ညီမလေးကို အကယ်ဒမီရဖို့ ခန့်မှန်းပေးကြတဲ့ စာနယ်ဇင်းဆရာ/ မ တွေရော၊ ဆုတောင်းပေးကြတဲ့ ပရိသတ်တွေရော၊ ညီမလေးရဲ့ ဇာတ်ကားတွေကိုကြည့်တဲ့ ချစ်ပရိသတ်တွေရော အားလုံးကို ကျေးဇူးအထူး တင်ပါတယ်။ ညီမလေးကတော့ ညီမလေး ရတာထက်စာရင် ညီမလေး သရုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင်မင်းသမီး အစ်မတွေကိုပဲ ပိုရစေချင်ပါတယ်။ မမ နဝရတ်နဲ့ မမဖွေးဖွေးအတွက် ညီမလေးက ပိုပြီးရင်ခုန်ခဲ့တာပါ။ အခုလို ညီမလေးကို အနုပညာလောကမှာ အသိအမှတ်ပြုပေးတဲ့၊ အကယ်ဒမီ ရွှေစင်ရုပ်တုကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ အတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်။ ညီမလေးကို အနုပညာ လောကမှာ ကလေးသရုပ်ဆောင် ယွန်းယွန်းအဖြစ် ချစ်ကြ၊ အသိအမှတ် ပြုပေးခဲ့ကြတဲ့ အနုပညာ အစ်ကို အစ်မတွေ အားလုံးနဲ့ ပရိသတ်တွေအားလုံးကို ညီမလေး အထူးကျေးဇူးတင်ပါတယ်။ ညီမလေး အနုပညာ အလုပ်တွေကိုလည်း ကြိုးစားပြီး လုပ်ဆောင်သွားမှာပါလို့ ပြောချင်ပါတယ်။
အခု လတ်တလော မကြည်ဖြူသျှင်နဲ့ ဗီဒီယိုနှစ်ကား ရိုက်ထားပါတယ်။ ရုပ်သံဇာတ်လမ်း တခု ရိုက်ဖို့ နောက်လထဲမှာ ရှိပါတယ်။ ညီမလေး အနုပညာ အလုပ်တွေ မလုပ်ဖြစ်တဲ့အချိန်မှာ တခြား မိန်းကလေးတွေလိုပါပဲ။ Facebook သုံးတယ်၊ TV
ကြည့်တယ်၊ စာအုပ်ဖတ်တယ်။ တခါတလေ မိဘတွေနဲ့ စကားတွေအကြာကြီး ထိုင်ဟြေဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ လည်ပတ်တာတော့ သိပ်မရှိပါဘူး။ ညီမလေးရဲ့ မေမေကလည်း သူမပါဘဲ ဘယ်မှ သွားခွင့်မပြုပါဘူး။ မေမေနဲ့အတူတော့ တလ နှစ်ခါလောက် ဈေးဝယ် ထွက်တာတွေတော့ ရှိပါတယ်။ ဈေးဝယ်ထွက်ရင် အဓိကဝယ်ဖြစ်တာက အကျႌပေါ့။
အလှကုန်ဆိုရင် Edu House က ဝယ်ဖြစ်ပါတယ်။ နောက်ပြီး ဖိနပ်လည်း ဝယ်ဖြစ်ပါတယ်။ ဖက်ရှင် ပစ္စည်းတွေထဲမှာဆိုရင် ညီမလေးက Accessories တွေဝယ်ရတာ ကြိုက်ပါတယ်။ လက်စွပ်၊ လက်ကောက်တွေ ဝယ်ရတာကြိုက်တယ်။ ဝယ်ပေမယ့် စုထားတာပါ၊ မဝတ်ဖြစ်ပါဘူး။ အဝတ်အစားဆိုရင် ပွပွ၊ အရောင်မှိန်မှိန်တွေ ဝယ်ဖြစ်တယ်။ အနုပညာကို စိတ်အဝင်စားဆုံး ဆိုပေမယ့် အနုပညာမဟုတ်ရင် စိတ်နှစ်ထားတာက ကျောင်းစာပေါ့။ အနုပညာကို တစိုက်မတ်မတ် မလုပ်ဖြစ်ရင် စာကိုဒီထက်ပိုပြီး လုပ်ဖြစ်မယ် ထင်ပါတယ်။
