SFU

ခင်ဝင့်ဝါရဲ့ လျော်ကြေး တချို့ကိုလှူမယ့် ဂျွန်လွင်နဲ့ စကားစမြည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

Star & Model Agency နဲ့ စာချုပ်ချုပ်ဆိုထားတာကို ဖျက်သိမ်းပေးဖို့ လျော်ကြေး အနေနဲ့ Miss Supranational ပြိုင်ပွဲမှာ မြန်မာ့ ဂုဏ်ဆောင်နိုင်ခဲ့တဲ့ ခင်ဝင့်ဝါက လျော်ကြေး ကျပ်သိန်း ၃၀ ပေးခဲ့တဲ့အတွက် အေဂျင်စီရဲ့ ဦးဆောင်သူ ဂျွန်လွင်က ဒီငွေထဲက တချို့ကို လှူပြီး ကျန်တာနဲ့ ဖိနပ်ကောင်းကောင်း ဝယ်စီးမယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ပုပ္ပါးမှာ ရေကန်ပြင်မယ်လို့ ခင်ဝင့်ဝါဦးလေး ရန်ကုန် ဦးဝင်းလှိုင်က ဟြေလို့ ကျနော်က သူ့ကို ခင်ဗျားတူမ လျော်ထားတဲ့ ငွေ သိန်းသုံးဆယ်ထဲက ခင်ဗျားကို ငါးသိန်းလှူတယ် ဆိုပြီး ရေကန်ပြင်ဖို့ ကျနော်လှူခဲ့တယ်။ ၂၅ သိန်း ကျန်တယ်။ ဘန်ကောက် မှာ ဖိနပ် မှာထားတယ်၊ ၂၈ ရက်နေ့ ဘန်ကောက်ကို ရောက်မယ်။ အဲဒီမှာ သွားယူမယ်။ ဖိနပ်က ၂၈ သိန်း တန်တယ်” လို့ ဂျွန်လွင်က ဆိုပါတယ်။

ခင်ဝင့်ဝါဟာ ဂျွန်လွင်နဲ့ စာချုပ်ရှိထားပေမယ့် တဘက် ကုမ္ပဏီနဲ့ တနှစ်စာ ကျပ်သိန်းတထောင် စာချုပ် ထပ်ချုပ်ခဲ့တာကြောင့် ဂျွန်လွင့်ထံကို ခင်ဝင့်ဝါရဲ့ အဒေါ်က ခင်ဝင့်ဝါ ကိုယ်စား လျော်ကြေး ကျပ် သိန်းသုံးဆယ် ပြန်လျော် ပေးခဲ့တာလို့ သိရပါတယ်။

“ကျနော်တို့ဆီမှာ အေဂျင်စီ စာချုပ်ရှိတယ်။ ခင်ဝင့်ဝါရဲ့ အဒေါ်က ရောက်လာတယ်၊ ဟိုဘက်က ကုမ္ပဏီက ကျမတို့ကို သိန်းတထောင်နဲ့ ချုပ်ထားပါတယ်တဲ့၊ အဲဒါကြောင့် သိန်းတထောင်နဲ့ ချုပ်ထားတော့ကျမတို့က သိန်းတထောင် ဟိုဘက်ကို မလျော်နိုင်င်ပါဘူးတဲ့၊ စော်ကားတယ်လည်း မထင်ပါနဲ့ သိန်းသုံးဆယ်ကို လက်ခံပြီးတော့ စာချုပ်ကို ပယ်ဖျက်ပေးပါဆိုတော့ ကျနော်က ဘာဟြေရမှာလဲ။ ခင်ဝင့်ဝါက အဲဒါကို အင်တာဗျူးတွေထဲမှာ ဟြေတာက ကောလာဟလပါလို့ ဆိုတော့ အဲဒါကို ကျနော်က ဘာလုပ်ရမှာလဲ။ ကျနော့်အတွက်ကတော့ သိန်းသုံးဆယ်လည်း ရတယ်၊ သူက ကျနော်နဲ့ လက်မတွဲချင်လို့ သူ့အဒေါ်က လာပြီးလျော်တယ်၊ ဒါကြောင့် ကျနော့်အနေနဲ့ကျေနပ်တယ်၊ ကျေနပ်တော့ သူ့အလုပ်သူဆက်လုပ်တယ်၊ ဒါပါပဲ” လို့ ဂျွန်လွင်က ဧရာဝတီကို ရှင်းပြပါတယ်။

