SFU

၂၀၁၂ အကယ်ဒမီနဲ့ နောက်ဆက်တွဲ စကားသံများ

This article has been converted from Zawgyi One to Unicode

အကယ်ဒမီပေးပွဲ အခမ်းအနားကို တက်ဖို့သွားတာ လမ်းတွေပိတ်နေတာကြောင့် နေ့လည် ၂ နာရီ မိနစ် ၄၀ ကျမှ ပွဲကျင်းပရာ သုဝဏ္ဏ အားကစားရုံကို ရောက်ခဲ့ပါတယ်။ ရောက်ရောက်ချင်း တွေ့လိုက်ရတာက ပရိသတ်တွေ တိုးကြိတ်နေတဲ့ အနုပညာရှင်တွေ ဝင်မယ့် လမ်းအပေါက်ပါပဲ။ အဲဒီနေရာမှာပဲ ဓာတ်ပုံဆရာတွေက ဓာတ်ပုံတွေ တိုးဝှေ့ရိုက်ကြတာလည်း တွေ့ရပါတယ်။ အနုပညာရှင်တွေက ရုံထဲကို ဝင်ဖို့ အဲဒီလမ်းကနေတက်ပြီး သွားရတာပါ။ အဲဒီလမ်းနေရာမှာပဲ လူတွေက အုံခဲနေပါတယ်။ အနုပညာရှင် တယောက် ကားပေါ်က ဆင်းလာတာနဲ့ “ဟယ် အေးမြတ်သူဟေ့” ဆိုပြီး ပရိသတ်တွေ ဝိုင်းအော်လိုက်တာနဲ့ ဓာတ်ပုံဆရာတွေရော၊ လူတွေပါ အုံခဲပြီး လမ်းပိတ်သွားပါတော့တယ်။ အနုပညာရှင်တွေနဲ့ ဓာတ်ပုံတွဲရိုက်ချင်တဲ့ ပရိသတ်တွေကလည်း အဲဒီနေရာမှာပဲ ရပ်စောင့်နေကြပါတယ်။ ဒါကတော့ ရောက်ရောက်ချင်း မြင်ကွင်းလေးပါ။

အချိန်အနည်းငယ် အကြာမှာ အကယ်ဒမီမင်းသား ဝေဠုကျော်ကား ရပ်ပြီးနောက်မှာတော့ သူက ကြက်ခြေနီ တပ်ဖွဲ့ဝင်ဆိုတော့ ကြက်ခြေနီ တပ်ဖွဲ့ဝင် ဆယ့်ငါးယောက်ခန့်ကို ညွှန်ကြားဟြေဆိုနေတာ တွေ့ရပြန်ပါတယ်။ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေက သူပြောတာကို ခေါင်းညိတ်နားထောင် နေပါတယ်။

အဲဒီလမ်းအတိုင်း လျှောက်ဝင်လာတဲ့ အချိန်မှာတော့ ရုပ်သံမီဒီယာတွေရဲ့ Logo တွေ နောက်ခံပြုလုပ်ထားတဲ့ စင်မြင့်တွေကို တွေ့ရပါတယ်၊ အနုပညာရှင်တွေ ဝင်လာတာကို ခေါ်ပြီး မေးမြန်းနေပါတယ်။

အခမ်းအနားကျင်းပရာ ခမ်းမထဲ အရောက်မှာတော့ လှပသေသပ်စွာ တည်ဆောက်ထားတဲ့ အကယ်ဒမီစင်မြင့်ကို တွေ့ရ ပါတယ်။ စာနယ်ဇင်း မီဒီယာတွေ အတွက်ကတော့ အရင်က စင်ရဲ့ဘယ်ဘက် (သို့) ညာဘက်မှာ နေရာပေးခဲ့ပေမယ့် ဒီနှစ် မှာတော့ ပွဲကြည့်စင်ရဲ့ အပေါ်ဘက်ဘေး တဖက်တချက်မှာပဲ နေရာပေးထားတာ တွေ့ရပါတယ်။ ပွဲစင်မြင့်ရဲ့ ကွင်းထဲမှာတော့ မဟုတ်ပါဘူး။ ဒါကြောင့်လားတော့ မသိပါဘူး၊ မီဒီယာက ဓာတ်ပုံဆရာတွေ အားလုံးက ဒီနှစ် အကယ်ဒမီပေးပွဲကို ဓာတ်ပုံရိုက်ရတာ အဆင်မပြေဘူးလို့ ဟြေကြပါတယ်။ ဓာတ်ပုံလည်း ကောင်းကောင်းမရဘူးလို့ ဟြေတာကိုလည်း ကြားခဲ့ရပါတယ်။

ဒီနှစ် ထူးခြားတာကတော့ အရင်နှစ်တွေက ဆိုရင် ပရိသတ်တွေက တီဗီမှာ ရှစ်နာရီသတင်းပြီးမှ ဒုတိယပိုင်း မြင်ကွင်းတွေကို သတင်းအပြီး စောင့်ကြည့်ရပေမယ့် ဒီနှစ် အကယ်ဒမီပွဲကိုတော့ အကြာကြီး စောင့်ကြည့်နေစရာ မလိုတော့တာပဲ ဖြစ်ပါတယ်။ ဒါကလည်း ပရိသတ် သဘောကျစရာ အစီအစဉ် ဖြစ်လိမ့်မယ် ထင်ပါတယ်။ နောက်ပြီး ပွဲကျင်းပတဲ့ အစီအစဉ်တွေ ဟြေင်းလိုက်တာ၊ ဖျော်ဖြေရေး အစီအစဉ်တွေ ထည့်သွင်းထားတာကလည်း ပရိသတ်တွေ အတွက် ထူးခြားတဲ့ အစီအစဉ်တွေ၊ သဘောကျတဲ့ အစီအစဉ်တွေပါလို့ ဟြေသံတွေ ကြားရပါတယ်။ ဒီနှစ်မှာ ထူးထူးခြားခြား ဓာတ်ပုံအကယ်ဒမီ ဆုရတဲ့ “ကယန်းအလှ” ဇာတ်ကား ပါဝင်တာကြောင့် ကယန်းအမျိုးသမီးတွေပါ အကယ်ဒမီပွဲကို တက်ရောက်ကြတာ ကလည်း ပရိသတ်တွေအတွက် တမူ ထူးခြားနေပါတယ်။

ဒါပေမယ့် ပရိသတ်တွေရဲ့ ဘဝင်မကျမှုတွေလည်း ရှိနေပြန်ပါတယ်။ ပရိသတ် ရစေချင်တဲ့ အနုပညာရှင်တွေ မရလိုက်တာ၊ အကယ်ဒမီ ပေးသင့်ပါရက်နဲ့ ဘာလို့မပေးတာလဲ ဆိုတဲ့ အသံတွေကိုလည်း ကြားရပါသေးတယ်။ ပရိသတ်ထဲက အသက် ၄၀ အရွယ် အမျိုးသမီး တယောက်ကဆို “ဟယ် နဝရတ်ကို ရစေချင်တာ၊ သူရမယ်လို့ပဲ ထင်ထားတာ၊ သူ့ကို ဘာလို့ အကယ်ဒမီမပေးတာလဲ မသိဘူး” ဆိုတဲ့ စိတ်မကောင်းစွာ ဟြေတဲ့အသံကိုလည်း ကြားခဲ့ရပါတယ်။ နောက်ပြီး အသက် ၂၅ အရွယ် အမျိုးသားတယောက်က “ယွန်းယွန်းလေး ရသွားတာ ပျော်တယ်၊ ကလေးပေမယ့် သရုပ်ဆောင် ကောင်းသလို စကားဟြေတာလည်း ကလေးပေမယ့် တကယ်ကို ဟြေတတ်လိုက်တာ၊ အရမ်း ချစ်ဖို့ကောင်းတာပဲ” ဆိုပြီး ချီးမွမ်းနေတာ ကြားရပြန်ပါတယ်။ အသက် ၄၅ နှစ်အရွယ် အမျိုးသားကြီး တဦးကဆို “ဝိုင်းကို ဒါရိုက်တာဆု ပေးသင့်တယ်၊ ဝိုင်းမရတာ စိတ်မကောင်းဘူးကွာ၊ သူ နှစ်ခါရှိပြီ” လို့ စိတ်မကောင်းစွာ ဟြေနေသံကို ကြားခဲ့ရပြန်ပါတယ်။

“ချောရတနာလေးလည်း မဆိုးပါဘူး၊ သူ အရူးမလေး လုပ်တာ တော်လိုက်တာ၊ ပီပြင်တယ်နော်၊ သူရတာကို တကယ် ဝမ်းသာပါတယ်” ဆိုပြီး ဟြေတဲ့ အသက် ၅၀ အရွယ်အမျိုးသမီးကြီး တယောက်ရဲ့ဝမ်းသာ စကား၊ “ဖွေးဖွေးလေးလည်း ရသင့်ပါတယ်၊ သူ့နေရာလည်း ကောင်းသလို၊ သရုပ်ဆောင်တာလည်း ကောင်းတာပဲ၊ ရသွားတာကို ဝမ်းသာတယ်” ဆိုတဲ့ အသက် ၃၀ အရွယ် အမျိုးသားတဦးရဲ့ စကားတွေကိုလည်း ကြားခဲ့ရပါတယ်။

အများဆုံး ကြားခဲ့ရတာကတော့ နဝရတ်ကို အရမ်းရစေချင်တယ် ဆိုတဲ့ နဝရတ် ပရိသတ်တွေရဲ့ မကျေနပ်သံတွေပါပဲ။ အကယ်ဒမီ ဆုတွေက စင်ပေါ်မှာတင်ထားတာ ၁၂ ဆုတောင်၊ ပေးတော့ဖြင့် ၉ ဆုပဲ၊ နဝရတ်နဲ့ ဝိုင်းကို ပေးလိုက်တော့ ဘာဖြစ်သွားမှာလဲ ဆိုပြီး မကျေမနပ်ဟြေတဲ့ ပရိသတ်တွေလည်း ရှိနေပြန်ပါတယ်။

ဘာပဲဟြေဟြေ ၂၀၁၂ အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပါပြီ။ အနုပညာကို ချစ်တဲ့ အကယ်ဒမီ ပရိသတ်တွေ အတွက် ၂၀၁၃ အကယ်ဒမီ ပေးပွဲကို စောင့်မျှော်ပါဦးလို့ ဟြေကြားရင်း အနုပညာရှင်တွေနဲ့ ထပ်တူ ရင်ခုန်ခဲ့တဲ့ ပရိသတ်တွေ ကျေနပ်ပါစေကြောင်း …။

Loading