SEA Games ပွဲကြီးအပြီး ဒီဇင်ဘာ ၂၉ ရက်နေ့မှာတော့ ရုပ်ရှင်ဝါသနာရှင် ပရိသတ်များ စိတ်ဝင်စား မျှော်လင့် နေကြတဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲကြီးကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ မနှစ်က ဆုရွေးချယ်ရေး စနစ်နဲ့ ပေးအပ်ခဲ့တဲ့ ဆု တချို့အပေါ် ပရိသတ်တွေရဲ့ ဘဝင်မကျတဲ့ စောဒက တက်သံတွေ ရှိခဲ့တာမို့ ဒီနှစ်အတွက် ဆုတွေကို ရွေးချယ်ပုံနဲ့ ပတ်သတ်ပြီး ဆုရွေးချယ်ရေး အဖွဲ့ဝင်တချို့ရဲ့ ထင်မြင်ချက်၊ မှတ်ချက်တွေနဲ့ တကွ ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင် များရဲ့ အကယ်ဒမီအပေါ် ကြိုတင် ရင်ခုန်သံများ၊ သဘောထားအမြင်များကို ဧရာဝတီက စုစည်း ဖော်ပြပေးလိုက်ပါတယ်။ ဒီနေ့မှာတော့ ထပ်ဆင့်အကယ်ဒမီ ရန်အောင်နဲ့ လက်ပံ ဇာတ်ကားနဲ့ အကယ်ဒမီ တစ်ပြေးနေသူ ဒါရိုက်တာ ဝိုင်းတို့ရဲ့ အသံတွေကို ဖော်ပြပေး လိုက်ပါတယ်။
ထပ်ဆင့်အကယ်ဒမီ ရန်အောင်
ဒီနှစ် အကယ်ဒမီပေးပွဲ အတွက် ပြင်ဆင်ထားပြီးတာ ကတော့ တိုက်ပုံပေါ့။ ဒီနှစ်အတွက် ဒီဇိုင်နာ မျိုးမင်းစိုးက နှစ်စုံ ချုပ်ထားမယ်လို့ ဟြေတယ်။ မနှစ်က သူပေးတာ နောက်ကျတော့ စောစောပေးတဲ့ သူတွေကို ဦးစားပေးလိုက် တာပေါ့။ ဒီနှစ်တော့ သူ့ဝတ်စုံကို ဦးစားပေး ဝတ်ပေးပါဆိုတော့ ဟုတ်ကဲ့ပါပေါ့။ အရောင်တော့ မသိသေးပါဘူး။
ကျနော့်ရဲ့ အကယ်ဒမီ ရင်ခုန်သံကတော့ ဒီနှစ်ထဲမှာ ထူးချွန်တဲ့သရုပ်ဆောင်တွေ၊ ဇာတ်ကားတွေ အကုန်လုံးကို ရစေချင် ပါတယ်။ မပေးတာထက် စာရင် ပေးတာပိုကောင်းတာပေါ့။ အနုပညာရှင်တွေ အားလုံးက အကယ်ဒမီဆု ဆိုတာကို ရင်ထဲမှာရော၊ ဘဝမှာရော ထိပ်ဆုံးမှာ ထားပြီး လိုချင်ကြတာပါပဲ။ သရုပ်ဆောင်တွေ အားလုံးရဲ့ အတောင့်တဆုံးက အကယ်ဒမီဆုပါပဲ။ အတောင့်တဆုံးဆု တခုကို ချီးမြှင့်တာ မင်္ဂလာ တပါးပါပဲ။
အကယ်ဒမီ ၁၀ ခုပြည့်အောင် ယူမယ်ဆိုတာက အခု ၆ ခုရှိပြီလေ။ လက်တဘက်နဲ့ နောက်လက်တဘက်က တချောင်း ရှိပြီလေ။ လက်နှစ်ဘက်က လက်ချောင်း ဆယ်ချောင်း ပြည့်ရင်လည်း နောက်ထပ်ယူဖို့ ကြိုးစားဦးမှာ။
အကယ်ဒမီဆိုတာ ကျနော်တို့ အနုပညာရှင်တွေ အတွက် ဘဝရဲ့ မှတ်တိုင်လေး တခုပါပဲ။ ကျနော်တို့ သေသွားရင်တောင် အနုပညာ သမိုင်းမှာ ကျန်ခဲ့မယ့် အရာတွေပေါ့။ ဥပမာ ဦးညွန့်ဝင်းဆို အကယ်ဒမီ ၇ ခု၊ ရန်အောင်ဆို အကယ်ဒမီ ၆ ခု စသဖြင့်ပေါ့။ ဒီထက် ထပ်တိုးရင်လည်း တိုးသလိုပေါ့။ လူသေပြီးတော့ နာမည်မသေတာက မှတ်တိုင်တွေကြောင့်ပဲလို့ ကျနော် ထင်ပါတယ်။ ကျနော့် စိတ်ကတော့ မလိုချင်ဘူး ဆိုတာမရှိဘူး။ ကျနော်တို့ အတွက်တော့ အကယ်ဒမီဆိုတာ အရမ်း မျှော်လင့်ကြီးစွာနဲ့ လိုချင်တဲ့ ဆုတခုလို့ဟြေပါရစေ။ ဒီနှစ် အကယ်ဒမီအတွက် ကြားတာက ကိုလူမင်း ကြားတယ်၊ စိုးမြတ်သူဇာလို့ ကြားတယ်၊ နဝရတ် လို့လည်း ကြားတယ်။
ကျနော့် ပရိသတ်တွေက ကျနော့်ကို ဒီအရွယ်အထိ ချစ်ပြီးအားပေးနေတာက ကျနော်လည်း သူတို့ကို ချစ်လို့နေမှာပါ။ ပရိသတ်က ကိုယ်တို့ရဲ့ ထမင်းရှင်ပဲလေ။ သူတို့အားပေးမှ ကျနော်တို့ ရှင်သန်ခွင့်ရတာလေ။ ပရိသတ်ကလည်း ကျနော့်ကို အခုအချိန်အထိ အသိအမှတ်ပြုတယ်၊ ချစ်သေးတယ် ဆိုတာ သူတို့ စိတ်ထဲမှာ ရှိသေးလို့ပေါ့နော်။ အဲဒီလို ပရိသတ် စိတ်ထဲမှာ ကိုယ်ရှိနေအောင်လည်း ပြုမူနေထိုင်ပါတယ်၊ အလုပ်ကိုလည်း အလုပ်နဲ့တူအောင် လုပ်ပြီး ကြိုးစားရပါတယ်။
ပရိသတ် ချစ်ခင်မှုက အနုပညာရှင်တွေ အတွက် ၁၀၀ ရာခိုင်နှုန်း အရေးပါပါတယ်။ အနုပညာရှင်တွေ ဘယ်လောက် တော်တော် ပရိသတ် မရှိရင်၊ လက်မခံရင် ဒီလမ်းကို လျှောက်လို့မရပါဘူး။
အဲဒီအတွက် ဆက်ဆံရေးက အများကြီး အရေးပါတာပေါ့။ ကျနော်တို့မှာ ဘယ်လိုပဲ ကိုယ့်ဘာသာကိုယ် စိတ်တွေရှုပ်နေ ရှုပ်နေ တခြားကိစ္စကြောင့် ဒေါသပဲ ဖြစ်နေဖြစ်နေ ရယ်ပြနေရတာပဲ။ ကိုယ့်ကို ကြည့်နေတဲ့ အချိန်မှာ အနုပညာရှင် ဆိုတော့ ကိုယ့်စိတ်ထဲမှာရှိတဲ့အတိုင်း သူများတွေကို တုန့်ပြန်လို့မရဘူးလေ။ အဲဒါတော့သတိထားပြီး ရယ်ပြပြုံးပြရပါတယ်၊ ကျနော်ကတော့ ဘယ်တော့ဖြစ်ဖြစ် အပြုံးကိုသာ ဆောင်နေကျပါပဲ။
ဒါရိုက်တာ ဝိုင်း
လက်ပံ ဇာတ်ကားကိုပရိသတ်က သဘောကျပြီး အကယ်ဒမီ ထင်ကြေးပေးနေတဲ့အပေါ် ဝမ်းသာပါတယ်။ ရှင်းရှင်းဟြေရရင် ကျနော် အကယ်ဒမီ လိုချင်တယ်ဆိုတာ ဝိုင်း အတွက်ကြောင့် မဟုတ်ပါဘူး၊ ကျနော့်ရဲ့ ပရိသတ်အတွက် ကြောင့်ပါ၊ ကျနော် ကတိတခု ပေးထားတယ်၊ အဲဒီကတိကို တည်ဖို့အတွက် ရုပ်ရှင်ဆိုရင် အသေအလဲ ကြိုးစားတယ်၊ ဒီအကယ်ဒမီက ပေးခဲ့တယ် ဆိုရင်တောင် ဒါရိုက်တာဝိုင်းကို ပေးတာမဟုတ်ပါဘူး၊ ဒါရိုက်တာ ဝိုင်းနောက်က ရှိနေတဲ့ ပရိသတ်ကို ပေးတာပါ။
