ဖြူထိပ်ထား ဆိုတာ ရတနာဖြူဖြူအောင် ဆိုတဲ့ နာမည်နဲ့ အရင်ကပြိုင်ပွဲများစွာ ဝင်ပြိုင်ခဲ့ပြီး ဆုများစွာရခဲ့တဲ့ ရခိုင်တိုင်းရင်းသူ မော်ဒယ်လ် တယောက် ဖြစ်ပါတယ်။ ဇာတ်ကားတွေမှာလည်း သူ့ရဲ့ သရုပ်ဆောင်မှုတွေကို တွေ့ရပါတယ်။ အခုတော့ အနုပညာ အလုပ်ကို မိဘတွေက အားပေးတဲ့အတွက် မိဘတွေ ကိုယ်ပိုင် ထုတ်လုပ်ရေးလုပ်၊ သူ့ကို အနုပညာ နာမည် ဖြူထိပ်ထားလို့ ပြောင်းလိုက်ပြီး နေတိုး၊ သက်မွန်မြင့်တို့နဲ့ နက္ခတ်မှားတဲ့ တိုက်ပွဲ ဆိုတဲ့ ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင် ခဲ့တယ်လို့ သူက ပြောပြပါတယ်။ လတ်တလောမှာ ဇာတ်ကား ရိုက်ကူးမှုနဲ့ ဓာတ်ပုံ၊ ပြက္ခဒိန် ရိုက်ကူးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ဖြူထိပ်ထားနဲ့ ပတ်သက်တဲ့ အနုပညာကိစ္စတချို့၊ ကိုယ်ရေးကိုယ်တာ ကိစ္စတချို့ကို ဧရာဝတီက မေးမြန်းစုံစမ်းပြီး ဖော်ပြပေးလိုက်ပါတယ်။
“ညီမ အခု လတ်တလောမှာ မဂ္ဂဇင်း၊ ဂျာနယ်၊ ပြက္ခဒိန်တွေ ရိုက်ဖြစ်ပါတယ်။ ၁၁ လပိုင်း ကျရင်တော့ ကိုမြင့်မြတ်နဲ့ ဇာတ်ကားရိုက်ဖို့ ရှိပါတယ်။ ညီမ မိဘတွေက ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီထောင်ပြီး ညီမကို မင်းသမီး ထည့်ရိုက်တာပါ၊ မင်းသားတွေကို စာချုပ်ချုပ်ပြီး ရိုက်ကူးရေးတွေ လုပ်ပါတယ်” လို့ ဖြူထိပ်ထားက ဟြေပါတယ်။
သူက နာမည်ကြီး မင်းသား၊ မင်းသမီးတွေနဲ့ ဇာတ်ကား ရိုက်ရတဲ့အတွက် ကိုယ့်ဘက်က အမှားတွေ ဖြစ်မှာစိုးရိမ်လို့ အရမ်း ဂရုစိုက်ရကြောင်း၊ ကိုယ့် သရုပ်ဆောင်မှုတွေ အတွက် သူတို့ကို အားနာရကြောင်း၊ ဝါရင့် သရုပ်ဆောင်တွေဆီက အတုယူ စရာတွေ အများကြီးရကြောင်းလည်း ဆက်ဟြေပါတယ်။
“ညီမ နာမည်ကြီး သရုပ်ဆောင်တွေနဲ့ ရိုက်တဲ့အခါမှာ အရမ်း စိုးရိမ်မိပါတယ်။ ကိုယ့်အမှားတွေကြောင့် သူတို့ကို အနှောင့်အယှက် ဖြစ်မှာစိုးတယ်။ သူတို့ဆီက အတုယူစရာ၊ အားကျစရာတွေ မှန်သမျှကို ညီမ လေ့လာပါတယ်။ သူတို့ဆီက ပညာတွေလည်း ရသလို၊ သူတို့ကို ကြောက်တဲ့ ဖိစီးမှုတွေလည်း ရှိတယ်။ စစရိုက်ချင်းတုန်းကပေါ့၊ အခုတော့ အဆင် ပြေသလောက် ရှိနေပါပြီ” လို့ သူက ဆိုပါတယ်။
