Miss Universe Myanmar အနေနဲ့ ရုရှနိုင်ငံ မော်စကိုမြို့မှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ မိုးစက်ဝိုင်ဟာ မြန်မာနိုင်ငံကို ပြန်ရောက်လာပြီး နိုဝင်ဘာ ၁၃ ရက်နေ့က ဗိုလ်တထောင် ဆိပ်ကမ်း မြစ်၀ အပျော်စီး သင်္ဘောပေါ်မှာ စာနယ်ဇင်း မီဒီယာတွေနဲ့ တွေ့ဆုံပြီး ရှင်းလင်းပွဲနဲ့ အမျိုးသမီးများ ဖွံ့ဖြိုးရေးအတွက် အလှူငွေ လှူဒါန်းပွဲကို ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
စာနယ်ဇင်း ရှင်းလင်းပွဲမှာ မိုးစက်ဝိုင်က သူ သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ Miss Universe ပြိုင်ပွဲရဲ့ အတွေ့အကြုံများ အကြောင်းကို အသေးစိတ် ဟြေပြခဲ့ပါတယ်။
“မိုးစက် သွားပြိုင်တဲ့ Miss Universe ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၈၆ နိုင်ငံက အလှမယ်တွေ လာရောက် ယှဉ်ပြိုင်ကြတာပါ။ အလှမယ်တွေ အားလုံးက အတွေ့အကြုံတွေ တော်တော်ရှိကြတယ်၊ သူတို့ဆီကလည်း မိုးစက် အတွေ့အကြုံတွေ တော်တော် ရလိုက်တယ်၊ မိုးစက်ကိုယ်တိုင်လည်း သူတို့ဆီက လေ့လာစရာတွေ၊ အတုယူစရာတွေကို လေ့လာခဲ့တယ်။ ဒီ ၈၆ နိုင်ငံက Miss တွေမှာ သူတို့အနှစ်နှစ်အလလက လေ့လာထားတာတွေ အများကြီးရှိတယ်။ သူတို့က သူတို့ လေ့လာထားပြီး တတ်စွမ်းသမျှကို ဒီပွဲကြီးမှာ လာပြကြတာပါ။ သူတို့ဆီက မိုးစက် ရခဲ့တဲ့ ဒီလို ဗဟုသုတတွေကလည်း အရမ်းကို တန်ဖိုးရှိပါတယ်။ မိုးစက်ကလည်း အရင်ကတည်းက Miss Universe ဆုကြီးကို မှန်းပြီး ပြိုင်ပွဲဝင်ခဲ့တာ မဟုတ်ပါဘူး။ အဓိက သွားပြိုင်ခဲ့တဲ့ ရည်ရွယ်ချက်က မြန်မာကို ကမ္ဘာက သိစေချင်တာပါ။ မိုးစက်ကိုယ်တိုင်ကလည်း Miss Universe ပွဲကြီးကို ဝင်ရောက် ယှဉ်ပြိုင်တာက အတွေ့အကြုံရအောင်လို့ပါပဲ” လို့ မိုးစက်ဝိုင်က ဟြေပါတယ်။
မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု အကြောင်းတွေ၊ ဓလေ့ ထုံးစံတွေကိုလည်း ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံတကာက အလှမယ်တွေရော၊ အားလုံးကိုပါ သိအောင် ဟြေပြခဲ့တယ် လို့လည်း သူက ဆိုပါတယ်။
“မိုးစက်က မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးစံတွေ အားလုံးကို နိုင်ငံတကာက သိအောင် ဟြေပြခဲ့ပါတယ်။ သူတို့ကလည်း မြန်မာနိုင်ငံက နှစ်ပေါင်း ငါးဆယ်ကျော်ကြာမှ ပြန်ပြီး ပါဝင်ယှဉ်ပြိုင် လာတဲ့အတွက် တော်တော်ကို အားပေးကြပါတယ်။ အဓိကကတော့ မြန်မာနိုင်ငံအကြောင်းကို နိုင်ငံတကာက သိစေချင်တာပါ” လို့ မိုးစက်ဝိုင်က ဆက်ဟြေပါတယ်။
Miss Universe Website မှာ Official Voting တခုပဲရှိပြီး တခြား Website တွေက ပေးတဲ့ Voting တွေက Artificial Voting တွေဖြစ်ကြောင်း ကိုလည်း မိုးစက်ဝိုင်က ရှင်းပြပါတယ်။
