SFU

Solid Solo Show က ရတဲ့ အမြတ်ငွေကို လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် လင်းလင်း လှူမယ်

This article has been converted from Zawgyi One to Unicode

အဆိုတော်လင်းလင်းရဲ့ တကိုယ်တော် ဖျော်ဖြေပွဲကို အောက်တိုဘာ ၂၆ ရက်နေ့ ညနေ ၆ နာရီမှာ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

လက်မှတ် တစောင်ကို ၆၀၀၀ ကျပ်နဲ့ ရောင်းချမှာ ဖြစ်ပြီး ရရှိတဲ့ထဲက အမြတ်ငွေတွေကို ပရဟိတ လုပ်ငန်းတွေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ကို လှူသွားမယ်လို့ လင်းလင်းက ဆိုပါတယ်တယ်။

“ကျနော့် တကိုယ်တော်ပွဲက ရသမျှ အမြတ်တွေအကုန်လုံးကို ပရဟိတ လုပ်ငန်းအတွက် လှူမှာပါ။ အဓိကကတော့ လူကုန်ကူး ခံရတဲ့သူတွေကို လှူဒါန်းမှာပါ။ မြန်မာနိုင်ငံမှာ လူကုန်ကူးခံရတဲ့သူတွေကို ကျနော်ကိုယ်တိုင် သွားရောက် လှူဒါန်းကူညီမယ်၊ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ ဦးဆောင်သူတွေနဲ့အတူ ပါဝင်ဆောင် ရွက်သွားမှာပါ” လို့ သူက ဟြေပါတယ်။

အဆိုတော်လင်းလင်းက လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ကို အဓိကလှူဒါန်း ပါဝင်ကူညီ ဖြစ်တဲ့အကြောင်းကိုလည်း အသေးစိတ် ဟြေပြပါတယ်။

“ကျနော်ဘာလို့ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ လူကုန်ကူးခံရတဲ့ သူတွေကို သွားလှူမှာလဲ ဆိုတော့ မြန်မာနိုင်ငံက လူကုန်ကူး ခံရတဲ့သူတွေက ဒီကို ပြန်ရောက်လာပြီးတော့ သူတို့ကို ရောင်းစားခဲ့တဲ့ သူတွေကို တရားစွဲဆိုကြတယ်၊ အဲဒီလို တရားစွဲတဲ့ အခါ ကုန်ကျစရိတ်တွေက များတော့ ပိုက်ဆံ မတတ်နိုင်တော့ဘဲ၊ လူကုန်ကူးတဲ့ သူတွေကို တရားစွဲ ထောင်ချလို့မရ ဖြစ်သွားတယ်။ လူကုန်ကူး ခံရသူတွေရဲ့ တရားရင်ဆိုင်ရေး အတွက် ရှေ့နေစရိတ်၊ တရားစရိတ်တွေ မတတ်နိုင်တော့ အမှုကနေ ပပျောက်သွားတဲ့ ပုံစံမျိုးတွေ ဖြစ်တယ်။ လူကုန်ကူးတဲ့ သူတွေကလည်း အမှုမရှုံးတော့ လူကုန်ကူးတဲ့ အလုပ်တွေကို ဆက်လုပ်နေကြတယ်။ ဒါကြောင့် ကျနော်က လူကုန်ကူးမှုတွေ ထပ်မဖြစ်အောင် လူကုန်ကူး ခံရသူတွေ အမှု ရင်ဆိုင်နိုင်အောင် သူတို့လိုတဲ့ ငွေကြေးကို လှူဖို့လုပ်တာပါ” လို့ လင်းလင်းက ရှင်းပြပါတယ်။

သူကိုယ်တိုင်လည်း လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ ဦးဆောင်သူတွေနဲ့အတူ ပါဝင် ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

သူ့တကိုယ်တော် ဖျော်ဖြေပွဲမှာ သူတစ်ယောက်တည်း ဖျော်ဖြေမှာ ဖြစ်ပြီး ဧည့်သည် အဆိုတော် ဘယ်သူမှ ပါမှာ မဟုတ်ပါဘူး။

“ကျနော့်ရဲ့ တကိုယ်တော် ဖျော်ဖြေပွဲမှာ လာကူဆိုပေးမယ့် ဧည့်သည် အဆိုတော်တယောက်မှ မခေါ်ပါဘူး၊ ကျနော် တကိုယ်တော် ဖျော်ဖြေသွားမယ် ဆိုတာလေးကို ဟြေပြချင်ပါတယ်။ ကျနော်တို့နိုင်ငံမှာ နည်းနည်းလွဲနေတာက တကိုယ်တော် ရှိုးဆိုရင် ဘေးမှာဖျော်ဖြေတာ လေးငါးဆယ်ယောက်လောက် တွေ့တွေ့နေရတယ်။ နောက်ပြီး တကိုယ်တော် အဆိုတော်က လေးငါးပုဒ်လောက် ဆိုပြီး နားသွားလိုက်၊ တခြား အဆိုတော်တွေက တက်လာပြီး လေးငါးပုဒ် ဆိုလိုက်ဆိုတော့ တကိုယ်တော် ရှိုး ခေါင်းစဉ်နဲ့ မကိုက်ဘဲ လွဲနေတယ်။ အဲဒီအခါမှာ ပရိသတ်က တကိုယ်တော် ရှိုးဆိုရင် ဘယ်အဆိုတော်တွေ လာဦးမလဲ၊ မြင်ရဦးမလဲ ဆိုပြီးတွေးမိနေတာ ဖြစ်တဲ့အတွက် ကျနော်က Solid Solo Show ဆိုတဲ့ ခေါင်းစဉ်နဲ့ ညီအောင် ပွဲအစအဆုံး ဘယ်သူမှမပါဘဲ ကျနော်တယောက်ထဲပဲ ဆိုမယ့်အကြောင်း ဟြေပြချင်ပါတယ်” လို့ လင်းလင်းက ဟြေပါတယ်။

ဒီပွဲဆိုဖို့ စီစဉ်ထားတာ ကြာပြီဖြစ်ကြောင်း၊ အောက်တိုဘာ ၂၆ ရက်နေ့မှာ ရန်ကုန်က ကန်တော်ကြီး မျှော်စင်ကျွန်းနဲ့ တကိုယ်တော်ရှိုးကို မန္တလေးမှာလည်း ကျင်းပဦးမှာ ဖြစ်ကြောင်း၊ နိုဝင်ဘာ ၁၀ ရက်နေ့မှာတော့ ပြင်ဦးလွင်မှာ ကျင်းပမှာ ဖြစ်ပြီး မန္တလေးပွဲကတော့ ရက်မရသေးကြောင်း သိရပါတယ်။

“အခု မျှော်စင်ကျွန်းမှာ လုပ်မယ့်ပွဲမှာ MTV ရိုက်ဖို့ အစီအစဉ်ရှိပါတယ်။ DVD ပြန်ထုတ်ဖို့လည်း စီစဉ်ထားပါတယ်” လို့ လင်းလင်းက ဆိုပါတယ်။

Loading