သီချင်းအဆိုပြိုင်ပွဲတွေ သူ့ထက်ငါ အပြိုင်အဆိုင်ကျင်းပနေတဲ့ ဒီလိုအချိန်ကာလမှာပဲ Capital Hypermarket ရဲ့ ၆ နှစ်ပြည့်အထိမ်းအမှတ် Capital Idol Singing Contest ကျင်းပမယ်လို့ သိရပါတယ်။
မတ်လ ၁ ရက်နေ့ကစပြီး မတ်လ ၃၀ ရက်နေ့အထိ ဒေါပုံမြို့နယ် မင်းနန္ဒာလမ်းမကြီးပေါ်မှာရှိတဲ့ Capital Hypermarket မှာ သီချင်းဆိုပြိုင်ပွဲကို ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။
မတ်လ ၁ ရက်နေ့မှာ Pop အမျိုးအစား သီချင်းများနဲ့ ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး မတ်လ ၈ ရက်နေ့မှာ R & B သီချင်းများ၊ မတ်လ ၁၅ ရက်နေ့မှာတော့ Traditional သီချင်းများ၊ မတ်လ ၂၂ ရက်နေ့မှာတော့ Rock သီချင်းများနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ မတ်လ ၃၀ ရက်နေ့မှာတော့ Capital Idol Grand Final ပြိုင်ပွဲနဲ့အတူ Lucky Draw များဖွင့်ဖောက်သွားမှာ ဖြစ်ပါတယ်။
ဒီလို Capital Hypermarket ရဲ့ Capital Idol Singing Contest ပြိုင်ပွဲကို ပြုလုပ်ကျင်းပလာတာ Capital Hypermarket ရဲ့ ၄ နှစ်ပြည့်ကနေ စတင် ပြုလုပ်ခဲ့တာဖြစ်လို့ ယခု ကျင်းပခြင်းက Capital Idol Season 3 ဖြစ်တယ်လို့လည်း အဆိုပါပွဲ ဖြစ်မြောက်ရေး တာဝန်ရှိသူ ကိုဝိုင်းချစ်က ပြိုင်ပွဲအတွက် စာနယ်ဇင်း ရှင်းလင်းပွဲမှာ ဟြေပြသွားပါတယ်။
ပါဝင်ယှဉ်ပြိုင်လိုသူများ အနေနဲ့ ပြိုင်ပွဲဝင်ခွင့် ပုံစံများကို ဖြည့်စွက်ပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့ နောက်ဆုံးထားလို့ ပြန်လည် ပေးပို့လျှောက်ထားရမှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ပထမအဆင့် လူရွေးပွဲပြုလုပ်မှာဖြစ်ပြီး ကနဦး ပြိုင်ပွဲဝင် ၁၂ ယောက်ကို ရွေးချယ်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဆု အနေနဲ့ကတော့ ပထမဆု ငွေကျပ် ငါးသိန်း၊ ဒုတိယဆု ကျပ်သုံးသိန်း၊ တတိယဆု ကျပ်နှစ်သိန်း ချီးမြှင့်ပါမယ်တဲ့။ ပြိုင်ပွဲဝင် Form များကို Capital Hypermarket ရဲ့ Information Counter မှာ အခမဲ့ ထုတ်ယူနိုင်ကြောင်း သိရပါတယ်။
သီချင်းဆိုပြိုင်ပွဲ ဝင်လိုသူများ အနေနဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမယ်၊ ပြိုင်ပွဲအရပ်ရပ်မှာ ပထမဆု ရရှိထားသူတွေနဲ့ Capital သီချင်းဆိုပြိုင်ပွဲတွေမှ ဆုရရှိထားသူများ ယှဉ်ပြိုင်ခွင့်မရှိဘူးလို့ စည်းကမ်းချက် သတ်မှတ်ထားပါတယ်။
ဝါသနာရှင်များအနေနဲ့ အသေးစိတ်သိလိုတဲ့ အချက်တွေအတွက် အမှတ်၁၄ E၊ မင်းနန္ဒာလမ်းမကြီး၊ ဒေါပုံမြို့နယ်၊ ဖုန်း ၀၁၅၅၁၄၂၇ ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။