• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

“မင်းသား မင်းသမီးကို ခယပြီးတော့ သိပ်မရိုက်ချင်ဘူး”

by မြတ်သူအောင်
17 December 2013
in Lifestyle
A A
ပန်းချီစိုးမိုး, ကြယ်စင်မော်ကွန်း, ဗိုလ်ချုပ်အောင်ဆန်း, တပ်မတော်

ဗိုလ်ချုပ်အောင်ဆန်း နေရာတွင် သရုပ်ဆောင်မည့်သူအား ကိုယ်တိုင် ပြင်ဆင်ပေးနေသည့် ဒါရိုက်တာ ပန်းချီ စိုးမိုး

6.9k
VIEWS
Share on FacebookShare on Twitter

ကြယ်စင်မော်ကွန်း ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ပန်းချီစိုးမိုးက ရိုက်ကူးပြီး မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု ပုံရိပ်တွေ အပါအဝင် ဖြစ်ရပ်မှန် တချို့ကို အခြေခံထားတယ်လို့ သိရပါတယ်။ လူမင်း၊ ဝေဠုကျော်၊ နေတိုး၊ စိုးရန်အောင်၊ စိုးမြတ်သူဇာ၊ ပန်းဖြူ၊ တင့်တင့်ထွန်း၊ အိန္ဒြာကျော်ဇင်၊ သက်မွန်မြင့်နဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ ဒီဇာတ်ကားကြီးနဲ့ ပတ်သတ်ပြီး ရိုက်ကူးသူ ဒါရိုက်တာ ပန်းချီစိုးမိုးကို ဧရာဝတီက တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

မေး။     ။ ကြယ်စင်မော်ကွန်း ဇာတ်ကားကြီး ရုံတင်ပြသခါနီး ခံစားချက်ကို သိချင်ပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
12.9k
မြိတ်မြို့

မြိတ်မြို့

11 May 2025
588
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
254

ဖြေ။     ။ ကျနော့်မှာ ခံစားချက်တော့ မရှိတော့ပါဘူး၊ ကားထုပ်တွေ အများကြီး ရုံတင်ဖို့ ရိုက်ခဲ့တာပဲလေ။ ကျနော် ကြိုးစားထားတဲ့ အတွက် ပရိသတ် ကြိုက်မယ်လို့ ယုံကြည်ပါတယ်။ ရုပ်ရှင်ကားပေါင်း ၆၀ ကျော်လောက်နဲ့ ဗီဒီယိုကား ၂၀၀ ကျော်လောက် ရိုက်ခဲ့တာပဲလေ။ ရုံတင်တဲ့အတွက် တုန်လှုပ်တာမရှိပါဘူး။ ကိုယ်ကြိုးစား လုပ်ထားသလောက် သူများ ကြိုက်ရင် ကျေနပ်တယ်။ ကြိုးစားတာကို အသိအမှတ် ပြုတယ်ဆိုရင် ဝမ်းသာ ကျေနပ်ပါတယ်။

မေး။     ။ ဒီဇာတ်ကား ရိုက်ဖို့အတွက် ဘယ်လိုတွေ ပြင်ဆင်ခဲ့ရလဲ။

ဖြေ။     ။ ဝတ္ထုတပုဒ်လောက် ဖတ်ပြီး ကားရိုက်တဲ့ ခေတ်မှာ၊ စာအုပ်ပေါင်းရာနဲ့ချီ ဖတ်ခဲ့ရတယ်။ နောက် … အမှားအမှန် ချိန်ဆတဲ့ နေရာမှာ အရမ်းခက်တယ်။ တိုက်ပွဲတပွဲကို ပီပြင်ဖို့အတွက် ၁ ပတ်ကနေ ၂ ပတ်လောက် အချိန်ပေးပြီး ရိုက်ခဲ့ ရတယ်။ အဲဒီအတွက် အရမ်းပင်ပန်းတယ်။ မင်းသားမင်းသမီး အချိန်ပေးရင် ပေးသလောက် ကောင်းတယ်၊ အချိန်မပေးရင် မပေးတဲ့သူက သူ့ဖာသာသူ သိသာတယ်။ အဲဒီလောက်ပဲ ဟြေချင်တယ်။ ဘယ်သူဘယ်ဝါလို့ မဟြေချင်ဘူး၊ မင်းသား မင်းသမီးကို ခယပြီးတော့ သိပ်မရိုက်ချင်ဘူး။ အနုပညာဆိုတာ သူလည်းလုပ်၊ ကိုယ်လည်းလုပ် ပဲလေ။

