အဖြူရောင်ရဲတိုက် ရုပ်ရှင်ကားမှာ သရုပ်ဆောင် နေတိုးရဲ့ ဇာတ်ဝင်ခန်း နည်းမှုတွေ၊ ဇာတ်ပို့တဦးပုံစံ သရုပ်ဆောင်ခဲ့ရမှုတွေ ရှိတယ်ဆိုပြီး နေတိုးရဲ့ (WLNT – We Love Nay Toe) ပရိသတ်တွေက သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံအပေါ် ဝေဖန်မှုတွေ Facebook စာမျက်နှာထက်မှ တွေ့ခဲ့ရပါတယ်။ နေတိုးကလည်း ဒီကိစ္စအပေါ် (လှည့်စားတယ်လို့ ခံစားခဲ့ရကြောင်း) ဧရာဝတီရဲ့ တွေ့ဆုံမေးမြန်းမှုမှာ ဖြေထားပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပြေတီဦးက စာနယ်ဇင်း ရှင်းလင်းပွဲလုပ်မယ် ဆိုပေမယ့် မလုပ်ဖြစ်တဲ့ အကြောင်းနဲ့ သူဘယ်လို ပြန်လည် ရှင်းလင်းခဲ့လဲ ဆိုတာကို နေတိုး၊ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ရဲ့ ပရိသတ်တွေ သိရှိစေဖို့ ပြေတီဦးကို ဧရာဝတီက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး။ ။ အဖြူရောင်ရဲတိုက် ဇာတ်ကားကြီးရဲ့ ပြဿနာနဲ့ပတ်သက်ပြီး ကိုပြေတီဦးအနေနဲ့ အစက စာနယ်ဇင်း ရှင်းလင်းပွဲ လုပ်မယ်လို့ Facebook ပေါ်မှာ တင်ခဲ့ပြီးမှ ဘာလို့ စာနယ်ဇင်း ရှင်းလင်းပွဲ မလုပ်တော့တာလဲ။
ဖြေ။ ။ စာနယ်ဇင်း ရှင်းလင်းပွဲ မလုပ်ဖြစ်တော့တာက ဘာကြောင့်လဲ ဆိုတော့ နေတိုးကလည်း ကိုလူမင်းတို့နဲ့ ဖုန်းတွေ ဟြေပြီးတော့ ဒီလိုပုံစံမျိုး စာနယ်ဇင်း ရှင်းလင်းပွဲလောက်ကြီး မလုပ်စေချင်ဘူး ဆိုတာမျိုးဟြေတယ်။ စာနယ်ဇင်း ရှင်းလင်းပွဲ မလုပ်တော့ဘဲ၊ ရုပ်ရှင်အစည်းအရုံးမှာ ရှင်းလင်းပြီးတော့ ညှိနှိုင်းကြပါလား ဆိုတော့ ကျနော်ကလည်း တကယ့်တကယ် စာနယ်ဇင်း ရှင်းလင်းပွဲ မလုပ်ချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော် စာနယ်ဇင်းရှင်းလင်းပွဲ လုပ်လိုက်ရင် ဘယ်သူ့မှ မထိခိုက် စေချင်သော်လည်းပဲ ထိခိုက်မှုတွေ ရှိသွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်က အချက်အလက်တွေနဲ့ သက်သေ သာဓကတွေနဲ့ ခိုင်ခိုင်မာမာရှင်းမှာကိုး။ အဲဒီလိုမျိုး ကျနော့်ကြောင့် တဦးတယောက် ထိခိုက်သွားမှာမျိုး မဖြစ်စေချင်ဘူး။ ကျနော့်အပေါ်မှာ ရှိနေတဲ့ ထင်မြင်ယူဆချက်တွေ လုံးဝမဟုတ်ဘူး ဆိုတဲ့ အကြောင်းကို ကျနော် သက်သေတွေ၊ သာဓကတွေ၊ ဒီကားမှာရှိတဲ့ ဝတ္ထုနဲ့ မင်းသားတွေ ကိုယ်တိုင် နောက်ဆုံး အဆင့် လက်ခံထားတဲ့ အခန်းစဉ် တွေ၊ အဲဒါတွေအားလုံးနဲ့ ဒါတွေ တခုမှမဟုတ်ဘူးဆိုတဲ့ အကြောင်းကို အသေးစိတ် ရှင်းလင်းပေးခဲ့တယ်။ ရှင်းလင်းပေးခဲ့တဲ့ အခါမှာ ရုပ်ရှင်အစည်းအရုံးမှာ ရှိတဲ့ လူကြီးတွေရော၊ နေတိုး၊ နေတိုးရဲ့ အမေရော၊ အားလုံးပေါ့၊ သူတို့တတွေ အားလုံး ကျနော် ဟြေတဲ့ဟာကို တခုမှ Complain မရှိဘဲနဲ့ အားလုံးကို လက်ခံပေးသွားတယ်၊ နောက်ဆုံးမှာ ကျနော်တို့အပေါ်မှာရှိတဲ့ ထင်မြင်ယူဆချက်တွေ လုံးဝမှားယွင်းနေတာကို နေတိုးကိုယ်တိုင်က လက်ခံပါတယ်။ ဒါတွေကို ဆက်ပြီးတော့ မလုပ်ဖို့ သူကိုယ်တိုင် ဖျောင်းဖျ ပေးပါမယ်ဆိုပြီးတော့ ကျနော်တို့ကို သူကိုယ်တိုင် ဝန်ခံလက်မှတ် ထိုးပေးသွားတယ်။ ကျနော်တို့က အဲဒါတွေကို စာနယ်ဇင်းတွေအပေါ်မှာ ဖော်ပြမယ်ဆိုတာကိုလည်း ခွင့်တောင်းထားပြီးသားပါ၊ ဖော်ပြဖို့ကိုလည်း နေတိုး ကိုယ်တိုင် သဘောတူပါတယ်။ ဒါတွေကို ကျနော်က ကိုယ့်ဘာသာကိုယ် စဉ်းစားပြီးတော့ မဖော်ပြတော့ပါဘူးလို့ စဉ်းစားလိုက်တာ၊ ဒီလို သူတို့ကိုယ်တိုင် လက်မှတ်ထိုးထားတာကို ဖော်ပြလိုက်တာဟာ သူတို့ကာယကံရှင်တွေရဲ့ သိက္ခာ တွေကို ထိခိုက်သွားမှာ စိုးတဲ့အတွက် ကျနော့်ဘက်ကနေပြီး ဒါတွေကို မဖော်ပြတော့တာပါ၊၊
မေး။ ။ ကိုပြေတီဦး ဘက်က ကိုနေတိုးပရိသတ်တွေ အထင်မလွဲအောင် ဘယ်လိုရှင်းပြမှာလဲ။
ဖြေ။ ။ ကျနော် ရှင်းလင်းခဲ့တဲ့ အကြောင်းတွေ၊ သူတို့ဘက်က ဝန်ခံတဲ့ အကြောင်းတွေ၊ အဲဒါတွေ အားလုံးကိုလည်း ဗီဒီယို မှတ်တမ်း တင်ထားပါတယ်။ ကျနော်တို့မှာ ဗီဒီယို မှတ်တမ်းတွေလည်း ရှိပါတယ်။ အခြေအနေတွေ အားလုံး ငြိမ်သက် သွားပြီးတော့ အေးအေးချမ်းချမ်း