သရုပ်ဆောင် လှအဉ္ဇလီတင့်ဟာ မလေးရှားနိုင်ငံ၊ ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ကိုယ်စားပြု အဖွဲ့အစည်းတခုဖြစ်တဲ့ Tourism Malaysia ရဲ့ ဖိတ်ခေါ်မှုအရ နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ တပတ်ကြာသွားရောက်ခဲ့ပြီး ASEAN Explore Quest Malaysia 2013 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အဆိုပါဆုကို ရရှိခဲ့ပါတယ်။ ဒီပွဲအတွေ့အကြုံကို လှအဥလှအဉ္ဇလီတင့်က ဧရာဝတီကို အခုလိုပြောပြပါတယ်။
“ဒီပွဲကိုသွားပြိုင်ဖြစ်ခဲ့တာက ချောရဲ့ Mail ထဲကို Tourism Malaysia က ဖိတ်ခေါ်စာတစောင် ရောက်လာတယ်။ နောက်ပြီး Traveller ဂျာနယ်ကလည်း ဆက်သွယ်လာပြီး ချောလိုက်နိုင်လားဆိုပြီး ပြောလာတယ်။ ဒီပွဲအကြောင်းကို လေ့လာကြည့်ခိုင်းတယ်။ Malaysia Airline ကလည်း ချောကိုဆက်သွယ်တယ်။ ချောရဲ့ Mail ထဲကို တိုက်ရိုက်ပို့တယ်။ လိုက်နိုင်သလား၊ ဒီပွဲမှာ ပါဝင်ဆင်နွှဲနိုင်မလားမေးတယ်။ ချောကလည်း စူးစမ်းလေ့လာချင်စိတ်က အမြဲရှိတယ်လေ။ ဒီပွဲက ဘယ်လိုဆိုတာကို မသိသေးဘဲ လိုက်မယ်လို့ဟြေလိုက်တယ်” လို့ ဆိုပါတယ်။
ဆက်လက်ပြီး ပြင်ဆင်မှုနဲ့ ပတ်သက်လို့ လှအဉ္ဇလီတင့်က “မသွားခင်အချိန်ကတော့ ငါးရက်လောက်ပဲရတယ်။ မသွားခင်မှာ ဒီပွဲရဲ့ခေါင်းစဉ်ကို သူတို့က ပို့ပေးထားတယ်။ သူတို့ရဲ့ အစီအစဉ်တွေကိုလည်း မိတ္တူဆွဲပြီး လေ့လာခဲ့တယ်။ လေ့လာတဲ့အခါမှာ သူတို့လုပ်တဲ့ပွဲက တော်တော်ကြီးကြီးကျယ်ကျယ် လုပ်တဲ့ပွဲ ဖြစ်နေတယ်၊ အာဆီယံနိုင်ငံ ၁၀ နိုင်ငံ အပါအဝင် စုစုပေါင်းနိုင်ငံ ၁၂ နိုင်ငံက ပါဝင်ယှဉ်ပြိုင်ကြပြီး သူတို့ဖိတ်တာက နိုင်ငံတနိုင်ငံကို Tourism Owner ရယ်၊ မီဒီယာရယ်၊ TV Station ရယ် ဖိတ်တယ်။ တချို့နိုင်ငံတွေကဆိုရင် မင်းသားနဲ့မင်းသမီး အတွဲလိုက် လာကြတယ်။ ရည်ရွယ်ချက်က ကိုယ့်နိုင်ငံမှာ ဒီပွဲကြီးရဲ့ အတွေ့အကြုံနဲ့ ခံစားမှုတွေကို ပြန်ပြီးဖြန့်ဝေပေးနိုင်ဖို့နဲ့ တခြားနိုင်ငံတွေနဲ့ ချစ်ကြည်ရေး၊ စီးပွားရေးအရ ရင်းနှီးအောင်လုပ်တဲ့ပွဲ ဖြစ်ပါတယ်” လို့ လှအဉ္ဇလီတင့်က ဧရာဝတီကို ပြန်ဟြေပါတယ်။
ဒီပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သူမနဲ့အတူ Marvellous Toursim မှ ကိုယ်စားလှယ်တဦး၊ MRTV 4 ရိုက်ကူးရေးအဖွဲ့တို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲအတွက် လှအဉ္ဇလီတင့် မလေးရှားမှာ ရောက်နေတဲ့အချိန် ညစာစားပွဲတိုင်းမှာ မြန်မာဝတ်စုံများကိုသာ ဝတ်ခဲ့ပြီး ဒါဟာ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းလိုခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီပွဲနဲ့ပတ်သက်တဲ့ ကြိုတင်ပြင်ဆင် လေ့လာမှုတွေနဲ့ ပတ်သက်ပြီးပြောပြရာမှာတော့ “တတ်နိုင်သမျှ ကြိုးစားမယ်လို့ စဉ်းစားဆုံးဖြတ်ပြီး ပါဝင်ယှဉ်ပြိုင်မယ့် ၁၂ နိုင်ငံရဲ့ ယဉ်ကျေးမှုတွေနဲ့ နှုတ်ဆက်စကားတွေကို ဟြေနိုင်အောင် တတ်နိုင်သလောက် လေ့လာတယ်။ အိုဘားမား မြန်မာနိုင်ငံကို လာတုန်းက ကိုယ့်မြန်မာစကားလေး “မင်္ဂလာပါ” လို့ တခွန်းတည်း ဟြေတာနဲ့တင် ချော Heart ထိသွားတယ်။ ဒါကြောင့် သူတို့နိုင်ငံရဲ့ နှုတ်ဆက်စကားလေးတွေကို သူတို့ အံ့သြသွားအောင် လေ့လာခဲ့တယ်” လို့ ဆိုပါတယ်။
ဆက်လက်ပြီး ပွဲကာလတလျှောက် အတွေ့အကြုံတွေကို ပြောဆိုရာမှာ “မလေးရှားကို ရောက်ရောက်ချင်း ချောတို့ကို နိုင်ငံရဲ့သံတမန်တွေလိုမျိုး ဆက်ဆံတယ်။ လိုလေသေးမရှိအောင် ထားတယ်။ ပြိုင်ပွဲတွေက တနေ့ကို လေးခုလောက် ရှိတယ်။ ပြိုင်ပွဲတိုင်းကို ဝင်ပါချင်လည်းရသလို၊ မပါချင်လည်းရတယ်။ စာလုံးဆက် ကစားတဲ့ Anagram ပြိုင်ပွဲမှာတော့ ချော အားနည်းခဲ့တယ်။ ကျန်တဲ့ပြိုင်ပွဲတွေကိုတော့ ကြိုးကြိုးစားစားနဲ့ ပါဝင်ခဲ့တယ်။ အနိုင်ရအောင် လုပ်ခဲ့တယ်။ အဖွဲ့တွေခွဲပြီး ပြိုင်ကြတော့ ချော ခေါင်းဆောင်လုပ်ခဲ့တယ်။ ဒီပွဲရဲ့ အဓိက ရည်ရွယ်ချက်က သူတို့နိုင်ငံရဲ့သဘာဝ၊ ယဉ်ကျေးမှုစသဖြင့် အကုန်လုံးကို အချိန် ၇ ရက် အတွင်းမှာ ပြခဲ့တာ။ ၁၂ နိုင်ငံက လာတဲ့သူတွေက ကိုယ့်နိုင်ငံ ပြန်တဲ့အခါမှာ ပြန်ဟြေပြနိုင်အောင်ပေါ့” လို့ ဆိုပါတယ်။
ဆက်လက်ပြီး “ပြိုင်ပွဲတွေကို ကြိုမဟြေထားဘူး။ ရောက်တဲ့နေရာမှာ ပြိုင်ခိုင်းချင်တဲ့အတိုင်း ပြိုင်ခိုင်းတာ။ မြှားပစ်ခိုင်းတယ်။ ပီဇာတက္ကသိုလ်မှာ သင်တန်းတက်ပြီး ပီဇာဖုတ်ခိုင်းတယ်။ ပန်းချီ ချက်ချင်းဆွဲခိုင်းတယ်။ ရဲဝတ်စုံဝတ်ပြီး ရဲသင်တန်း တက်ခိုင်းတယ်၊ အသံအကျယ်ကြီး အော်ခိုင်းတယ်၊ တကယ့် ရဲဝန်ထမ်း အစစ်တယောက်လို လုပ်ခဲ့ရတယ်။ စာပို့သမားလည်း လုပ်ခဲ့တယ်။ တကယ့်လူတွေရဲ့ ဘဝတွေအတိုင်း လုပ်ခဲ့ရတယ်။ တခြားနိုင်ငံက ပြိုင်ပွဲဝင်တွေ ထိုင်နေပေမယ့် ချော ကတော့ တကယ်ကို ပါဝင်လှုပ်ရှားကစားခဲ့တယ်။ နောက်ဆုံး အမှိုက်ပုံး နံနံစော်စော်ထဲကို မွှေပြီး ပစ္စည်းရှာတဲ့ ကစားနည်းပြိုင်ပွဲကို ကစားခဲ့တယ်။ အဲဒီပြိုင်ပွဲတွေကနေ ခံစားချက်တွေ အတွေ့အကြုံတွေအများကြီး ရခဲ့တယ်” လို့ လှအဉ္ဇလီတင့်က ဆိုပါတယ်။
ဒီ ASEAN Explore Quest Malaysia Winner 2013 ဆုအနေနဲ့ မလေးရှားနိုင်ငံမှာ စားရိတ်ငြိမ်း ၃ ရက် နေထိုင်သွားလာ စားသောက်ခွင့်ရမှာဖြစ်ပြီး ဆုရတဲ့ရက်ကနေ ၄ အတွင်း ခံစားခွင့်ရှိတယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲစဉ်တွေကို Youtube မှာလည်း ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။