မေး။     ။ ဒီဇာတ်ကားမှာ ပါတဲ့ သရုပ်ဆောင်တွေနဲ့ ရိုက်ကွင်း အတွေ့အကြုံကိုလည်း ပြောပေးပါဦး။

ဖြေ။     ။ ကိုလူမင်းဆို ကောင်းတယ်။ ကိုလူမင်း ကတုံး နှစ်ခါသုံးခါ ပြန်တုံးရတယ်။ အရမ်းကို စိတ်ဝင်တစားပဲ။ ဝေဠု … ဟေ့ကောင် … တန်းလာဆို လာတယ်။ အိန္ဒြာကျော်ဇင်ဆို သူပါသမျှ အခန်းတိုင်း ကြိုးစားတော့ ဟြေစရာမရှိဘူး။ ပန်းဖြူလည်း သူ့ဟာသူ ကောင်းတယ်၊ တင့်တင့်ထွန်းလည်း ကောင်းတာပဲ။ လျော့တဲ့သူ ဘယ်သူတုန်း ဆိုတာ ကားထုပ်ကို ကြည့်ရင်သိလိမ့်မယ်။ လျော့တဲ့သူက သူတို့ ဘာသာ သူတို့ ဝါယမ မစိုက်လို့၊ ဒါရိုက်တာအပေါ် ဝါယမ မစိုက်လို့၊ ဒါရိုက်တာ မပေးလို့ မဟုတ်ဘူးနော်၊ အဲဒါတော့ ရဲရဲကြီး ဟြေရဲတယ်။

မေး။     ။ ဒီဇာတ်ကားမှာ ပါတဲ့ ဗိုလ်ချုပ်ရဲ့ ဇာတ်ကောင် စရိုက်အတွက် ဘယ်လို လေ့လာ ပြင်ဆင်ခဲ့ရလဲ။

ဖြေ။     ။ တပ်မတော် အကြောင်းနဲ့ တပ်မတော် ဇာတ်ကားရိုက်ရင် ဗိုလ်ချုပ်အောင်ဆန်း အကြောင်းက မပါလို့ မဖြစ်ဘူးလေ။ ဗိုလ်ချုပ်ရဲ့ Profile တွေ အတွက်လည်း အများကြီး ကြိုးပမ်းခဲ့ရတယ်။ အဲဒါကို ဟြေရင် စာမျက်နှာတောင် လောက်မှာ မဟုတ်ဘူး။ ဇာတ်ကောင်တခု အနေနဲ့လည်း ကြိုးစားရတယ်။ ဗိုလ်ချုပ်ရဲ့ ကာရိုက်တာကိုလည်း အများကြီး လေ့လာရတယ်။ ကာရိုက်တာ ဆိုတာ ဗိုလ်ချုပ်ကို လူတွေ သိထားတာ တမျိုး။ ဒါတောင်မှ ဝေဖန်တဲ့သူက ဝေဖန်တယ်။ ဝေဖန်တာကတော့ လောကကြီးမှာ ရှိမှာပဲ။ အဲဒါကိုတော့ မတုန်လှုပ်ဘူး။ ကိုယ့်ကြိုးပမ်းမှုကို ယေဘုယျ ကြည့်တဲ့အခါမှာ ရာခိုင်နှုန်း ဘယ်လောက် ကြိုက်လဲ၊ အဲဒီအပေါ်မှာပဲ မူတည်တယ်။

မေး။     ။ ဗိုလ်ချုပ်ရဲ့ မိသားစုအကြောင်းရော ပါသေးလား။

ဖြေ။     ။ ဗိုလ်ချုပ်အကြောင်း ဆိုပေမယ့် ဗိုလ်ချုပ်ရဲ့ မိသားစုအကြောင်းတွေ မပါဘူး၊ ဗိုလ်ချုပ်အောင်ဆန်း တပ်မတော်ကို တည်ထောင်ပြီး လုပ်ခဲ့တဲ့ လှုပ်ရှားမှုတွေကိုပဲ ရိုက်ထားတာပါ။ တိုင်းကျိုးပြည်ပြု ဗိုလ်ချုပ်တယောက် အနေနဲ့ ဟြေခဲ့ဆိုခဲ့ တာကိုပဲ ရိုက်ထားတာ။ ဗိုလ်ချုပ် မိသားစုအကြောင်း မဟုတ်ဘူး။ တပ်မတော် သမိုင်းကြောင်း အနေနဲ့ပဲ ရိုက်ထားတာပါ။

မေး။     ။ ဦးစိုးမိုးက ဒီဇာတ်ကားကို စိတ်ဝင်စားတဲ့သူ များတယ်လို့ ပြောတဲ့အတွက် စိတ်မဝင်စားတဲ့ ရာခိုင်နှုန်းအပေါ်ရော ဘာပြောချင်လဲ။

ဖြေ။     ။ စိတ်မဝင်စားဘူးဆိုတာ ပုဂ္ဂိုလ်ရေး အာဃာတနဲ့ ကြည့်ရင်တော့ လောကကြီးမှာ ဘာမှ စိတ်မဝင်စားဘူး။ အာဃာတကို မကြည့်နဲ့၊ အနုပညာကို အနုပညာလို ကြည့်လိုက်။ အဲဒါမှန်၏ မမှန်၏ လာကြည့်လိုက်။ မကြိုက်ဘူးဆိုပြီး ဘာမှမကြည့်ဘဲ ဘေးကနေ ဝေဖန်တာ ဟြေလို့မရဘူး။ ပန်းချီစိုးမိုးက ဘာဖြစ်တယ် ဆိုပြီး ပေါ်လစီ ပုံစံမျိုးနဲ့ လာဟြေတာ မရှိဘူး။ တသက်လုံးလည်း အဟြေမခံရဘူး။ ကိုယ်က သစ္စာရှိဖို့လိုတယ်။ ကိုယ်က အနုပညာ သမားလေ။ အနုပညာ သမားက အနုပညာကို သစ္စာရှိပြီး အနုပညာ ဖန်တီးမှုအပေါ်မှာ တာဝန်ကျေ သစ္စာရှိဖို့ပဲ လိုတယ်။

မေး။     ။ ရုံတင်တဲ့အခါ ဒီဇာတ်ကား အပေါ် ပရိသတ် စိတ်ဝင်စားမှု အခြေအနေ ဘယ်လိုရှိမယ် ထင်လဲ။

ဖြေ။     ။ ဒီဇာတ်ကားကို ဘယ်လောက်အထိ ကြည့်မလဲ ဆိုတာ ပရိသတ်အပိုင်းပါ။ ဒါပေမယ့် ဒီကားသည် ကျောင်းသားတွေ အကုန်လုံး ကြည့်သင့်တယ်။ စာပေသမားတွေလည်း ကြည့်သင့်တယ်။ အဲဒီလိုပဲ ရုပ်ရှင်သမားတွေလည်း ကြည့်သင့်တယ်။ လူကြီးသူကြီး တွေလည်း ကြည့်သင့်တယ်။ နောက်ပြီး ထောက်ပြဝေဖန် တာလည်း လာခဲ့၊ ကျနော် မကြောက်ဘူး။ အလွှာ ပေါင်းစုံ၊ အရွယ်ပေါင်းစုံ ကြည့်သင့်တဲ့ကား။ အဲဒီအချိန်အခါကို မမီလိုက်တဲ့ သူတွေလည်း ကြည့်သင့်တယ်။ ကြည့်တဲ့သူက ကြည့်ပြီးရင် သူ့ဘာသာသူ ဟြေသွားလိမ့်မယ်။ ကိုယ်တွေက လာပါလာပါ ခေါ်လည်း လာချင်မှလာမှာလေ။

မေး။     ။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ဦးစိုးမိုးအတွက် အမှတ်တရ အဖြစ်ဆုံးက ဘာလဲ။

ဖြေ။     ။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး အမှတ်တရဆိုရင် မရူးတာ ကံကောင်းတာပဲ။ ပင်ပန်းလွန်းအား ကြီးလို့။ ပရိသတ်က ဒီကား လာကြည့်ကြရင်တော့ ဝမ်းသာမယ်။ လာကြည့်ကြပါလို့ပဲ တောင်းပန်တယ်။ လာကြည့်ပြီးရင်လည်း ပရိသတ်က တရာ ရာခိုင်နှုန်း ကြိုက်မယ်လို့ ဟြေရဲတယ်။ ကြည့်ပြီးသား သူကလည်း လက်ဆင့်ကမ်းပြီး ဟြေပြပါ။ မကောင်းရင်လည်း မကောင်းဘူး ဟြေလိုက်၊ ပြဿနာမရှိဘူး။ ကောင်းရင် ကောင်းတာလေး ဟြေပေးပါပေါ့။ ကျေးဇူးတင်ပါတယ်။

Your Thoughts …
Tags: EntertainEntertainmentGeneral Aung San
မြတ်သူအောင်

မြတ်သူအောင်

ဧရာဝတီ

Similar Picks:

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

by ဧရာဝတီ
19 August 2013
34k

အဲဒီမှာ ဆရာဇော်ဂျီ (ဆရာ သိန်းဟန်)က အထူးအရာရှိ၊ သူ့အခန်း မှာ ဦးချန်ထွန်း ဆိုတာ ဖျာပုံကပဲ၊ သူက ခေါင်းစိုက်နေတယ်၊ ဒါနဲ့ ဆရာ သိန်းဟန်က ကျနော့်ကို မင်းမသိဘူးလားကွ၊ ဆိုတော့ ကျနော်က မသိသေးဘူးလို့၊...

ကချင်, ဗိုလ်ချုပ်အောင်ဆန်း, တိုင်းရင်းသူ

သမိုင်းဝင်ဓာတ်ပုံထဲက ကချင် တိုင်းရင်းသူ လဖိုင်နဲမ်ရာ

by လင်းသန့်
24 January 2015
6.7k

ပြုံးရွှင် ရယ်မောနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ဓာတ်ပုံထဲမှာ တွေ့ရတဲ့ ကချင်အမျိုး သမီးတွေဟာ (ညာမှ ဝဲသို့) ဂေါလူလု၊ နန်စဲန်း၊ အင်ခွန်ဘောက်၊ ခေါန် ရော်မခေါင်၊၊ ကော လင်းဂျာဘောက်၊ လဖိုင်နဲမ်ရာ တို့ ဖြစ်ပြီး...

မိုးယံဇွန်

Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

by ဧပရယ်ဆု
19 April 2016
47.5k

"ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

by နဒီထိုက်
15 July 2013
15.1k

သူကတော့ အရေးပေါ် ကြပ်မတ် ကုသဆောင်ထဲမှာပဲ ရှိပါတယ်။ သတိတော့ မရသေးဘူး။ တခြား မှတ်ချက်ကတော့ ဆရာဝန် တဦးအနေနဲ့ မပေးသင့်ဘူး ထင်တယ်။ အကောင်းဆုံးတော့ ကုသနေပါတယ်

ထူးအိမ်သင်

ထူးအိမ်သင်ပွဲ မကျေနပ်သံများ အကြောင်း မြင့်မိုးအောင်နဲ့ အင်တာဗျူး

by ဧရာဝတီ
15 August 2014
18.4k

ဝေဖန် ပြောဆိုနေကြ သူတွေက သူတို့ ကိုယ်တိုင်တောင် အနုပညာကို အောင်မြင် ပေါက်မြောက် အောင် ဘယ်လောက် လုပ်ထားနိုင်ခဲ့လို့လဲ။ သီချင်းတပုဒ်ကို သူတို့ရေးပြီး ဆိုပြီးတော့ ဘယ်လို အောင်မြင်အောင် လုပ်နိုင်လဲ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

by သုရီလင်း
28 October 2014
10k

ချမ်းသာတဲ့သူ ကြိုက်မှ စီးပွားရေး လုပ်ရတာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် အခုလာရင် အခု တောင်းလို့ ရတယ်၊ ဒေါ်အောင်ဆန်းစုကြည် သမီးတို့ ခြံနဲ့ဝိုင်းနဲ့ နေချင်တယ်၊ သူများ ခြံနဲ့ဝိုင်းနဲ့လည်း မနေချင်ဘူး” လို့ ပြောဖို့ မအေးကောင်းက...

Next Post
လေဆိပ်, တင်ဒါ, စီးပွားရေး, ပုဂ္ဂလိက

ပြည်တွင်းလေဆိပ် ၃၀ အဆင့်မြင့် ပြင်ဆင်ရေး တင်ဒါခေါ်ရန် စီစဉ်နေ

အနိုင်ဂိုးကို သွင်းသွားတာ နည်းပြပါ

အနိုင်ဂိုးကို သွင်းသွားတာ နည်းပြပါ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate