[irrawaddy_gallery]
ဒုံးပျံလွှတ်မယ့် လွှမ်းပိုင်နဲ့ ထက်ထက် (Bobby Soxer)
ဒုံးပျံတေးစီးရီး VCD ကို အောက်တိုဘာ ၁၃ ရက်နေ့မှာ CMP Music Production က ဖြန့်ချိမယ်လို့ သိရပါတယ်။ ဒီအခွေက VCD မထွက်ခင် ကတည်းက လူငယ် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။
ဒုံးပျံအခွေ VCD ထွက်ရှိခြင်း စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို အောက်တိုဘာ ၃ ရက်နေ့က Central Hotel မှာ ကျင်းပ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီအခွေမှာ လွှမ်းပိုင်နဲ့ ထက်ထက်တို့ ရေးသားထားတဲ့ သီချင်းတွေလည်း ပါဝင်ပြီး သီချင်း စုစုပေါင်း ၁၈ ပုဒ် ပါဝင်ပါတယ်။
ဒုံးပျံအခွေနဲ့ ပတ်သက်ပြီး ထက်ထက်ကို မေးမြန်းကြည့်တဲ့အခါမှာ သူ့အနေနဲ့ ပရိသတ်တွေ အတွက် အများကြီး ကြိုးစားထားတယ် ဆိုတဲ့အကြောင်း၊ လွှမ်းပိုင်ကလည်း သူ့ကို အကြံတွေ ပေးတဲ့ အကြောင်း၊ သီချင်းတွေကို ညလုံးပေါက် ကြိုးစားပြီး ရိုက်ထားကြောင်း၊ အမှတ်တရတွေလည်း များကြောင်း၊ ပရိသတ် မြင်လေ့မြင်ထ မရှိတဲ့ ပုံစံတွေလည်း ရိုက်ထားကြောင်း၊ ပရိသတ်အတွက် ဆန်းဟြးအောင် လုပ်ထားကြောင်း ဟြေပါတယ်။
“ထက်တို့ သေသေချာချာ ကြိုးစားပြီး လုပ်ထားပါတယ်၊ ညလုံးပေါက် ရိုက်ရတဲ့ သီချင်းတွေလည်း ပါပါတယ်၊ ပရိသတ်တွေ အတွက် စောင့်ရကျိုး နပ်အောင်လည်း ကြိုးစားထားပါတယ်။ စုံတွဲဆိုထားတဲ့ သီချင်းတွေလောက်ပဲ ကိုလွှမ်းပိုင်နဲ့ တွဲပြီး သရုပ်ဆောင်ထားတာပါ။ တပုဒ်နဲ့တပုဒ် ရိုက်ထားတဲ့ ပုံစံတွေလည်း မတူပါဘူး။ ပရိသတ်တွေက ထက်တို့ အခွေကို အကြာကြီး စောင့်ရတဲ့အတွက် သတိထားရတဲ့ အနေအထားမှာ ရှိပါတယ်” လို့ ထက်ထက်က ဆိုပါတယ်။
သီချင်းတိုင်းကို ပရိသတ် အနေနဲ့ တပုဒ်မပြီးသေးဘူး ရှေ့ကို ကျော်သွားတာမျိုး (Next) မလုပ်အောင် ဘယ်လို ရိုက်မလဲ ဆိုတာကိုပါ ကြိုးစားထားတယ်လို့ သိရပါတယ်။
“၁၈ ပုဒ်စလုံးမှာ ပရိသတ် Next လုပ်သွားမယ့် သီချင်းမရှိဘူးလို့ ထင်ပါတယ်။ ကိုလွှမ်းပိုင်နဲ့ ထက်နဲ့ ခေါင်းချင်းဆိုင် ကြိုးစားထားတာက စွာတေးလန် သီချင်းပေါ့။ ကျန်တာတွေကတော့ ထက်နဲ့ ဒါရိုက်တာတွေနဲ့ တိုင်ပင်ပြီး လုပ်ထားတာပါ။ သူ့သီချင်းတွေကိုတော့ ကိုလွှမ်းပိုင်က သူ့ဘာသာ သေချာ စဉ်းစားပြီး လုပ်ထားပါတယ်။ သူ့ အပုဒ်တွေက တော်တော် မိုက်တယ်။ ဒီအခွေ ထွက်လာတော့ ထက်လုပ်ရတာ အမောပြေသလို၊ ပရိသတ်တွေလည်း စောင့်ရကျိုး နပ်မှာပါ” လို့ ထက်ထက်က ဧရာဝတီကို ဟြေပါတယ်။
ဒုံးပျံအခွေကို အောက်တိုဘာ ၁၃ ရက်နေ့မှာ CMP ကနေဖြန့်ချိမှာဖြစ်ပြီး Junction Square မှာလည်း Promotionပွဲ အနေနဲ့ သီဆိုဖျော်ဖြေ ရောင်းချမှာဖြစ်ကြောင်း သိရပါတယ်။
နန်းမြတ်ဖြိုးသင်းနဲ့ နန်းသူဇာတို့ကလည်း သူငယ်ချင်းတဲ့
နန်းမြတ်ဖြိုးသင်းနဲ့ နန်းသူဇာတို့ သူငယ်ချင်း နှစ်ယောက်ပေါင်းပြီး “သူငယ်ချင်း” ဆိုတဲ့ တေးစီးရီး စီဒီအခွေကို ပရိသတ် လက်ထဲ ပို့ပေးလိုက်ပြီ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က စာနယ်ဇင်း မိတ်ဆက်ပွဲ မလုပ်ဘဲ အောက်တိုဘာ ၆ ရက်နေ့က ပါရမီ စိန်ဂေဟာမှာ Promotion ပွဲ ပြုလုပ် သီဆို ဖျော်ဖြေ လက်မှတ်ရေးထိုး ရောင်းချခဲ့တာပါ။
ဒီအခွေမှာ Featuring အနေနဲ့ လွှမ်းပိုင်၊ နိုင်းဝမ်း၊ ကျော်ထွဋ်ဆွေ၊ ရဲရင့်အောင်တို့ ပါဝင်သီဆို ပေးထားပါတယ်။ တေးသီချင်း တွေကို ကိုင်ဇာ၊ ဆောင်းဦးလှိုင်၊ ရဲလေး၊ ဆိုတေး၊ သားကြီး၊ လွှမ်းပိုင်၊ ဘန်နီဖြိုး၊ ကျော်ထွဋ်ဆွေ၊ သားသား၊ ရဲရင့်အောင်၊ ဝေယံမင်းသူ၊ မှုံကြီးတို့က ရေးသားပေးထားတာ ဖြစ်ပြီး Bo Bo Music Production က ဖြန့်ချကြောင်း သိရပါတယ်။
ဒီစီးရီးနဲ့ ပတ်သက်ပြီး နန်းသူဇာက “သီချင်းပုံစံ ကတော့ အစုံပါပါတယ်။ အမြူးလေးတွေရော၊ အေးအေးလေးတွေပါ ပါတယ်။ သီချင်းစုစုပေါင်း ၁၂ ပုဒ်၊ နန်းမြတ်နဲ့ ရှုတင်တခုမှာ ဆုံတုန်း အခွေထုတ်ရအောင်လို့ ဟြေရင်း လုပ်ဖြစ်သွားတာပါ။ သီချင်း တွေကို အရမ်းတော့ မမျှော်လင့်ပါဘူး၊ တပုဒ်၊ နှစ်ပုဒ်လောက် ပရိသတ် ကြိုက်တယ်ဆိုရင်ပဲ တော်ပါပြီ။ ညီမတို့ရဲ့ သီချင်းခွေ လေးကိုလည်း ပရိသတ်တွေ ခံစားပြီး အားပေးပါဦး” လို့ ဧရာဝတီကတဆင့် ဟြေပါတယ်။
ဝါကျွတ်မှာ မင်္ဂလာဆောင်မယ့် သူတွေအတွက်
သီတင်းကျွတ်ခါနီးတော့ မင်္ဂလာဆောင်မယ့် သူတွေရဲ့ စိတ်လှုပ်ရှားမှုတွေ၊ ပြင်ဆင်မှုတွေနဲ့ အတူ မင်္ဂလာဝတ်စုံ အပါအဝင် မင်္ဂလာဆောင် တွေမှာ လိုအပ်မယ့် ကိစ္စတွေအတွက် ဝန်ဆောင်မှုပေးမယ့် ကုမ္ပဏီတွေ၊ အရောင်းဆိုင်တွေရဲ့ အပြိုင်အဆိုင် အစီအစဉ်တွေကိုလည်း မြင်လာရပါပြီ။
အဲဒီ ကုမ္ပဏီတွေ ဆိုင်တွေထဲကမှ FOREVER Wedding Dress, Photo Studio & Video ဟာ သူ့ဆိုင်ရဲ့ ၇ နှစ်မြောက် နှစ်ပတ်လည် Dream Wedding Show ပြုလုပ်မယ့် အကြောင်း စာနယ်ဇင်း ရှင်းလင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၇ ရက်နေ့က ကုန်သည်ကြီးများ ဟိုတယ်မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။
FOREVER က ဖန်တီးထားတဲ့ ဝတ်စုံဒီဇိုင်းဆန်းပေါင်း များစွာကို နာမည်ကြီး အနုပညာရှင်တွေက ဝတ်ဆင်ပြီး Star & Model Int’ Agency က ဂျွန်လွင်ရဲ့ စီစဉ်တင်ဆက်မှုများနဲ့ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။
FOREVER Dream Wedding Show ပွဲကို အောက်တိုဘာ ၂၃ ရက်နေ့ ညနေ ၆ နာရီမှာ ကုန်သည်ကြီးများ ဟိုတယ်ရဲ့ Ballroom မှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
ပွဲပြုလုပ်ရခြင်းနဲ့ ပတ်သက်ပြီး FOREVER Wedding Dress, Photo Studio & Video တည်ထောင်သူ ဒေါ်သူဇာနှင်းက သူတို့ဆိုင်ရဲ့ ဝတ်စုံ အသစ်အဆန်း တီထွင်မှုတွေနဲ့ မင်္ဂလာမောင်မယ်တွေ အတွက် ဘယ်လို စီစဉ်ထားကြောင်း ဧရာဝတီကို ဟြေပြ ပါတယ်။
“ကျမတို့က ကိုယ်ပိုင် ရှိုး တခါမှ မလုပ်ဖူးဘူးလေ။ ဟိုတယ် Wedding ရှိုးတွေမှာပဲ စပွန်ဆာပေးပြီး ပါဖြစ်တာမျိုးပဲ ရှိတယ်။ အခုက ကိုယ့်ဘာသာကိုယ် Wedding Show တခု ထူးထူးခြားခြား လုပ်ဖို့ စီစဉ်လိုက်တာပါ။ အနုပညာရှင်တွေနဲ့ စူပါ မော်ဒယ်တွေ ပါမယ်။ ကိုဂျွန်လွင် စီစဉ်မှာပါ။ ကျမ ခန့်မှန်းတာက အယောက် ၃၀ ကျော်လောက် ပါမယ်ထင်တယ်။ ကျမတို့ ဆိုင်ကနေ ၂၀၁၄ အတွက် ခေတ်စားမယ့် Collection ဝတ်စုံတွေကို ပြသမှာပါ။ ဝတ်စုံတွေကို ဒီဇိုင်နာနဲ့ အော်ဒါမှာ ချုပ်လို့လည်း ရပါတယ်။ ကျမတို့ရှိုးပွဲ ကျင်းပတဲ့နေ့မှာ ဘွတ်ကင် ကြိုယူမယ်ဆိုရင် Promotion တွေရှိပါတယ်။ ကျမတို့ ဆိုင်ရဲ့ဝတ်စုံတွေ၊ ဓာတ်ပုံတွေရဲ့ အရည်အသွေး တွေကို Customer တွေကို သိစေချင်လို့ ဒီပွဲလေး လုပ်တာပါ။ အကောင်းဆုံး ဝန်ဆောင်မှု ပေးဖို့လည်း စဉ်းစားထားပါတယ်။ ကိုဂျွန်လွင်ကလည်း တကယ့်ကို Professional ဖြစ်တယ်လို့ ခံစားရတဲ့အတွက် အရမ်း အဆင်ပြေပါတယ်၊ သူနဲ့ လက်တွဲလုပ်ရတာ ဝမ်းသာပါတယ်။ ဝါကျွတ်မှာ မင်္ဂလာဆောင်မယ့် မောင်နှံတွေကိုလည်း ဖိတ်ခေါ်ပါတယ်” လို့ ဧရာဝတီကို ဟြေပါတယ်။