ဇွဲကပင်တောင် Cable Car ရန်ပုံငွေပွဲမှာ အနုပညာရှင်ပေါင်းစုံနဲ့ အတူ IC လည်းပါမယ်
This article has been converted from Zawgyi One to Unicode
Warning: Illegal string offset 'sizes' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 455
Warning: Illegal string offset 'medium_large' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 455
Warning: Illegal string offset 'caption' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 455
Warning: Illegal string offset 'sizes' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 460
Warning: Illegal string offset 'xlarge' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 460
Warning: Illegal string offset 'caption' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 460
Warning: Illegal string offset 'sizes' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 461
Warning: Illegal string offset 'thumbnail' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 461
Warning: Illegal string offset 'caption' in /home2/burmairrawaddy/public_html/wp-content/themes/irrawaddy-skin/inc/class.front.php on line 461

ကရင်ပြည်နယ် ဇွဲကပင်တောင် Cable Car စီမံကိန်း ရန်ပုံငွေ ပွဲမှာ Iron Cross (IC) အဖွဲ့၊ မဟာရန်ကုန် စံပြသဘင် အဖွဲ့နဲ့ အတူ ရုပ်ရှင်၊ ဂီတ၊သဘင် အနုပညာရှင်တွေ ပူးပေါင်းပါဝင် ဖျော်ဖြေမယ်လို့ သိရပါတယ်။
ဇွဲကပင်တောင် Cable Car စီမံကိန်း ဖြစ်မြောက်ရေး ရန်ပုံငွေပွဲတွင် ရုပ်ရှင်၊ ဂီတ၊သဘင် အနုပညာရှင်များစွာ ပူးပေါင်းပါဝင် ဖျော်ဖြေမယ့်ကိစ္စ စာနယ်ဇင်း ရှင်းလင်းပွဲကို အောက်တိုဘာ ၂၉ ရက်နေ့က မဟာသန္တိသုခ ကျောင်းတော်ကြီး နတ်ချောင်း ရပ်ကွက်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
ဖျော်ဖြေပွဲကိုတော့ နိုဝင်ဘာ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကရင်ပြည်နယ် ဘားအံမြို့ သီရိကွင်းမှာ ည ၉ နာရီခွဲကနေ စတင် ကျင်းပမှာ ဖြစ်ပါတယ်။
ရန်ပုံငွေပွဲမှာ Iron Cross အဖွဲ့က ၂ ညတိုင်တိုင် ဖျော်ဖြေမှာဖြစ်ပြီး မဟာရန်ကုန် စံပြဇာတ်သဘင် အဖွဲ့နဲ့ ရုပ်ရှင် အနုပညာရှင်တွေ၊ ဂီတ အနုပညာရှင်တွေလည်း ပါဝင်ဖျော်ဖြေ တင်ဆက်မှာ ဖြစ်ကြောင်း သိရပါတယ်။
ရန်ပုံငွေပွဲ ဖြစ်မြောက်ရေးနဲ့ ပတ်သက်ပြီး ဇွဲကပင် Cable Car စီမံကိန်း ဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးယဉ်ထွေးဆွေက “ဒီပွဲကြီး ဖြစ်မြောက်ဖို့အတွက် လွန်ခဲ့တဲ့ သုံးလကျော် လောက်ကတည်းက စီစဉ်ခဲ့တာပါ။ ဒီပွဲ ဖြစ်မြောက်ဖို့အတွက် ရုပ်ရှင်၊ သဘင်၊ဂီတ အနုပညာရှင်တွေ ကလည်း အများကြီး ကူညီပေးပါတယ်။ Iron Cross တေးဂီတ အဖွဲ့ကလည်း နှစ်ရက် လာဖျော်ဖြေမှာပါ။ ဇွဲကပင်တောင် ဖျော်ဖြေရေးမှာ လုံခြုံရေးနဲ့ ပတ်သက်ပြီး အသံတွေကြားနေရပါတယ်။ လုံခြုံရေးအပိုင်းကို စိတ်ပူစရာ လုံးဝမရှိပါဘူး” လို့ ပြောပါတယ်။
အဲဒီပွဲ လုံခြုံရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့တွေရော၊ တခြားအဖွဲ့တွေ အားလုံးကပါ သေသေချာချာ ကျကျနန စီစဉ်ထားတဲ့အတွက် အစစအရာရာ ဘာမှစိတ်ပူစရာ မလိုဘူးလို့ သူကဆက်ပြောပါတယ်။