“မိုးစက်က Voting နဲ့ ပတ်သက်ပြီးတော့လည်း အာရုံမထားပါဘူး။ မိုးစက်အဓိက အာရုံထားတာက ကိုယ်ကြိုးစား နိုင်သလောက် ကြိုးစားခဲ့ပြီး မိုးစက်ကို ချစ်တဲ့ မိဘပြည်သူတွေရဲ့ ချစ်ခြင်းမေတ္တာကို ရမယ်ဆိုတာက မိုးစက်အတွက် ပိုအရေးကြီးပါတယ်” လို့ သူက ဟြေပါတယ်။
မိုးစက်ဝိုင်ဟာ Online Voting၊ People Choice Award နဲ့ Metrology ဆုတွေမှာ Voting အများဆုံး ရခဲ့ပြီး ပရိသတ်တွေ ပေးတဲ့ဆုတွေ ရခဲ့တာ ဖြစ်ပါတယ်။
အဲဒီအတွက်လည်း သူ အရမ်းဝမ်းသာပါတယ် လို့ ဧရာဝတီကို ဟြေပါတယ်။ ဒါပေမယ့် မိုးစက်ဝိုင်ကTop 15 မှာ ပါတယ်ဆိုတာ မဟုတ်ကြောင်းလည်း ရှင်းပြပါတယ်။
“မိုးစက် Top 15 မှာ မပါတာကလည်း ဒိုင်တွေရဲ့ ရွေးချယ်မှုပါပဲ။ နောက်ပြီး နိုင်ငံတွေ အများကြီးက ပြိုင်တာဆိုတော့ ကိုယ့်ထက် အတွေ့အကြုံ ရှိတဲ့သူတွေလည်း အများကြီးပဲလေ။ ၈၆ ယောက်မှာ ၁၅ ယောက်အထဲ ပါဖို့ဆိုတာ တော်တော် ခဲယဉ်းပါတယ်။ နောက်ပြီး ကိုယ့်ထက် နှစ်ပေါင်းများစွာ ကြိုးစားပြီး ပြိုင်ပွဲတွေ အများကြီး အတွေ့အကြုံ ရှိတဲ့သူတွေတောင် အရွေး မခံရတာတွေ ရှိတော့ ညီမ ဘာမှမခံစားရပါဘူး။ သူတို့အတွက်တောင် ကိုယ်က ပိုပြီး စိတ်မကောင်း ဖြစ်ရပါတယ်။ ကိုယ်က အတတ်နိုင်ဆုံး ကြိုးစားပေမယ့် ဒိုင်တွေက ဘယ်လို အမှတ်ပေးတယ်ဆိုတာ မိုးစက်လည်း မသိပါဘူး၊ ရုရှ Website တခုက Voting တွေကို ဖြတ်ချတယ်လို့ ဟြေတဲ့သူတွေက ဟြေပေမယ့် မိုးစက်ကတော့ အဲဒါတွေကိုလည်း မသိပါဘူး၊ မိဘ ပြည်သူတွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ရတာကိုပဲ မိုးစက် အရမ်းဝမ်းသာပါတယ်” လို့ သူက သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းခဲ့တဲ့ ဧရာဝတီကို ပြန်လည် ဖြေကြားပါတယ်။
Miss Universe ရရှိခဲ့တဲ့ Miss ဗင်နီဇွဲလား နဲ့လည်း မိုးစက်ဝိုင်က စကားဟြေခဲ့တဲ့ အခါ သူတို့နိုင်ငံမှာ Miss နဲ့ ပတ်သက်တဲ့ Training School တွေ ရှိတဲ့အတွက် သူတို့က အသက် ၁၄ နှစ် အရွယ် ကတည်းက လေ့ကျင့်ခဲ့တာ လို့လည်း သိခဲ့ရကြောင်း သူက ဧရာဝတီကို ဆက်ဟြေပါတယ်။
Miss Universe ရရှိခဲ့တဲ့ Miss ဗင်နီဇွဲလား နဲ့လည်း မိုးစက်ဝိုင် စကားဟြေကြည့်ခဲ့သေးတယ်လို့ သိရပါတယ်။
“သူဟြေပြတာက သူတို့နိုင်ငံမှာ Miss Training School တွေရှိပြီး သူကိုယ်တိုင် အသက် ၁၄ နှစ်အရွယ် ကတည်းက လေ့ကျင့် ခဲ့တာလို့ မိုးစက်ကို ဟြေပြပါတယ်။ သူ့ရဲ့အိပ်မက်က Miss Universe မှာ ပါဝင် ယှဉ်ပြိုင်ဖို့ ဖြစ်တယ်လို့လည်း ဟြေပါတယ်” လို့ မိုးစက်ဝိုင်က ပြန်ဟြေပါတယ်။
Hello Madam က Miss Universe ပွဲ Organizer မစိုးယုဝေကလည်း “ကျမတို့နောင်နှစ်တွေမှာ Miss Universe ပွဲတွေ လုပ်ရင် Training Center တွေ၊ Training School တွေမှာ သေသေချာချာ လေ့ကျင့်ပြင်ဆင်ပြီးမှ ပြုလုပ်ဖို့ အစီအစဉ် ရှိပါတယ်လို့ ဧရာဝတီက မေးမြန်းချက်ကို ဖြေကြားပါတယ်။