သူက ရခိုင်တိုင်းရင်းသူ တယောက် ဖြစ်တဲ့အတွက် ရခိုင်ရိုးရာ ဝတ်စုံကို ဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ရတဲ့ ခံစားချက်ကိုလည်း ဧရာဝတီက မေးမြန်းခဲ့ပါတယ်။
“ညီမက ရခိုင်တိုင်းရင်းသူတယောက် ဖြစ်တဲ့အတွက် ကိုယ့်မြတ်နိုးတဲ့ ရိုးရာဝတ်စုံလေးကို ဝတ်ပြီး ဓာတ်ပုံရိုက်ရတာ အရမ်းကို ပီတိ ဖြစ်ပါတယ်။ ဝတ်စုံလေးကလည်း အရမ်းလှတယ်၊ ကိုယ့်ရိုးရာ ဝတ်စုံကို ဝတ်ပြီး ဓာတ်ပုံ ရိုက်ရတဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်” လို့ ဖြူထိပ်ထားက ဟြေပါတယ်။
ဖြူထိပ်ထားက သူ့အနေနဲ့ ရခိုင်တိုင်းရင်းသူ တယောက် ဖြစ်ရတဲ့အတွက် ကျေနပ်တယ်လို့လည်း ဆိုပါတယ်။
“ရခိုင် အမျိုးသမီး တယောက်အဖြစ် မွေးဖွားလာတဲ့ အတွက် ကိုယ့်ကိုယ်ကိုယ် ကျေနပ်မိတယ်၊ ဂုဏ်လည်းယူတယ်၊ ဝမ်းသာ ပီတိလည်း ဖြစ်ပါတယ်။ ရခိုင် ဆိုတာလည်း ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ မြန်မာလူမျိုးပါ” လို့ သူက ဆက်ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဖြစ်နေခဲ့တုန်းက သူတို့ တိုင်းရင်းသားတွေ ထိခိုက်တာ ကြားသိရတဲ့အတွက် ရင်ထဲကနေ နာကျင် ခံစားရကြောင်း၊ အရမ်းကို ဝမ်းနည်း စိတ်မကောင်းဖြစ်ပြီး ခံစားခဲ့ရကြောင်း၊ အဲဒီလို ဒုက္ခတွေ မဖြစ်စေချင်ကြောင်း၊ နောက်ထပ် ထပ်မဖြစ်အောင်လည်း သူက ဘုရားမှာ ဆုတောင်း မေတ္တာပို့တယ် ဆိုတဲ့အကြောင်းလည်း ဖြူထိပ်ထားက ဟြေပါတယ်။
“ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဖြစ်တုန်းကဆို ညီမတို့ လူမျိုးတွေအတွက် နာကျင်ခံစားရတယ်၊ ဝမ်းနည်းမှုတွေခံစားရတယ်။ ဒီလို ဘေးဒုက္ခတွေကို ကိုယ့်လူမျိုးတွေကိုရော၊ ဘယ်သူ့ကိုမှ မဖြစ်စေချင်ဘူး။ အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြစ်စေ ချင်တယ်။ ကိုယ့်လူမျိုးတွေ အေးအေးချမ်းချမ်း ဖြစ်နေတာကိုပဲ ညီမမြင်တွေ့ ချင်ပါတယ်။ ညီမ ငယ်ငယ် တုန်းကတော့ ရခိုင်ပြည်နယ်က အဝကျွန်းမှာ နေခဲ့ဖူးပါတယ်။ ညီမရဲ့ အဖိုးတွေ၊ အဖွားတွေက ကျောက်ဖြူ ဇာတိပါ၊ ညီမကို အဝကျွန်းမှာ မွေးခဲ့တာပါ။ ကိုယ့်လူမျိုးတွေ မငြိမ်းမချမ်း ဖြစ်တော့ အရမ်းဝမ်းနည်းပြီး စိတ်မကောင်းလည်း