• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ဗုံးပေါက်ကွဲမှုတွေ အပေါ် အနုပညာရှင်တွေက ဒီလိုမြင်ကြတယ်

by မစပ်စု
17 October 2013
in Lifestyle
A A
ဗုံးပေါက်ကွဲမှုတွေ အပေါ် အနုပညာရှင်တွေက ဒီလိုမြင်ကြတယ်
9.2k
VIEWS
Share on FacebookShare on Twitter

မစပ်စုတို့ ရွှေပြည်ကြီးမှာ မကြာခင် ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယကို ရောက်ပါတော့မယ်။ ဒီလိုအချိန်မျိုးဆို  မစပ်စုတို့ ငယ်ငယ်တုန်းကတော့ ဗြောက်အိုးဖောက်သံ၊ မီးရှူးမီးပန်းသံ စတာတွေကို ကျယ်ကျယ်လောင်လောင် ကြားခဲ့ရတာဟာ သီတင်းကျွတ် အခါသမယကို နီးလာပြီဆိုတဲ့ နိမိတ်ပြ ပုံရိပ်တွေထဲက တခုပေါ့လေ။ အခုတော့ အသံတွေ ကြားတော့ ကြားရပါရဲ့၊ အသံကလည်း ခင်ဆင်ဆင်တော့ တူပါရဲ့၊ ဒါပေမယ့် အဲဒီအသံက ဗုံးပေါက်ကွဲသံ ဖြစ်လို့နေတာပါပဲ။ ဟိုနေရာလည်း ဗုံး၊ ဒီနေရာလည်း ဗုံးနဲ့ တဗုံးတည်း ဗုံးနေလိုက်တာ မြန်မာပြည် အနှံ့အပြား တော်တော် ခရီးရောက် နေတယ်လို့ ဆိုရမှာပါပဲ။ နောက်ဆုံး facebook ထဲမှာပါ ဗုံး ရောက်လာလိုက်တာ သူနဲ့ပတ်သက်တဲ့ ကဗျာ စာသားလေးတွေ ပြည်သူတွေရဲ့ ရင်တွင်းဖြစ် ခံစားချက် လေးတွေတောင် တွေ့နေရပြန်ပါတယ်၊ တော်တော် ပေါက်တဲ့ ဗုံးလို့ ပြောရမလိုပဲ။ တချို့ကလည်း “စင်ကာပူလို ဖြစ်အောင် လုပ်မယ်လို့ ကြွေးကြော်ထားရာက ဘယ့်နှယ် ဘဂ္ဂဒက်မြို့လို ဖြစ်အောင် လုပ်ရလေခြင်း” လို့ လှောင်ပြောင် သရော်ထားလေရဲ့။

ထားပါတော့လေ။ မကြာခင်မှာ ပွင့်လင်းရာသီဖြစ်တဲ့ ခရီးသွားရာသီကို ရောက်လာတော့မယ်။  မြန်မာနိုင်ငံကို စိတ်ဝင်စား မျက်စိကျနေတဲ့ နိုင်ငံခြားသားခရီးသွားတွေ အလုံးအရင်းနဲ့ ဝင်လာတော့မယ်။ ဒါထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကလည်း အပြိုင်အဆိုင် ဝင်လာနိုင်ဖို့ ဆိုင်းပြင်း နေကြတယ်။ ဒါတွေ ဒါတွေအပြင် ၂၀၁၄ မှာ အာဆီယံ ဥက္ကဋ္ဌအနေနဲ့ မြန်မာနိုင်ငံက တာဝန် ယူရတော့မယ်။ အဆိုးဆုံးကတော့ လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကြီးလည်း နီးလို့လာနေပြီ။ ဒီလိုမျိုး အခါသမယမှာ ဒီလိုတွေ ဖြစ်နေတယ် ဆိုတာကတော့ တော်တော်ဆိုးတယ်လို့ ဆိုရမှာပါ။ ဒါကြောင့်လည်း ဒီလိုမျိုးဖြစ်နေတဲ့ အနေအထားတွေအပေါ် အနုပညာရှင်တွေရဲ့ သုံးသပ် ဝေဖန်မှု တွေကို မစပ်စုက မေးမြန်းစပ်စုထားပါတယ်။

RelatedPosts

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
111
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
377
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
3.6k

