ရောသမမွှေ သီချင်းတွေနဲ့ ပေါက်ခဲ့တဲ့ သားစိုးက အခုလည်း ထူးထူးခြားခြား လုပ်ချလိုက် ပြန်တာကတော့ facebook ပေါ်ကနေ Miss ပြိုင်ပွဲ လုပ်ဦးမယ်တဲ့။
သားစိုးရဲ့ စီးပွားရေးအလုပ်တခု ဖြစ်တဲ့ ရွှေပိုးနန်းတော် ပိုးထည်တိုက်ကနေ ၂ သောင်းကျပ်ဖိုးနဲ့ အထက် ဘယ်ပိုးထည်၊ ချည်ထည်မဆို ဝယ်ယူပြီး မိမိ စိတ်ကြိုက် ဒီဇိုင်းတီထွင် ဝတ်ဆင်၊ အလှဓာတ်ပုံရိုက်၊ ပြီးရင် ရွှေပိုးနန်းတာ် facebook မှာ ဝင်ရောက် ယှဉ်ပြိုင်ရမှာပါ။
“Like အများဆုံး ရတဲ့သူကို facebook Award အဖြစ် ဆုငွေကျပ် ၅ သိန်း ချီးမြှင့်ပါမယ်။ နောက်ပြီး Miss ရွှေပိုးနန်းတော် ရွေးချယ်တဲ့အခါ Like အများဆုံးရရှိသူ Group A က ၅ ဦး၊ Group B က ၅ ဦး ထပ်ရွေးပြီး စက်တင်ဘာလ ၂၉ ရက်နေ့ Park Royal Hotel မှာပြုလုပ်မယ့် Fashion Show မှာ Title ဆုကို ဝင်ရောက်ယှဉ်ပြိုင်ရမှာပါ” လို့ သားစိုးက ပြောပါတယ်။
Group A က အသက် ၃၀ အောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ကျပ် ၅ သိန်းဆု တဆု၊ နှစ်သိမ့်ဆု နှစ်ဆု ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ Group B ကတော့ အသက် ၃၀ အထက်တွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပြီး အဲဒီမှာက ကျပ် ၅ သိန်း ဆုတဆု၊ နှစ်သိမ့်ဆု နှစ်ဆု ချီးမြှင့်မှာ ဖြစ်ပါတယ်။
Like အများဆုံး (People Award) ဆုက ဆုငွေကျပ် ၅ သိန်း ရမှာလို့လည်း သိရပါတယ်။
“ပိုးထည်ဝယ်ပြီးရင် လျှောက်လွှာကိုဖြည့်ပြီး ရွှေပိုးနန်းတော်က Original Voucher ကို လက်ဝယ် သိမ်းထားရမယ်၊ ဓာတ်ပုံကတော့ ကြိုက်တဲ့ ဓာတ်ပုံဆရာနဲ့ ရိုက်ပြီး ကိုယ်လုံးပေါ်ရှေ့ နှစ်ပုံ၊ နောက်ကျောတပုံကို CD နဲ့ ကျနော်တို့ ရွှေပိုးနန်းတော် ပိုးထည်တိုက်၊ ဒါမှမဟုတ် [email protected] ကို ပေးပို့နိုင်ပါတယ်” လို့ သားစိုးက ပြောပါတယ်။
ဓာတ်ပုံတွေကို စက်တင်ဘာ ၂၀ ရက်နေ့ နောက်ဆုံး ပေးပို့ရမှာဖြစ်ပြီး စက်တင်ဘာ ၂၁ ကနေ ၂၈ ရက်နေ့ည ၁၂ နာရီ အထိ Like အရေအတွက်ကို ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။
“အသက် ၃၀ အထက်မှာ အိမ်ထောင်ရှင် အမျိုးသမီးတွေ ပါဝင် ယှဉ်ပြိုင်နိုင်ပါတယ်။ ဆုရတဲ့ သူတွေကတော့ ရွှေပိုးနန်းတော် ရဲ့လှုပ်ရှားမှုတွေမှာ သက်တမ်းတနှစ် ပါဝင်မယ်လို့ လက်မှတ်ရေးထိုးရမှာပါ” လို့ သားစိုးက ဆိုပါတယ်။
အသေးစိတ် သိလိုတဲ့သူတွေကတော့ အမှတ် ၈ (စီ) မိုးကောင်းလမ်းမကြီး မှတ်တမ်းရုံးရှေ့ ဘောက်ထော်၊ ရန်ကင်းမြို့နယ်၊ ဖုန်း ၀၉၇၃၁၂၆၂၈၁ နဲ့ ၀၉၄၉၃၁၀၄၄၄ တို့ကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။
သားစိုးတယောက် ရောသမမွှေကို ထူးထူးခြားခြား ပေါက်သွားအောင် လုပ်နိုင်ခဲ့သလို၊ အခုလည်း အာလူး၊ နှာဘူး၊ ဂန်ဒူး ဆိုတဲ့တေးစီရီး တခွေ လုပ်နေပြန်ပါပြီ။ သူ့ရဲ့ ရွှေပိုးနန်းတော် ပိုးထည်ဆိုင် ကိုကော ဘယ်လို ထူးထူးခြားခြား ပုံစံနဲ့ လူစိတ်ဝင်စားအောင်၊ ပေါက်သွားအောင် လုပ်မလဲဆိုတာ သိချင်သူတွေ စောင့်ကြည့်ဖို့တော့ လိုပါလိမ့်မယ်။