• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ကရုဏာတရားနဲ့ ရက်ဖွဲ့ထားတဲ့ မေတ္တာတော်ဘွဲ့

by ကိုမျိုး (IR)
28 February 2014
in Lifestyle
A A
အနုပညာ, ထူးအိမ်သင်, အမေသီချင်းများ

ထူးအိမ်သင်ရဲ့ “အမေ (သို့) မေတ္တာတော်ဘွဲ့ သီချင်းစာအုပ် မျက်နှာဖုံး

4.8k
VIEWS
Share on FacebookShare on Twitter

ဖခင်နဲ့မိခင်နှစ်ဦးမှာမှ မိမိရင်သွေးလေး လူ့လောကကို ရောက်ရှိလာဖို့ အသက်အန္တရာယ်နဲ့ရင်းပြီး ကိုးလလွယ် ဆယ်လဖွားခဲ့ရတဲ့ မိခင်ရဲ့မေတ္တာဟာ ပိုမိုကြီးမားကြောင်းကို ဗုဒ္ဓကိုယ်တိုင် ဟောပြောဆုံးမပြခဲ့သလို တကယ့်

လက်တွေ့ဘဝမှာလည်း မိခင်များက သူတို့သားသမီးတွေအပေါ်ထားတဲ့ မေတ္တာစိတ်ကြီးမားမှုကို မျက်ဝါး ထင်ထင်မြင်တွေ့ကြားသိကြမှာပါ။

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
662
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.2k
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
497

ဒါကြောင့်လည်း မိဘမေတ္တာကို ဖော်ကျူးတဲ့ စာပေ၊ ဂီတ၊ ရုပ်ရှင်စတဲ့ အနုပညာရပ်တွေထဲမှာ ဖခင်မေတ္တာထက် မိခင်မေတ္တာကို ပိုမိုအလေးပေး ဖော်ကျူးထားတာကို မြင်တွေ့ခံစားဖူးကြမှာပါ။

ခေတ် အဆက်ဆက် မိခင်မေတ္တာကို ဖော်ကျူးလာခဲ့ရာမှာ ခံစားထိရှဖွယ်ရာကောင်းတဲ့ ဝတ္ထု၊ ဇာတ်လမ်း၊ ရုပ်ရှင်နဲ့ တေးသီချင်းစတဲ့ အကြောင်း အရာတွေဟာ  ဘယ်တော့မှ  ရိုးမသွားနိုင်သလို နောင်လာနောက်သား လူငယ်တွေအတွက်လည်း သတိသံဝေဂ ရရင်ရသလို အကျိုးရှိစေခဲ့ပါတယ်။

အဲဒီလို ကိုယ်ကျင်လည်ရာ အနုပညာနယ်ပယ် အသီးသီးက မိခင်မေတ္တာဘွဲ့ အကြောင်းအရာတွေကို ဖွဲ့သီ နေကြတဲ့အထဲမှာ  ဂီတလောကရဲ့ ဂီတပါရမီရှင် တဦးအဖြစ် ပရိသတ်တွေက သတ်မှတ်လက်ခံခဲ့ကြပြီး ဂီတ ကောင်းကင်ကနေ စောစီးစွာ ကြွေလွင့်သွားရှာသူ ကိုငှက် (ခ) ထူးအိမ်သင်က သူတတ်ကျွမ်းတဲ့ ဂီတအနုပညာ နဲ့ “အမေ (သို့) မေတ္တာတော်ဘွဲ့” တေး Album နဲ့ မိခင်များရဲ့မေတ္တာတရားကို ဖော်ကျူးခဲ့ပါတယ်။ နောက်ပြီး ထူးခြားတဲ့တေး ဗူဘကာ တချပ်အဖြစ်လည်း မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။ တခြား မိခင်မေတ္တာဖွဲ့တေး Album တချို့  ရှိခဲ့ပေမယ့် ကိုငှက်ရဲ့  ဒီ “မေတ္တာတော်ဘွဲ့” Album ဟာ ဘာကြောင့်ပိုပြီး  လူကြိုက်များ အောင်မြင်ခဲ့ ရသလဲ ဆိုတာကို ပြန် ဆန်းစစ်ကြည့်မိတဲ့အခါ . . .

