အဆိုတော် သရုပ်ဆောင်စမိုင်းလ်က သူနဲ့သူ့ခင်ပွန်း တည်ထောင်လုပ်ကိုင်နေတဲ့ Y Talk International Calling Card ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိဘမဲ့ကျောင်း ၅ ကျောင်းက ကျောင်းသား၊ ကျောင်းသူ ကလေးငယ်ပေါင်း ၃၀၀၀ ကျော်ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က အမျိုးသားကဇာတ်ရုံမှာ Charity Fun Fair ပွဲကြီးတခု ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။
အဲဒီပွဲမှာ ကလေးငယ်များအတွက် ပျော်ရွှင်ဖွယ် ဂိမ်းအစီအစဉ်များ၊ အစားအသောက် ကျွေးမွေးတဲ့ အစီအစဉ်များနဲ့အတူ မိဘမဲ့ကျောင်းတွေကိုလည်း အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ပါတယ်။ သရုပ်ဆောင် စမိုင်းလ်တို့ ဇနီးမောင်နှံရဲ့ Charity Fun Fair ပွဲမှာ Aroma Makeup ၊ Wedding Dress and Photo Studio က ကိုအောင်မြတ်သူနဲ့ ကိုစိန်လင်းတို့ကလည်း ပါဝင် ကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်။
အဆိုပါ ပရဟိတပွဲ လုပ်ဖြစ်တဲ့အကြောင်းကို သရုပ်ဆောင် စမိုင်းလ်က “ဒီလိုလုပ်တာက အလှူတခုလည်း လုပ်ဖြစ် သွားအောင်၊ နောက်ပြီး မိဘမဲ့ ကလေးလေးတွေကိုလည်း ပျော်စေချင်လို့၊ ပြီးတော့ ကိုယ်တွေလုပ်တဲ့ စီးပွားရေးလုပ်ငန်းရဲ့ နှစ်နှစ်ပြည့် အထိမ်းအမှတ်ပွဲလေးလည်း ဖြစ်အောင် အစ်မအမျိုးသားနဲ့ တိုင်ပင်ပြီး လုပ်ခဲ့တာပါ။ နောက်ပြီး အစ်မတို့နဲ့ အတူ ပါဝင်လှူဒါန်းပြီး ကုသိုလ်ယူနိုင်အောင် လှူချင်တဲ့ မိတ်ဆွေတွေကို ကလေးတယောက်ကို ၄၀၀၀ ကျပ်နှုန်းနဲ့ တတ်နိုင် သလောက် လှူနိုင်တဲ့ အစီအစဉ်လေးလည်း ထည့်ခဲ့တာပါ။ အစ်မတို့ လှူတဲ့နေရာတွေကတော့ အောင် ပရဟိတကျောင်း၊ မှန်ကင်းကျောင်း၊ သန်လျင်က တိုင်းရင်းသားလူငယ် ဖွံ့ဖြိုးရေး ပရဟိတကျောင်းနဲ့ ဝိသာခါကျောင်းတွေကို လှူဒါန်းခဲ့တာပါ။ ကလေးတွေ ပျော်ရွှင်နေတာကို ကြည့်ပြီး အစ်မ တကယ်ကို စိတ်ကျေနပ်ဝမ်းသာမိတာ မဟြေပြတတ်အောင်ပါပဲ။ ဘာပဲဟြေဟြေ အလုပ်တွေလုပ်ပြီး မအားမလပ်တဲ့ကြားက ဒီလိုအလှူမျိုး လုပ်ရတော့ စိတ်လှုပ်ရှားသလို၊ အရမ်းကို အတိုင်းမသိ ကျေနပ်ပီတိ ဝမ်းသာမှု ဖြစ်ရပါတယ်။ အစ်မတို့ရဲ့ အလှူကို ဝိုင်းဝန်းကူညီပေးတဲ့ မိတ်ဆွေတွေကိုလည်း အရမ်းကျေးဇူး တင်ပါတယ်လို့ ဟြေချင်ပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
သူဟာ သူ့ခင်ပွန်းနဲ့ တွဲဖက်လုပ်ကိုင်နေတဲ့ Y Talk International Calling Card လုပ်ငန်းအပြင်၊ သူကိုယ်တိုင် ဦးစီး လုပ်ကိုင်နေတဲ့ Make Up Store Cosmetic & Perfume ဆိုင်ကိုလည်းဖွင့်လှစ်ထားပြီး မကြာသေးခင်ကပဲ ‘New Me’ အမည်ရ တေးစီးရီး တခွေလည်း ထွက်ရှိထားပါသေးတယ်။