အသက်မွေးဝမ်းကျောင်း ဝါသနာက အနုပညာ မဟုတ်ရင် အခုစိတ်ဝင်စားနေတာက စိတ်ကျန်းမာရေး ဆရာဝန်ပေါ့။ အဲဒါက ဆယ်တန်းမှာရမယ့် အမှတ်နဲ့လည်း ဆိုင်မယ်ထင်ပါတယ်။ စိတ်ကျန်းမာရေး ဆရာဝန်ကို စိတ်ဝင်စားပြီး လုပ်ချင်တာကတော့ မြန်မာနိုင်ငံမှာ သိပ်ခေတ်မစားဘူးလေ။ နိုင်ငံခြားကားတွေမှာ ကြည့်ဖူးတာက အဲလိုလူတွေက အရမ်းအရေး ပါတယ်လေ။ အဲလိုလူတွေနဲ့ လေ့လာဆွေးနွေးတာတွေ ညီမလေးလည်း လုပ်ချင်တာကြောင့်ပါ။ ကိုယ်တိုင်ဆွေးနွေးပေးတဲ့သူလည်း ဖြစ်ချင်တာကြောင့် စိတ်ဝင်စားတာပါ။ ညီမလေးက လူတွေရဲ့စိတ်တွေ ဘယ်လိုရှိတယ်ဆိုတာ စိတ်ဝင်စားသလို ကိုယ့်စိတ်ဘယ်လိုရှိတယ်ဆိုတာလည်း စိတ်ဝင်စားတယ်။ ကိုယ့်စိတ် ဘယ်လိုဆိုတာလည်း အခုထိ ကွဲကွဲဟြးဟြး မသိသေးဘူးလေ။ အဲဒီလိုမျိုးလည်း ကိုယ်တိုင်ပြန်သိချင်လို့ပါ။ အဲဒီအလုပ်ကို စိတ်ဝင်စားလို့ ဆယ်တန်းမှာ အဲဒီအမှတ်ရအောင် ကြိုးစားမှာပါ။ စိတ်ပညာ ဆရာဝန်မကြီး ဖြစ်ခဲ့ရင် လူတွေကို အခမဲ့ဆွေးနွေးခွင့်ရအောင် ဖန်တီးမယ်။ အဲဒီလို ဆရာဝန်တွေ တိုးလာအောင် လုပ်ပေးမယ်။
ညီမလေးက တခြားကလေးတွေလို လွတ်လွတ်လပ်လပ် မရှိဘူးလို့ ဟြေလို့ရပါတယ်။ မေကြီးက အနုပညာ အလုပ် မလုပ်လည်း သူများကလေးတွေလို ခွင့်မပြုနိုင်ဘူးလို့ ဟြေပါတယ်။ ဒါကြောင့် အိမ်ထဲမှာပဲ စိတ်အပန်း ဖြေရပါတယ်။ အခွင့်အရေးရမယ်ဆိုရင်တော့ သူငယ်ချင်းတွေနဲ့ မုန့်ထွက်စားတာမျိုး တပတ်တခါတော့ လုပ်ချင်တာပေါ့နော်။ အခု တလကို တခါ လောက်ပဲ သွားရတယ်။ မေကြီးကလည်း အမြဲပါတယ်ဆိုတော့ လွပ်လပ်မှုကို လိုချင်ပေမယ့် အခုနေရတဲ့ အပေါ်မှာလည်း စိတ်ကျဉ်းကြပ်မှု မရှိပါဘူး။ တခါတလေလည်း လူငယ်တယောက် အနေနဲ့ ညီမလေးစိတ်တွေ ထိန်းချုပ်ထားရတာတွေ ရှိတာပေါ့။ လွတ်လွတ်လပ်လပ် နေချင်တဲ့သူတွေ ထဲမှာ ညီမလေးလည်း ပါပါတယ်။
ကိုယ့်ကိုချစ်တဲ့သူ ရှိသလို၊ မချစ်တဲ့သူလည်း ရှိတော့ ငါ ဘာလုပ်လို့လဲလို့ ပေါ်တင် မေးချင်တာလည်း ရှိတာပေါ့။ ကိုယ့် အပေါ် ဘာလို့ အဲဒီလို ဆက်ဆံလဲ သိချင်တယ်။ ဒါပေမယ့် ကိုယ့် Image ကို ထိခိုက်မှာစိုးလို့ ထိန်းချုပ်ခဲ့ရတာ လည်းရှိပါတယ်။ အဲဒါမျိုးဆိုရင် အသည်းယားတယ်။ ကိုယ့်စိတ်ထဲမှာ ရှိတဲ့အတိုင်း အပြင်လူတွေလို Facebook ထဲမှာ တင်ကြည့်ချင်တယ်။ ဘယ်လိုရှိမလဲလို့ပေါ့။ ညီမလေးက ကလေးပဲ ရှိသေးတာလေ။ ဒါပေမယ့် လူကြီးဆန်ဆန် နေလိုက်ရတာတွေလည်း ရှိတော့ အဲဒီအချိန်ဆို ကိုယ့်ဘာသာကိုယ် ပြန်ရယ်ချင်မိတယ်။
ညီမလေးလည်း ကိုယ်တိုင် လိမ္မာတဲ့သမီးတယောက်ဖြစ်အောင် ကြိုးစားနေဆဲပဲရှိပါသေးတယ်။ လုံးဝစင်းလုံးချော မဖြစ်သေးပါဘူး။ ညီမလေးက အပြင်လူတွေနဲ့ သူလိုကိုယ်လိုပါပဲ။ စိတ် လွတ်လွတ်လပ်လပ် နေရမယ်ဆိုရင် လုပ်ချင်တာက သူငယ်ချင်းတွေနဲ့ ပျော်ပွဲစား ထွက်ချင်တယ်။ ညီမလေးကလည်း လွတ်လပ်တယ်ဆိုပေမယ့် ပရမ်းပတာနေမယ့်သူ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့အတွက် တခါတလေ မိဘတွေဆီက ဒီလိုလွတ်လွတ်လပ်လပ်နေဖို့ ပါမစ် လိုချင်မိတယ်။
ညီမလေးက ကိုယ့်ခံစားချက်တွေကို စာနဲ့ချရေးတာက ကိုယ့်စိတ်ထွက်ပေါက် ပါပဲ။ Facebook ပေါ်တော့ မတင်ပါဘူး။ Facebook က ကိုယ်သိချင်တာတွေ၊ အပြင်မှာ ဖြစ်နေတာတွေကို အကုန်သိရပါတယ်။ ညီမလေးက တဦးတည်းသော သမီးဖြစ်တော့ မောင်နှမမရှိပါဘူး။ ဒါပေမယ့် မိဘတွေက ညီမလေးနဲ့ စကားဟြေပေးတော့ ပျင်းချိန်တောင် မရှိပါဘူး။ ညီမလေး ရင်ထဲက ခံစားချက်တွေကို မိဘတွေကို အားလုံး ဖွင့်ချပါတယ်။
ညီမလေးက စာတော်တဲ့သူထဲမှာ မပါပါဘူး။ အသင့်အတင့်လောက်ပါပဲ။ စာတော်တယ်ဆိုတာ အဆင့်၁၊ ၂ ရတဲ့သူတွေပါ။ ညီမလေးက အဆင့် ၁၀ အတွင်းတော့ ဝင်ပါတယ်။ ညီမလေးက ဘယ်သူငယ်ချင်းနဲ့မဆို ပေါင်းပါတယ်။ ညီမလေးနဲ့ ခင်ချင်တဲ့ စိတ်တခု ရှိရုံနဲ့တင် ပေါင်းပါတယ်။ အပြင် ဗဟုသုတရအောင်တော့ သူငယ်ချင်းတွေနဲ့ စကားဟြေတာနဲ့တင် သိရပါတယ်။ ညီမလေးရဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းက လူတွေနဲ့ စကားဟြေရင်လည်း သိရပါတယ်။
အားကစားမှာ စိတ်ဝင်စားတာက အရင်ကတော့ ကြက်တောင်ရိုက်တာပေါ့။ အခုဆီးဂိမ်းမှာ စိတ်ဝင်စားသွားတာက ဘောလုံးကို တော်တော် စိတ်ဝင်စားသွားတယ်။ ဘောလုံး ကန်ချင်စိတ်လည်း ဖြစ်မိပါတယ်။ တခါလောက်တော့ ဘောလုံး ကန်တဲ့ သူတယောက် ဖြစ်ချင်မိတယ်။ ညီမလေးက အားကစားဆိုရင် အဖွဲ့အစည်းနဲ့လုပ်ရတဲ့ အားကစားကိုပဲ ကြိုက်ပါတယ်။ ဆီးဂိမ်းမှာ ညီမလေး ဘောလုံးပွဲ ကြည့်ပြီး စိတ်လှုပ်ရှား ရင်ခုန်ခဲ့ရပါတယ်။ မြန်မာနိုင်ငံ ဘောလုံး အားကစားသမားတွေ အတွက် ရင်ခုန်တဲ့ သန်းခြောက်ဆယ်သော ပြည်သူတွေထဲမှာ ညီမလေးလည်း အပါအဝင်ပါပဲ။ ညီမလေးကိုချစ်ပေးတဲ့ ပရိသတ်တွေ အားလုံးကို အထူးကျေးဇူးတင်ပါတယ်၊ ချစ်ပါတယ်လို့ ဟြေပါရစေရှင်။