[irrawaddy_gallery]
MRTV 4 ရဲ့ The Sign of Love ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး လတ်တလောမှာလည်း MTV သီချင်းတွေ၊ ဓာတ်ပုံရိုက်ကူးခြင်းတွေ လုပ်ကိုင်လျက်ရှိကာ ရုပ်ရှင်ဇာတ်ကားကြီး တကားမှာလည်း ပါဝင်သရုပ်ဆောင်ဖို့ ပြင်ဆင်နေတဲ့ မော်ဒယ်လ် သရုပ်ဆောင် ဆောင်းဝတ်ရည်မေကို သူ့ရဲ့အနုပညာ လှုပ်ရှားမှုများအပြင်၊ သူ့ရဲ့လတ်တလော ဟြေပြချင်တဲ့ အကြောင်းအရာများ၊ ခံစားမှုများကိုပါ မေးမြန်းခဲ့ပါတယ်။
ဆောင်းဝတ်ရည်မေဟာ အခုတလောမှာ ဓာတ်ပုံတွေရိုက်တယ်၊ MTV တွေရိုက်တယ်၊ VCD သီချင်းတွေရိုက်တယ်၊ နောက်ပြီး ရုပ်ရှင် ဇာတ်ကားကြီးတကား ရိုက်ဖို့ရှိပါတယ်၊ ဒါရိုက်တာ ဆရာအန်ထော်ဏီ ရိုက်ကူးမယ့် လေယာဉ်ပြန်ပေးဆွဲတဲ့ ရုပ်ရှင် ဇာတ်ကားကြီးအတွက် ညီမကြိုးစား ပြင်ဆင်နေပါတယ်လို့ ဧရာဝတီကိုဟြေပါတယ်။ သူက ဒီဇိုင်နာ ဆန်းဘောက်ရာ ဖန်တီးပေးတဲ့ ကချင်တိုင်းရင်းသား ခေတ်မီဝတ်စုံလေးကို ဝတ်ဆင်ပြီးဓာတ်ပုံရိုက်ရတဲ့ ခံစားချက်ဟာ ကိုယ်ကိုယ်တိုင် ကချင်တိုင်းရင်းသူလေး တယောက်ဖြစ်သွားသလို ခံစားရတယ်လို့ ဆိုပါတယ်။
“ဒီဝတ်စုံကို ဝတ်လိုက်တဲ့အချိန်မှာ ကိုယ်တိုင် ကချင်တိုင်းရင်းသူလေး တယောက် ဖြစ်သွားသလို ခံစားရပါတယ်၊
ဒီလို တိုင်းရင်းသားရိုးရာ ဝတ်စုံလေးတွေကို ဝတ်ရတာကို ညီမကြိုက်တယ်။ မဆန်းဘောက်ရာ ဖန်တီးတဲ့ ဝတ်စုံလေး တွေက လှလည်းလှတော့ အရမ်း သဘောကျပါတယ်။ တချို့ကတော့ ညီမကို ရှမ်းမလေးလားလို့ မေးကြတယ်၊ ညီမက ဗမာလူမျိုးပါ၊ တရုတ်သွေးတော့ နည်းနည်းစပ်ပါတယ်၊ ကိုယ့်နိုင်ငံထဲက တိုင်းရင်းသားတွေ အားလုံးကို ညီမ ချစ်မြတ်နိုးပါတယ်၊ လူမျိုးတွေရဲ့ ဓလေ့စရိုက်လေးတွေကိုလည်း ညီမစိတ်ဝင်စားပါတယ်” လို့ သူကဆိုပါတယ်။
ဆောင်းဝတ်ရည်မေက ဗုဒ္ဓဘာသာဝင် တယောက်အဖြစ် မြန်မာနိုင်ငံမှာ မွေးဖွားလာရတဲ့အတွက် ကျေနပ်ဂုဏ်ယူ မိပါတယ်တဲ့။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာထွန်းကားပြီး စေတီပုထိုးတွေ အများကြီးရှိတဲ့ အတွက်ဒီနိုင်ငံမှာ မွေးဖွား ကြီးပြင်းရတာကို ကျေနပ်ဂုဏ်ယူမိတာ ဖြစ်တယ်လို့ ဧရာဝတီကို ဟြေပါတယ်၊၊ သူက ကချင်ဝတ်စုံဝတ်ရတာကို နှစ်သက် သလို၊ ကချင် လူမျိုးအပါအဝင် တခြားတိုင်းရင်းသားတွေရဲ့ ဓလေ့စရိုက် ယဉ်ကျေးမှုတွေကို စိတ်ဝင်စားပြီး မြန်မာနိုင်ငံ တခုလုံးကို အေးအေးချမ်းချမ်း ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။
“ညီမက တိုင်းရင်းသားတွေအားလုံးကို ချစ်မြတ်နိုးတယ်၊ သူတို့ရဲ့ ဓလေ့စရိုက် ယဉ်ကျေးမှုတွေကိုလည်း စိတ်ဝင်စားတယ်၊
ကိုယ်ကမြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့ရတဲ့အတွက် မြန်မာနိုင်ငံတခုလုံးကို အေးအေးချမ်းချမ်း ဖြစ်စေချင်တယ်၊ ကချင် ပြည်နယ်မှာ စစ်ပွဲတွေဖြစ်တုန်းကလည်း စိတ်မကောင်းဖြစ်မိတယ်၊ ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်တွေကို သွားကူညီအားပေးတဲ့ အနုပညာရှင် တွေကိုလည်း လေးစားအားကျမိတယ်” လို့ သူက ဆက်ဟြေပါတယ်။
လောလောဆယ် Electronic Communication ဘာသာရပ်နဲ့ ဒုတိယနှစ် စာမေးပွဲဖြေထားတဲ့ ဆောင်းဝတ်ရည်မေက ပညာရေးကိုလည်း ဦးစားပေးလုပ်ရင်း အနုပညာအလုပ်တွေကို လုပ်သွားမယ်လို့ ဆိုပါတယ်။ သူရှေ့ဆက်မယ့် အနုပညာခရီးနဲ့ ပတ်သတ်ပြီးလည်း အနုပညာလမ်းက ဘယ်တော့မှ မဖြောင့်တန်းကြောင်းနဲ့ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် အရာထင်ကြောင်း၊ အနုပညာရှင် တယောက်ဖြစ်လာရင် စိတ်နဲ့အလုပ်လုပ်ရတဲ့ အတွက် စိတ်ကို ရှင်းရှင်းလင်းလင်း ထားသင့်ကြောင်း၊ သူကိုယ်တိုင်လည်း စိတ်ကို ရှင်းရှင်းထားပြီး သူ့ရဲ့အနုပညာကို ပရိသတ်တွေ လက်ခံလာတဲ့အထိ ကြိုးစားသွားမှာဖြစ်ကြောင်း ဧရာဝတီကို ဟြေခဲ့ပါတယ်။