SFU

“ဖြတ်လမ်းနည်း လုပ်ကြည့်တဲ့ သဘော”

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လတ်တလော မစပ်စု စိတ်ဝင်စားမိ တာကတော့ Facebook စာမျက်နှာထက်မှာ ဝတ်စားဆင်ယင်မှု ပိုင်းရော၊ သရုပ်ဆောင် ပိုင်းမှာပါ အံ့သြရလောက်အောင် ပွင့်ပွင့် လင်းလင်း ပေါ်ပေါ်ထင်ထင် ရိုက်ကူး ပြသတတ်လို့ လူသိများတဲ့ မော်ဒယ်လ် ဇွန်သဉ္ဖာပဲ ဖြစ်ပါတယ်။ သူက ၂၀၁၃ ခုနှစ် အစပိုင်းလောက် မှာ ဂျွန်လွင်ရဲ့ Stars & Models Agency က သင်တန်းဆင်း ခဲ့ပါတယ်။

ဇွန်သဉ္ဖာက မှော်ဘီ GTC ကနေ B.E ရော M.E ပါဘွဲ့များပါ ရယူခဲ့ပြီးမှ မော်ဒယ်လ် လောကကို ဝင်ရောက်လာသူလည်း ဖြစ်ပါတယ်။ ပေါ်တင်ကျလွန်းတဲ့ Sexy ဓာတ်ပုံတွေကိုသာ ရိုက်ကူးနေပေမယ့်၊ သရုပ်ဆောင်ပိုင်းကို ပိုပြီး သဘောကျ ပါတယ်ဆိုတဲ့ ဇွန်သဉ္ဖာက “ဿွာနတ္တ”ဆိုတဲ့ ဗီဒိယို ဇာတ်ကားကို ခေါင်းဆောင်မင်း သမီးအဖြစ် ရိုက်ကူးထားပြီး တခြား ဗီဒီယို ဇာတ်ကား အနည်းငယ်မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ ဖူးပါတယ်။

Sexy ကျလွန်းတဲ့ ဓာတ်ပုံတွေကြောင့် အင်တာနက်ပေါ်က တခြားဝက်ဘ်ဆိုက် တွေမှာပါ သူ့ဓာတ်ပုံတွေကို ဖော်ပြခံနေရတဲ့ မော်ဒယ်လ် ဇွန်သဉ္ဖာရဲ့ Facebook မှာ သူငယ်ချင်း ငါးထောင်နီးပါးရှိပြီး Followers ပေါင်း ၂ သောင်း နီးပါး ရှိနေပါတယ်တဲ့။

အွန်လိုင်းပေါ်မှာ မြန်မာပြည်ရဲ့ Nicki Minaj (အမေရိကန် အမျိုးသမီး Rap အဆိုတော်၊ သရုပ်ဆောင်) လို့ လူသိများတဲ့ တောင်ကြီးသူ ဇွန်သဉ္ဖာကို သူရိုက်ဖြစ်နေတဲ့ Sexy ဓာတ်ပုံတွေ ဘာကြောင့် ဘယ်လို ရိုက်ဖြစ်နေလဲ၊ ဒီအပေါ်ကိုရော သူ့ရဲ့ ခံစားချက် ဘယ်လိုရှိသလဲ ဆိုတာကို ဧရာဝတီ သတင်းထောက် မစပ်စုက မေးမြန်းစပ်စု ထားပါတယ်။

မေး။     ။ အခုလို အမူအရာပိုင်းနဲ့ ဝတ်စားဆင်ယင်မှု ပိုင်းမှာ ပွင့်ပွင့်လင်းလင်းနဲ့ သရုပ်ဆောင် ရိုက်ကူးထားတဲ့ ဓာတ်ပုံ တွေကို ဘာကြောင့် Facebook ပေါ် တင်ဖြစ်ရတာပါလဲ။

ဖြေ။     ။ အစကတော့ ဘာရယ်မဟုတ်ဘူး။ ပုံတွေကို ဒီအတိုင်း ရိုက်ပြီးတင်တာပါပဲ။ ဒါပေမယ့် အားပေးတဲ့သူတွေ များလာတဲ့အတွက်ကြောင့် သူတို့ကလည်း ဒီလိုပုံစံမျိုးကို ကြိုက်တဲ့အတွက် ထပ်ပြီးတော့ Sexy ပုံစံတွေပဲ ရိုက်ဖြစ်သွားတာပါ။ ကိုယ့်မျက်နှာက Cute လည်း မဖြစ်ဘူး၊ Cute ပုံစံက ကိုယ်နဲ့လည်း မလိုက်တဲ့အတွက်၊ ကိုယ့်မှာလည်း အားသာချက်က ခန္ဓာကိုယ် အလှ ရှိတဲ့အတွက် Sexy ပိုင်းကို ဦးစားပေးရင်းနဲ့ တောက်လျှောက် Sexy ပုံစံပဲ ဖြစ်သွားတာပါ။ နောက်ပိုင်းလည်း အဲဒီလို Sexy ပုံတွေပဲ ရိုက်ဖြစ်ဖို့ များပါတယ်။ ကိုယ့်ကို ပြန်ပြီး ပြောကြတဲ့ ပရိသတ်တွေကလည်း Sexy ပုံတွေပဲ ရိုက်စေချင်တာ များတော့ သူတို့အားပေးတဲ့ နောက်ကို လိုက်ရင်းနဲ့ Sexy ပုံတွေပဲ ရိုက်ဖြစ်သွားတာပါ။

မေး။     ။ ဇွန်သဉ္ဖာ ရိုက်ဖြစ်တဲ့ ဓာတ်ပုံတွေက Facebook မှာပဲ သုံးဖို့လား။ ဒါမှမဟုတ် ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာရော အသုံးပြုဖို့ သီးသန့် ရိုက်ဖြစ်တာမျိုးကော ရှိလား။ ဒီလို ဓာတ်ပုံတွေကို ပြည်တွင်း ဂျာနယ်တွေမှာကော သုံးလို့ရလား။

ဖြေ။     ။ အရင်တုန်းကတော့ ကိုယ့်ဖာသာကိုယ် ဝါသနာပါလို့ ရိုက်ဖြစ်တာရှိတယ်။ နောက်ပိုင်း ကျတော့ ဂျာနယ်အတွက် ရိုက်ပေးတာတွေ များပါတယ်။ ဂျာနယ် လေးငါးခုလောက် အတွက် ရိုက်ဖြစ်တယ်။ သူတို့ ဂျာနယ်မှာ မပါခင် Facebook မှာ ကိုယ်က အရင်တင်ဖြစ်တယ်။ Facebook မှာ အရင်သုံးတယ်။ တချို့ကျတော့ Facebook မှာ အရင်တင်ပြီးတော့မှ ဂျာနယ် အတွက် ဓာတ်ပုံလိုချင်တယ် ဆိုတော့မှ Facebook ကပုံကို ပေးလိုက်တာမျိုးလည်း ရှိပါတယ်။ ပုံတွေက နှစ်မျိုးစလုံး အတွက် အဆင်ပြေတယ်။ Facebook မှာလည်း သုံးတယ်၊ ဂျာနယ်အတွက် လည်းသုံးပါတယ်။ ဂျာနယ်တွေကျတော့ သူတို့ဘက်က လာကမ်းလှမ်းတော့မှ Facebook မှာ ရှိပြီးသား၊ ပေါက်ပြီးသား ပုံလေးတွေ ပေးလိုက်ဖြစ်တာပေါ့။ သူတို့အတွက် သက်သက် မရိုက်ဖြစ်တော့ဘူးပေါ့။ တချို့ အရမ်း ဟော့တာတွေ ကျတော့ သူတို့မထည့်ရဲတာလည်း ရှိတယ်၊ ဒါပေမယ့် တချို့ကျတော့ ထည့်ရဲတယ်။ ကျမ ရိုက်ထားတဲ့ အပေါ်က ဘရာအနက်နဲ့ ရက်ပါ ပုံစံဆိုရင် ဂျာနယ်တခုက ထည့်မယ်လို့ ပြောတယ်။ တချို့ကျတော့လည်း ထည့်ရဲတယ်၊ တချို့ကျတော့လည်း မထည့်ရဲဘူး။ အဲဒီလိုတော့ ရှိပါတယ်။

မေး။     ။ ဇွန်သဉ္ဖာ ရဲ့ Facebook က ဓာတ်ပုံတွေကို တချို့လူတွေက ရိုင်းရိုင်းစိုင်းစိုင်း ပြောထားတာတွေ တွေ့ရတော့ အဲဒီ အပေါ်ကိုရော ဘယ်လို သဘောရလဲ။ ဒီလိုပုံတွေ ရိုက်ရင်၊ တင်ရင် ဒီလို ပြောကြမှာပဲ ဆိုတာကို သိရက်နဲ့ တင်ဖြစ်တာလား။

ဖြေ။     ။ တချို့တွေ တော်တော် မိုက်မိုက်ရိုင်းရိုင်း ရေးထားတာတွေ ရှိပါတယ်။ အရမ်းကြီး ကိုယ်မခံနိုင်လောက်တဲ့ အရာမျိုး ဆိုရင်တော့ သူတို့ကို ဘာမှ ပြန်ပြော မနေတော့ဘူး။ အဆင်မပြေဘူးဆိုရင် ဘလော့ဂ် လိုက်တယ်။ ဒါပေမယ့် တချို့ ရေးထား တာတွေက အရမ်းကြီး မရိုင်းဘူး။ ကိုယ်တင်ထားတဲ့ ပုံနဲ့လည်း သူတို့စာတွေက စပ်ဆက်မှု ရှိနေတယ် ဆိုရင် သူတို့က အချိန် ပေးပြီး ကိုယ့်ကို လာရေးပေးထားတဲ့ အတွက် ဖြစ်နိုင်ရင် သူတို့ ကွန်မန့်တွေကို Delete မလုပ်ဘူး။ ဒီအတိုင်းပဲ ထားတာ များ တယ်။ ဒါပေမယ့် တချို့ကျတော့လည်း ပြောတယ်၊ အရမ်းမရိုင်းပေမယ့် ဖျက်ပစ်လိုက်ပေါ့။ ကိုယ်က မဖျက်ချင်ဘူးဆိုတာ သူတို့ကို Respect ပေးတာပေါ့နော်။ သူတို့ အချိန်ကုန်ခံပြီး ကျမ ပေ့ချ်ကို ကွန်မန့် လာပေးထားတဲ့ အချိန်အတွက် လေးစားတဲ့ အနေနဲ့ မဖျက်ပါဘူး။ သိရက်နဲ့ လုပ်ဖြစ်တာပါ။ လူတွေ ဝေဖန်မယ်၊ မျိုးစုံပြောမယ် ဆိုတာလည်း ကြိုသိတယ်။ အဲဒီလိုပဲ သူတို့ပြောသလို အားပေးတဲ့ သူတွေကလည်း ရှိနေတော့ လုပ်ချင်တာကိုပဲ ဦးစားပေးပြီး လုပ်ဖြစ်သွားတာပါ။ များသော အားဖြင့် သူတို့ ပြောတာတွေကို သိသိနဲ့ လုပ်တာများပါတယ်။

မေး။     ။ ဒါကို နာမည်ကြီးချင်လို့ လုပ်တာလားဆိုတဲ့ အမေးအပေါ် ဇွန်သဉ္ဖာ ဘက်က ဘာပြောစရာရှိပါသလဲ။

ဖြေ။     ။ အမှန်အတိုင်း ပြောရရင်တော့ နာမည်ကြီးချင်လို့ လုပ်တာ ပါပါတယ်။ အဓိကကတော့ ကိုယ်က နာမည်ကြီး သွားမယ်၊ Facebook ကနေ လူသိများမယ်၊ အဲဒီကနေတဆင့် အနုပညာလောကက ဒါရိုက်တာတွေ၊ အနုပညာ သမားတွေနဲ့ ရင်းနှီးမှုရမယ်။ အဲဒီကနေမှ အလုပ်တွေ အများကြီး လုပ်နိုင်တယ်ပေါ့။ ပြီးတော့ မြန်မြန် နာမည် ကြီးချင်လို့ ထိုးဖောက်တာ လည်း ပါပါတယ်။ ကိုယ်က ဘွဲ့ရပြီးပြီ၊ အသက်ကလည်း ၂၃ နှစ်ရှိပြီ၊ ၁၆ နှစ် သမီးလောက်က စလုပ်တာ ဆိုရင်တော့ ဖြည်းဖြည်းချင်း သွားလို့ရပေမယ့် ကိုယ့်အသက် အရွယ်နဲ့ကျတော့ အဲဒီလို တဖြည်းဖြည်းချင်း သွားနေရင် ဖြစ်ချင်မှ ဖြစ်မှာဆိုတော့ ဘာရယ် မဟုတ်ပါဘူး။ နောက် ကိုယ့်ကို အနုပညာ လုပ်ခွင့်ကလည်း အိမ်က တနှစ်၊ နှစ်နှစ်လောက်ပဲ ခွင့်ပြုထားတာ ဆိုတော့ အဲဒီအတောအတွင်း လေးကို မြန်မြန်လေး ပေါက်သွားအောင် ဆိုပြီးတော့ ဖြတ်လမ်းနည်း လုပ်ကြည့်တဲ့ သဘောလည်း ပါပါတယ်။ အိမ်က နှစ်နှစ်လောက် နေပြီးတော့မှ မအောင်မြင်နိုင်ဘူး ဆိုရင်တော့ မိဘတွေက ပညာရေးဘက်ကို ပြန်လုပ်စေချင် ပါတယ်။ အဲဒီကျရင် ကိုယ်ကလည်း တခုခုတော့ ပြန်စဉ်းစားရမှာပေါ့။ အဲဒါကတော့ လောလောဆယ် ဆက်လုပ်ဖြစ်၊ မလုပ်ဖြစ် ဆိုတာကတော့ အတိအကျ ပြောလို့မရသေးပါဘူး။

မေး။     ။ တခြား နိုင်ငံတကာ မိန်းကလေးတွေနဲ့ မတူဘဲ မြန်မာမိန်းကလေး ဆိုတဲ့ ကန့်သတ်ချက် စည်းတွေ ဘောင်တွေများ လွန်းတဲ့ မြန်မာလူမျိုး မိန်းကလေး တယောက်အနေနဲ့ အခုလို Sexy ဆန်တဲ့ Pose တွေကို လုပ်နိုင်တဲ့ ဇွန်သဉ္ဖာရဲ့ ခံစားချက်က ဘယ်လို ရှိမလဲ။

ဖြေ။     ။ အဓိကက လုပ်နိုင်တယ်ဆိုတာကလည်း ပရိသတ်က Facebook က စပြီး တောင်းဆိုလို့ပါ။ သူတို့ရဲ့ တောင်းဆို ချက်ကြောင့် ဆက်ပြီးတော့ လုပ်ရဲသွားတာပါ။ သူတို့သာ ဆက်အားမပေးဘူး ဆိုရင် လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ရပ်သွား မယ်လို့ ထင်ပါတယ်။ ပုံတပုံ တင်လိုက်ရင် သူတို့အားပေးတဲ့ Like တွေ Comment တွေက ဆက်လုပ်ဖို့ အတွက် အများကြီး ဖြစ်စေပါတယ်။ အဓိကကတော့ သူတို့ကြောင့်ပါပဲ။