အဆိုတော် သံသာဝင်း

Than Thar Win
အဆိုတော် သံသာဝင်း

အခုလို ဖြစ်နေတာတွေ အကုန်လုံး ဘာကြောင့် ဖြစ်တယ်ဆိုတာကို တာဝန်ရှိတဲ့သူတွေက သေသေချာချာ စိစစ်ဖို့လိုပါတယ်။ စိစစ်တယ် ဆိုတာက တကယ့် အဖြေမှန်တခု ဘယ်သူက လုပ်တယ်၊ ဘယ်သူကြောင့်  ဖြစ်တယ်ဆိုတာကို တိတိကျကျ ဖော်ပြနိုင်ဖို့ အရေးကြီးပါတယ်။ အခုဆိုရင် ကျမတို့ဆီမှာ သီတင်းကျွတ် ဆိုရင် အားလပ်ရက် အစီအစဉ်တွေမှာ အရင်ကဆိုရင် ဗြောက်အိုးတွေ ဖောက်တယ်၊ ကလေးတွေ သွားချင် လာချင်ကြတဲ့ အချိန်မှာ ဖြစ်တော့ လူတွေအကုန်လုံးက ထိတ်လန့် နေကြရပါတယ်။ သွားချင်တဲ့နေရာလည်း မသွားရ၊ လူတွေရဲ့ စိုးရိမ်ထိတ်လန့်မှု သောကတွေလည်း များတယ်။ နောက် တကယ့် ဆီးဂိမ်းလို ပွဲအကြီးကြီးတွေလည်း ရှိတဲ့အခါကျတော့ လူတွေရဲ့ လုံခြုံမှုက အရမ်းကို အရေးကြီးပါတယ်။ ဒီတော့ အစိုးရကနေ ဒါကိုဖော်ထုတ် အရေးယူပေးဖို့ အရေးကြီးပါတယ်။ နောက်ပြီး လွန်ခဲ့တဲ့ သိပ်မကြာသေးတဲ့ ကာလတွေ တုန်းကလည်း ကျမတို့ဆီမှာ ဗုံးတွေ ပေါက်ခဲ့ဖူးတယ်။ အဲဒီတုန်းကလည်း ဘာကြောင့့်ဖြစ်တယ် ဆိုတဲ့ အဖြေရယ်၊ ဘယ်သူ့ကြောင့် ဒီလိုဖြစ်တယ်ဆိုတဲ့ အဖြေရယ်ကို တိတိကျကျ မဖော်ထုတ်ပေးခဲ့ဘူး။ ကျမတို့ဆီမှာ ပြဿနာတခု ဖြစ်ပြီ ဆိုရင် ပြဿနာရဲ့ အရင်းအမြစ်က ဘာကြောင့်ဆိုတဲ့ အဖြေကို ထုတ်ပေးခဲ့တယ်ဆိုတာ ဘယ်တော့မှ မသိခဲ့ရဘူး။ အခုလည်း အဲဒီလိုမျိုးပဲ ပြီးသွားမယ်ဆိုရင်တော့ ကျမတို့ ပြည်သူတွေအတွက် ဘယ်လိုမှ လုံခြုံမှုမရှိနိုင်ပါဘူး။ အထူးသဖြင့် ဆီးဂိမ်း လုပ်မယ်။ ဒီမှာ နိုင်ငံခြားသားတွေရှိမယ်။ နိုင်ငံခြားသားတွေ အာရုံစိုက်ကြမယ်။ ကျမတို့လို အနုပညာရှင်တွေ သွားကြ လာကြမယ် ဆိုတဲ့ အချိန်မှာ လူတိုင်းက ကိုယ့်ရဲ့ လုံခြုံမှုကို အားလုံး စိုးရိမ်နေကြတာချည်းပါပဲ။ နောက် ကိုယ့်နိုင်ငံရဲ့ ပုံရိပ်လည်း ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ ဘယ်သူလုပ်တယ် ဆိုတာကို သေချာ မပြောနိုင်ဘဲနဲ့ ဟိုလိုလို ဒီလိုလို ဟိုလူ့ လက်ညှိုးထိုး၊ ဒီလူ့ လက်ညှိုးထိုး ဆိုရင်တော့ မကောင်းပါဘူး။ နောက် တခုက ပြည်သူတွေကို အာရုံလွဲအောင် သက်သက် လုပ်တာမျိုးဆိုရင်တော့ ဒီလောက်နဲ့ ရပ်သွားရင်တော့ ကောင်းပါမယ်။

လူရွှင်တော် ဇာဂနာ

လူရွှင်တော် ဇာဂနာ
လူရွှင်တော် ဇာဂနာ

ဘာဗုံးပေါက်တာမှ မကြိုက်ဘူး။ လုပ်တဲ့လူတွေကို အပြင်းအထန်ရှုတ်ချတယ်။သူတို့ အဲဒီလိုလုပ်လို့ ပြည်သူတွေက အစိုးရကို မမုန်းဘဲ ပိုပြီး ကျောကပ်သွားလိမ့်မယ်။ အစိုးရ လုပ်တယ် ဆိုတာမျိုး စွပ်စွဲကြတာလည်း အခြေအမြစ်မရှိဘူး။ မြန်မာ -အမေရိကန် ဆက်ဆံရေး ထိခိုက်စေချင်လို့ မြန်မာပြည်ထဲကို ခရီးသည်တွေ မဝင်စေချင်လို့ ဆိုတာမျိုး သိုးနေပုပ်နေတဲ့ အတွေးအခေါ်တွေ ထားခဲ့ကြပါတော့လို့ ပြောချင်တယ်။ သတ္တိ တကယ်ရှိကြရင် နေပြည်တော် သွားဖောက်ကြလို့ ပြောလိုက်ပါရစေ။

