ဒါရိုက်တာနေပိုင် ရိုက်ကူးပြီး မြင့်မြတ်နဲ့ အိချောပိုတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “ဂျောင်း” ဇာတ်ကားရဲ့ဇာတ်ဝင်ခန်းတခုမှာ ရခိုင် တိုင်းရင်းသားတွေကို ထိခိုက်စေတဲ့ စကားလုံး အသုံးအနှုန်း တချို့ ပြောဆိုခဲ့မိတဲ့ အတွက် ဝမ်းနည်းမိကြောင်း ဧရာဝတီကို ပြောပါတယ်။
သရုပ်ဆောင် မြင့်မြတ်ဟာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့ မနက်ကလည်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှာ ရှင်းလင်းဟြေပြခဲ့ပြီး ဖြစ်ပါတယ်။
“ကျနော် ဒီဇာတ်ကားကို ရိုက်တုန်းက သိပ်တောင် သတိမထားမိခဲ့ပါဘူး။ ကျနော်တို့က အနုပညာ တခုအပေါ်မှာ ဟာသ တခုကို ဖန်တီးလိုက်တဲ့ သဘောပါပဲ။ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာပါစေလို့ မရည်ရွယ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ နိုင်ငံရဲ့ တိုင်းရင်းသားတွေက တမြေထဲနေ တရေထဲသောက်နေကြတဲ့ သူတွေပါပဲ။ ထိခိုက်ပါစေဆိုတဲ့ ဆန္ဒလည်း ကျနော်တို့မှာ မရှိပါဘူး။
ကျနော်တို့ ဖန်တီးတဲ့ အနုပညာတခုက ထိခိုက်သွားတယ်ဆိုရင်၊ မှားသွားတယ်ဆိုရင် တကယ်ကို တောင်းပန်ပါတယ်၊ ကျနော်ဝမ်းလည်း ဝမ်းနည်းမိပါတယ်။ ကျနော်တို့ ရုပ်ရှင်လောကရဲ့ ထုံးစံအတိုင်းပါပဲ။ ဇာတ်ညွှန်းက ရေးတယ်၊ ဒါရိုက်တာက သင်ပေးတယ်၊ ကျနော်တို့ သရုပ်ဆောင်တွေက ကိုယ့်သရုပ်ဆောင်မှုကို ပီပြင်အောင် သရုပ်ဆောင် လိုက်တယ်။ ဒီသဘောလေး အတိုင်းပါပဲ။ ဒါပေမယ့်လည်း ပြဿနာ လေးတွေ ဖြစ်လာတာပေါ့” လို့ မြင့်မြတ်က ပြောပါတယ်။
ဒီလို ကိစ္စမျိုးတွေကို ပရိသတ်တွေက မကြိုက်ဘူးဆိုရင် မရိုက်တော့ဘူး ဆိုတဲ့ အကြောင်း၊ နောက်ထပ် ဒီလို ကိစ္စတွေ မဖြစ်အောင်လည်း ဂရုစိုက်ပြီး သတိထားမယ်လို့ သူက ဆိုပါတယ်။
သရုပ်ဆောင် မြင့်မြတ်က ရခိုင် အဖွဲ့အစည်း တွေကိုလည်း တောင်းပန်သွားမယ်လို့ သိရပါတယ်။
ထပ်ဆင့်အကယ်ဒမီ ဒါရိုက်တာစည်သူ ကြည်စိုးထွန်းကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒါရိုက်တာတွေအပေါ်မှာ အဓိက တာဝန်ရှိတယ်လို့ သုံးသပ်ပါတယ်။
“ကျနော်က အခုရိုက်တဲ့ ဒါရိုက်တာလေးကို အပြစ်ဟြေတာ မဟုတ်ပါဘူး။ ဘယ်ဒါရိုက်တာပဲ ဖြစ်ဖြစ်ပေါ့။ ကားတကားရဲ့ အကျိုးအပြစ်ဟာ ဒါရိုက်တာပေါ်မှာ အများကြီး ရှိတယ်၊ အစကတည်းက စဉ်းစားရမယ်၊ ငါ ဒီကားတကား ရိုက်ပြီဆိုရင် ဘာတွေ လူတွေကို ဒုက္ခပေးနိုင်လဲ၊ ဘာတွေ လူတွေကို ကောင်းကျိုးပေးနိုင်မလဲ ဆိုတာလေးကို သိပ်စဉ်းစား စေချင်တာပဲ။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ ဖန်တီးလိုက်တဲ့ အနုပညာ တခုဟာ အများအတွက် ကောင်းကျိုးမရှိရင်တော့ သိပ်မကြိုက်ဘူး၊ ကောင်းကျိုးပဲ ဖြစ်စေချင်တယ်။
နောက်ပြီး သရုပ်ဆောင်ကလည်း ကိုယ်သဘောမကျရင် ငြင်းပယ်ပိုင်ခွင့် ရှိတယ်လေ။ ငြင်းပယ်ရမယ်၊ ဘယ်လိုဖြစ်သွားနိုင်တယ် ဆိုတာကို ဒါရိုက်တာက စဉ်းစားရမှာ ဖြစ်သလို၊ အထူးသဖြင့် သရုပ်ဆောင်က ပိုစဉ်းစားရမယ်။ သရုပ်ဆောင် တယောက်ဆိုတာ တခြားသူနဲ့မတူဘူး၊ သူကလူတိုင်းရဲ့ အရေခွံအောက်ကို ဝင်ရမှာလေ၊ ဒါကြောင့် စာတွေလည်း များများဖတ်ရမှာ ဖြစ်သလို၊ လူမျိုးစုံနဲ့ သင့်တင့်အောင် ပေါင်းသင်းဆက်ဆံ တတ်ရမယ်။
သရုပ်ဆောင်တယောက် ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး၊ ဒါရိုက်တာ တယောက် အနေနဲ့ အမှားကင်းအောင် ဆိုရင်လည်း စာများများ ဖတ်ဖို့လိုတာပဲ။ စာပေက ပေးတဲ့အသိက အလွယ်လေးနဲ့ ရနိုင်တာပဲလေ၊ ကျနော့်ရဲ့ အတွေ့အကြုံအရ ဟြေရရင် ကိုယ့်ရဲ့အတ္တကိုပဲ မကြည့်ပါနဲ့၊ ပရကိုပါ ကြည့်ပါ၊ ဒါလေးတော့ ဟြေချင်ပါတယ်၊ စာများများ ဖတ်ရင် ကိုယ့်ရဲ့ အတ္တတွေက လျော့လာပြီး ပရတွေက များလာတယ်၊ ဒါ့ကြောင့် စာဖတ်စေချင်ပါတယ်” လို့ ဦးကြည်စိုးထွန်းက ဟြေပါတယ်။
သရုပ်ဆောင် ခိုင်နှင်းဝေကလည်း အခု ဖြစ်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သရုပ်ဆောင်ဆိုတာ ဒါရိုက်တာ သင်ပေးတဲ့ အတိုင်း လုပ်ရတာ ဖြစ်တဲ့အကြောင်း၊ သရုပ်ဆောင် နာမည်ကြီးသည်ဖြစ်စေ၊ မကြီးသည် ဖြစ်စေ ဒါရိုက်တာ ချပေးတဲ့၊ သင်ပေးတဲ့ အတိုင်း ပြောရတာ ဖြစ်တဲ့အကြောင်း သူ့ရဲ့ အမြင်ကို ပြောပြပါတယ်။
“အခုဖြစ်နေတာတော့ ကြားပါတယ်။ အမှန်တကယ်တော့ သရုပ်ဆောင်တွေ ဘယ်လိုပဲ နာမည်ကြီးကြီး၊ မကြီးကြီး ဒါရိုက်တာတွေက Dialogue တွေ ချပြီး သင်ပေးနေကျ ဆိုတော့ သူတို့သင်တဲ့အတိုင်း၊ သူတို့ခိုင်းတဲ့ အတိုင်း ကိုယ်က လုပ်ရမယ်ဆိုတဲ့ တာဝန်ရှိတော့ လုပ်လိုက်တာပေါ့နော်။ သရုပ်ဆောင်တွေကပဲ ဖန်သားပြင်ပေါ်မှာ တွေ့ရတာဆိုတော့ သူတို့ပဲ လူဟြေခံရတာ များတာပေါ့။ အမှန်တကယ်တော့ ကိုယ့်ကို ချစ်တဲ့သူတွေ၊ ပရိသတ်တွေကို စော်ကားချင်တဲ့ စိတ်နဲ့လည်း မဟုတ်ပါဘူး။ ဒါက ဇာတ်ထဲမှာ အံဝင်ခွင်ကျ ဒါရိုက်တာခိုင်းတဲ့ အတိုင်း လုပ်ရတယ်၊ ဒါကြောင့် ပရိသတ်တွေကလည်း ချစ်တဲ့စိတ်လေးနဲ့ ပြန်ဖြည့်ပြီး မြင်ပေးပါလို့ ဟြေချင်ပါတယ်။ အဲဒါဆိုရင် နှစ်ဦးနှစ်ဘက် ချစ်ချစ်ခင်ခင်နဲ့ အဆင်ပြေမှာပါ” လို့ ခိုင်နှင်းဝေက ဆိုပါတယ်။
မြန်မာ ဇာတ်ကားတွေကို အမြဲကြည့်တဲ့၊ ပရိသတ်တယောက် ဖြစ်တဲ့ ဒေါပုံမြို့နယ်မှာက မမိုးမိုးကလည်း သူ့အနေနဲ့ မြင့်မြတ်၊ အောင်ရဲလင်းနဲ့ နေမင်းတို့ပါတဲ့ ကားတွေ မလွတ်တဲ့ အကြောင်း၊ သူတို့ သရုပ်ဆောင်တာ ပီပြင်တဲ့အတွက် ကြည့်ဖြစ်တာ ဖြစ်ကြောင်း၊ အခုလို ပြဿနာ ဖြစ်တယ်ဆိုတော့ စိတ်မကောင်းဘူး ဆိုတဲ့ အကြောင်း ပြောပါတယ်။
“ကျမက အပြင်မှာ မြင့်မြတ်ကိုတော့ မတွေ့ဖူးပါဘူး။ ဒါပေမယ့် တွေ့ဖူးတဲ့သူတွေက ပြန်ဟြေပြတာ ကတော့ သဘောကောင်း တယ်တဲ့။ ကျမတို့လို ပရိသတ်တွေက ကိုယ်အားပေးတဲ့ မင်းသား၊ မင်းသမီးတွေ သဘောကောင်းမှ အားပေးချင်တာလေ။ တွေ့ဖူးတဲ့သူက မြင့်မြတ်က သဘောကောင်းတယ်လို့ ဟြေတော့ ပိုပြီးတောင်အားပေးချင်တယ်။ သူ့ရဲ့ သရုပ်ဆောင် ချက်တွေက အရမ်းကောင်းတယ်။ ဒီလိုပြဿနာ ဖြစ်တယ်ဆိုတဲ့အတွက် ကျမကပဲ မြင့်မြတ်ရဲ့ ပရိသတ်အနေနဲ့ ကြားကဝင်ပြီး တောင်းပန်ပါတယ်” လို့ ဧရာဝတီကို ဟြေပါတယ်။
“ဂျောင်း” ဇာတ်ကားရဲ့ ဇာတ်ညွှန်းရေးဆရာ သည်ခေတ်နေကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ လုပ်သင့်တာ အားလုံး လုပ်ဆောင်ပြီးပြီ ဖြစ်ကြောင်း၊ သူ့အနေနဲ့ ရိုးရိုးသားသားပဲ ဇာတ်ညွှန်းကို ရေးလိုက်တာ ဖြစ်တဲ့အကြောင်း၊ အခုလို ဖြစ်သွားတဲ့ အတွက် စိတ်မကောင်းကြောင်း ရှင်းပြပါတယ်။
“ဒီလို ပြဿနာ ဖြစ်တာကို အားလုံးရဲ့ ဆန္ဒနဲ့ အညီ လုပ်ဆောင်ပြီးပါပြီ။ အကုန်လုံးရဲ့ သဘောအတိုင်းပါပဲ။ ထူးထူးခြားခြား တော့ ဘာမှမပြောချင်တော့ဘူး၊ ကျနော် ဘုရားဟောလေးကို ကိုးကားပြီးပဲ ပြောချင်ပါတယ် … လူအချင်းချင်း စိတ်ကောက်ခြင်း ကင်းရှင်းကြပါစေ ဆိုတဲ့ စကားလေးပါ” လို့ သူက ဧရာဝတီကို ပြောပါတယ်။