မေး။     ။ Sexy ဆန်တဲ့ ဓာတ်ပုံတွေရဲ့ ဘေးမှာ များသောအားဖြင့် တွေ့ရတတ်တဲ့ ကွန်မန့်တွေက ဒီလောက်တောင် ပြချင် နေရင် နိုင်ငံဂုဏ်လည်း ဆောင်နိုင်မယ့် နိုင်ငံတကာ မယ်ပြိုင်ပွဲတွေမှာ အကျိုးရှိရှိ ဖော်ချွတ် ပြပါလားဆိုတဲ့ အပြောတွေပါပဲ။ အဲဒီအပေါ်ကိုရော ဘယ်လို သုံးသပ်ချင်ပါသလဲ။

ဖြေ။     ။ သူတို့ကိုတော့ ကျေးဇူးတင်ပါတယ်။ ကိုယ့်ကို ဒီလိုမျိုးပြိုင်စေချင်တဲ့ အတွက်ကြောင့်ပါ။ ဒါပေမယ့် ကိုယ့်အနေနဲ့ ကျတော့ အဲဒီလောက်အထိ ယုံကြည်မှု မရှိဘူးလို့ ပြောလို့ရပါတယ်။ နောက်ပြီး အဲဒီလို ဝင်ပြိုင်ပြီးတော့ မရတဲ့အခါမှာ ဖြစ်လာမယ့် စိတ်ဓာတ်ကျမှုကိုလည်း မခံစားနိုင်ဘူး။ အဲဒါကြောင့် များသောအားဖြင့် ပြိုင်ပွဲတွေ ဝင်မပြိုင်ဖြစ်ဘူး။ ကိုယ့် ပုံစံကလည်း မော်ဒယ်လ် တယောက်နဲ့ မတူဘဲ မယ်တယောက်လို ဖြစ်နေတော့ စင်ပေါ်မှာ များသောအားဖြင့် နိုင်ငံတကာက မော်ဒယ်လ်ပုံစံတွေပဲ ရွေးတော့လေ မရနိုင်ဘူးလို့ တွက်ထားလို့ မပြိုင်ဖြစ်တာလည်း ပါပါတယ်။

မေး။     ။ နိုင်ငံတကာ မှာလည်းရှိပါတယ်။ လိင်အသားပေး ဓာတ်ပုံတွေ၊ ဗီဒီယိုတွေသာ သီးသန့်ရိုက်ကူးလေ့ရှိတဲ့ မော်ဒယ်လ် သရုပ်ဆောင် ဆိုတာပေါ့။ ဆိုတော့ ဇွန်သဉ္ဖာ ဖန်တီးချင်တဲ့ ရှေ့လျှောက် အနုပညာပုံရိပ်က ဘယ်လို ဖြစ်မလဲ။

ဖြေ။     ။ ကျမ အဓိက ဖြစ်ချင်တာကတော့ သရုပ်ဆောင် ဖြစ်ချင်တာပါ။ သရုပ်ဆောင်ပိုင်းကို ဦးတည်ရင်းနဲ့မှ မော်ဒယ်လ်လည်း ဖြစ်ဖို့ လိုအပ်တယ်လို့ ထင်လို့ မော်ဒယ်လ် သင်တန်းတွေတက်ပြီး Facebook ကိုလည်း ဓာတ်ပုံတွေ တင်ဖြစ်တာပါ။ အဓိကကတော့ သရုပ်ဆောင် လုပ်မှာဖြစ်တဲ့အတွက် နောက်ပိုင်းကျရင် ဓာတ်ပုံရိုက်ရင် ဒါကတော့ ဓာတ်ပုံ အနေနဲ့ ရိုက်တာပေါ့။ Sexy photo အနေနဲ့ Sexy pose အနေနဲ့ပဲ ရိုက်မှာပါ။ လိင်အသားပေးတို့ ဘာတို့ အထိတော့ သွားဖို့မရှိပါဘူး။ Sexy ဆိုရင် တော့ Sexy လိုင်းတလိုင်းပဲ ရိုက်မယ်။ ဖြစ်ချင်တာကတော့ သရုပ်ဆောင် ဖြစ်တဲ့အတွက် သရုပ်ဆောင်ပိုင်းကို ဦးစားပေးပြီး လှုပ်ရှားသွားဖို့ရှိပါတယ်။