ပြီးသွားမယ် ဆိုရင် အကောင်းဆုံးပါပဲ။ ကျနော်တို့ ဘက်ကလည်း ဘာမှထပ်ပြီး ဟြေစရာမရှိပါဘူး။ ဒါပေမယ့် မပြီးသေးဘဲ ဇာတ်လမ်းတွေ ရှည်မယ်ဆိုရင်တော့ ကျနော်တို့ဘက်က ချပြစရာ သက်သေတွေ၊ ကိုလူမင်းနဲ့ နေတိုးနဲ့ လက်မှတ်ထိုးထားတဲ့ သဘောတူထားချက်တွေ၊ ဒါတွေကအစ ဗီဒီယိုမှတ်တမ်းတွေ တင်ထားတော့ ကျနော်တို့ဘက်က ချပြလို့ရပါတယ်။
မေး။ ။ ကိုနေတိုး လက်မှတ်ထိုးသွားတဲ့ ဝန်ခံချက်ထဲမှာ ဘယ်လိုအချက်တွေပါလဲ။
ဖြေ။ ။ နေတိုးကိုယ်တိုင် လက်မှတ်ထိုးပေးသွားတဲ့ အထဲမှာ ကျနော်တို့နဲ့ ဒီထင်မြင် ယူဆချက်တွေဟာ လုံး၀ မှားယွင်းတယ် ဆိုတဲ့အကြောင်း၊ သူကိုယ်တိုင် WLNT အဖွဲ့ကို ဖျောင်းဖျပေးမယ်ဆိုတဲ့ အကြောင်းလည်း လက်မှတ် ထိုးပေးတဲ့ အထဲမှာ ပါပါတယ်။ အဲဒီလို ဖျောင်းဖျပေးတာ၊ မပေးတာကတော့ ကာယကံရှင်ရဲ့ သဘောဆန္ဒ အပေါ်မှာပဲ မူတည် နေပါလိမ့်မယ်။ ပါလား၊ မပါလား ဆိုတာကတော့ ပရိသတ်တွေ သိကြမှာပဲပေါ့။ ကျနော်တို့ကတော့ သူသဘောတူထားတဲ့ အတိုင်း လုပ်ပေးသည်ဖြစ်စေ၊ လုပ်မပေးသည်ဖြစ်စေ ဒီကိစ္စ အေးအေးချမ်းချမ်း ပြီးသွားတယ်ဆိုရင်ပဲ ပြီးတာပါပဲ၊၊
မေး။ ။ WLNT အဖွဲ့က ကိုပြေတီဦးနဲ့ မအိန္ဒြာကျော်ဇင်တို့ သုံးတဲ့ facebook စာမျက်နှာမှာ ရိုင်းစိုင်းတဲ့ ကွန်မန့်တွေ လာရေးတဲ့ အခါ ဘယ်လိုခံစားရလဲ။
ဖြေ။ ။ စိတ်မကောင်း ဖြစ်မိတာတခုပါပဲ။ သူတို့တတွေကို ကျနော့်အနေနဲ့တော့ ဘယ်လိုမှ သဘောမထားပါဘူး။ ဘာလို့လဲ ဆိုတော့ ဒါက သူတို့အားပေးတဲ့ လူတယောက်အတွက်ကို သူတို့ခံစားရတဲ့ အတွက်ကြောင့်မို့ ဟြေကြတာပါ။ ဒါပေမယ့် သူတို့တတွေ ကလည်း အဖြစ်အပျက်မှန်ကို တကယ်မသိဘဲ ရမ်းသမ်းပြီးတော့ လုပ်ကြရတဲ့ အနေအထား တခုပဲ ရှိပါတယ်။ သူတို့ လုပ်နေတာတွေကို မှန်နေတယ်၊ မှားနေတယ်လို့ ဟြေပြမယ့် သူမရှိဘူးလို့ ကျနော့်အနေနဲ့ ထင်ပါတယ်။ ဒါကလည်း သူတို့ရဲ့ ကရုဏာဒေါသော စိတ်တခုနဲ့ ဒီလိုအဖြစ်အပျက်မျိုး ဖြစ်ခဲ့ရတာပါ။ ကျနော့်အနေနဲ့လည်း အဲဒါတွေကို နားလည်ပေးလို့ ရပါတယ်၊ ကိုယ်ချင်းစာပေးလို့ ရပါတယ်၊ ကျနော့်အနေနဲ့တော့ ဘာမှမဖြစ်ပါဘူး။
မေး။ ။ မအိန္ဒြာကျော်ဇင်ရဲ့ ခံစားချက်ကရော ဒါနဲ့ပတ်သက်ပြီး ဘာဟြေလဲ။
ဖြေ။ ။ ပထမပိုင်းမှာတော့ စိတ်မကောင်း အရမ်းဖြစ်ကြတာပေါ့၊ ကျနော်တို့ နှစ်ယောက် အတူတူပါပဲ။ မဟုတ်တဲ့ အကြောင်းအရာ ကိစ္စတခုကို သေသေချာချာ ဂဃနဏမသိဘဲ နဲ့ဟြေနေကြတဲ့ အပေါ်မှာ စိတ်မကောင်းဖြစ်မိတာပဲ ရှိပါတယ်၊ ကျန်တာတော့ ဘာမှမရှိပါဘူး။
မေး။ ။ အဖြူရောင်ရဲတိုက် ဇာတ်ကားက ဒီလိုပြဿနာတွေ ဖြစ်နေတဲ့ ကြားက ပရိသတ်ကြိုက်နေတယ်၊ ပရိသတ်က ဒီပြဿနာကို စိတ်ဝင်စားနေတယ် ဆိုတဲ့ အပေါ်မှာ ဘယ်လိုမြင်လဲ။
ဖြေ။ ။ ဟုတ်ကဲ့၊ စိတ်ဝင်စားခြင်း၊ စိတ်မဝင်စားခြင်းက ပရိသတ်တွေနဲ့ပဲ ဆိုင်ပါလိမ့်မယ်ခင်ဗျ၊၊
မေး။ ။ ကိုနေတိုးပါတဲ့ အခန်းတွေကို ဖြတ်ချတယ် ဆိုတာကရော တကယ်ဟုတ်လား။
ဖြေ။ ။ အဲဒါတွေ တိတိကျကျကိုလည်း သေသေချာချာ ရှင်းထားပါတယ်၊ မင်းသား တယောက်က ကားတကား ရိုက်တော့မယ် ဆိုရင် ဝတ္ထုကိုဖတ်ရတယ်၊ ဖတ်ပြီးမှ ကြိုက်ပြီဆိုရင် ဒါရိုက်တာက အခန်းစဉ်ဆိုတာကို ထုတ်ပြတယ်။ ကျနော်တို့ ခေါ်တာ Scene Serial ပေါ့၊ အဲဒီ အခန်းစဉ်ကို ပါဝင်မယ့် သရုပ်ဆောင်တွေ အကုန်လုံးကို ပြရတယ်။ ဒီအတိုင်း ရိုက်ပါမယ်၊ ဇာတ်သိမ်းကို ဒီလိုသိမ်းပါ့မယ် ဆိုတာ အားလုံး ပါထားပြီးသားပါ။ မင်းသား၊ မင်းသမီးတွေက ကြိုက်ပြီဆိုပြီး Confirm လုပ်တော့မှ ဒါရိုက်တာက အခန်းစဉ်အတိုင်း ဇာတ်ညွှန်းစရေးပြီးတော့ ရိုက်ရတယ်။ အခု ရုံတင်ပြသနေတဲ့ အခန်းစဉ် အားလုံးသည် နေတိုးကိုယ်တိုင် သဘောတူထားတဲ့ အခန်းစဉ်အတိုင်း အားလုံးပဲ။ နေတိုးရဲ့ အခန်းတွေကို ဖြုတ်တယ်လို့ ဟြေတဲ့အခါမှာ တကယ့်တကယ် အဖြုတ်ခံရတာက ကျနော်က ခြောက် Scene အဖြုတ်ခံရတယ်၊ နေတိုးက လေး Scene ပဲ အဖြုတ်ခံရတာ၊ တကယ့်တကယ်ဆို ကျနော်ကတောင် ပိုပြီးတော့ နစ်နာသေးတယ်။ ပြီးတော့ သရုပ်ဆောင် တယောက်က သူ့လက်ထဲမှာ အခန်းစဉ် ရှိထားပြီးသား၊ ဘယ်အခန်းတွေ ဖြုတ်တယ်ဆိုတာ သူကိုယ်တိုင်လည်း သိထားပြီးသား၊ သူ့အခန်းတွေကို ဒါရိုက်တာက ဖြုတ်တာ မကျေနပ်ဘူးဆိုရင် ဒါရိုက်တာကို တခါတည်း ကွန်ပလိန်း တက်လို့ရတယ်။ ကျနော့်အခန်းကို ဘာကြောင့်ဖြုတ်တာလဲလို့ မေးရမှာသည် သရုပ်ဆောင်ရဲ့ တာဝန်သာဖြစ်တယ်။ မေးရင် ဒါရိုက်တာက အကျိုးအကြောင်း ခိုင်လုံအောင် ရှင်းပြရတယ်၊ ခိုင်လုံရင် သရုပ်က သဘောတူလို့ရတယ်။ အကျိုးအကြောင်း ခိုင်လုံအောင် ဒါရိုက်တာက မရှင်းပြနိုင်ဘူးဆိုရင် ကျနော့်အခန်း ဒါကတော့ ဖြုတ်လို့မရဘူး၊ ရိုက်ပေးပါလို့ ဟြေရမှာသည် သရုပ်ဆောင်ရဲ့ တာဝန်သာဖြစ်တယ်။ သူ့ကိုမဟြေဘဲ ဖြုတ်လိုက်တာ မဟုတ်ဘူး၊ သူ့လက်ထဲမှာ အခန်းစဉ်ရှိပြီးသားလေ၊ သူသိရမယ်လေ၊ ဒါကိုလက်ခံခြင်း၊ လက်မခံခြင်းက သူနဲ့ပဲ ဆိုင်တယ်။ ကျနော့်အခန်းတွေ ဖြုတ်ခဲ့တုန်းကလည်း ကျနော် ကိုယ်တိုင် ဒါရိုက်တာကိုမေးတယ်၊ ဘာကြောင့်ဖြုတ်တာလဲ ဆိုတာ ဒါရိုက်တာက ဟြေတယ်၊ ဒါရိုက်တာဟြေတာ သဘာဝကျတဲ့ အတွက်ကြောင့် ကျနော်လက်ခံပေးခဲ့တယ်။ ကျနော်တို့က တခြားသရုပ်ဆောင် တယောက်ရဲ့ အခန်းကို သွားပြီး ဖြုတ်လို့ကိုမရဘူး။ ဒီလိုစွပ်စွဲတာ ကျနော်တို့ လုပ်ငန်းသဘောသဘာဝကို နားမလည်လို့ ဟြေတာသာဖြစ်တယ်။ နောက်ပြီး နေတိုးကလည်း လွန်ခဲ့တဲ့ တလ၊ နှစ်လကမှ အနုပညာ လောကထဲ စရောက်လာတဲ့ အသစ်လေး မဟုတ်ဘူး၊ ဆယ်စုနှစ်တစုစာလောက် အတွေ့အကြုံရှိထားပြီးသား လူတယောက်လေ။ သူ့ကို အဲဒီလိုလုပ်တိုင်း သူဘယ်ခံမလဲ၊ အဲဒီဟာတွေအားလုံး သူကိုယ်တိုင် သိထားပြီးသား အကြောင်းအရာတွေ သာဖြစ်တယ်။ ကျနော်က အဲဒါတွေကို စာရွက် စာတမ်းတွေ၊ သက်သေသာဓကတွေနဲ့ ရှင်းပြခဲ့ပြီးသား ဖြစ်တဲ့အတွက် ကျနော်ဟြေတာတွေကို ဘယ်သူ တဦးတယောက်ကမှ မငြင်းနိုင်ဘဲ လက်ခံပေးခဲ့ရတာပေါ့။
ကျနော် အမြဲတမ်း အမှန်တရားကိုပဲ မြတ်နိုးတယ်၊ ကျနော်အရှင်းဆုံး ဟြေရရင် ကျနော် လုပ်ခဲ့တဲ့အလုပ်တွေ မှန်သမျှကို အသက်ချင်း ထပ်ပြီးတော့ လောင်းကြေးထပ်ရဲတယ်၊ တကယ်လို့ သံသယရှိခဲ့တယ်ဆိုရင် ကျနော့်အသက်နဲ့ကို လောင်းကြေး ထပ်ပြီးတော့ ဟြေရဲတယ်။
မေး။ ။ ဒါဆို ကိုနေတိုးကို ချစ်တဲ့ ပရိသတ်ကိုရော ဘာဟြေချင်လဲ။
ဖြေ။ ။ အဖြစ်မှန်တခုကို မသိတဲ့အတွက် သူတို့တတွေ အထင်အမြင် လွဲခဲ့တာပါ၊ ကျနော်တိတိကျကျ မရှင်းပြတော့တာက ကာယကံရှင်တွေကို ထိခိုက်မှာ စိုးတဲ့အတွက် မရှင်းပြတော့ဘဲ ဒီအတိုင်းလေး ထားလိုက်တော့တာပါ။ သူတို့အပေါ်မှာလည်း ကျနော်က ဘာစိတ်မှကို မရှိပါဘူး။ အနုပညာသမားတွေကို အားပေးတာနဲ့ပဲ ကျေးဇူးတင်နေပြီ ဆိုတော့ ဘာစိတ်မှ မရှိပါဘူး။
မေး။ ။ ကိုပြေတီဦးတို့ရဲ့ ပရိသတ်တွေကိုရော ဘာဟြေချင်လဲ။
ဖြေ။ ။ အရမ်းကို ကျေးဇူးတင်ပါတယ်။ ဒီလိုအဖြစ်အပျက်လေး ဖြစ်လိုက်မှပဲ ကျနော်တို့ ပရိသတ်တွေ ဘယ်လောက်အထိ များတယ်၊ ဘယ်လောက် စိတ်ပူပေးကြတယ်၊ ဘယ်လောက် အထိ ကျနော်တို့နဲ့ ထပ်တူထပ်မျှ ခံစားကြရတယ်ဆိုတာ သေချာကို သိလိုက်ရတယ်။ အဲဒီအတွက်ကြောင့် ကျေးဇူးလည်း အရမ်းတင်ပြီးတော့ အရမ်းလည်း ပီတိဖြစ်မိတယ်။ အခုအချိန်အထိလည်း ဒီကိစ္စကို ကျနော်တို့ ဘယ်လို ဖြေရှင်းလိုက်တယ် ဆိုတာ သိချင်နေကြတုန်းပါပဲ။ ကိုလူမင်းနဲ့၊ နေတိုးနဲ့ လက်မှတ်ထိုးထားတဲ့ သဘောတူချက်ကို ကျနော် facebook ပေါ်တင်ဖို့လည်း ခွင့်တောင်းတယ်၊ ပြီးတော့ facebook ပေါ် တင်တယ်၊ အဲဒါကို ကိုလူမင်းက ဒါလေးကိုတော့ ပြန်ဖြုတ်ပေးပါ ဆိုပြီး မတင်ဖို့ ခွင့်တောင်းတယ်။ အနုပညာ ညီအစ်ကိုချင်း ဆိုတော့ လုပ်မပေးနိုင်စရာ မရှိဘူးလေ။ ကျနော် ချက်ချင်း ပြန်ဖြုတ်ပေးလိုက်တယ်။ အဲဒါကြောင့် ပရိသတ်တချို့က ဘယ်လို ညှိနှိုင်းမှုတွေနဲ့ ပြေလည်သွားတယ် ဆိုတာကို မသိကြတော့တာပါ။ ကျနော်ကတော့ အနုပညာညီအစ်ကိုချင်း အကောင်းဆုံး ဖြစ်အောင် စဉ်းစားပေးပါတယ်။
မေး။ ။ ကိုနေတိုးနဲ့ တွဲရိုက်ဖို့ ဇာတ်ကားတွေရှိလာရင်ကော ကိုပြေတီဦးက ရိုက်မှာပဲလား။
ဖြေ။ ။ ဟုတ်ကဲ့၊ ကျနော်ကတော့ အေးဆေးပါပဲ၊ ဘာမှမရှိပါဘူး။