 

သရုပ်ဆောင် ထွန်းအိန္ဒြာဗို

သရုပ်ဆောင် ထွန်းအိန္ဒြာဗို
သရုပ်ဆောင် ထွန်းအိန္ဒြာဗို

အမေစု (ဒေါ်အောင်ဆန်းစုကြည်) ပြောသလိုပါပဲ။ ဒါကို လိုက်ပြီး ယောင်မသွားဖို့ပေါ့။ သူတို့က အထိတ်တလန့် ဖြစ်အောင် လုပ်တာ။ ဒီလို လုပ်တဲ့ သူတွေရဲ့ ရည်ရွယ်ချက်တွေ မအောင်မြင်ဖို့ ကျမတို့မှာ တာဝန်ရှိပါတယ်။ ဒါ ထိတ်လန့်စရာ မဟုတ်ဘူး။ ကျမတို့ ကိုယ် သွားစရာရှိတာ ဆက်သွားဖို့ပါပဲ။ သူတို့လိုချင်တဲ့ ထောင်ချောက်ထဲ မရောက်ဖို့ပါပဲ။ ပြည်သူတွေအားလုံးက ခေါင်းအေးအေး ထားပြီး စဉ်းစားကြရမယ်လို့ အမေစုပြောသလိုပါပဲ။ ကျမတို့ အဲဒီလိုပဲ သွားရမှာပါပဲ။

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)
ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)

ကျနော့် အနေနဲ့ကတော့ ငြိမ်းချမ်းရေးကိုပဲ လိုလားတယ်။ ငြိမ်းချမ်းရေးပဲ ဖြစ်စေချင်တယ်။ ဘယ်လို အကြောင်းကြောင်း ကြောင့် ဒီလို အကြမ်းဖက်တာကိုမှ မလိုလားပါဘူး။ ဗုံးတွေ ထောင်တယ်။ ဟိုနေရာမှာ ပေါက်တယ်၊ ဒီနေရာမှာ ပေါက်တယ်။ ဒါဟာ တိုင်းပြည် အေးချမ်းမှု မရှိဘူးဆိုတဲ့ နိမိတ်ကို ဆောင်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ နိုင်ငံခြားကနေ လာတဲ့ ဧည့်သည်တွေ အားလုံးကို မလာရဲအောင် လုပ်တာပါ။ အဲဒီလို လုပ်ချင်းအားဖြင့် ဘာကြောင့် လုပ်သလဲဆိုတာကို စဉ်းစားလို့ မရဘူး။ ဒါပေမယ့် ပြည်သူ တယောက်အနေနဲ့ သုံးသပ်တာကတော့ အဲဒီလို နိုင်ငံခြား ဧည့်သည်တွေ လာတာ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာတာဟာ ကောင်းသော လက္ခဏာပေါ့။ ဒီ ကောင်းသော လက္ခဏာကို မလိုလားလို့ ဖျက်ဆီးတယ်လို့ မြင်ပါတယ်။ ဘာကြောင့်ပဲ ဖြစ်ဖြစ် အပြစ်မဲ့တဲ့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာကို မကြိုက်ဘူး။ တကယ် သူတို့ ထောင်ချင်ရင် သူတို့ လိုလားတဲ့နေရာကို ရောက်အောင် ထောင်ကြပါ။ ဘာမှ မဆိုင်တဲ့ နေရာတွေမှာ ထောင်ခြင်းကို ကန့်ကွက်တယ်။ ရှုတ်ချတယ်။ လိုလည်းမလိုလားဘူး။ ကြိုက်လည်း မကြိုက်ဘူး။ ဘယ်အဖွဲ့အစည်းကပဲ လုပ်လုပ်၊ ဘယ်လိုပုံစံမျိုးနဲ့ပဲ လုပ်လုပ် ဒါဟာ မလုပ်သင့်တဲ့ အလုပ်တခု လို့ပဲ ယူဆပါတယ်။