ဇွဲကပင်တောင် Cable Car ဖြစ်မြောက်ရေးအတွက် Premier Coffee ကလည်း Sponsor အနေနဲ့ ပါဝင်ကူညီပေးထားပြီး အလှူငွေ အနေနဲ့ မြန်မာငွေ သိန်း ၅၀ နဲ့ ဒေါ်လာ ၅၀၀၀ လှူထားတယ်လို့ သိရပါတယ်။
“အဲဒီ အလှူအတွက်လည်း ဆရာတော် ဘုရားကြီးတွေနဲ့ ဇွဲကပင် Cable Car စီမံကိန်း ဖြစ်မြောက်ရေး အဖွဲ့ရဲ့ကိုယ်စား အရမ်းပဲ ကျေးဇူးတင်ပါတယ်။ နောက်ထပ် လေးလငါးလ အတွင်းမှာလည်း ရန်ကုန်က အမျိုးသားဇာတ်ရုံမှာ ရန်ပုံငွေပွဲကြီး တပွဲ လုပ်ဖို့ စဉ်းစားထားပါတယ်။ နောက်ပြီး ကရင်ပြည်နယ်မှာ တခါမှ ဖက်ရှင်ရှိုး မလုပ်ဖူးဘူး ဟြေပါတယ်၊ အားလုံး တိုင်ပင်ပြီးတော့ ဒီပွဲတွေ ပြီးရင် ကရင်ပြည်နယ်မှာ ဖက်ရှင်ရှိုးတခုလည်း လုပ်ချင်ပါတယ်။ ဒီနေ့ပွဲမှာ အနုပညာရှင် ကြီးတွေလည်း တက်ရောက်ပေးတဲ့ အတွက် အရမ်းပဲ ကျေးဇူးတင်ပါတယ်။ ဒီရန်ပုံငွေပွဲကို အဓိက လုပ်ရတာက ဇွဲကပင်တောင် Cable Car ကြီး ဖြစ်မြောက်ရေးအတွက်ပါ။ ကျနော်တို့ ဒီစီမံကိန်းကြီး ပြီးသွားရင် Cable Car ကို စီးပြီး ဇွဲကပင် တောင်ပေါ်က ဆံတော်ရှင် စေတီကို အတူတူ ဖူးမျှော်ရအောင်ပါ” လို့ ဦးယဉ်ထွေးဆွေက စာနယ်ဇင်း ရှင်းလင်းပွဲမှာ ဟြေခဲ့ပါတယ်။
စီမံကိန်း ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ၃၊ အနုပညာကိစ္စ ဖြစ်မြောက်ရေး ဥက္ကဋ္ဌ ဦးမိုးဝင်း ကိုယ်စား မဟာရန်ကုန် စံပြသဘင်က ဦးမိုးမင်းကလည်း အနုပညာ ရန်ပုံငွေပွဲနဲ့ ပတ်သက်လို့ စာနယ်ဇင်းပွဲမှာ ရှင်းလင်း တင်ပြခဲ့ပါတယ်။
“ကျနော်ကတော့ ကျနော့်အစ်ကို ဦးမိုးဝင်းရဲ့ ကိုယ်စား တက်ရောက်ခြင်း ဖြစ်ပါတယ်။ ကိုမိုးဝင်းက ရန်ပုံငွေ ရရှိရေးအတွက် တာဝန်ယူမှု အပိုင်းမှာ ပါဝင်တဲ့အတွက် ကျနော် ရောက်ရှိလာတာပါ။ ဖျော်ဖြေမှု အပိုင်းနဲ့ ပတ်သက်ပြီး သူက သူ့ရဲ့ စံပြသဘင်ကို နောက်ခံထားပြီး တာဝန်ယူ ကျင်းပပြုလုပ်တာပါ။ ကျနော်တို့ ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်တွေ ပေါင်းစည်းပြီး ကိုယ့်နိုင်ငံရဲ့ ကောင်းကျိုး ဖြစ်စေမယ့် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော Cable Car စီမံကိန်းကြီး အဆင်ပြေ ချောမွေ့စေအောင် အားလုံးက ကူညီတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ နိုဝင်ဘာ ၇ ရက်ကနေ ၁၀ ရက် အတွင်းကို ဦးမိုးဝင်း တည်ထောင်တဲ့ မဟာရန်ကုန် စံပြသဘင် အဖွဲ့က နောက်ခံထားပြီး အနုပညာရှင်တွေရဲ့ ပေါင်းစည်း ဖျော်ဖြေ တင်ဆက်မှုကို တွေ့ရမှာ ဖြစ်ပါတယ်” လို့ ဦးမိုးမင်းက ဆိုပါတယ်။
၁၀ ရက်နေ့မှာ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရဲ့ ပြဇာတ်ကို အထူးတင်ဆက် ကပြမှာ ဖြစ်ပြီး၊ ၉ ရက်နေ့မှာတော့ ဦးမိုးမင်းကို ကပြဖျော်ဖြေဖို့ ဖိတ်ခေါ်ထားပါတယ်။ ဇာတ်သဘင် ဖျော်ဖြေကပြ တင်ဆက်မှုမှာ တခြား အနုပညာရှင် တွေလည်း ပါဝင် ကပြမှာပါ။
ရုံဝင်ကြေးကို ၂၅၀၀ ကျပ် လို့သတ်မှတ်ထားပြီး ဖျာလက်မှတ်တွေ ကိုတော့ ကျပ် ၂၀၀၀၀၊ ၁၅၀၀၀၊ ၁၀၀၀၀ ကျပ် အသီးသီး သတ်မှတ်ထားပါတယ်။
“ဈေးနှုန်းက ပွဲတော်ကြီး တခုရဲ့ သာမန်ပုံစံလောက်ပဲ ရှိပါတယ်။ အနုပညာရှင်တွေ အများကြီးရဲ့ ဖျော်ဖြေမှုကိုလည်း ကြည့်ရှု ရမှာ ဖြစ်ပါတယ်။ ဦးမိုးဝင်းက စစ်ကိုင်းမှာ ဖျော်ဖြေရေးနဲ့ ရိုက်ကူးရေး ရှိနေတဲ့အတွက် ကျနော်ရရှိတဲ့ အချက်အလက် တွေကို တင်ပြခြင်း ဖြစ်ပါတယ်” လို့ ဦးမိုးမင်းက ဟြေပြပါတယ်။