(၁) ဒီ Album ကို ဖန်တီးဖော်ကျူးတဲ့ ကိုငှက်ကိုယ်တိုင်က သူ့မိခင်ရဲ့မေတ္တာတရားပေါ် လေးနက်စွာ သိရှိနားလည် ခံယူနိုင်မှု  က  အဓိကအကြောင်းရင်းတရပ် ဖြစ်သလို

(၂) ကိုငှက်ရဲ့ ပင်ကိုသံကိုက ကရုဏာသံရှိပြီး ဆွဲဆောင်မှုရှိတဲ့ အသံပါရမီကို ပိုင်ဆိုင်ထားသူ ဖြစ်နေတဲ့အပြင်

(၃) ဒီ Album မှာ ပါဝင်တဲ့ မိခင်မေတ္တာဘွဲ့ သီချင်းတွေကို ရေးစပ်ဖန်တီးပေးကြတဲ့ (ကိုငှက်အပါအဝင်) ကျန်တဲ့ သီချင်းရေးဆရာများကလည်း လူကြိုက်များပြီးသား တေးရေးဆရာများ ဖြစ်သလို ဒီသီချင်းတွေကို ဖန်တီးထားတဲ့ သူတို့ရဲ့ အတွေးစိတ်ကူး အားကောင်းတဲ့ လက်ရာမွန်တွေကြောင့်ပဲ ဖြစ်ပါတယ်။

သီချင်း (၁၁) ပုဒ်စလုံးဟာ သူ့ အကြောင်းအရ နဲ့သူ၊ သူ့  Music Style နဲ့သူ လေးနက်နေတာကို ကြားသိခံစားနိုင်ကြမှာ ဖြစ်ပါတယ်။

ဒီ Album ဟာ ကိုငှက်ရဲ့ တခြား Album တွေနဲ့မတူဘဲ သီးခြားအကြောင်းအရာတရပ်အဖြစ် ထွက်ရှိလာခဲ့တဲ့ တေး Album တချပ်ဖြစ်သလို သူလိုငါလို တခြား အနုပညာရှင်တွေကိုလည်း အဲဒီလိုတေး Album  ပုံစံ ဆန်ဆန်မျိုး  (အကြောင်းအရာ တူချင်မှတူပေါ့) ဖန်တီးသင့်ကြောင်းကို ချပြခဲ့တာလို့ ယူဆမိပါတယ်။ ဒီ Album ထဲမှာ ပါဝင်တဲ့ သီချင်းအားလုံးက ကြားဖူးပြီးသား နားရည်ဝပြီးသား သီချင်းတွေဖြစ်ပေမယ့် ဂီတပါရမီရှင် ကိုငှက်က ပုံစံတမျိုးနဲ့ ကွဲပြားအောင် ဖန်တီးသီဆိုပြနိုင်ခဲ့ပြီး နားဆင်ခံစားသူရဲ့ စိတ်ကို သီချင်းအသစ်တွေ ခံစားနားဆင် နေရသလိုဖြစ်အောင်  သူရဲ့  ဂီတမှော်အတတ်နဲ့ အစွမ်းပြနိုင်ခဲ့ပါတယ်။

ဒီ Album  နဲ့ပတ်သက်ပြီး ကိုငှက်က …

အမေ့ကိုချစ်သော သားများ . . . သို့

(ထို့ထက်ပို၍)

အဝေးရောက်သားများ . . . သို့

(ထို့ထက်ပို၍)

သားဆိုးများ . . . သို့

အထူးသဖြင့် အမေ့ကိုချစ်သော အဝေးရောက် သားဆိုးများသို့ ရည်ညွှန်းပါသည်လို့ မှတ်ချက်ပေးထားပုံက ရိုးရိုးလေးနဲ့ အဓိပ္ပာယ်ပြည့်ဝနေတာမို့ ဒီ Album  ပေါ်ပိုပြီး အာရုံစိုက်မှုရှိစေခဲ့တဲ့အပြင် ကိုငှက်အနေနဲ့ အပြောနဲ့အလုပ်ကို တထပ်တည်းကျအောင် လုပ်ပြနိုင်ခဲ့တာကို တွေ့ရပါတယ်။