တော်တော်ဖြစ်ခဲ့ရပါတယ်။ ကိုယ်ကိုယ်တိုင် ခံစားရသလို ဖြစ်မိပါတယ်။ အားလုံး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ နေနိုင်အောင် ညီမ ဘုရားမှာ အမြဲတမ်း ဆုတောင်းပါတယ်၊ မေတ္တာပို့ပေးပါတယ်။ မငြိမ်းမချမ်း ဖြစ်နေတဲ့ အချိန်တုန်းကလည်း ကိုယ့်ရခိုင် လူမျိုးမှ မဟုတ်ပါဘူး၊ အားလုံးကို မနက်တိုင်း ညီမ မေတ္တာပို့ ဆုတောင်းပေးပါတယ်။ အားလုံးကို ငြိမ်းချမ်း စေချင်ပါတယ်” လို့ ဖြူထိပ်ထားက ဆိုပါတယ်။
သူတို့ ရခိုင်တိုင်းရင်းသားတွေ ထဲမှာ အနုပညာရှင်တွေ ရှိနေတဲ့ အတွက်လည်း သူက ဂုဏ်ယူတယ်လို့ ပြောပါတယ်။
“ညီမတို့ ရခိုင်လူ တိုင်းရင်းသားတွေထဲက ထူးခြားတဲ့၊ ထူးချွန်တဲ့ အနုပညာရှင်တွေ ပေါ်ထွက်လာတဲ့ အတွက်လည်း အရမ်း ချီးကျူးမိသလို၊ ဂုဏ်လည်း ယူပါတယ်၊ အနုပညာရှင် တယောက်ဖြစ်ဖို့၊ ထူးချွန်တဲ့ လူတယောက် ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ အနုပညာမှာ ကိုယ့်လူမျိုးတွေထဲက ထူးချွန်တဲ့သူတွေ ပေါ်ထွက်လာတဲ့အတွက် အရမ်းလည်း ဂုဏ်ယူပါတယ်” လို့ သူက ဟြေပါတယ်။
သူကိုယ်တိုင်လည်း အနုပညာကို သူ ခွန်အားရှိသရွေ့၊ တတ်နိုင်သမျှ ကြိုးစားမယ်လို့လည်း ဖြူထိပ်ထားက ဟြေပါတယ်၊၊
“ညိမကိုယ်တိုင်လည်း ဝါသနာပါတဲ့ အနုပညာအလုပ်ကို အစွမ်းကုန် ကြိုးစားမှာပါ။ အကောင်းဆုံး ဖြစ်အောင် ကြိုးစား လုပ်ဆောင်မှာပါ။ ထူးချွန်တဲ့ သူတယောက်အဖြစ် အသတ်မှတ် မခံရရင်တောင် ညီမရဲ့ အနုပညာ အလုပ်ကို အကောင်းဆုံးတော့ လုပ်သွားမှာပါ။ အနုပညာ ခရီးက ကြမ်းချင်လည်း ကြမ်းပါစေ၊ ညီမ ကြံ့ကြံ့ခံပြီး ဆက်လျှောက်မှာပါ။ မိဘတွေက ညီမကို မင်းသမီး တင်ရိုက်တဲ့အတွက် ပိုပြီး တာဝန်ကြီးသွားပါတယ်။ ကိုယ့်မိဘတွေရဲ့ လုပ်ငန်းလည်း ဖြစ်တဲ့အတွက် နှစ်ဆပိုပြီး တာဝန်ကြီးပါတယ်။ မိဘတွေရဲ့ ယုံကြည်မှုကိုလည်း အလွဲသုံးစား မလုပ်ချင်ပါဘူး။ ပရိသတ်တွေ ကလည်း ညီမရဲ့ အနုပညာကို ကြည့်ပြီး ဝေဖန်ပေးပါ၊ အကြံပေးပါ၊ ပရိသတ်တွေ ဘယ်လို ဝေဖန်မယ် ဆိုတာကို စိတ်လှုပ်ရှား နေပါတယ်။ ညီမ ခေါင်းဆောင် ရိုက်ထားတဲ့ ကားတွေ ထွက်လာရင်လည်း ဝေဖန်ပေးပါ” လို့ ဖြူထိပ်ထားက ဧရာဝတီက တဆင့် ဟြေလိုက်ပါတယ်။