သရုပ်ဆောင် ဝေဠုကျော်

သရုပ်ဆောင် ဝေဠုကျော်
သရုပ်ဆောင် ဝေဠုကျော်

မဖြစ်တာတော့ အကောင်းဆုံးပါပဲ။ ဖြစ်အောင် လုပ်တဲ့သူတွေ အနေနဲ့လည်း မလုပ်သင့်ဘူးလို့ ယူဆပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ ပြောင်းလဲ တိုးတက်လာတဲ့ အခြေအနေအပေါ်မှာ ဒီလို အဖျက်အမှောင့်လုပ်ငန်းတွေ နဲ့တော့ တိုင်းပြည်ကြီး မပျက်စီး စေချင်ပါဘူး။ အားလုံး လွတ်လပ်ပေါ့ပါးစွာ ပျော်ရွှင်စွာနဲ့ပဲ သွားနိုင်စေချင်ပါတယ်။ တခုခု လုပ်ချင်တယ်ဆိုရင် ထိပ်တိုက် ရင်ဆိုင်ပေါ့။ ဒီလိုကြီး နောက်ကနေပြီး အပြစ်မရှိတဲ့ ပြည်သူတွေ အပေါ်မှာ လိုက်ပြီးတော့ အန္တရာယ်ပေးတဲ့ အလုပ်မျိုးကိုတော့ မလုပ်စေချင်ပါဘူး။

 

လူရွှင်တော် အရိုင်း

လူရွှင်တော် အရိုင်း
လူရွှင်တော် အရိုင်း

ပြည်သူတွေ ထိတ်ထိတ်လန့်လန့် ဖြစ်နေရတာ ဘယ်ကောင်းပါ့မလဲ။ ဒီ ဖြစ်ရပ်တွေက ဘယ်လိုတွေ ဆက်စပ်ပြီး ဖြစ်တာလဲ။ ဖျက်ဆီးဖောက်ခွဲချင်တဲ့ သူတွေကပဲ တမင်တကာ ဖန်တီးတာလား၊ ဒါမှမဟုတ် အခြေအနေ အကြောင်းအရာ တခုအပေါ်မှာပဲ မူတည်ပြီးတော့ ဒီအကျိုးဆက်တွေ ဖြစ်လာတာလားဆိုတာ ရှာဖွေ ဆန်းစစ်လေ့လာမှပဲ သိရတော့မှာပဲ။ ခန့်မှန်းခြေနဲ့ ကျနော် တို့က ဒီလိုမျိုးတော့ ဖြစ်နိုင်တယ်ဟေ့ ပြောရမှာလည်း ဒီကာလက တော်တော်လည်း ကျပ်ပါတယ်။ အရင်တုန်းက ဆိုရင်တော့ ဖျက်ဆီးရေးသမားတွေ ဖောက်ခွဲရေး သမားတွေက၊ တိုင်းပြည်နဲ့ ဆန့်ကျင်နေတဲ့ သူတွေက လာပြီး မိုင်းထောင်တာပါ၊ ဗုံး ထောင်တာပါ ဆိုပြီး ပြောလို့ရတယ်။ အခုကျတော့လည်း တော်တော်များများ အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေး ရယူဖို့ ဆောင်ရွက် နေကြပြီဆိုတော့ ဒီကာလမှာ ဒါကြီးက ဒီလူတွေလုပ်တာပါလို့ လက်ညှိုးထိုးဖို့က ရာခိုင်နှုန်း သိပ်နည်းသွားပြီလေ။ အဲဒီတော့ ဒီလူတွေမှ မလုပ်လည်း ဘယ်သူတွေ လုပ်မှာလဲ ဆိုတာကျတော့လည်း သိပ်ဗလိုင်းကြီး ဆန်လွန်းသွားပြီလေ။ တိုင်းပြည်အတွက်ကို ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ ကျီးလန့်စာစား မဖြစ်ရအောင်အတွက် လုပ်ဖို့ကိုပဲ အဓိက ဦးတည် စေချင်ပါတယ်။ အဲဒီလိုမျိုးပဲ လုပ်ကြပါလို့ ကျနော်တို့က ပြောချင်တယ်။

Your Thoughts …
Tags: EntertainEntertainmentRule of Law
မစပ်စု

မစပ်စု

ဧရာဝတီ

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.3k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

မိုးယံဇွန်

Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

by ဧပရယ်ဆု
19 April 2016
47.6k

"ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

by နဒီထိုက်
15 July 2013
15.1k

သူကတော့ အရေးပေါ် ကြပ်မတ် ကုသဆောင်ထဲမှာပဲ ရှိပါတယ်။ သတိတော့ မရသေးဘူး။ တခြား မှတ်ချက်ကတော့ ဆရာဝန် တဦးအနေနဲ့ မပေးသင့်ဘူး ထင်တယ်။ အကောင်းဆုံးတော့ ကုသနေပါတယ်

Next Post
မသန်စွမ်း, အဆောက်အအုံ, ဥပဒေ, လူ့အခွင့်အရေး

အဆောက်အအုံသစ် များတွင် မသန်စွမ်းသူများ အတွက် ထည့်သွင်းဆောက်လုပ်ရန် တိုက်တွန်း

တရုတ်သမ္မတနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ

Please login to join discussion
No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

2 days ago
4.1k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

5 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate