အဆိုတော် ဇော်ဝင်းထွဋ်က သူ့ရဲ့မွေးနေ့ တကိုယ်တော် အမှတ်တရ ရှိုးပွဲကို ဇန်နဝါရီ ၂၅ ရက်နေ့ကျရင် မင်းဓမ္မလမ်းမှာရှိတဲ့ MCC မှာ အောက်ဒိုး ဖျော်ဖြေမယ်လို့ သိရပါတယ်။
ဇော်ဝင်းထွဋ်နဲ့အတူ ဆောင်းဦးလှိုင်၊ အဲလက်စ်၊ စည်သူလွင်၊ ဖြိုးကြီး၊ ထူးအယ်လင်း၊ Big Bag၊ စိုင်းစိုင်းခမ်းလှိုင်၊ မိုးမိုး၊ အီတိုး၊ ဟေမာနေဝင်း၊ မေဆွိ၊ ကော်နီ၊ သျှီ၊ ဆုန်သင်းပါရ် တို့လည်း ပါဝင်သီဆို ဖျော်ဖြေကြမှာဖြစ်ပြီး Emperor Music Band က တီးခတ်ပေးမှာ ဖြစ်ပါတယ်။
မွေးနေ့ တကိုယ်တော်ရှိုးနဲ့ ပတ်သက်ပြီး အဆိုတော် ဇော်ဝင်းထွဋ်က “ကျနော့်ရဲ့ ဘဝမှာ သီချင်းဆိုလာတဲ့ ပွဲပေါင်းကလည်း များပါပြီ၊ ကိုယ်တိုင် စီစဉ်ခဲ့တဲ့ ပွဲကလည်းများပြီ၊ စာနယ်ဇင်းပွဲတွေ လုပ်ပြီးတော့လည်း ကျနော်က ဘာတွေလုပ်မယ်၊ ဘယ်လိုဆိုမယ်၊ ဘယ်လို တင်ဆက်မယ်၊ ဖျော်ဖြေမယ်ဆိုတာတွေ ဟြေခဲ့တာလည်း များပါပြီ။ အဲဒီတော့ ကျနော် ပွဲအကြောင်းနဲ့ ပတ်သက်ပြီးမဟြေပြချင်၊ မစီစဉ်ချင်တဲ့ အတွက်ကြောင့် ကျနော်ကိုယ်တိုင် ဘာမှ မစီစဉ်တော့ပါဘူး၊ အခုပွဲကို စီစဉ်သူ နှစ်ယောက်ရဲ့ လက်ထဲ ကျနော့်ကိုယ် ကျနော် စိတ်ချလက်ချ အပ်ထားပါတယ်။ ဒီအရွယ်မှလည်း ကျနော်ဘာမှ ကြောက်စရာ အကြောင်းလည်း မရှိတော့ပါဘူး၊ ကမ်းကုန်နေပြီ ဟြေရမှာပေါ့။ ကျနော့်ထက် ပိုရင့်ကျက်တဲ့ ဆရာကြီးတွေ ဆီကို အပ်ထားပါတယ်” လို့ ပြောပါတယ်။
ဇော်ဝင်းထွဋ်ရဲ့ မွေးနေ့ အထိမ်းအမှတ်ရှိုးပွဲ လက်မှတ်ဈေးတွေကို အတတ်နိုင်ဆုံး လျှော့ထားပြီး ဘယ် Channel မှာမှလည်း မလွှင့်ဘူး၊ ဘာစပွန်ဆာမှလည်း မပါဘူး၊ ဘယ်သူ့ကိုမှလည်း မကြော်ငြာပေးဘူးလို့ သိရပါတယ်။
“ကျနော့်ရဲ့ ပရိသတ်တွေ ဆီကနေ စီးပွားရေး အရသော်လည်းကောင်း၊ စပွန်ဆာ အရသော်လည်းကောင်း၊ အကြောင်း ကြောင်း သောကြောင့် သော်လည်းကောင်း၊ တခုခု အကျိုးအမြတ်တွေ၊ သို့မဟုတ် ငွေရေးကြေးရေး အကျိုးအမြတ်ပွဲတွေ လုပ်ခဲ့တာများပါပြီ၊ ဒီပွဲလေး ကိုတော့ တယောက်နဲ့ တယောက်အကြားမှာ ဘာအကျိုးအမြတ်မှ မရှိတဲ့ ပွဲမျိုး ဖြစ်ချင်တာပေါ့လေ။ အဲဒါကတော့ ကျနော်တို့ စိတ်တူကိုယ်တူ ဆုံးဖြတ်လိုက်တဲ့ အချက်ပေါ့။ ငွေရေးကြေးရေး လုံးဝမပါပါဘူး၊ တီးခကတော့ ဘယ်လောက် ယူတယ်၊ ဘာကတော့ ဘယ်လောက် ကျတယ် မရှိပါဘူး။ ဒီပွဲက ကျနော့်မိတ်ဆွေတွေနဲ့ ပရိသတ်တွေကို ကျနော်က ပျော်ရွှင်စရာကောင်းတဲ့ လှပတဲ့ ပွဲလေးတပွဲ လုပ်ပြချင်တာပဲ ရှိပါတယ်” လို့ ဇော်ဝင်းထွဋ်က ဒီပွဲနဲ့ပတ်သက်လို့ စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်ရာမှာ ပြောသွားပါတယ်။
ဒီပွဲကို သူနဲ့ ခင်မင်သူအားလုံးနဲ့ မီဒီယာသမားတွေ Free လာလို့ရတယ်လို့လည်း သူက ဖိတ်ခေါ်လိုက်ပါတယ်။
“ပထမက ကျနော့်ဇနီးမေခိုင်က စဉ်းစားတာ ဒီလိုပွဲအကြီးကြီးလို့ မမှန်းထားတော့ လာတဲ့သူတွေကို သူက ဘာကျွေးမယ်၊ ညာကျွေးမယ်ပေါ့၊ ဒါပေမယ့် လာတဲ့သူတွေကို ဘယ်လို တုံ့ပြန်မလဲ ဆိုတာကတော့ ကျနော်တို့ နှစ်ယောက် တိုင်ပင်နေဆဲပေါ့လေ။ ဒါကတော့ လျှို့ဝှက်ချက်ပေါ့” လို့ အဆိုတော်ဇော်ဝင်းထွဋ်က ဧရာဝတီကို ဟြေပါတယ်။
အဲဒီပွဲကို ကြည့်ချင်တဲ့ ပရိသတ်တွေ အတွက် လက်မှတ်တွေကိုတော့ မန်းသီရိတေးသံသွင်း၊ 1876 Hot Line၊ စိန်ဂေဟာ၊ City Mart၊ United Living Mall၊ Ruby Mart ၊ Orange ၊ Taw Win Center ၊ ABC Stores ၊ YKKO ၊ Feel Restaurants၊ Happy Café & Noodles ၊ Sein Lann So Pyay ၊ Café SS ၊ Moon Bakery ၊ Lotteria ၊ FriendShip Restaurant ၊ Balance Fitness & Gym ၊ Ko Ko Nyi Nyi Beauty Saloon နဲ့ Nobody ဆိုင်များမှာ ဝယ်ယူရရှိနိုင်ကြောင်း သိရပါတယ်။ လက်မှတ် ဈေးနှုန်းကတော့ ကျပ် ၃၀၀၀ (Standing) နဲ့ ကျပ် ၁၅၀၀၀ (Seat) တို့ ဖြစ်ပါတယ်။