Album ရဲ့ အဖွင့်သီချင်းဖြစ်တဲ့ “ကျေးဇူးပါ မေမေ” သီချင်းလေးက အကြောင်းအရာနဲ့ လိုက်ဖက်အောင် ကရုဏာသံနဲ့ တမ်းတမ်းတတသီဆိုသွားတဲ့ ကိုငှက်ရဲ့  Vocal Color ကလည်း ဆွဲဆောင်မှု ရှိလှတာမို့ သီချင်းအပေါ် ခံစားမှုတို့ ပိုမိုအားကောင်း လာစေခဲ့ပါတယ်။

Jazz Mood  “အမေ့ရဲ့ ဒုက္ခ အိုးလေး” သီချင်းဟာ “မြို့ပြလရောင် တမ်းချင်း” Album မှာ ကတည်းက လူကြိုက်များခဲ့ပြီးသား သီချင်းပုဒ်ဖြစ်ပေမယ့် ကိုငှက်ရဲ့ ပါရမီထူးကဲလှတဲ့ အဆိုပညာနဲ့ Version  ကို မသိမသာလေး  ပြောင်းသွားတဲ့ Arrangement  ရဲ့သေသပ်လှပမှုကြောင့် သီချင်းသစ်တပုဒ်လို ခံစားမိစေပြီး ဘဝတလျှောက်လုံး အမေ့ကို ဒုက္ခပေးခဲ့မိတဲ့ သားတယောက်ရဲ့ နာကျင်ကြေကွဲမှုတွေကို အဓိပ္ပာယ် ပြည့်ဝ လေးနက်တဲ့စကားလုံးတွေနဲ့ ကိုငှက်ကိုယ်တိုင် ဖန်တီးရေးဖွဲ့ထားတဲ့ ဂန္ထဝင်မြောက် သီချင်းကောင်းတပုဒ်  ဖြစ်ပါတယ်။  ဘယ်အချိန် နားထောင်နားထောင် ဘယ်တော့မှ ရိုးမသွားနိုင်ဘဲ ဒီ Album ထဲမှာ ထူးကဲစွာ အသက်ဝင်နေခဲ့ပါတယ်။

အနယ်နယ်အရပ်ရပ်က လူကြီးလူလတ်ကစလို့ ကလေးပါမကျန် ပရိသတ်အများစု သိထားကြပြီး သား “အမေ့အိမ်” သီချင်းဟာ ကိုငှက်ရဲ့ ဒုတိယ  Single “မှော်ဆရာ အိပ်မက်”  Album မှာ ကတည်းက ံသအ ဖြစ်ခဲ့ပြီးသား သီချင်းတပုဒ် ဖြစ်ပေမယ့် ဒီ Album ထဲမှာ ပြန်နားထောင် ဖြစ်တဲ့အခါမှာလည်း  သစ်လွင်ကောင်း မွန်နေတာကို  တွေ့ရပါတယ်။  Country Mood  ဆန်ဆန် ရေးဖွဲ့ထားပြီး ဘယ်တော့မှ ရိုးမသွားနိုင်တဲ့ ကိုငှက်ရဲ့ ဆိုဟန်အပြင် ရိုးရိုးလေးနဲ့ အားကောင်းလှတဲ့ အကြောင်းအရာနဲ့ Version  ကို သိသိသာသာ မပြောင်းဘဲ သီချင်းရဲ့ ရှိပြီးသား  Frameပေါ်မှာ ပါးပါးလေး  တို့ထိသွားတဲ့  Arran-gement ရဲ့ ထူးခြားမှု ကလည်း မိခင် မေတ္တာဘွဲ့  ဂန္ထဝင်မြောက် သီချင်းတွေထဲမှာ တပုဒ်အပါအဝင်အဖြစ် မှတ်တမ်းတင် ကျန်ရစ် စေခဲ့တဲ့ သီချင်းတပုဒ်ပဲ ဖြစ်ပါတယ်။

ဒီ Album ထဲ မှာ Music Sytle အရ ရော၊ စာသားအကြောင်းအရာအရပါ ထူးခြားမှုအရှိဆုံးလို့ သတ်မှတ်လို့ ရမယ့် သီချင်းကတော့ “အရိပ်စစ်” ဆိုတဲ့ သီချင်းပဲဖြစ်ပါတယ်။ ထူးခြားတဲ့ Music Frame ပေါ်မှာ လှပတဲ့ Chord Phrasing တွေနဲ့ ကိုငှက်ရဲ့ ပါရမီထူးကဲတဲ့ Vocal Color တို့ ပေါင်းစုံမိတဲ့အခါမှာတော့ နားဆင်သူတို့ ရဲ့ရင်ကို နာကျင်ထိရှ ခံစားမိစေတဲ့ မေတ္တာတော်ဘွဲ့ Album ထဲက ထူးခြားမှု အရှိဆုံးနဲ့ အသစ်လွင်ဆုံး သီချင်းလေးတပုဒ်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် “ကြွေးဟောင်းဆပ်ခွင့်ပြုပါ အမေ”သီချင်းလေးကလည်း မွန်းအောင် ခေတ်ကတည်းက လူကြိုက် များခဲ့ပြီးသား သီချင်းတပုဒ်ပါ။ အဲဒီအပေါ် မှာမှ ကိုငှက်က ကရုဏာသံပိုမြောက်အောင် သူ့အနုပညာ အတတ်ပညာနဲ့ ထပ်ဆင့် မွမ်းမံနိုင်ခဲ့တာကြောင့် ပိုပြီးလူသိများလာခဲ့တဲ့ သီချင်းဖြစ်ခဲ့သလို “မေမေချစ်တဲ့ သားကြီး” နဲ့ “မေမေနေကောင်းလား”သီချင်းနှစ်ပုဒ်ကလည်း ကိုငှက်ရဲ့ မိခင်မေတ္တာဖွဲ့ အလင်းရောင်ကို ပိုမို လင်းလက် တောက်ပလာစေခဲ့ပါတယ်။

ထူးအိမ်သင်ရဲ့ “အမေ (သို့) မေတ္တာတော်ဘွဲ့” တေး Album ဟာ အိမ်တိုင်း အိမ်တိုင်းက လူကြီး၊ လူငယ်မရွေး ဝယ်ယူ ထိန်းသိမ်း နားဆင်ခံစားသင့်တဲ့ ဗူဘကာ တချပ်ဖြစ်ပါကြောင်း ညွန်းဖွဲ့ရင်း စောစီးစွာ ကြွေလွင့်သွားခဲ့ ရှာတဲ့ ဂီတပါရမီရှင် ကိုငှက် (ခ) ထူးအိမ်သင်အတွက် အမှတ်တရ ဂုဏ်ပြုရေးသား ဖော်ပြလိုက်ရပါတယ်။

ဒီ အမေ မေတ္တာဖွဲ့တေး Album လိုပဲ အဖေ မေတ္တာဖွဲ့တေး Album တချပ်နဲ့ ဂီတလောကထဲက ဘယ်လို  ပုဂ္ဂိုလ်တွေကများ  ဖခင်ကောင်းတွေရဲ့ မေတ္တာတရားကြီးမားပုံကို ဘယ်လိုဘယ်ပုံ ရည်ညွှန်း ဂုဏ်ပြုလာ ကြဦးမလဲဆိုတာ ပရိသတ် တယောက် အနေနဲ့ ခံစားကြည့်လိုတဲ့ စိတ်ဆန္ဒနဲ့ မျှော်လင့်နေမိပါသေးတယ်။ လောက ကမ္ဘာမှာ မိခင်ကောင်းတယောက်လို မေတ္တာနဲ့ စိတ်နေစိတ်ထားမျိုးရှိတဲ့ ဖခင်တွေဆိုတာလည်း ဒုနဲ့ဒေး ရှိနေကြသေးတယ် မဟုတ်ပါလားဗျာ။

Your Thoughts …
Tags: ArtEntertainEntertainment
ကိုမျိုး (IR)

ကိုမျိုး (IR)

Contributor

Similar Picks:

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

by စောအောင်ထွန်း
3 December 2024
8.3k

တဖက်မှာလည်း စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူမှုတွေကြောင့် အခမဲ့ဆေးခန်းတွေ၊ အစိုးရမဟုတ်တဲ့ ကျန်းမာရေး အဖွဲ့ အစည်းတွေ နိုင်ငံတွင်းမှ ထွက်ခွာသွားတာကြောင့် ယခင် လွယ်လင့်တကူရခဲ့တဲ့ ART ဆေးဝါးထောက်ပံ့မှုတွေဟာ တန်းစီစောင့်ရတဲ့ အခြေ အနေဖြစ်သွားပါတယ်။ ဒါတွေအပြင် နိုင်ငံတကာအလှူရှင်တွေ...

HIV, ART, မြန်မာ, ARV

စစ်ကောင်စီ ပိတ်ဆို့ထား၍ ART ဆေးပြတ်ကာ သေဆုံးမှုများ ရှိ

by ဧရာဝတီ
27 February 2025
1.8k

လက်ရှိအချိန်တွင် HIV ပိုး ရှိ မရှိ သွေးစစ်ပေးခြင်း၊ Viral load စစ်ပေးခြင်း (ပိုးကောင်ရေစစ်ဆေးမှု)၊ CD4 count စစ်ခြင်း (CD4 ပါဝင်သော T ဆဲလ်ပမာဏ စစ်ဆေးမှု)များကို စစ်ဆေးခြင်းများကို ရန်ကုန်၊...

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

by ဆူးငှက်
28 June 2014
10k

စည်ရှည် တံတားကြီးကို လွန်ခဲ့တဲ့ ၅ နှစ် ၀န်းကျင်က တဦးတယောက် (သို့မဟုတ်) တဖွဲ့တစည်းရဲ့ တချက်လွှတ် အမိန့်နဲ့ နာရီမဆိုင်း အုတ်တစ၊ သဲတမှုန့် မကျန်အောင် ထိုးကော် ဖျက်ဆီးပစ်လိုက် ပါတော့တယ်။

ထိုင်းမြောက်ပိုင်း, လမ်ပန်းမြို့, ရှေးမြန်မာ, ဗိသုကာ

ထိုင်းမြောက်ပိုင်းက မြန်မာ့ သုခုမ ဝိညာဉ်များ

by ကျော်ခ
13 February 2014
10.4k

လမ်ပန်းမြို့သည် မြန်မာနိုင်ငံ၏ သစ်လုပ်ငန်း မြို့တော် တောင်ငူနှင့် တူသည်ဟု ဆိုကြသည်။ မြန်မာနိုင်ငံကို ဗြိတိသျှ ကိုလိုနီတို့ ကြီးစိုးစဉ်က သစ်လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ခဲ့သော ဘုံဘေဘားမား ကုမ္ပဏီ ရှိခဲ့သည်။

ယုဒသန်, အဘိဓာန်, ဘိုးတော်ဘုရား, အင်းဝ, အင်္ဂလိပ်

ဆရာယုဒသန် မြန်မာပြည် ရောက်ရှိခြင်း နှစ် ၂၀၀ ပြည့်အခမ်းအနား ကျင်းပမည်

by ရန်ပိုင်
15 November 2013
6.4k

စကားလုံးများကို အက္ခရာ ဝလီစဉ်ပြီး ပါဠိ - မြန်မာ အဘိဓာန်နှင့် မြန်မာ - အင်္ဂလိပ် အဘိဓာန်ကို ဆက်လက်ပြုစုသည်၊ ၁၈၁၇ ခုနှစ်တွင် သမ္မာကျမ်းစာ၏ ဓမ္မသစ် ပထမဦးဆုံး အခန်းဖြစ်သော ရှင်မဿဲ ခရစ်ဝင်...

မိုးယံဇွန်

Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

by ဧပရယ်ဆု
19 April 2016
47.5k

"ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

Next Post

မြန်မာနိုင်ငံတောင်ပိုင်းတွင် ခရမ်းလွန်ရောင်ခြည် သင့်နိုင်

Dateline Irrawaddy (ရုပ်/သံ)

Dateline Irrawaddy (ရုပ်/သံ)

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate