၂၀၁၄ နှစ်ဦးပိုင်းမှာ မင်္ဂလာပွဲဆင်နွှဲမယ့် သရုပ်ဆောင်၊ အဆိုတော် အနုပညာရှင် တော်တော်များများ ရှိပါတယ်။
တချို့ကတော့ သူတို့သုံးတဲ့ Facebook စာမျက်နှာတွေကနေ သူတို့ရဲ့ ဖူးစာရှင်လောင်း ပုံတွေကို ဖော်ပြပြီး ပရိသတ်ကို အသိပေးကြပါတယ်။ တချို့ကလည်း စာနယ်ဇင်းမီဒီယာကနေတဆင့် သူတို့ရဲ့ပရိသတ်တွေကို အသိပေးကြပါတယ်။ ပရိသတ်ဆိုတာက သူတို့ နှစ်ခြိုက်အားပေးကြတဲ့ ထင်ပေါ်ကျော်ကြားသူတွေနဲ့ ပတ်သတ်ပြီး သူတို့ရဲ့ အနုပညာရေးရာ ကိစ္စတွေကို သာမက ကိုယ်ရေးကိုယ်တာ တွေကိုပါ စိတ်ဝင်တစား သိချင်တတ်ကြတာမို့ လတ်တလောမှာ ပျံ့နှံ့နေတဲ့ အနုပညာသည်တွေရဲ့ မင်္ဂလာပွဲ သတင်းတွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။
၂၀၁၄ နှစ်ဆန်းမှာ မင်္ဂလာပွဲ ဆင်နွှဲမယ့် အနုပညာရှင်တွေကတော့ တေးရေးတေးဆို လင်းလင်း၊ အကယ်ဒမီ မယ်လိုဒီ၊ အဆိုတော် သရုပ်ဆောင် ချစ်သုဝေ၊ အဆိုတော် သရုပ်ဆောင် ဝိုင်းစုခိုင်သိန်း၊ သရုပ်ဆောင် သက်မွန်မြင့်၊ အဆိုတော် သီရိဆွေနဲ့ အဆိုတော် N ကိုင်ရာတို့ ဖြစ်ပါတယ်။
အဆိုတော် သရုပ်ဆောင် ချစ်သုဝေကို သူ့ရဲ့ မင်္ဂလာပွဲ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး မေးတဲ့အခါမှာတော့ “ရက်အတိအကျကို ဇန်နဝါရီ ၁ ရက်နေ့မှာ မီဒီယာကနေ တဆင့် ပရိသတ်တွေကို ထရီဇာ အတိအကျ အသိပေးပါ့မယ်၊ မင်္ဂလာ ဆွမ်းကျွေးရက်က အခုမှ ရွေးနေတုန်း။ အတိအကျ မသိရသေးဘူး ဖြစ်နေသေးတယ်။ အဲဒါကြောင့် ဇန်နဝါရီ ၁ ရက်နေ့မှာ အားလုံး အတိအကျ ဟြေပြပါမယ်” လို့ ပြန်ဖြေပါတယ်။
သူ့ရဲ့ မင်္ဂလာပွဲသတင်းကို အသေးစိတ် မပြောနိုင်သေးခြင်းအပေါ်လည်း အခုလိုထပ်ပြီး ရှင်းပြ ပါသေးတယ်။
“ထရီဇာက ဘယ်လိုအမျိုးသမီး၊ ဘယ်လို Image ရှိတယ်ဆိုတာ ထရီဇာ့ ပရိသတ်တွေ အသိဆုံးပါ။ ထရီဇာ့ အထင်က အမျိုးသမီး တယောက်ဟာ ကိုယ် Respect ပေးနိုင်တဲ့ သူကိုမှ လက်တွဲ နိုင်မှာပေါ့။ ထရီဇာ လက်ထပ်မယ့် သူကတော့ ပရိသတ်တွေ အားလုံး သိတဲ့သူပါ။ နိုဝင်ဘာလမှာ ထရီဇာ့ မိဘတွေကို ဖွင့်ဟြေပြီးတော့ ခွင့်ပြုချက်ရမှ လုပ်ရတဲ့သူ ဖြစ်တော့ ထရီဇာ့ရဲ့ အစီအစဉ်တွေက နည်းနည်း နောက်ကျတာပေါ့။ အဲဒါကြောင့် နေ့ရက် အတိအကျ၊ နေရာ အတိအကျ၊ အစီအစဉ် အတိအကျ သိသွားတဲ့ အချိန်ကျရင် ထရီဇာ့ရဲ့ ပရိသတ်တွေကို အသေးစိတ် အတိအကျ အကုန်ဟြေပြပါမယ်” လို့ ဆိုပါတယ်။
ချစ်သုဝေက သူ့မင်္ဂလာပွဲ သတင်းနဲ့ ပတ်သတ်ပြီး မရေမရာ ဖြစ်နေတဲ့အချိန်မှာ တယောက်တပေါက် ရေးချင်ရာတွေရေး၊ ထင်ချင်ရာတွေ ထင်တာမျိုး မဖြစ်စေချင်ပါဘူးတဲ့။ သူ့ရဲ့ မိသားစုတွေ သိပြီးသွားပြီ ဖြစ်တဲ့အတွက် နောက်ထပ် ဟြေပြရမယ့် သူတွေက သူ့ရဲ့ ပရိသတ်တွေပါပဲ လို့လည်း ဧရာဝတီကို ပြောပါတယ်။
ချစ်သုဝေက သူအိမ်ထောင်ပြုပြီးရင် အနုပညာ အလုပ်တွေ ဆက်လုပ်မှာလား ဆိုတဲ့ မေးခွန်းကိုလည်း “အိမ်ထောင်ပြုပြီးရင် အနုပညာ အလုပ်တွေ ဆက်လုပ်မှာလားဆိုတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီး အရမ်း အံ့သြမိပါတယ်။ ဘာလို့လဲ ဆိုတော့ အမျိုးသမီး တယောက်ဟာ သာမန်လူပဲ ဖြစ်ဖြစ်၊ အနုပညာရှင်ပဲ ဖြစ်ဖြစ် အမျိုးသမီးဟာ အမျိုးသမီးပဲ။ အမျိုးသမီး ဖြစ်လာရင် အချိန်တန် အိမ်ထောင်ပြုတယ်၊ လက်ထပ်တယ် ဆိုတာ ဖြစ်လာတယ်။ အဲဒီတော့ အိမ်ထောင် ပြုလိုက်ရင်ပဲ အမျိုးသမီး တော်တော် များများဟာ ဘဝကြီးပဲ ပြီးသွားသလို၊ တဆစ်ချိုးပဲ ဟြေင်းလဲ သွားသလို ထင်မှတ်တတ်ကြတယ်။ ကိုယ်တိုင်လည်း အိမ်ထောင် ပြုမယ့်သူပဲ၊ အိမ်ထောင် မပြုခင်ကလည်း အားပေးလေ့ ရှိတယ်။ ဒါက အချိန်တန်ရင် သဘာဝတရားအရ ဖြစ်ရမယ့် အရာပဲ။ အိမ်ထောင် ပြုလိုက်တာနဲ့ Business Life က ဟြေင်းလဲသွားဘူး။ ကိုယ့်ရဲ့ အနုပညာ၊ ကိုယ့်ရဲ့ Professitional လည်း ဟြေင်းလဲမသွားဘူး။ ရင့်ကျက်မှုတွေနဲ့၊ စည်းစနစ် ကျမှုတွေပဲ ဟြေင်းလဲ သွားတာလေ။ အဲဒါ ယေဘုယျ ဟြေတာ၊ ထရီဇာ တယောက်တည်း အတွက်ဆိုရင် အနုပညာကို ချစ်လို့ ဆရာဝန် အလုပ်ကိုတောင် စွန့်လွှတ် ခဲ့တာလေ။ ထရီဇာ အနုပညာကို အရမ်းချစ်လို့လည်း အနုပညာသမားနဲ့ လက်ထပ်မှာပဲ။ အဲဒါကြောင့် ထရီဇာတို့ အနုပညာ မောင်နှံက အနုပညာ အလုပ်တွေပဲ ဆက်လုပ်နေမှာပါပဲ။ ထရီဇာ့ ဘဝ စာမျက်နှာ အသစ်မှာ ထရီဇာ့ရဲ့ အနုပညာ တွေကို ရှင်သန်အောင် ထပ်ပြီး ကြိုးစားနေဦးမှာပဲ။ မတူညီတဲ့ အနုပညာတွေကို ဆက်ပြီး ဖန်တီးနေမှာပါပဲ။ အရေးကြီးတာက ထရီဇာ့ ပရိသတ်ကြီး ထရီဇာ့အပေါ် အချစ်စစ်ဖို့ပါပဲ။ ထရီဇာ ယုံကြည်တာက ထရီဇာ့ကို အရောင်မပါဘဲ ပရိသတ်တွေက ချစ်ခဲ့တဲ့ အတွက် ထရီဇာ အိမ်ထောင်ပြုခြင်း၊ မပြုခြင်းဟာ ဘာမှမဟြေင်းလဲဘူးလို့ ယုံကြည်ပါတယ်။ ထရီဇာ ပျော်နေတဲ့ အချိန်မှာ ထရီဇာ့ ပရိသတ်တွေလည်း လိုက်ပျော်ပေးနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဆိုပြီး ဖြေသွားပါတယ်။
ချစ်သုဝေ လက်ထပ်မယ့်သူ ဘယ်သူဆိုတာ သူပြောသလိုပဲ အားလုံးသိနေပြီ ဖြစ်တဲ့အတွက် ကာယကံရှင်က မပြောခင်မှာ ဧရာဝတီက အတိအကျ မဖော်ပြပေးတော့ပါဘူး။
သရုပ်ဆောင် အကယ်ဒမီ မယ်လိုဒီကတော့ သူ့ရဲ့ Facebook စာမျက်နှာမှာ ၂၀၁၄ မှာ မင်္ဂလာပွဲ ပြုလုပ်မယ်လို့ ဆိုထားပြီး ရက် အတိအကျကိုတော့ မပြောဆိုသေးပါဘူး။ မင်္ဂလာပွဲကို သတို့သားရဲ့ မိဘတွေနဲ့ မကြီးစန်း (မိတ်ကပ် ပညာရှင် ခင်စန်းဝင်း) တို့က စီစဉ်တာပါ လို့ရေးသားထားပါတယ်။
မယ်လိုဒီရဲ့ မင်္ဂလာပွဲ ကိစ္စနဲ့ပတ်သက်ပြီး ကာယကံရှင်ကို မေးကြည့်တဲ့အခါ “ရက်အတိအကျ သေချာရင် ပြန်ဟြေပါမယ်။ ရက်ကို သေသေချာချာ ရွေးနေလို့ပါ။ မင်္ဂလာပွဲ ဘယ်လို ကျင်းပမယ်ဆိုတာက အစ အသေးစိတ် ပြန်ဟြေပါမယ်” လို့ ဧရာဝတီကို ဟြေပါတယ်။
သရုပ်ဆောင် သက်မွန်မြင့်ကတော့ သူ့ရဲ့ Facebook မှာ “ သက်မွန်ရဲ့ချစ်သူနဲ့ ၂၀၁၄ မှာ မင်္ဂလာပွဲ ပြုလုပ်တော့မှာပါ။
သက်မွန် အနုပညာ အလုပ်တွေလည်း ဆက်လုပ်မှာပါ။ သက်မွန်ကိုလည်း ဆက်ပြီး အားပေးပါနော် ချစ်ပရိသတ်ကြီး” လို့ ပရိသတ်တွေကို အသိပေး ရေးသားထားပါတယ်။
သက်မွန်မြင့်နဲ့ လက်ထပ်မယ့် သတို့သားလောင်း ကတော့ ဗိသုကာ ပညာရှင်တဦးဖြစ်ပြီး ကိုစစ်နိုင်လို့ အမည်ရကြောင်း သိရပါတယ်။
အဆိုတော် သီရိဆွေကို သူ့ရဲ့ မင်္ဂလာအစီအစဉ်တွေနဲ့ ပတ်သက်ပြီး မေးတဲ့အခါ “သီရိ မင်္ဂလာပွဲ ကျင်းပမယ့် ရက်တွေကို ဇန်နဝါရီ ပထမအပတ်ထဲမှာ သေချာ ပြန်ဟြေပါမယ်။ သီရိရဲ့ သတို့သားက သီရိနဲ့ ၆ နှစ်ကြာ ချစ်ခဲ့တဲ့ ချစ်သူပါ။ မင်္ဂလာပွဲ အစီအစဉ် တွေရော၊ သီရိရဲ့ သတို့သား အကြောင်းကအစ အသေးစိတ်ကို ဇန်နဝါရီ ပထမပတ်မှာ အတိအကျ ဟြေပြပါ့မယ်” လို့ ဧရာဝတီကို ဖြေကြားပါတယ်။ သူ့ရဲ့ သတို့သားလောင်း နာမည်ကိုလည်း အဲဒီတော့မှပဲ သိမှာပါ။
အဆိုတော် N ကိုင်ရာလည်း ၂၀၁၄ ထဲမှာ မင်္ဂလာပွဲ ကျင်းပမှာ ဖြစ်တဲ့အကြောင်း၊ ၂၀၁၃ နှစ်ကုန်ပိုင်းမှာ စီစဉ်ခဲ့ပြီး ဖိတ်စာတွေ ဝေခဲ့ပေမယ့် သူ့ဖခင် ကွယ်လွန်သွားတဲ့အတွက် ပွဲကို ရွှေ့ဆိုင်းလိုက်တဲ့အကြောင်း သိရပါတယ်။
“ကိုင့် မင်္ဂလာပွဲက၂၀၁၃ နှစ်ကုန်ပိုင်း လောက်မှာ လုပ်ဖို့ ဖိတ်စာတွေတောင် ဝေခဲ့တာ။ ကိုင် မင်္ဂလာပွဲ လုပ်ခါနီးမှာ ကိုင့်ပါပါး ဆုံးသွားလို့ မင်္ဂလာပွဲကို ၂၀၁၄ မှာ ပြန်လုပ်ဖို့ ရွှေ့လိုက်တာပါ။ ကိုင်တို့ စီစဉ်နေတဲ့အတွက် ရက်အတိအကျ ကိုတော့ ပြန်ဟြေ ပါ့မယ်” လို့ N ကိုင်ရာက ဟြေပါတယ်။
အဆိုတော်နဲ့ သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းကတော့ သူ့ရဲ့ ချစ်သူ ကိုဥက္ကာမြင့်ကြူနဲ့ (မင်္ဂလာပွဲ ၄ ပွဲ) လုပ်ဖို့ စီစဉ် ထားကြောင်းကို ဧရာဝတီကို ဟြေထားပါတယ်။