သူ့သင်တန်းမှာတော့ သင်တန်းတက်တဲ့ သူတွေ စည်းစနစ်ရှိအောင် အေဂျင်စီ စာချုပ်နဲ့ ချုပ်ထားတယ်၊ သင်တန်းဆင်းတဲ့ နေ့မှာ မော်ဒယ်လ် တယောက်ကို သဘောကျတယ်ဆိုရင် အဲဒီမော်ဒယ်လ်နဲ့ စာချုပ်ချုပ်တယ်လို့ သိရပါတယ်။

“ကျနော့်တို့ဆီမှာ သင်တန်းတက်တဲ့ သူတွေလည်း ကျနော့်သင်တန်းက စည်းကမ်းတွေ၊ အချက်အလက်တွေကို သိတာမှ Clearly ပါပဲ၊ ကျနော်စာချုပ်ချုပ်ကတည်းက သူတို့ဆီက လျော်ကြေးလိုချင်လို့လည်း မဟုတ်ဘူး၊ ကျနော်တို့ ပွဲတပွဲလုပ်ရင် စည်းနဲ့ဘောင်နဲ့ လုပ်လို့ရအောင်၊ လူတွေခေါ်ရင် စည်းကမ်းရှိအောင်၊ စည်းနဲ့ဘောင်နဲ့ စာချုပ်ချုပ်မှသူတို့က ကြောက်မှာလေ၊ မဟုတ်ရင် သူတို့ကလာချင်လာမယ်၊ မလာချင်မလာဘူး၊ ကျမ ဒီနေ့မနက် မအားပါဘူးလို့ လုပ်ချလိုက်ရင် ကျနော်က ဘယ်လို အလုပ်လုပ်ရမှာလဲ။ သူ့အိမ်ရှေ့မှာ သွားအော်ဆဲရမှာလား။ အဲဒါကြောင့် စည်းနဲ့ဘောင်နဲ့ လုပ်ထားတာပါ” လို့ ဂျွန်လွင်က ဆက်ပြောပါတယ်။

သူ့ရဲ့ အေဂျင်စီသက်တမ်း တလျှောက်လုံးမှာ ချောရတနာက လျော်ဖူးကြောင်း၊ နောက်ပိုင်းမှာ ချောရတနာက သူတို့နဲ့ ဆက်လက် လက်တွဲကြောင်း၊ ချောရတနာရဲ့ ညီမ သန္တာဗိုလ်ကလည်း သူတို့ အေဂျင်စီမှာပဲ အလုပ်လုပ်ကြောင်း သူက ဆိုပါတယ်။

“အခု နောက်တယောက် လျော်တာက ခင်ဝင့်ဝါပေါ့နော်။ ဒါပေမယ့် ကျနော့်အနေနဲ့ ဘာမှခံစားချက်မရှိဘူး၊ ဘာလို့လဲ ဆိုတော့ ကျနော်နဲ့ ပြဿနာဖြစ်တဲ့ မော်ဒယ်လ် တော်တော်များများက ကျနော့်ကို လာတောင်းပန်လိုက်တယ် ဆိုရင် ကျနော်က ဘာမှ အရေးယူခြင်းလည်းမရှိဘူး၊ အခု သူတို့က ကျမတို့ဟိုဘက်ကို သိန်းတထောင် မလျော်နိုင်ပါဘူး၊ ကျနော့်ရဲ့ သိန်းသုံးဆယ်ကတော့ ပေါလို့ပေါ့နော်၊ ရှင်းရှင်းလင်းလင်း ဟြေရရင် ပေါတဲ့အတွက် လာလျော်နိုင်တယ် ဆိုတော့ ဒါကို ကျနော် လက်ခံရမယ်လေ။ ဒါကိုကျနော်က လျော်ခွင့် မပေးနိုင်ဘူး၊ ငါနဲ့ပဲ ဆက်လုပ်ပါဆိုပြီး ဒူးထောက် တောင်းပန် ရအောင်လည်း အကြောင်းမရှိဘူး။ ဘာလို့လဲဆိုတော့ ကျနော့် အေဂျင်စီက မြန်မာနိုင်ငံမှာတင် မကဘူး၊ ကမ္ဘာကပါ သိထားတဲ့ အေဂျင်စီ ဖြစ်နေတဲ့ အတွက်ကြောင့် ကျနော်တို့က ဘယ်သူ့ကိုမှလည်း တောင်းပန်မှာ မဟုတ်ဘူး။ လုပ်ချင်ရင် ပွင့်ပွင့်လင်းလင်း လာလုပ်လို့ရတယ်၊ ထွက်ချင်ရင်လည်း ပွင့်ပွင့်လင်းလင်း ထွက်လို့ရတယ်။ ဒါပေမယ့် ကျနော်တို့ ကုမ္ပဏီသည် ဘုရားလည်း မဟုတ်သလို၊ ဇရပ်လည်း မဟုတ်တဲ့အတွက် ဝင်ချင်တဲ့အချိန်ဝင်ပြီး ထွက်ချင်တဲ့အချိန် ထွက်လို့မရဘူး။ ရွှေတိဂုံဘုရား တောင်မှပဲ သတ်မှတ်တဲ့ အချိန်မှာပဲ ဝင်လို့ရသလို၊ သတ်မှတ်တဲ့အချိန်မှာပဲ ထွက်ပေးရတယ်။ ဒါကြောင့် စည်းနဲ့ဘောင်နဲ့ ကတော့ အမြဲတမ်း ရှိနေရမယ်” လို့ ဂျွန်လွင်က ဟြေပါတယ်။

သူ့ရဲ့ အေဂျင်စီမှာ မင်းသားမင်းသမီး အများစု စာချုပ်နဲ့ အလုပ်လုပ်ခဲ့ပေမယ့် ပြဿနာ မရှိခဲ့ဘူး၊ အောင်ရဲလင်း၊ မြင့်မြတ်၊ ရွှေမှုံရတီ စတဲ့ နာမည်ရ အောင်မြင်တဲ့ သူတွေအပြင် Miss Now How ရထားတဲ့ နှင်းယမုံဦးလည်း Star & Model Agency နဲ့ စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

ခင်ဝင့်ဝါ အလှည့်ကျမှ စိတ်အနှောင့်အယှက် အနည်းငယ် ဖြစ်ရတယ်လို့ ဂျွန်လွင်က ဆိုပါတယ်။

“ဒါပေမယ့် သူက ကျနော့်ဘဝမှာ သေးမွှားတဲ့ အမှုန်လေးတခုလို့ပဲ ကျနော်မြင်တယ်၊ ပိုက်ဆံ သိန်းသုံးဆယ် လာလျော်တယ်၊ထွက်တယ်၊ ကျနော့်အနေနဲ့ မြင်တာက သူ့အဒေါ် ဟြေတဲ့စကားကတော့ ကျမတို့က သိန်းတထောင်တော့ မလျော်နိုင်ဘူး၊ ဒီလူနဲ့တော့ တနှစ် လက်တွဲရမယ်၊ တနှစ်ပြည့်ရင် ကျမတူမကို လက်ဆွဲပြီး ပြန်လာပါ့မယ်တဲ့။ ကျနော်ကတော့ အစ်မ ပြန်လာချင်လည်းလာ၊ ကြိုက်တဲ့အချိန် ပြန်လာလို့ရတယ်။ အလုပ်ကတော့ အနုပညာ ခွင်ထဲမှာ အစ်မတို့နဲ့ ကျနော်တို့ တွေ့နေကြဦးမှာပဲ၊ ဘာမှပြဿနာမရှိဘူး၊ ဟိုဘက်ကနေ အင်တာဗျူးထဲမှာ ဖြေထားတာက ကျနော်တို့က အဲဒီလိုတွေ စာအချုပ် ချုပ်မထားပါဘူး ဆိုပြီး ဟြေတာကို စာနယ်ဇင်းသမားတွေက အဲဒါကို လက်ခံတယ်ဆိုတော့ စာနယ်ဇင်းတွေက စာချုပ်ကို တောင်းမကြည့်ဘူးလား၊ ဘာလို့ တောင်းမကြည့်ဘဲ ဒီဟာကို ဒီအတိုင်းရေးတာလဲ၊ သူတ့ိုဟြေတာကိုပဲ ယုံမှာလား” လို့ သူက ဆက်ဟြေပါတယ်။

သူ့အေဂျင်စီကနေ သင်တန်းဆင်းတာနဲ့ အလုပ်လုပ်ချင်ရင် စာချုပ်ချုပ်ရမယ်၊ စာချုပ်မချုပ်ရင်တော့ အလုပ်မလုပ်ဘူးလို့လည်း သင်တန်းစည်းကမ်းနဲ့ အလုပ်စည်းကမ်းကို သူက ရှင်းပြပါတယ်။

“ဥပမာ Forever Wedding Studio ကနေ ကျနော်တို့နဲ့ ပွဲလုပ်မယ်။ အဲဒီမှာ သူတင်လာတဲ့သူတွေ ရှိတယ်၊ အဲဒီလူတွေက ကျနော်နဲ့ အလုပ်မလုပ်ထားဘူး၊ အဆက်အစပ်လည်း မရှိဘူး၊ စာချုပ်လည်း မရှိတဲ့အတွက် ကျနော်လည်း မလုပ်ပါဘူး။ ကုမ္ပဏီက မကျေနပ်ရင် မလုပ်နဲ့၊ ဂျွန်လွင်ကလည်း ပွဲကို အပ်ပါဆိုပြီးတော့ မနက်မိုးလင်းတာနဲ့ ထိုင်ဖုန်းဆက်ပြီး Marketing ဆင်းနေတဲ့သူထဲမှာ မပါဘူး။ ကျေနပ်ရင်အပ်၊ မကျေနပ်ရင် မအပ်နဲ့၊ ကုမ္ပဏီက ပိုက်ဆံပေးတာ မှန်တယ်။ ဂျွန်လွင်က ကိုယ်လုပ်ချင်တဲ့ သူနဲ့ လုပ်မယ်။ မကျေနပ်ရင် လာမအပ်နဲ့၊ ကျနော်လည်း စိတ်မဝင်စားဘူး” လို့ သူက ဆက်ဟြေပါတယ်။

သူ့အေဂျင်စီကို ချောရတနာ လာလျော်စဉ်ကလည်း သုံးသိန်းကို လူမှုရေး ကိစ္စတခုအတွက် လှူလိုက်တဲ့အကြောင်း ဂျွန်လွင်က ပြောပြပါတယ်။

“FMI Center မှာ ချောရတနာရယ်၊ ကျနော်ရယ်၊ ဦးမြတ်ခိုင်ရယ် သုံးယောက်တိုင်ပင်ပြီးတော့ လှူလိုက်တယ်။ အခုတော့ လှူချင်လည်း လှူမယ်၊ မလှူချင်လည်း မလှူဘူး။ ဒါကျနော့်ပိုက်ဆံ ဖြစ်သွားပြီလေ။ ကျနော့်မှာ ခါးပတ်တွေကလည်း အများကြီးပဲ၊ အိတ်တွေလည်း ပုံပေါနေတယ်၊ ဒါပေမယ့် ဖိနပ်က ကောင်းကောင်း မရှိသေးဘူး၊ ဖိနပ်က ဟောင်းနေတဲ့ အတွက်ကြောင့် ဖိနပ်အသစ် မှာလိုက်တယ်၊ ဒါပါပဲ” လို့ ဂျွန်လွင်က ဧရာဝတီရဲ့ မေးမြန်းချက်တွေကို ဖြေကြားပေးခဲ့ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading