SFU

Miss Myanmar ခင်ဝင့်ဝါ ပရိသတ်ပေးတဲ့ မဲ ၂ သိန်းကျော်ရပြီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

Miss Supranational 2013 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ခင်ဝင့်ဝါဟာ လက်ရှိအချိန် အထိ ပရိသတ်ပေးတဲ့ မဲအများဆုံး ၂ သိန်းကျော်နဲ့ ရှေ့ဆုံးတန်းမှာ ပြေးနေပါတယ်။

အဲဒီ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ Miss Myanmar ခင်ဝင့်ဝါဟာ အသက် ၁၉ နှစ်သာရှိသေးတဲ့ ရုက္ခဗေဒ ကျောင်းသူ တဦးဖြစ်ပြီး မော်ဒယ်လ် တဦးလည်း ဖြစ်သလို Miss Myanmar သရဖူကို ရရှိပြီးချိန်မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ဘီလာရုစ်မှာ သွားရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံ ဂုဏ်ဆောင် Miss တဦး ဖြစ်ပါတယ်။

သူ့ရဲ့ facebook စာမျက်နှာမှာ ခင်ဝင့်ဝါက “ပရိသတ်ကြီး မင်္ဂလာပါ။ ညီမကို အားပေးတယ်ဆိုရင် အောက်က Link က တဆင့် အနီရောင် စာလုံးကို နှိပ်ခြင်းဖြင့် ညီမကို Vote ပေးနိုင်ပါတယ်။ နေ့စဉ် မဲပေးနိုင်ပါတယ်၊ သြဂုတ် ၂၆ ရက်နေ့က စပြီး စက်တင်ဘာ ၄ ရက်နေ့ည ၁၂ နာရီ အထိ မဲပေးလို့ရပါတယ်။ Chrome ကနေ မဲပေးပြီးပေမယ့် Firefox နဲ့ ဖွင့်ပြီး မဲပေးလို့လည်း ရပါတယ်။ Browser မတူပါက မဲထပ်ပေးလို့ ရကြောင်း အသိပေးချင်ပါတယ်။ ညီမလေး ကြိုးစား ထားပါတယ်ရှင့်၊ ခင်ဝင့်ဝါရဲ့ ဓာတ်ပုံ (သို့) အမည်ကို Click လုပ်ပြီး နေ့စဉ် စိတ်ကြိုက် မဲပေးနိုင်ပါတယ်” လို့ သူ့ကို အားပေးတဲ့ မြန်မာ ပရိသတ်တွေကို ရေးသား တောင်းဆိုထားတာကို တွေ့ရပါတယ်။

ခင်ဝင့်ဝါဟာ ဒီနေ့ဒီအချိန်အထိ ပရိသတ်တွေက ပေးတဲ့ မဲ အနေနဲ့ ၂၃၄၃၉၁ မဲ ရရှိထားပြီး သူနဲ့ အပြိုင် Miss တွေကတော့ Miss Luxembourg ၂၃၅၇၉၅ မဲ၊ Miss Russia က ၁၂၅၈၁၆ မဲ၊ Miss Sweden က ၁၂၃၄၈၀ မဲ၊ Miss Australia က ၇၀၁၂၂ မဲ၊ Miss Thailand က ၆၉၉၂၈ မဲနဲ့ Miss Philippines က ၅၄၆၄၂ မဲတို့ ဖြစ်ကြပါတယ်။ သြဂုတ် ၂၉ ရက်နေ့ ညကတော့ ခင်ဝင့်ဝါနဲ့ Miss Philippines တို့ဟာ မဲ ၅ သောင်းကျော်နဲ့ အပြိုင်ဖြစ်နေရာက ဒီနေ့ သြဂုတ် ၃၀ ညနေမှာ ခင်ဝင့်ဝါက မဲ အပြတ်အသတ် ကျော်ဖြတ်တက်ခဲ့တာ ဖြစ်ပါတယ်။

ခင်ဝင့်ဝါရဲ့ facebook မှာ သူ့ကို အကဲဖြတ်ဒိုင်များက မေးခွန်းများမေးတဲ့အချိန် သူ ပြန်လည် ဖြေဆိုထားတဲ့ Link တွေကိုလည်း တွေ့ရပါတယ်။

သူ့ရဲ့ ပြိုင်ပွဲအပေါ် စိတ်လှုပ်ရှားမှုကို ဒိုင်တွေက မေးမြန်းတဲ့အခါမှာ “ကျမ အရမ်းကို စိတ်လှုပ်ရှား ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ နိုင်ငံရပ်ခြားကို တခါမှ မရောက်ဖူးဘူးလေ” လို့ ဖြေကြားထားတာ တွေ့ရပါတယ်။

ဒါ့အပြင် သူက သူ့ရဲ့ မြန်မာနိုင်ငံနဲ့ ကွဲပြားခြားနားတဲ့ နိုင်ငံ တခုမှာ ခြားနားတဲ့ အရာတွေကို မြင်ရတာ အရမ်းကောင်းတယ် ဆိုတဲ့ အကြောင်း၊ မြန်မာနိုင်ငံက အရမ်းလှပသလို၊ ဘီလာရုစ် ကလည်း အတူတူပဲ ဆိုတဲ့အကြောင်း၊ နှစ်နိုင်ငံ စလုံးမှာ ကောင်းမွန်တဲ့ အရာတွေ၊ သွားရောက်လည်ပတ်ဖို့ ကောင်းတဲ့ နေရာတွေ ရှိတယ် ဆိုတဲ့ အကြောင်းတွေလည်း ပြောကြား ခဲ့ပါတယ်။

မြန်မာနိုင်ငံက လတ်တလော အဟြေင်းအလဲတွေ အကြောင်းကို မေးတဲ့အခါ သူက “ကျမတို့ နိုင်ငံက အခုဆိုရင် ပိုပြီး ပွင့်လင်းလာပါပြီ။ လှပပြီး အရောင်အသွေးစုံတဲ့ ကျမတို့နိုင်ငံကို အလည်လာဖို့ ရှင်တို့ အားလုံးကို ဖိတ်ခေါ်ပါတယ်” လို့ ဆိုပါတယ်။

အကဲဖြတ် ဒိုင်တွေက မြန်မာနိုင်ငံရဲ့ ဘယ်နေရာတွေကို သွားရောက် လည်ပတ်ဖို့ အကြံပြုချင်ပါသလဲ ဆိုတဲ့ မေးခွန်းကိုတော့ သူက သွားစရာ နေရာတွေ အများကြီးရှိတဲ့ အကြောင်း၊ ဒါပေမယ့် လာရောက်လည်ပတ် သူတွေ အနေနဲ့ အချိန်နည်းမယ် ဆိုရင်တော့ ရွှေတိဂုံ ဘုရားကို သွားစေချင်တဲ့ အကြောင်း အကြံပြုထားပါတယ်။

“အချိန် ပိုရမယ်ဆိုရင်တော့ မြန်မာဘုရင်တွေရဲ့ ရှေးဟောင်းမြို့တော် ပုဂံကိုသွားပါ။ မြန်မာနိုင်ငံရဲ့လှပမှုတွေ၊ အရောင်အသွေး စုံလင် မှုတွေက ရှင်တို့ကို အံ့သြစေလိမ့်မယ်လို့ ကျမဟြေရဲပါတယ်” လို့လည်း သူက ဆက်ပြော ထားပါတယ်။

ဒါ့အပြင် ခင်ဝင့်ဝါက သူ့ရဲ့ အင်္ဂလိပ်စကား အားနည်းမှုကို ခွင့်လွှတ်ဖို့ ဒိုင်တွေကို တောင်းပန်တဲ့အခါမှာ ဒိုင်တွေက “Miss Supranational 2013 ပြိုင်ပွဲဝင်များထဲမှာ ချစ်စရာ အကောင်းဆုံးနဲ့ အယဉ်ကျေး၊ အသိမ်မွေ့ဆုံး ဖြစ်တဲ့ Miss Myanmar က သူရဲ့ အင်္ဂလိပ်စကား အားနည်းမှုအတွက် ခွင့်လွှတ်ပါရန် တောင်းပန်တဲ့ အတွက် ကျနော်တို့က သူရဲ့ အင်္ဂလိပ်စကား အမှန်တကယ် ကောင်းမွန်ပါတယ်” လို့ ပြန်လည် ဟြေဆိုခဲ့ပါတယ်။

အဲဒီလို ဒိုင်တွေက ပြောတဲ့ အခါမှာ သူက ပြုံးလိုက်ပြီး “ကျမ ကျေးဇူးတင်ပါတယ်၊ ကျမ တက္ကသိုလ်မှာ အင်္ဂလိပ်စာ သင်ခဲ့ပါတယ်၊ ဒါပေမယ့် သိပ်ပြီး ချောချောမွေ့မွေ့ မဟြေနိုင်ပါဘူး၊ ကျမထပ်ပြီး သင်ယူချင်ပါ သေးတယ်၊ မနက်ဖြန်မှာ လုပ်မယ့် ပင်ကိုယ်စွမ်းရည် ပြိုင်ပွဲမှာ ကျမတို့ တိုင်းပြည်ရဲ့ ရိုးရာအက ကပြဖို့ ပြင်ဆင်ထားပါတယ်။ ရှင်တို့ သဘောကျမယ်လို့ ကျမ မျှော်လင့်ပါတယ်” လို့ ပြန်ပြောတာ တွေ့ရပါတယ်။

နောက်ဆုံး ပရိသတ်တွေကို စကားဟြေတဲ့ အခါမှာတော့ ခင်ဝင့်ဝါက သူ့ကို အားပေးတဲ့ သူတွေထဲမှာ သူ လုံး၀ မသိတဲ့သူတွေ ပါနေတဲ့အတွက် သူ့ကို ပျော်ရွှင်စေတယ်လို့ ဆိုပါတယ်။

“အဲဒါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစေပါတယ်၊ ကျမ သူတို့ကို သိစေချင်တာက ဒီသရဖူကို မြန်မာနိုင်ငံကို ယူလာနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေတယ် ဆိုတာပါပဲ။ ကျမ အားလုံးကို ချစ်ပါတယ်ရှင်” လို့ သူက အားပေးတဲ့ ပရိသတ်တွေကို တလေးတစား ကတိပေး ဖြေကြားတဲ့အကြောင်း ဖော်ပြထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading