“မင်းရဲ့ နှလုံးသားကိုသတ်ဖို့ ကိုယ့်ကို မိုးကြိုးမေက ငှားတယ်၊ နောက်တခါ မိုးကြိုးမေရဲ့ နှလုံးသားကို သတ်ဖို့ မင်းက ကိုယ့်ကို ထပ်ငှားတယ်၊ ကိုယ်က ကြေးစားနှလုံးသားသတ်သမားပဲ၊ အခု ကိုယ့်နှလုံးသားကို ပြန်သတ်ရတော့မယ့်အချိန် ရောက်ပြီ”
လင်းလုလင်
“အေး ငါကလည်း ရန်သူကို မသနားတတ်တဲ့ မိန်းမမျိုးပဲ … ငါ့ကိုစိန်မခေါ်နဲ့ စွဲညှို့ရှင် … စိန်ခေါ်ရင် မင်းအကြီးအကျယ် နောင်တရသွားလိမ့်မယ်”
မိုးကြိုးမေ
“ကျမကလည်း ကိုယ့်ကို ထိလာရင် ငုံ့မခံတဲ့ မြွေပွေးလိုမိန်းမပဲ …”
စွဲညှို့ရှင်
“စွဲညှို့ရှင် … မင်းဘာဖြစ်နေတာလဲ … ဒီကောင်ကို ဘာတွေ အထင်ကြီးနေတာလဲ”
မိုးသက်တံ
ဒါတွေကတော့ မတ်လ ၁၄ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် “မာယာပရောဂျက်” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကား ကြော်ငြာမှာ ကောက်နုတ်ဖော်ပြ ထားတဲ့ သရုပ်ဆောင်တွေရဲ့ ဒိုင်ယာလော့ တချို့ ဖြစ်ပါတယ်။
မြန်မာရုပ်ရှင် ဇာတ်ကားကြီးတွေ ရုံမတင်ခင် သရုပ်ဆောင်တွေနဲ့ စာနယ်ဇင်းတွေကို အထူးပွဲ ပြသလေ့ ရှိပေမယ့် တချို့ စာနယ်ဇင်းတွေကော၊ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်သူတွေပါ စုံစုံလင်လင် တက်ရောက်လေ့ မရှိပါဘူး။ မြန်မာကားတွေကို ပရိသတ် စိတ်ဝင်စားမှု နည်းလာတဲ့ အကြောင်းရင်းထဲမှာ ပါဝင် သရုပ်ဆောင်သူတွေ ကိုယ်တိုင် သိပ်စိတ်မပါတော့တာ ကြောင့်လား ဆိုတာ မေးခွန်း ထုတ်စရာ ရှိပါတယ်။
ဒါပေမယ့် မတ်လ ၁၄ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် “မာယာပရောဂျက်” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကား အထူးပွဲကိုတော့
သရုပ်ဆောင်တွေ အကုန် စုံစုံလင်လင် တက်ရောက်လာတာ တွေ့ရပါတယ်။ သရုပ်ဆောင်နေတိုး၊ ကျော်ကျော်၊ သက်မွန်မြင့်၊ ဖွေးဖွေးစတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားသူတွေပေါ့။
လွန်းထားထားရဲ့ ဝတ္ထုကို သီဟစိုးက ဇာတ်ညွှန်းရေးဖွဲ့ထားပြီး ဒါရိုက်တာဝိုင်း ဖန်တီးပုံဖော်ထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။
အရင်ကဆို ကိုယ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား အထူးပွဲကို တက်ရောက်မလာတဲ့ အနုပညာရှင်တွေ ရှိသလို၊
တချို့အနုပညာရှင်တွေ ကလည်း မဖိတ်ကြားလို့ မလာတာပါတဲ့။ ဘာပဲဟြေဟြေ ကိုယ်ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဆိုရင် သေသေချာချာ လာရောက်ကြည့်ရှု သုံးသပ်ဝေဖန်ပြီး ကိုယ့်သရုပ်ဆောင်မှုမှာ ဘာတွေလိုအပ်နေသလဲ ဆိုတာမျိုး ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့အတွက် အထူးပွဲတွေကို တက်ရောက် ကြည့်ရှုသင့်တယ် ထင်ပါတယ်။ စာနယ်ဇင်း တွေလည်း ထိုနည်းလည်းကောင်း ပါပဲ။ သေသေချာချာ ကြည့်ရှုပြီး ဝိုင်းဝန် ဝေဖန်ထောက်ပြမှသာ ပရိသတ်က ရုပ်ရှင်ကို ကြည့်သင့် မကြည့်သင့် သေသေချာချာ ဆုံးဖြတ်နိုင်ကြသလို၊ ရုပ်ရှင် အနုပညာရှင်တွေဘက်ကလည်း သူတို့ကို စောင့်ကြည့် ဝေဖန်သူတွေ ရှိတယ်ဆိုတဲ့ စိတ်နဲ့ ပိုမို အားထုတ်မယ်လို့ ယူဆပါတယ်။
ဒါမှလည်း မြန်မာ့ရုပ်ရှင် အနုပညာရှင်တွေရဲ့ အရည်အသွေးက တိုးတက်ပြီး ပရိသတ် ကြည့်ရှုမှုလည်း များမှာပေါ့။
စာအုပ်တအုပ်မှာ ဖတ်ခဲ့ဖူးတာတော့ ကိုးရီးယားနိုင်ငံက အနုပညာနဲ့ ရပ်တည်ပြီး သူတို့နိုင်ငံကို ကမ္ဘာ့အလယ်မှာ ဝင့်ထည် စေခဲ့တာတဲ့။ အဲဒါလည်း ငြင်းစရာမလိုအောင် အမှန်ပါပဲ၊ မဟုတ်ဘူးလို့ ဟြေတဲ့သူ မရှိလောက်ပါဘူး။ ကိုးရီးယား ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေကို မြန်မာပြည်သူတွေ ကြည့်ရှုမှု ဘယ်လောက်များသလဲ ဆိုတာ ပြောနေစရာတောင် လိုမယ် မထင်ပါဘူး။ ကိုယ်ကိုယ်တိုင်လည်း ကိုရီးယားကား ကြည့်သူထဲက တဦးဆိုရင် မမှားပါဘူး။
အရင်ကတော့ မြန်မာ ဇာတ်ကားတွေ အများကြီး ကြည့်ရှုခဲ့ပါတယ်။ ဇာတ်ကား တော်တော်များများပေါ့။ မယ်သီတာလို မိန်းကလေး၊ သီတာခုနစ်တန်၊ ပန်းပန်လျှက်ပါ၊ အရိုင်းစံပယ်၊ သခွတ်ပန်း၊ ရမ္မက်စံအိမ်၊ မြစ်တို့၏မာယာ၊ မာမာကတော့ မာမာပဲ၊ ဒဏ္ဍာရီ၊ ငယ်သူမို့မသိပါ၊ ဆောင်းအိပ်မက် စတဲ့ ရုံတင်ဇာတ်ကားတွေ မရေမတွက်နိုင်အောင်ပါပဲ။
အဲဒီအချိန်တုန်းကတော့ မမို့ (မို့မို့မြင့်အောင်) က စတားဖြစ်နေတဲ့ အချိန်ပေါ့။ မမို့ရဲ့ငိုပုံတွေ၊ ငိုတာတောင် မမို့က နှုတ်ခမ်းလေးကို လှုပ်ပြီး ငိုတဲ့ပုံတွေကို အမေရော၊ ကိုယ်တိုင်ပါ နှစ်သက်ခဲ့တာပါ။ မူပိုင်ချစ်သူ ဇာတ်ကားနဲ့ မဆင့် (မေသန်းနု) ကိုလည်း ပရိသတ်တွေ ကြိုက်နေတဲ့ အချိန်ပေါ့။ ဒီလို ရုပ်ရှင်တွေသွားကြည့် ဖြစ်တာလလည်း မဟြေနဲ့၊ အမေက ရုပ်ရှင် ဝါသနာအိုးကိုး။ ဒါ့အပြင် ရုပ်ရှင်ထဲမှာ မင်းသမီးငိုလည်း လိုက်ငို၊ သနားရင်လည်း လိုက်ငိုတတ်တဲ့ သူကလည်း အမေပါပဲ။
အဲဒီတုန်းက ကိုယ်က သုံးတန်း၊ လေးတန်းလောက်ပဲ ရှိဦးမယ်၊ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေဆို အမေနဲ့ ညီမလေးနဲ့ အတူတူ ရုပ်ရှင် ဇာတ်ကား ရုံတင်ပြီဆိုတာနဲ့ သွားကြည့်ခဲ့ကြတာပါ။ အဲဒီ အချိန်တုန်းက ရုပ်ရှင်ရုံမှာ ကြည့်တဲ့သူတွေ
ဘယ်လောက်များလဲ ဆိုရင် လက်မှတ်ကို အစောကြီး သွားတန်းစီပြီးကို တိုးကြိတ် ဝယ်ခဲ့ရတာပါ။ အဲဒီတုန်းက သွင် ရုပ်ရှင်ရုံက ဒီလိုပုံစံ မဟုတ်သေးဘဲ ကြမ်းပိုးကိုက်တဲ့ သစ်သား ခုံလေးတွေ။ အမေက သတင်းစာတွေယူလာ၊ ခုံပေါ်မှာခင်းပြီး ကြမ်းပိုးမကိုက်အောင် ကြံဖန်ပြီး ကြည့်ရတာ၊ လက်မှတ်ခတွေက လေးကျပ်တန်း၊ ရှစ်ကျပ်တန်း၊ တဆယ်တန်းနဲ့ ဆယ့်နှစ်ကျပ်တန်းဆိုပြီးပဲ ရှိခဲ့တဲ့ အချိန်ပေါ့။
နောက်ပိုင်း မထက် (ထက်ထက်မိုးဦး) တခေတ်ဖြစ်ခဲ့တုန်းကလည်း သူ့ကားတွေ တော်တော်များများကို ကြည့်ဖူးခဲ့ပါတယ်။ နှစ်ယောက် တအိပ်မက်၊ ပန်းသခင် စသဖြင့်ပေါ့။ ဒါတောင် ကိုယ်မမှတ်မိတော့တဲ့ ဇာတ်ကားတွေ ရှိသေးတယ်။ မခိုင် (ထွန်းအိန္ဒြာဗို) တခေတ် တုန်းကလည်း သူ့ဇာတ်ကားတွေ ကြည့်ခဲ့ဖူးတာပဲ၊ နှောင်းတမြေ့မြေ့တို့၊ ရင်ထဲက ဆောင်းရာသီ၊
သူငယ်ချင်း သုံးယောက် ရှိလေသည်၊ မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍တို့၊ မောင့်မူပိုင်ရှင်တို့ ဆိုတာလည်း ကိုယ်ကြိုက်ခဲ့ရတဲ့ ဇာတ်ကားတွေပေါ့။
မခိုင်က မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍ ဇာတ်ကားထဲမှာ မင်းသားလွင်မိုးကို ဖုန်းဆက် ခြိမ်းခြောက်တဲ့ အခန်းဆိုရင်
တကယ်ကို ကြိုက်ခဲ့ရတဲ့ ဇာတ်ဝင်ခန်းပါ။ အနုနည်းနဲ့ တမျိုး၊ အကြမ်းနည်းနဲ့တဖုံ ဟြေတဲ့ စကားလုံးတိုင်းရဲ့ အသံ Flow ကလည်း ပရိသတ်ရင်ထဲကို ထိခဲ့တဲ့ ဇာတ်ဝင်ခန်းဖြစ်ခဲ့တာပါ။ အဲဒီ ဇာတ်ကားနဲ့လည်း မခိုင် အကယ်ဒမီ ထပ်ရခဲ့ပါတယ်၊ ကိုယ်တိုင်တောင် ကြိုက်လို့ ရုံမှာ သုံးခါပြန်ကြည့်ခဲ့တဲ့ မှတ်မှတ်ရရ ဇာတ်ကားပါပဲ၊ အဲဒီလိုကို မြန်မာရုပ်ရှင်ချစ် ပရိသတ် ဖြစ်ခဲ့တာပါ။
ရုပ်ရှင်နဲ့ပတ်သက်ပြီး အသေးစိတ်ကို စိတ်ဝင်စားခဲ့တဲ့ အတွက် အခုနောက်ပိုင်းမှာ ကိုယ်တိုင် မီဒီယာလောကမှာ အလုပ်လုပ်ဖြစ်လာတော့ ရုပ်ရှင်တွေ ပြန်ကြည့်ဖြစ်လာပါတယ်။ အခုနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားတွေကို သွားကြည့်ပြီး ပရိသတ်တွေ အတွက် ပြန်မျှဝေမယ်ဆိုတဲ့ စိတ်နဲ့ ပြန်ကြည့်ဖြစ်ခဲ့တာပါ။
ဒီနှစ်အကယ်ဒမီရခဲ့တဲ့ ဇာတ်ကားတွေကိုလည်း ကြိုက်နှစ်သက်ပါတယ်။ ဒါရိုက်တာဝိုင်းရိုက်တဲ့ လက်ပံ ဇာတ်ကားဆိုရင်လည်း တကယ်ကို ပရိသတ်အားပေးခဲ့ပြီး သရုပ်ဆောင်အသစ် တယောက်ဖြစ်တဲ့ ဖွေးဖွေးကိုလည်း အကယ်ဒမီဆုရှင် ဖြစ်စေခဲ့သလို၊ သရုပ်ဆောင် ပြေတီဦးကိုလည်း ထပ်ဆင့်အကယ်ဒမီ ဆုရှင် ဖြစ်စေခဲ့ပါတယ်။
အခုလည်း ဒီနှစ်ပရိသတ်ပေးတဲ့ အကယ်ဒမီကို ရရှိခဲ့တယ်ဆိုတဲ့ ဒါရိုက်တာဝိုင်း ဖန်တီးပုံဖော်ထားတဲ့ မာယာပရောဂျက် ဆိုတဲ့ ဇာတ်ကားကို သွားကြည့်ခဲ့ပါတယ်။
ဒီဇာတ်ကားမှာ ဇာတ်က သာမန်ပုံစံ အချစ်ဇာတ်လမ်း ဆိုပေမယ့်လည်း တင်ဆက်ပုံထူးခြားတယ်၊ ရိုက်ချက်တွေလည်း လှလှပပနဲ့ ပရိသတ်အမြင်ကို ဆွဲဆောင်နိုင်မယ်လို့ ဆိုနိုင်ပါတယ်။
ဇာတ်လမ်းကတော့ လွန်းထားထား ဝတ္ထုတွေထုံးစံအတိုင်း မာန၊ မာန ဆိုတာကို ပါးစပ်ဖျားက မချဘဲနဲ့ တကယ်တော့ မာန မဟုတ်ဘဲ အခြောက်တိုက် ဘဝင်မြင့်နေတဲ့ ဇာတ်ကောင်တွေရဲ့ လေးပွင့်ဆိုင် အချစ်သက်သက် ပုံစံလို့ ပြောချင်ပါတယ်။ ရှေ့မှာ ဖော်ပြထားတဲ့ ဒိုင်ယာလော့တွေကလည်း မဲပြာပုဆိုးထဲကနေ မထွက်တာ သတိထားမိကြမှာပါ။
မိုးကြိုးမေ (သက်မွန်မြင့်) နဲ့ မိုးသက်တံ့ (ကျော်ကျော်) က မောင်နှမတွေပါ။ သူတို့မောင်နှမရဲ့ မိဘတွေ ကွယ်လွန်သွားချိန်မှာ မိုးကြိုးမေက သူ့မောင်ကို အရိပ်တကြည့်ကြည့် စောင့်ရှောက်ခဲ့သလို၊ မောင်ဖြစ်သူ အပေါ်လည်း သြဇာလွှမ်းမိုးခဲ့သူပေါ့။ ဒါပေမယ့် မိုးသက်တံ့မှာ စွဲညှို့ရှင်(ဖွေးဖွေး) ဆိုတဲ့ ချစ်သူ ရှိလာချိန်မှာတော့ မိုးကြိုးမေက ခါးခါးသီးသီးကို သဘောမတူဘဲ စွဲညှို့ရှင်ကို အိမ်ခေါ်ပြီး သဘောမတူကြောင်း ဗြောင်ဖွင့်ဟြေတာပါပဲ။ စွဲညှို့ရှင်ကလည်း မရရအောင် ယူပြမယ်ဆိုပြီး ကြိမ်းဝါးခဲ့ပါတယ်။ အစ်မနဲ့ ချစ်သူကြားမှာ ဗျာများရတာကတော့ မိုးသက်တံ့ပေါ့။
စွဲညှို့ရှင်က ချစ်သူဖြစ်တဲ့ မိုးသက်တံ့ကို တလ အဆက်ဖြတ်ပြီး သူ့ဘဝအတွက် မိုးသက်တံ့ကို တကယ်လိုအပ်လား စမ်းသပ်မယ်လို့ စဉ်းစားပြီး အဆက်အသွယ် ဖြတ်ခဲ့တဲ့ အချိန်မှာပဲ မိုးကြိုးမေကလည်း သူ့မောင်နဲ့ စွဲညှို့ရှင် ပြတ်ဖို့အတွက် လင်းလုလင် (နေတိုး) ကို အခကြေးငွေပေး ငှားရမ်းပြီး စွဲညှို့ရှင်နဲ့ ချစ်သူဖြစ်အောင် လုပ်ဖို့ ခိုင်းစေပါတယ်။ လင်းလုလင်က စွဲညှို့ရှင်ရဲ့ဓာတ်ပုံကို မြင်ပြီး ချစ်သွားတာကြောင့် သဘောတူလက်ခံ လိုက်ပါတယ်။
လင်းလုလင်က စွဲညှို့ရှင်ရဲ့ အချစ်ကိုရဖို့ တကောက်ကောက်လိုက်ပြီး ကြိုးပမ်းပါတော့တယ်၊ ဒါပေမယ့် စွဲညှို့ရှင်က
သူ့မှာ ချစ်သူရှိကြောင်းဟြေပြီး ဆက်မလိုက်ဖို့ ဟြေပါတယ်။ လင်းလုလင်ကတော့ ဂရုမစိုက်ဘဲ ဆက်လိုက်နေတုန်းပေါ့။ မိုးတွေ သည်းသည်းမဲမဲ ရွာတဲ့တရက်မှာ စွဲညှို့ရှင် အိမ်ရှေ့မှာ မပြန်ဘဲ ညအထိရှိနေတဲ့ လင်းလုလင်ကို စွဲညှို့ရှင်
သတိထား မိခဲ့ပါတယ်။ နောက်တနေ့ မိုးလင်းတဲ့ အချိန်မှာတော့ အိမ်ရှေ့မှာ လင်းလုလင်ကို မတွေ့ရတော့ဘဲ လင်းလုလင် အချိန်တော်တော်ကြာ ပျောက်သွားတဲ့အတွက် စွဲညှို့ရှင်ရဲ့မသိစိတ်မှာ တခုခုလစ်ဟာသွားသလို ခံစားခဲ့ရပါတယ်။
မိုးကြိုးမေက လင်းလုလင်ကို ခေါ်ပြီး အခြေအနေကို အကျိုးအကြောင်း မေးတော့ ကြိုးစားနေဆဲဖြစ်ကြောင်း ဟြေပါတယ်။ အဲဒါနဲ့ အဆက်အသွယ်ရှိစေဖို့ ဖုန်းတလုံး လင်းလုလင်ကို ပေးခဲ့ပါတယ်။ လင်းလုလင်က မိုးကြိုးမေကို နောက်ပြောင် စိုက်ကြည့်လိုက် ချိန်မှာတော့ မိုးကြိုးမေ စိတ်ဆိုးမာန်ဆိုး ဖြစ်သွားပေမယ့် လင်းလုလင်ရဲ့ အကြည့်ကို မိုးကြိုးမေ မမေ့ပျောက်နိုင်ခဲ့ပါဘူး။ လင်းလုလင် ပြန်ပေါ်လာတဲ့ အချိန်မှာ စွဲညှို့ရှင်က သူ့စိတ်ထဲမှာ သံယောဇဉ် ဖြစ်နေပြီဆိုတာ သတိပြုမိခဲ့ ပါတယ်။ လင်းလုလင်ရဲ့ အဟြေကောင်းမှုကြောင့် စွဲညှို့ရှင် မငြင်းနိုင်တော့ဘဲ အသိအမှတ် ပြုခဲ့ပါတယ်။ မိုးသက်တံ့ကိုတော့ ချစ်သူအဖြစ်က ပြတ်ဆဲကြောင်းဟြေပြီး လင်းလုလင်နဲ့ ချစ်သူတွေဖြစ်ခဲ့ပါတယ်။ မိုးကြိုးမေက
ကားတစီး ဝယ်ပြီး လင်းလုလင်ကို အဆင်ပြေစေဖို့ ပေးခဲ့ပါတယ်။ လင်းလုလင်နဲ့ စွဲညှို့ရှင်တို့ ချစ်သူတွေ ဖြစ်ကြောင်း သိသွားတဲ့ အခါမှာတော့ မိုးကြိုးမေက စွဲညှို့ရှင်ကို ချိန်းပြီး သူလင်းလုလင်ကို ငွေပေးခိုင်းခဲ့တာ ဖြစ်ကြောင်း ဟြေတဲ့အခါ စွဲညှို့ရှင်က လင်းလုလင်အပေါ်မှာ အမုန်းကြီး မုန်းသွားပါတယ်။
လင်းလုလင်က စွဲညှို့ရှင်ကို တကယ်ချစ်ခဲ့တာဖြစ်ကြောင်း ရှင်းပြပေမယ့်လည်း လက်မခံတော့ဘဲ အဆက်ဖြတ်လိုက်တဲ့ အချိန်မှာ လင်းလုလင်က မိုးကြိုးမေကို သွားတွေ့ပြီး ဖုန်းနဲ့ကားကို ပြန်ပေး၊ မိုးကြိုးမေရဲ့ အချစ်ကို ရဖို့ ကြိုးစားပါတော့တယ်။ မိုးကြိုးမေကလည်း ပထမတော့ ခါးခါးသီးသီးဖြစ်ပေမယ့် နောက်ပိုင်းမှာ သူ့နောက်ကို တကောက်ကောက် လိုက်နေတဲ့ လင်းလုလင်ကို သံယောဇဉ် ဖြစ်လာပါတယ်။
မိုးသည်းညတညမှာတော့ လင်းလုလင် မိုးရေထဲရပ်နေတာကို တွေ့တော့ စိတ်မကောင်းဖြစ်ပြီး ပြန်ဖို့ဟြေနေတဲ့အချိန်မှာ မောင်ဖြစ်သူ မိုးသက်တံ့ရောက်လာပြီး လင်းလုလင်ကို ထိုးတဲ့အခါ သူ့ချစ်သူဖြစ်ကြောင်း မိုးကြိုးမေက ဟြေတဲ့အတွက် မောင်ဖြစ်သူက စိတ်ဆိုးပြီး ထွက်သွားပါတော့တယ်။
ဒီလိုနဲ့ လင်းလုလင်နဲ့ မိုးကြိုးမေတို့ ချစ်သူတွေ ဖြစ်သွားတဲ့အခါ လင်းလုလင်၊ စွဲညှို့ရှင်နဲ့ မိုးကြိုးမေတို့ ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကို ပရိသတ်ကပဲ မှန်းကြည့်ကြ၊ ဒါမှမဟုတ် မတ်လ ၁၄ ရက်နေ့ နောက်ပိုင်းမှာ ရုံတင်မယ့် ဇာတ်ကားကို ကိုယ်တိုင် သွားကြည့်ကြပါတော့လို့ ပြောချင်ပါတယ်။