိုဇော်မင်းသိန်းကတော့ “ဒီလို ကမ္ဘာကျော် တီးဝိုင်းတွေ မြန်မာပြည်ကို တခုပြီး တခု လာစေချင်တယ်၊ ကျနော့် အနေနဲ့ ဆိုရင်တော့ မက်တယ်လစ်ကာလို့ တကယ့် ဟဲဗီးရော့ခ်ဘန်တွေ လာရင်ကောင်းမယ်၊ အဲဒါဆို ကျနော်တို့လို အတီးသမားတွေအတွက် အများကြီး ပညာရနိုင်တာပေါ့” ဟု ပြောသည်။

          အနှစ် ၃၀ ရှေးဟောင်း တေးသီချင်းများ အကြားတွင် အသက် ၃၀ အထက် လူလတ်ပိုင်းအရွယ် အမျိုးသမီး၊ အမျိုးသားတို့၏ မြူးတူးပျော်ရွှင်မှုတရပ် ပြီးဆုံးခဲ့ပြီ။ စိတ်ဖိစီးမှု အများဆုံးသော အသက် အရွယ်များအတွက် ဂီတဖြင့် စိတ်ထွက်ပေါက် တစုံတရာ ရရှိသွားကြကြောင်း သူတို့မျက်နှာများတွင် ပေါ်လွင်နေပါသည်။

          Your Thoughts …
          Tags: EntertainEntertainmentMusic
          အေးချမ်းမြေ့

          အေးချမ်းမြေ့

          ဧရာဝတီ

          Similar Picks:

          မိုးယံဇွန်

          Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

          by ဧပရယ်ဆု
          19 April 2016
          47.4k

          "ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

          ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

          ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

          by နဒီထိုက်
          15 July 2013
          15k

          သူကတော့ အရေးပေါ် ကြပ်မတ် ကုသဆောင်ထဲမှာပဲ ရှိပါတယ်။ သတိတော့ မရသေးဘူး။ တခြား မှတ်ချက်ကတော့ ဆရာဝန် တဦးအနေနဲ့ မပေးသင့်ဘူး ထင်တယ်။ အကောင်းဆုံးတော့ ကုသနေပါတယ်

          သဇင်

          အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင်

          by ဧပရယ်ဆု
          6 April 2016
          148.9k

          “ကျမ အခုပြန်လာတာက ကျမ အမျိုးသားလည်းခွင့်ရတော့ သူနဲ့အတူတူ ပြန်လာ တာပေါ့နော်၊ ထွက်ရှိနေတဲ့ အိမ်ထောင်ရေး ကောလဟလတွေအပေါ်မှာတော့ ဖြေရှင်းမှာ မဟုတ်ပါဘူး" လို့ ဧရာဝတီကို ပြောပါတယ်

          တုမ်ယမ်ချဉ်စပ်, ဟင်းချက်နည်း

          တုမ်ယမ် ဟင်းရည် ချက်ကြည့်ရအောင်

          by ဝင်းနိုင်သိန်း
          12 July 2014
          31.7k

          တုမ်ယမ် ဟင်းရည်ဟာ ကမ္ဘာတလွှား နာမည် ကျော်ကြား လာတာနဲ့ အမျှ ဆန်းသစ် တီထွင်သူတွေ အပေါ် မူတည်ပြီး အရသာ၊ အနံ့ အမျိုးမျိုး ပြောင်းလဲ သွားပါတယ် ...။ အခြေခံဖြစ်တဲ့ တုမ်ယမ် အနှစ်၊...

          ခိုးဆိုးလုနှိုက်

          ခိုးဆိုးလုနှိုက် ရုပ်ရှင်ဇာတ်ကားကြီးရုံတင်ပြီ

          by ယုမွန်ကျော်
          18 July 2016
          11.9k

          ခိုးဆိုးလုနှိုက် တင်မကဘဲ ဥာဏ်များပြီး လိမ်လည်တတ်တဲ့ သူတို့အဖွဲ့က သေမထူးနေမထူး ဆိုးကြတဲ့သူတွေပဲ ဖြစ်ပါတယ်။ အောင်ဝမ်းက ပိုက်ဆံရှိတဲ့ သူဌေးသမီး နှင်းဆီနီနဲ့ ချစ်ကြိုက်တဲ့အခါ မိဘက သဘောမတူဘဲ သူတို့နှစ်ယောက်ရဲ့ ဘ၀ ကွာခြားမှုတွေနဲ့ ဇာတ်လမ်းကို ဘယ်လိုပညာပေးပြီး

          ဗုဒ္ဓ (သို့မဟုတ်) လောကကို အလင်းဆောင်သူ

          ဗုဒ္ဓ (သို့မဟုတ်) လောကကို အလင်းဆောင်သူ

          by ကိုမျိုး (IR)
          9 August 2014
          10.8k

          ဗုဒ္ဓ အကြောင်းကိုသာ ဇောင်းပေး ရိုက်သွားတာမျိုး မဟုတ်ဘဲ လူသားတွေဆီမှာ ဖုံးလွှမ်းနေတဲ့ အတ္တ၊ မာန၊ လောဘ၊ ဒေါသ၊ မောဟ၊ မစ္ဆရိယစိတ် စတဲ့ ကိလေသာ စိတ်အညစ်အကြေးတွေကို သတိသံဝေဂ ရနိုင်အောင် ဖန်တီးပြထားတဲ့

          Next Post

          နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၂ ဒသမ ၉၅ ဘီလီယံ အထိ ရှိလာ

          သယံဇာတ အကျိုးခံစားခွင့် ရရှိရေး RNDP ဦးဆောင် လက်မှတ်စုဆောင်း

          Please login to join discussion
          No Result
          View All Result

          Recommended

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          3 days ago
          12.1k
          ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

          ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

          11 hours ago
          8.8k

          Most Read

          • ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            shares
            Share 0 Tweet 0
          • စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

            shares
            Share 0 Tweet 0
          • ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

            shares
            Share 0 Tweet 0
          • ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

            shares
            Share 0 Tweet 0
          • မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved