SFU

စုန်းမအိပ်မက် မက်သူနဲ့ စကားစမြည်

This article has been converted from Zawgyi One to Unicode

လတ်တလော ထွက်ရှိထားတဲ့ စုန်းမအိပ်မက် ဆိုတဲ့ တေးစီးရီးကို သီဆိုထားသူ နှင်းထွဋ်ဆွေဟာ ဟစ်ပ်ဟော့ပ် အဆိုတော် ကျော်ထွဋ်ဆွေရဲ့ အစ်မ ဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ ပထမဆုံး တေးစီးရီးမှာ တေးရေး ရွှေဂျော်ဂျော်၊ ဖြိုးလေး၊ ကြည်သာ၊ N Zai၊ MC လွှမ်းပိုင်၊ ဆလိုင်း၊ ရဲရင့်၊ သိန်းလင်းစိုး၊ ရသ၊ သားကြီး၊ AKS ၊ ကျော်ထွဋ်ဆွေတို့ ရေးစပ်ထားတဲ့ တေးသီချင်း ၁၃ ပုဒ် ပါဝင်ပြီး ရသ၊ ရဲရင့် (One Way)၊ ကျော်ထွဋ်ဆွေ၊ N Zai ၊ Lil Z ၊ Jenny၊ နန္ဒီထွဋ်ဆွေတို့က Featuring သီဆိုပေးထား ပါတယ်။ Title သီချင်းဖြစ်တဲ့ စုန်းမအိပ်မက်ကတော့ တေးရေး ရွှေဂျော်ဂျော် ဖြစ်ပါတယ်။ အဲဒီ စီးရီးထဲက သီချင်း တချို့ကို ရှိုးပွဲတွေမှာ ဆိုနေတာ၊ ပရိသတ် လက်ခံနေတာတွေ တွေ့ရတဲ့အတွက် စုန်းမအိပ်မက်ရဲ့ အဆိုရှင် နှင်းထွဋ်ဆွေနဲ့ စကားစမြည် ပြောဆို ဖြစ်ခဲ့ပါတယ်။

မေး။     ။ နှင်းထွဋ်ဆွေရဲ့ အခုထွက်ထားတဲ့ စီးရီး အခွေအကြောင်း ပရိသတ်ကို ဟြေပေးပါဦး။

ဖြေ။     ။ နှင်းထွဋ်ရဲ့ ပထမဆုံးလုပ်တဲ့ တကိုယ်တော် စီးရီးလေးပါ။ စီးရီး နာမည်ကိုတော့ စုန်းမ အိပ်မက်လို့ ပေးထားပါတယ်။ နှင်းထွဋ်ရဲ့ အခွေ စုန်းမအိပ်မက်ထဲမှာ သီချင်းအားလုံး ၁၃ ပုဒ် ပါပါတယ်။ သီချင်းအားလုံး ကိုယ့်အကြိုက်တွေပဲ လုပ်ထား တာပါ။ STRING ၊ PRO နဲ့ D.R.E.A.M စတူဒီယိုတွေမှာ  သွင်းထားပါတယ်။

မေး။     ။ ဒီ စီးရီးလုပ်ခဲ့တုန်းက အမှတ်တရတွေ ရှိခဲ့လား။

ဖြေ။     ။ စီးရီး Title ဖြစ်တဲ့ စုန်းမ အိပ်မက်ကတော့ အမှတ်တရ အဖြစ်ဆုံးပါပဲ။ ခဏခဏ ပြန်သွင်းခဲ့ရပါတယ်။ အဲဒါကြောင့် အမှတ်တရ ဖြစ်ခဲ့တာပါ။ Key တွေ ချိန်ရတာလည်း ပါတာပေါ့လေ။ ကျန်တဲ့ သီချင်းတွေကလည်း အမှတ်တရ ရှိပါတယ်။

မေး။     ။ သီချင်း အမျိုးအစားတွေကရော ဘယ်လိုပုံစံမျိုးတွေ ပါလဲ။

ဖြေ။     ။ သီချင်းအမျိုးအစား တွေကတော့ Hip Hop, R&B, Pop နဲ့ Party Rock ပုံစံလေးတွေ ပါပါတယ်။

မေး။     ။ ဂီတကိုရော ဘယ်အရွယ် ကတည်းက ဝါသနာပါခဲ့တာလဲ။

ဖြေ။     ။ နှင်းထွဋ်က ဂီတကို ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တာပါ။ ငယ်ငယ် ကတည်းက သီချင်း နားထောင်ရတာကို ကြိုက်ခဲ့တာပေါ့။ နောက် အရွယ်ရောက်လာတဲ့ အချိန်မှာ သီချင်းဆိုချင်စိတ်တွေ ဖြစ်လာတာပါ။

မေး။     ။ မောင်ဖြစ်တဲ့ အဆိုတော် ကျော်ထွဋ်ဆွေကို အားကျပြီး လုပ်ဖြစ်ခဲ့တာလား။

ဖြေ။     ။ နှင်းထွဋ်ရဲ့ မောင်ဖြစ်တဲ့ ကျော်ထွဋ်ဆွေ ကိုအားကျပြီး လုပ်ခဲ့တာလည်း မဟုတ်ပါဘူး။ သူ အောင်မြင်တိုင်းလည်း ကိုယ် အောင်မြင်ချင်မှ အောင်မြင်မှာပါ။ ဂီတကို တကယ် ဝါသနာပါလို့ လုပ်ခဲ့တာပါ။

မေး။     ။ ဘာလို့ စီးရီးနာမည်ကို စုန်းမ အိပ်မက်လို့ ပေးခဲ့တာလဲ။

ဖြေ။     ။ ကိုယ့်ကာရိုက်တာ နဲ့လည်း ပိုလိုက်သလို ဖြစ်တယ်လို့ ခံစားရသလို၊ ခပ်ကြမ်းကြမ်း လေးလည်းဖြစ်လို့ စုန်းမ အိပ်မက် နာမည်ကိုစီးရီး Title အဖြစ် ပေးခဲ့တာပါ။ ကိုယ့်စိတ်ကူးနဲ့ကိုယ် ဓာတ်ပုံ ကာဗာတွေကအစ စီစဉ်ခဲ့တာပါ၊
ဒီဇိုင်နာ တွေကိုလည်း ဟြေပြ တိုင်ပင်ခဲ့တာပါ။ အားလုံးကလည်း အစစအရာရာ ကူညီ ပေးခဲ့ကြပါတယ်။

မေး။     ။ ပရိသတ် အားပေးမှုကို ဘယ်လောက်အထိ မျှော်မှန်းထားလဲ။

ဖြေ။     ။ ကိုယ့်သီချင်းတွေကို ကိုယ်ကတော့ အားပေးမှုကို အဆုံးအထိ လိုချင်တာပေါ့။ ဒါပေမယ့် အားပေးတာ မပေးတာက ပရိသတ်တွေရဲ့ ဆန္ဒပါ၊၊

မေး။     ။ အခုရော ပွဲတွေမှာ ဆိုနေတာတွေ့ရတယ်နော်။

ဖြေ။     ။ အခု ရှိုးပွဲအကြီးတွေတော့ မဆိုရသေးပါဘူး။ ကိုယ့်သီချင်းတွေကို Promotion လုပ်တဲ့အနေနဲ့ ပွဲတွေ တချို့တော့ ဆိုပေး ဖြစ်ပါတယ်။ ပိုက်ဆံမရသေးတဲ့ ပွဲတွေပေါ့နော်။

မေး။     ။ VCD ရော ထွက်ဖို့ စီစဉ်ထားသေးလား။

ဖြေ။     ။ VCD ကို နောက်လထဲမှာ ရိုက်ဖို့တော့ မှန်းထားပါတယ်။ တနှစ်လောက်တော့ ကြာမယ် ထင်ပါတယ်။ ကိုယ်ကတော့ အမြန်ဆုံး လုပ်ချင်တာပေါ့နော်၊၊

မေး။     ။ ပရိသတ်ရဲ့ အားပေးမှု ရှိမရှိကို ဘယ်လောက် သိရပြီလဲ။

ဖြေ။     ။ အခု အခွေထွက်ခဲ့တဲ့ တလလောက် အတွင်းမှာတော့ အကောင်းပဲ ကြားရပါတယ်။ မကြိုက်ဘူး ဟြေတဲ့ ပရိသတ်တော့ မတွေ့သေးပါဘူး။ ပရိသတ်ဆီကို သေချာရောက်မှပဲ အခြေအနေကို ပြန်သိရမှာပါ။

မေး။     ။ ဒီအခွေ ထွက်ဖို့ ဘယ်လိုတွေ ကြိုးပမ်းခဲ့ရလဲ။

ဖြေ။     ။ အစစ အရာရာပါပဲ။ One Way အဖွဲ့က ရဲရင့်က နှင်းထွဋ်ကို အကုန်လုံး အစစအရာရာ ကူညီပေးပါတယ်။ ကူညီပေးတဲ့သူ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

မေး။     ။ ပရိသတ်တွေကိုရော ဘာဟြေချင်လဲ။

ဖြေ။     ။ နှင်းထွဋ်ရဲ့ အခွေ စုန်းမအိပ်မက်ကို ပရိသတ်တွေ သေချာလေး နားထောင်ပြီး ဝေဖန်ပေးကြပါလို့ ဟြေချင်ပါတယ်။ နောက်ထပ် အခွေတွေ ထွက်နိုင်အောင်လည်း ကြိုးစားမှာပါလို့ ဟြေပါရစေ။

Loading