အာဒံ ဧ၀ ဒဿ မှာကတည်းက ကျနော် အကယ်ဒမီ မရခဲ့လို့ စိတ်မကောင်း ဖြစ်ခဲ့တဲ့ ပရိသတ်တွေ အတွက် ကျနော် ဘယ်သူမှ မပေးတဲ့ ကတိတခုကို ပေးခဲ့တာလေ။ အဲဒီကတိကို တည်ဖို့ ကျနော်ကြိုးစားတယ်၊ နောက်ပြီး ပရိသတ်က အမှန်တရားကို လိုချင်တယ်ဆိုတဲ့ စိတ်ကို သိသွားတယ်။ အဲဒီအချိန်ကတည်းက ကျနော်ကိုယ်တိုင် မှန်အောင်နေတယ်၊ ပရိသတ် တွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ဟြေချင်ပါတယ်။
လက်ပံ ဇာတ်ကားကို ပရိသတ် ကြိုက်တယ် ဆိုကတာကတော့ သူတို့ရင်ကို ထိတဲ့ သရုပ်ဆောင်ချက်တွေ ကြောင့်ပါ။ သူတို့ ရင်ဘတ်ကို မထိတဲ့ သရုပ်ဆောင်ချက်တွေ ဆိုရင် ပရိသတ်က ဘယ်တော့မှ အမှတ်ပေးရိုး ထုံးစံမရှိပါဘူး။ ဒါ သိပ် အရေးကြီးတဲ့ အချက်ပါပဲ။ ပြီးတော့ ဒီကားထဲမှာ သရုပ်ဆောင်တဲ့ အခန်းတွေဆိုရင် မျက်ရည်အတု သုံးခဲ့တာ တခုမှ မပါသလို၊ တကယ့်ခံစားချက် အစစ်အမှန်တွေနဲ့ပါပဲ။
ဖွေးဖွေးဆို ဘာမှ သရုပ်မဆောင်တတ်ဘဲနဲ့ သူ့ရင်ထဲက ရှိတဲ့အတိုင်း သရုပ်ဆောင်ခဲ့တာ၊ ပြေတီဦးဆိုလည်း မကောင်းတဲ့ ဆိုဒ်က ကြည့်တဲ့သူတွေက ဘယ်လိုပဲ ဟြေနေပါစေ၊ သူ့ရဲ့အသံလုပ် ဟြေသွားတဲ့ ပညာက ဒီဘက်ခေတ်မှာ မတွေ့ရ သေးပါဘူး၊ လူကြီးတယောက်ရဲ့ အသံကို အတတ်နိုင်ဆုံး ငြိမ်အောင်ထိန်းပြီး ဟြေတဲ့ပညာက သေချာ လေ့လာကြည့်ရင် အရမ်းချီးကျူးဖို့ ကောင်းပါတယ်။
အရှင်းဆုံး ဟြေရရင် ဒီကားက ရိုက်နေကျ ဒရာမာ ဇာတ်ကားတကားကိုပဲ ကျနော့်အနေနဲ့ 21st Century မှာရှိတဲ့ Version
ပုံစံအသစ် တမျိုးကို ချပြတာပေါ့။ ကြည့်လိုက်၊ ကျနော် စိန်ခေါ်ရဲတယ်၊ ဘယ်ကား ဘယ်လိုရိုက်ခဲ့ဖူးလဲ၊ ဒရာမာမှာ ဒီကားလို Presentation တွေနဲ့ ရိုက်ချက်မျိုးတွေ ရှိခဲ့ဖူးလားလို့၊ ဒီနှစ် အကယ်ဒမီ စာရင်းဝင်တဲ့ ကားတွေမှာလည်း ရှိလားလို့ ကြည့်လိုက်ပါ။ ကျနော် ကျိန်းသေဟြေရဲသလို ကြိုက်တဲ့ အချိန် ယှဉ်ရဲတယ်။
ကျနော် သရုပ်ဆောင်လုပ်တုန်းက သိပ်မပေါက်ဘဲ ဒါရိုက်တာလုပ်မှ လူပိုသိတာကတော့ ကျိန်းသေတာကတော့ သရုပ်ဆောင် ဆိုတာ သူများခိုင်းတာ လုပ်ရတာလေ၊ အဲဒီမှာ ကိုယ့်အစွမ်းအစက Limited ရှိတယ်။ ဒါရိုက်တာ မှာကတော့ Limited မရှိဘူး။ သူ့ရဲ့ ဦးနှောက်ကို Free Flow သွားလို့ရတယ်။ အဲဒီအခါကျတော့ ကိုယ့်ရဲ့စိတ်ကူးတွေက အစ တူမှာတော့ မဟုတ်ဘူး။ သရုပ်ဆောင်နဲ့ ဒါရိုက်တာက အများကြီး ကွဲဟြးခြားနားမှုတွေ ရှိပါတယ်။
အမှန်အတိုင်းဟြေရရင် ကျနော်အသက် ၂၂၊ ၂၃ လောက်ကတည်းက မတောက်တခေါက်နဲ့ ဇာတ်ညွှန်းလေးတွေ စရေးပါတယ်။ အသက် ၂၅ နှစ်မှာ ဒါရိုက်တာ လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဦးညီညီထွန်းလွင် ဆီမှာ ဇာတ်ညွှန်း စသင်ပါတယ်။ အဲဒီလောက် ဆိုရင် ကျနော် ဒါရိုက်တာ ဝါသနာပါတယ်၊ မပါဘူးဆိုတာ သက်သေပြစရာ မလိုတော့ဘူး ထင်ပါတယ်။
ပရိသတ်လက်ခံတဲ့ ဒါရိုက်တာတယောက် ဖြစ်လာတာနဲ့ အရင်က သရုပ်ဆောင် ဘဝက တော်တော် ကွာပါတယ်။ တာဝန်ယူနိုင်တဲ့ စိတ်တို့၊ တာဝန်ယူချင်တဲ့ စိတ်တို့၊ နောက်ပြီး အမှားအမှန်ကို ခွဲခြားနိုင်တဲ့ စိတ်တို့ပေါ့။ သရုပ်ဆောင် အရွယ်မှာ ငယ်တာလည်း ပါမှာပေါ့။ ကျနော် နည်းနည်းဆိုးတာ မိုက်တာတွေလည်း ပါမှာပေါ့။ ဒီဘက်ခေတ် မှာတော့ သရုပ်ဆောင်ဘဝနဲ့ ဒါရိုက်တာ ဘဝက အဖြူနဲ့အမည်းပါပဲ။
သရုပ်ဆောင်တွေကို ဦးဆောင်ဖို့ ဆိုရင် ကျနော်ကအမြဲ Pre Production ကို ဦးစားပေးပါတယ်။ ကျနော် စနစ်တကျ ပြင်ဆင် တည်ဆောက်မှု မရဘဲ ကားတကားကို လက်လွတ်စပယ် မရိုက်ပါဘူး။ သူတို့နေရာက ကိုယ်ခံစားတယ်၊ သူတို့ Action က အစကျနော် Detail မြင်အောင် ကြည့်ရပါတယ်။ သူတို့မှားရင်လည်း ထောက်ပြလို့ ရအောင်လေ။ သူတို့ လုပ်ချင်တာ လုပ်ခွင့် ကျနော် မပေးပါဘူး။ သရုပ်ဆောင် ဆိုတာကတော့ ရှင်းတယ်၊ သူတို့လုပ်နေကျ ပုံစံတွေရှိတယ်၊ တခါတလေ ကျွံသွားတာတွေ ရှိတယ်။ ဒါရိုက်တာတယောက် အနေနဲ့ ကြိုပြီး မျက်စိနဲ့ မြင်ထားမှသာလျှင် ဘယ်လောက်အထိ လုပ်နိုင်တယ် ဆိုတဲ့ အကန့်အသတ်ကို ကြိုပြီး တွက်လို့ရမှာပါ။ နောက်ပြီး သူတို့ရဲ့ ဝတ်စားဆင်ယင်မှု တွေလည်း ကြိုမြင်ထားဖို့ လိုပါတယ်။
ပြီးတော့ သရုပ်ဆောင်တွေ ကိုယ့်စကား နားထောင်ဖို့ အရေးကြီးတဲ့ အချက်က ယုံကြည်မှုပါ။ ဘာလို့လဲ ဆိုတော့ ရှင်းပါတယ်၊
ယုံကြည်မှုရှိတဲ့ သရုပ်ဆောင်က ကိုယ့်ကို ဘာမှပြန်ပြီး ဟြေစရာမရှိပါဘူး။ အကယ်၍ မေးလာခဲ့ရင်လည်း ကိုယ့်ဘက်က ဖြေဖို့ အဆင်သင့်ပါပဲ၊ ဒါကြောင့် ဒီလိုလုပ်ခိုင်းတယ်၊ လူတယောက်က သူ့ဘက်က အမြင်လည်း ဟြေလို့ရပါတယ်၊ ကျနော်တို့က ဆွေးနွေးညှိနှိုင်း ပြီးတော့ လုပ်ရတာလေ။ သို့သော် သူ့ဘက်က အတင်း တောင်းဆိုတာမျိုးကို ကျနော့်ဘက်က ခွင့်မပြုနိုင်ရင် ခွင့်ပြုလို့ လုံးဝမရပါဘူး။ အဓိကက သူတို့ ယုံကြည်မှုကို ရဖို့အတွက် အလုပ် ကောင်းကောင်း လုပ်ဖို့တော့ လိုတာပေါ့။
ဒါရိုက်တာတွေကို မလေးမစားလုပ်ချင်တဲ့၊ လုပ်တတ်တဲ့ သရုပ်ဆောင်တွေကို ကျနော့်အနေနဲ့တော့ မကြုံဖူးပါဘူး၊ အများကြီးတော့ ကြားဖူးပါတယ်။ အဲဒီလိုမျိုး အများအားဖြင့် ဖြစ်တတ်တာ ကတော့ အရည်အချင်း မပြည့်ဝတဲ့ ဒါရိုက်တာ တွေမှာ အများဆုံး ဖြစ်တတ်ပါတယ်။
လက်ပံဇာတ်ကားကို အရမ်းကြိုက်တယ်လို့ ဟြေတဲ့ ပရိသတ်တွေရဲ့ အသံတွေကတော့ လောလောဆယ်မှာ အကယ်ဒမီဆု ချီးမြှင့်မယ့် လူတွေအတွက် အဖြေပဲ။ ကျနော့်ကားမှာ စိတ်ကြည်နူးစရာ မပါဘူး၊ ပျော်စရာ လုံးဝမပါဘူး၊ သို့သော်လည်း ပရိသတ်က သူတို့နှစ်ခြိုက်လို့၊ ဒီအထဲမှာ ပါတဲ့ သရုပ်ဆောင်တွေကို ကြိုက်လို့၊ ကားတကားရဲ့ အနုပညာ အရည်အသွေးကို ကြိုက်လို့သာလျှင် ဒီကားကို ကြည့်တာလေ။ မဟုတ်ရင် စိတ်ညစ်စရာ ကားကြီးကို ဘယ်သူက ပိုက်ဆံပေးပြီး ကြည့်မှာလဲ။ ဒါဟာ အဖြေပဲ၊ ဒီ ၂၀၁၃ မှာ လက်ပံကားဟာ နာမည်ကြီးတဲ့ နေတိုး၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့ ပါတဲ့ အဖြူရောင် ရဲတိုက်ထက်ကို ဝင်ငွေ အများကြီး ပိုကောင်းခဲ့တယ်၊ ဒီအတွက်တော့ ကျနော် အများကြီး ဂုဏ်ယူတယ်။
တခါတလေ မှန်းထားတာနဲ့ လွဲတတ်ပေမယ့် ကြိုတင်ပြင်ဆင်မှု အားသာ ကောင်းမယ်ဆိုရင် လွဲတဲ့ ရာခိုင်နှုန်းက နည်းပါတယ်။
ကြိုတင် ပြင်ဆင်မှု အားမကောင်းတဲ့ သူကတော့ လွဲတာတွေကတော့ အမြဲတမ်း လွဲနေမှာပါ။ ကျနော် အဓိကကတော့ ကြိုတင် ပြင်ဆင်မှုဆိုတဲ့ စကားကို ထပ်ဖန်တလဲလဲ ဟြေနေမှာပါပဲ။
ဒီနှစ် အကယ်ဒမီပွဲတက်ဖို့ ကတော့ ကျနော် ဘာမှ ပြင်ဆင်မထားပါဘူး။ အကယ်ဒမီပေးပွဲ နေ့လယ်လောက်မှပဲ ရေချိုးပြီး ပုဆိုးလေး၊ တိုက်ပုံလေး ဝတ်ထသွားရုံပါပဲ။ သွားချင်ရင်ပေါ့။ မသွားချင်လည်း အိပ်နေလိုက်ရုံပဲ။ ဒီနှစ်ခုပဲရှိပါတယ်။
ပရိသတ်ရဲ့အသံတွေကြောင့် အကယ်ဒမီ ပေးလိုက်တာမျိုး ရှိခဲ့တယ်လို့တော့ ကျနော် မထင်ဘူး။ ပရိသတ်အသံကို အရင် အကယ်ဒမီ ဘုတ်အဖွဲ့က လုံးဝဂရုမစိုက်ခဲ့ဘူး။ အဲဒါတော့ ကျိန်းသေတယ်။ ကျနော့်အနေနဲ့ နှစ် တော်တော်များများ လွဲတာ တွေ့ခဲ့ရတယ်။ အနုပညာ သမားအတွက် ပရိသတ်ရဲ့ အသံဟာ အရေးကြီးပါတယ်။ သူတို့က ပိုက်ဆံပေးပြီး ခံစားတဲ့ သူတွေပါ၊ သူတို့ရဲ့ ခံစားမှုမပါရင် ကျနော်တို့ ရုပ်ရှင်ဟာ အသက်ရှင်မှာ မဟုတ်ပါဘူး။
အကယ်ဒမီ ဆုရွေးချယ်ရေးက နည်းနည်းတော့ Complicated ဖြစ်တယ်။ ကျနော်တို့ဆီမှာ ဘယ်လောက်အထိ စည်းမျဉ်း စည်းကမ်း မှန်ကန်အောင် လုပ်နိုင်မလဲ ဆိုတာလည်း လိုတာပေါ့။ အခက်အခဲ တွေကတော့ အများကြီးပါပဲ။ ဥပမာ – ဆုရွေးချယ်ရေး အဖွဲ့ဆိုရင် ဒါရိုက်တာက ဒါရိုက်တာ သပ်သပ်ပေါ့။ အခုဟာက အသံသမားကလည်း ဒါရိုက်တာဆုကို အမှတ် ပေးရင် ပေးလို့ရတယ်။ အဲဒီတော့ ဒါရိုက်တာဆုပေးတာက ဘယ်လိုလုပ်ပြီး တန်ဖိုး ရှိတော့မှာလဲ။ အသံသမားက Directing ကို တတ်သိနားလည် မှတော့ ဒါရိုက်တာ တက်လုပ်မှာပေါ့။ အသံသမားက ဇာတ်ညွှန်း ကိုလည်း ပေးလို့ရတယ်။ ဒါမှတော့ ဇာတ်ညွှန်း ရေးတော့မှာပေါ့။ ရွေးချယ်ရေးအဖွဲ့ ၁၆ ယောက်မှာ ဒါရိုက်တာ ၂ ယောက်လောက်ပဲ ပါတယ်ဆိုတော့
ကျန်တဲ့ ၁၄ ယောက်က ဒါရိုက်တာ မဟုတ်ဘူးလေ၊ No ပဲ။ အဲဒီအမှတ်တွေကို ယူတဲ့အခါကျတော့ တော်တော် စဉ်းစားရ ခက်ပါတယ်။ အဲဒီအပေါ်မှာ အဲဒီသူတွေရဲ့ ပုဂ္ဂလိက ခံစားချက်တွေ ပါတယ်မပါဘူး ဆိုတာလည်း မေးခွန်းထုတ်စရာပါ။ အဲဒီတော့ ဆုရွေးချယ်ရေး အဖွဲ့ကို ဖွဲ့စည်းတဲ့နေရာမှာ နည်းနည်းတော့ စဉ်းစားသင့်ပြီလို့ ထင်ပါတယ်။
နောက်ဆုံး ပြောချင်တာကတော့ ကျနော် လက်ပံ ဇာတ်ကားကြီးနဲ့ အကယ်ဒမီ ဆုရခဲ့ရင် ဒါရိုက်တာဝိုင်း ရတာမဟုတ်ပါဘူး၊ အဲဒီ အကယ်ဒမီက ပရိသတ်ရတာပါ။
ဧရာဝတီသတင်းထောက် မြတ်သူအောင် စုစည်းသည်။ ဆက်လက် ဖော်ပြပါမည်။
ဆက်စပ် သတင်း