မေး။     ။ လက်ရှိ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာကို သွားပြိုင်နေတဲ့ မယ်တွေကိုတောင် ရေကူးဝတ်စုံနဲ့ တွေ့ရင် အမျိုးမျိုး ဝေဖန်ချင် နေတာဆိုတော့ အဲဒီအပေါ်ကိုရော ဘယ်လိုမြင်လဲ။

ဖြေ။     ။ ကျမကတော့ သဘောကျပါတယ်။ မိန်းမတယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ တကယ့်အလှကို အဲဒီတော့မှ အစအဆုံး မြင်ရတာပါ။ မယ်တယောက်ရဲ့ အလှအပကို ဒီလို ဝတ်ပြီးပြတယ်၊ ဒါကို စိတ်ထဲမှာ ဟော့တယ်၊ ရိုင်းတယ်လို့ မထင်ပါဘူး။ အရင်ခေတ်က မယ်တွေလည်း ဒီလိုမျိုး ဝတ်ခဲ့ရတာ ဆိုတော့လေ။ သူတို့ အခုလို နိုင်ငံတကာနဲ့ ယှဉ်တဲ့ အခါမှာ ဒီလို ဝတ်တယ် ဆိုတာကလည်း ခန္ဓာကိုယ် တခုလုံးမှာ ချွင်းချက် မရှိအောင် လှတယ်ဆိုတာကို ပြသတဲ့အတွက် သဘောကျ ပါတယ်။ အခုလိုမျိုး မယ်တွေအနေနဲ့ ရေကူးဝတ်စုံ ဝတ်ပြီး ပြိုင်ရတဲ့အခါ မြန်မာပရိသတ်တွေ အနေနဲ့ ဝိုင်းပြီး ဝေဖန်ကြ တယ်ပေါ့။ သူတို့ ပြောတာတွေကို စိတ်ထဲမှာ ထားမနေဘဲ ကိုယ်လုပ်စရာ ရှိတာကို ရှေ့ဆက် လုပ်သွားရမယ်လို့ ကျမ ခံယူပါတယ်။ ဒီလို ပြိုင်ပွဲဝင်တဲ့အခါမှာ နိုင်ငံတကာ အဆင့်မီ ကိုယ့်ခန္ဓာကိုယ်မှာ ရှိတဲ့ အလှအပ အကုန်လုံးကို ပြခွင့်ရတယ်။ ကိုယ့်နိုင်ငံ ဂုဏ်ဆောင်နိုင်တဲ့ အတွက် ကိုယ့်ဘာသာကိုယ် ဂုဏ်ယူရမှာ၊ ကိုယ့်အလှကို ကမ္ဘာကို ချပြခွင့် ရတဲ့အတွက် ဂုဏ်ယူရမှာပါ။ အမြင်မတူသူတွေ ကတော့ ရှိမှာပေါ့လေ။ ဒါပေမယ့် အကုန်လုံး အကြိုက်ကို လိုက်ဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ ကိုယ်လုပ်စရာ ရှိတာကို ကိုယ့်ခံယူချက်နဲ့ကိုယ် ရှေ့ဆက်သွားဖို့ လိုပါတယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading