SFU

စေတနာမှန်နဲ့ ပြောရင် ဘယ်လောက် အပြောဆိုးဆိုး စိတ်မဆိုးဘူးဆိုတဲ့ ဖွေးဖွေး

This article has been converted from Zawgyi One to Unicode

လက်ပံဇာတ်ကားနဲ့ ၂၀၁၂ ရဲ့ ပူပူနွေးနွေး အကယ်ဒမီဆုရှင် ဖြစ်သွားတဲ့ ဖွေးဖွေးနဲ့ ဆုံခိုက်မှာ ပရိသတ်တွေ သိချင်မယ်ထင်တဲ့ အကြောင်းအရာလေးတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။ ဖွေးဖွေးကို စသိခဲ့တဲ့အချိန်မှာ သူ့ရိုက်ကွင်းတခုမှာ ဆုံတွေ့ခဲ့တာပါ။ ရိုက်ကွင်း ရောက်တော့ ဖွေးဖွေးရဲ့ အကျင့်စရိုက်ကို ကိုယ့်ရဲ့စပ်စုနေကျ အကျင့်အတိုင်း သိချင်တာကြောင့် စကားဟြေကြည့် ခဲ့ပါတယ်။ သူက အလုပ်တခုကို သေသေချာချာ လုပ်တတ်သူတယောက်လို့ ဟြေရမှာပါ။ ရိုက်ကွင်းမှာတုန်းက ဖွေးဖွေးနဲ့ ဆက်ဆံ ဟြေဆိုကြည့်တော့ သူက အနေတည်ပြီး ဟြေစရာရှိတာကိုသာ ဟြေတတ်တဲ့ သူတယောက်၊ သူနဲ့ မခင်မင်သေးတဲ့ အချိန်တုန်းက ဖာသိဖာသာ နေတတ်တဲ့ သူတယောက်လို့ထင်ပြီး သူ့ဆက်ဆံရေးက အေးစက်စက်မို့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတောင် မေးခဲ့ဖူးပါသေးတယ်။ ဖွေးဖွေးရဲ့အိမ်ကိုလည်း ဓာတ်ပုံရိုက်ဖို့အတွက် ချိန်းပြီး ရောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက သူ့ကို ဝတ်စုံတစုံပဲ ရိုက်မယ်လို့ ဟြေခဲ့ပေမယ့် နောက်ထပ် ဓာတ်ပုံသုံးစရာရှိရင် အဆင်ပြေအောင် ထပ်ရိုက်ပေးဖို့ ဟြေလိုက်တဲ့အခါ ဖွေးဖွေးက အဆင်ပြေအောင် ရိုက်ပါဆိုပြီး ဝတ်စုံနောက်တစုံ လဲပေးပါတယ်။

အဲဒီအချိန်က သူဟာနဲ့သူတော့ ကြော်ငြာလေးတွေ၊ ဇာတ်ကားလေးတွေ ရိုက်လာရတဲ့ အချိန်ဖြစ်ပြီး ဖွေးဖွေးက နာမည် ရနေပါပြီ။ တကယ်တမ်း ဖွေးဖွေးနဲ့ခင်လာတဲ့ အချိန်မှာတော့ သူဟာ ရိုက်ကွင်းရောက်ရင် အလိုလို ဇာတ်ကောင်ထဲက Mood ဝင်နေတာကြောင့် ဘယ်တော့မှ စကားသိပ်မဟြေဘူးဆိုတာ သိရတယ်၊ သူ့အိမ်မှာ တွေ့ခဲ့တုန်းကတော့ အရမ်းပွင့်လင်းပြီး တကယ်ကို ဆက်ဆံရေးကောင်းတဲ့ မိန်းကလေးပါ။ သူက စိတ်ဆိုးရင်လည်း ကြာကြာတော့ စိတ်မဆိုးတတ်တဲ့သူပါ။ အခုလည်း ဖွေးဖွေးကို ပရိသတ်သိချင်မယ် ထင်တဲ့ အကြောင်းအရာလေးတွေကို ပွင့်ပွင့်လင်းလင်း မေးကြည့် မိပါတယ်။

ဖွေးဖွေးက သူအကယ်ဒမီရခဲ့တဲ့ အတွက် ခံစားမှုကို အခုထက်ထိ မယုံနိုင်သေးတဲ့ အတွက် အိပ်မက်လိုပဲလို့ ဧရာဝတီကို ဟြေပါတယ်။

“ဖွေး အခုထက်ထိ အကယ်ဒမီရတယ်ဆိုတာ အိပ်မက်လား၊ တကယ်လားဆိုတာ တချက်တချက် ကိုယ့်ဟာကိုယ် သတိ ပြန်ပြန်ပေးနေရတယ်။ ပွဲမှာလည်း ဖွေး တော်တော်ကို ဝမ်းသာလုံးဆို့ခဲ့ပါတယ်။ ဘာဟြေရမှန်းကို မသိတော့ လောက်အောင်ကို ဖြစ်ခဲ့တာပါ။ အမှန်အတိုင်း ဟြေရရင် လက်ပံကားကို ရိုက်တုန်းက ဖွေးဖွေးမှန်းတောင် ဘယ်သူမှ မသိသေးတဲ့ အချိန်မှာ ကိုဝိုင်းနဲ့ မဖြူနှင်းဖွေးက စေတနာထားပြီး ဖွေးကို မင်းသမီး တင်ရိုက်ခဲ့တာပါ။ ကိုပြေတီ (ပြေတီဦး) တို့၊ မကြီးစိုး (စိုးမြတ်သူဇာ) တို့ကလည်း ဖွေးလို အသစ်တယောက်ကို လက်တွဲခေါ်ခဲ့တာပါ။ ဖွေးက အနုပညာကို ရူးသွပ်တယ်၊ချစ်တယ်၊ ကိုယ့်ကို ယုံကြည်ခဲ့တဲ့ သူတွေကိုလည်း တာဝန်ကျေချင်တယ်။ အဲဒီစိတ်နဲ့ပဲ ရိုက်ခဲ့တာပါ၊ အကယ်ဒမီကိုလည်း လုံး၀ မမျှော်လင့်ခဲ့ပါဘူး” လို့ သူ့ရင်ထဲက ခံစားချက်တွေကို ဟြေပြတယ်။

ဖွေးဖွေးက အကယ်ဒမီဆုကို ရခဲ့တဲ့အတွက် သူ့ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုခံရတာလို့ ယူဆပြီး အရမ်း ဝမ်းသာတယ်၊ အကယ်ဒမီ စင်မြင့်ပေါ်ကို ဒီလောက် အချိန် စောစောစီးစီး တက်ရမယ်လို့ မထင်ခဲ့ဘူးလို့ ဆိုပါတယ်။

“အနုပညာကို ချစ်တဲ့စိတ်နဲ့ပဲ လုပ်ခဲ့တာပါ။ အကယ်ဒမီရရမယ် ဆိုတဲ့ စိတ်ကြီးနဲ့လည်း လုပ်ခဲ့တာ မဟုတ်ပါဘူး။ ဒီလိုဖွေးကို အသိအမှတ် ပြုပေးတဲ့အတွက်လည်း အရမ်းကို ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေနဲ့ စာနယ်ဇင်းတွေ ကျေနပ်တဲ့ အတွက်လည်း တကယ်ကို ကျေးဇူးတင်ပါတယ်” လို့လည်း သူက ဧရာဝတီကို ဟြေပါတယ်။

ဒါရိုက်တာဝိုင်း အကယ်ဒမီ မရခဲ့တာနဲ့ ပတ်သက်ပြီး ဖွေးဖွေးက သူ့ရင်ထဲမှာ၊ ပရိသတ်တွေရဲ့ ရင်ထဲမှာ ဒါရိုက်တာ ဝိုင်းက အကယ်ဒမီ ရပြီးသားပါလို့ ဆိုပါတယ်။

“ကိုဝိုင်း အကယ်ဒမီဆုနဲ့ လွဲခဲ့တာကတော့ ဖွေးတို့ ဝါနဲ့ ဆိုရင်တော့ ဝင်ဟြေပိုင်ခွင့်တော့ သိပ်မရှိပါဘူး။ ဒါ အကဲဖြတ် ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ပါပဲ” လို့ သူက ဆက်ဟြေပါတယ်။

ဖွေးဖွေးက သူနဲ့ဒါရိုက်တာဝိုင်း အကြားက ဆက်ဆံရေးကလည်း ဖိအားတွေ မရှိဘူး၊ တယောက်နဲ့ တယောက် နားလည်မှု ရှိတယ်လို့ သိရပါတယ်။

“ကိုဝိုင်း စိတ်တိုပြီးတော့ ကိုယ့်ကိုဟြေလည်း ဘာမှမဖြစ်ဘူး၊ သူကကိုယ့်ကို မေတ္တာနဲ့ ဟြေတယ်၊ ဆူတယ်ဆိုတာ ဖွေး နားလည်ပါတယ်။ တခါတလေလည်း ဖွေး Stress တွေများပြီး ဂေါက်တောက်တောက် ဖြစ်သွားတဲ့ အချိန်တွေရှိတယ်။ အဲဒီ အချိန်တွေလည်း ကိုဝိုင်းက ဖွေးကို နားလည်ပေးတယ်၊ အရေးအကြောင်း ဆိုရင်တော့ ကိုဝိုင်းက အရမ်းကို နားလည် ပေးပါတယ်။ သူက စည်းကမ်းလည်း အရမ်းကြီးတယ်လေ၊ ဖွေးက ကိုယ့်ကို စေတနာနဲ့ ဟြေတဲ့အရာဆိုရင်၊ တကယ် စေတနာမှန်ရင် ပေါ့နော်၊ ဘယ်သူကပဲ ဘယ်လောက်ပဲ အဟြေဆိုးဆိုး ကိုယ့်စိတ်ထဲက နားလည်ပါတယ်” လို့ ဖွေးဖွေးက ရှင်းပြပါတယ်။

ဖွေးဖွေးက သူအကယ်ဒမီရခဲ့ပေမယ့် အနုပညာကြေး တိုးယူဖို့လည်း လုံး၀ အစီအစဉ်မရှိဘူးလို့လည်း ဆိုပါတယ်။

“ဖွေးကို ဆုကြေညာချိန်မှာ ပရိသတ်တွေ အော်လိုက်တဲ့ အသံကိုတော့ ဖွေးကြားလိုက်တယ်။ ဆုပေးပွဲမှာ လာအားပေးတဲ့ ပရိသတ်တွေရော၊ တီဗီမှာ ကြည့်ပြီး အားပေးနေတဲ့ ပရိသတ်တွေရော အားလုံးကို ဖွေးချစ်ပါတယ်လို့ ဟြေချင်ပါတယ်။ ဆုကြေညာတော့ ဖွေး စင်အောက်မှာ မျက်ရည်ကျခဲ့တယ်၊ စင်ပေါ်တက်တော့ မငိုမိအောင် ထိန်းထားတယ်။ ဖွေး ပရိသတ်တွေ အများကြီး ရှေ့မှာတော့ မငိုချင်ဘူး။ ပရိသတ်နဲ့ဖွေး ကြားမှာ ဖွင့်မဟြေပေမယ့် နားလည်မှု တခုရှိတယ်လို့ ခံစားရတယ်။ ဖွေး လွတ်လွတ်လပ်လပ်ပဲ နေတယ်၊ ဟန်မဆောင်တတ်ဘူး၊ ဘယ်သူ့ကိုမှလည်း ဖွေး မစော်ကားဘူး။ အကုန်လုံးကို လေးစားမှုရှိတယ်။ အဲဒီအတွက် ထွေထွေထူးထူး ကျဉ်းကျပ်ပြီး နေထိုင်ရတာတော့ မရှိပါဘူး။ ဖွေး ဘယ်လောက်ပဲ ကြိုးစား၊ ဘယ်လောက်ပဲ လုပ်လုပ် အားပေးမယ့် ပရိသတ်တွေ မရှိရင် အားလုံး လုပ်သမျှက သုညပါပဲ၊ ပရိသတ် အားပေးလို့ ဖွေးဖွေးဆိုတာ ဖြစ်လာတာပါ၊ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးအများကြီး တင်ပါတယ်” လို့ ဖွေးဖွေးက ဧရာဝတီက တဆင့် ဟြေပါတယ်။

Loading